Monday, September 8, 2014

တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနညွှန်ချုပ် NDF ပါတီခေါင်းဆောင်များနှင့်လာရောက်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၄၂/ ၂၀၁၄)

ရက်စွဲ။ ၈-၉-၂၀၁၄

တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနညွှန်ချုပ်  

NDF ပါတီခေါင်းဆောင်များနှင့်လာရောက်တွေ့ဆုံ

         ၈-၉-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနညွန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာန ချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပြီး  မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေး ခဲ့ကြသည်။

         ထိုတွေ့ဆုံပွဲသို့ NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူးဦးသက်ထွန်းမောင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

         ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်အကြောင်း၊ (၂)နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရေးအတွက် ဆောင်ရွက်သင့်သည်များ၊  NDF ပါတီနှင့်ဆက်ဆံရေးကောင်းမွန်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းရေးများကို ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေက NDF ပါတီအနေဖြင့် တရုတ်နိုင်ငံအစိုးရသို့  ပြောကြားလိုသည့် အကြံပြုချက် များ ကို တင်ပြခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲကို နံနက် ၁၁း၃၀ နာရီတွင်  အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းထုတ် ပြန်အပ်ပါသည်။

  

 

 

NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအထူးအစည်းအဝေးပြုလုပ်

         ၈-၉-၂၀၁၄ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ စီအီးစီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးသာဆိုင်၊ဦးတိုးတိုး၊ ဦးကြီးမြင့်၊ ဦးအောင်ဆန်း၊ ဦးထက်အောင်ကျော်၊ ဗဟိုအလုပ်ကော်မတီဝင် များဖြစ်ကြသော ဦးမင်းမင်းထွန်း၊ ဦးစိုးဦး၊ ဒေါ်နန်းကြူသန်းဝင်းနှင့်လူငယ်တာဝန်ခံ ဦးကျော်သူရတို့ တက်ရောက် ခဲ့ကြသည်။

         အစည်းအဝေးတွင် ပါတီ၏စည်းရုံးရေးလုပ်ငန်းအခြေအနေများ၊ ကြားဖြတ်ရွေးကောက်ပွဲ မရှိသဖြင့် လာ မည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြရန်နှင့် ပါတီရုံးဖွင့်ပွဲများ ပြုလုပ်မည့်အစီအစဉ်များ၊ မဟာမိတ်ပါတီ များနှင့် ဆက်ဆံမှုအခြေအနေများ၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်ထားချက်များ၊ ပါတီပေါင်းစုံအစည်း အဝေးသို့ တက်ရောက်ရန်ကိစ္စများကို  ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ၃း၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

No comments:

Post a Comment