အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
ကမ္ဘာ့အလုပ်သမားနေ့သ၀ဏ်လွှာ
ရက်စွဲ။ မေလ(၁)ရက်၊ ၂၀၁၇
ဤ ၂၀၁၇ခုနှစ်၊ မေလ(၁)ရက်နေ့သည် ၁၂၇နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့သို့ တစ်ကျော့တစ်ဖန် ရောက်ခဲ့ပြန်ချြေ့ပီ။ စင်စစ်တွင် ကမ္ဘာ့အလုပ်သမားနေ့သည် အလုပ်သမားလူတန်းစားတို့ ရုန်းကန်လှုပ်ရှားခဲ့မှု များကို ကိုယ်စားပြုပေးသည့် အထိမ်းအမှတ်ဆိုင်ရာနေ့ကြီး ဖြစ်ပေသည်။ ဤနေ့ကြီးကို အစပြုပေါ်ပေါက် စေသည့် အမေရိကန်ပြည်ထောင်စုတွင် ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှ အလုပ်ရှင်တို့၏ အလုပ်သမားများအပေါ် လူမဆန်စွာ နှိပ်ကွပ်စေခိုင်းမှုများကို စည်းမျဉ်းစည်း ကမ်းနှင့်အညီ လုပ်ငန်းခွင်ခိုင်းစေမှုအဖြစ် ရောက်ရှိစေရေး၊ အလုပ်သမားတို့၏ အလုပ်ချိန်နာရီသတ်မှတ်မှု ရရှိစေရန်နှင့် လုပ်ခလစာစသည်တို့ကို တရားမျှတသော အလုပ် ခွင်စည်းကမ်းဘောင်အတွင်းမှ ခံစားရရှိစေရန် အစပထမ ရပ်တည်မှုကြီး ၏ သမိုင်းပင်ဖြစ်သည်။
ထိုအလုပ်သမားနေ့အကျိုးဆက်ကြောင့် ဥရောပ၊ အမေရိကစက်မှုခေတ်တွင် စက်ရုံအလုပ်ရုံလုပ်သား များအတွက် စိတ်ဓာတ်ရေးရာနိုးကြားမှုကို ဖြစ်စေသည်သာမက ကမ္ဘာ့အလုပ်သမားထုတစ်ရပ်လုံးကို ဥပဒေအ ကာအကွယ် ရရှိစေခဲ့သည်မှာ သမိုင်းသက်သေထင်ရှား ရှိခဲ့ပြီ ဖြစ်သည်။ အနောက်ကမ္ဘာ၏ နှစ်ပေါင်း၂၀၀ကျော် စက်မှုတော်လှန်ရေးကာလတွင် အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ဤနေ့ကြီးမှအစပြု၍ အတိုင်းအတာတစ်ခုထိ ခိုင်မာစေခဲံပြီး ဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ဤသို့ဖြင့် ဘဏ္ဍာအရင်းရှင်စနစ်၊ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် များမှသည် နယ်ချဲ့အရင်းရှင်စနစ်တို့အထိ အလုပ်သမားများကို တရားမျှတခြင်းမရှိ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်စေ ခိုင်းခဲ့သည်မှာ သမိုင်းတွင် မြင်တွေ့ခဲ့ပြိး ဖြစ်သည်။ ယခုမှု ဈေးကွက်စီးပွားရေးစနစ်ထိ ခေတ်တို့ပြောင်းလဲလာခဲ့ သလို ရာစုနှစ်တို့သည်လည်း တစ်စုမှတစ်စုသို့ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ထို့အတူ လုပ်ငန်းခွင်သဘာဝတို့မှာ လည်း တီထွင်ဆန်းသစ်မှုတို့နှင့်အတူ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
သို့နှင့်တိုင် အလုပ်သမားတို့၏အခွင့်အရေး၊ ရပိုင်ခွင့်တို့နှင့် ညှင်းပမ်းနှိပ်စက်မှုကင်းစွာ လုပ်သားဘ၀များ အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းနိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ ကုန်ထုတ်ပေးနိုင်ရေးတို့မှာ ကင်းမဲ့လျှင်ပင် ရှိနေပါသေးသည်။ အလုပ်ရှင်နှင့်အလုပ်သမားကြားရှိ တရားမ၀င်ခိုင်းစေမှုများဖြစ်သည့် လုပ်အားထက်ကျော်လွန် ၍ လုပ်ငန်းခွင်အန္တရာယ်ဖြစ်စေသည့် ဆေးဝါးတို့ဖြင့် အနိုင်အထက်ပြ လုပ်အားရယူခိုင်းစေမှုများသည် ရှိနေဆဲပင် ဖြစ်သည်။ ဤအလုပ်ရှင်များ၏ လောဘစေ့ဆော်မှုများသည် ဤ ၂၁ရာစုခေတ်တိုင် ရှိနေဆဲဖြစ်သည်ကို တွေ့နေ ရသည်။ သို့ပါ၍ ပြည်တွင်းရှိလုပ်သားများအတွက်လည်းကောင်း၊ ပြည်ပရောက် မြန်မာလုပ်သားများအတွက် လည်းကောင်း၊ လုပ်ငန်းခွင်အန္တရာယ် အကာအကွယ်ရှိရေး၊ လျော်ကန်သင့်မြတ်သော လုပ်ခလစာရရှိမှုနှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းစွာ ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်နို်င်ရေး အာမခံ ချက်များ ရရှိစေရန် သက်ဆိုင်ရာအာဏာပိုင်အစိုးရတို့မှ လုပ်သားထုတစ်ရပ်လုံးအတွက် ဥပဒေ၊နည်းဥပဒေများ ဖြင့် လုပ်သားများ၏ နစ်နာမှုများကို ဆောလျင်စွာအကာအကွယ်ပေးနိုင်ရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင် အားစု NDF ပါတီမှ ကောင်းမြတ်သောနိုင်ငံရေးစေတနာတို့ဖြင့် တိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ