Tuesday, December 30, 2014

NDF ပါတီ လွှတ်တော်တွင်းလုပ်ဆောင်ချက်များတင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူပွဲစမ်းချောင်းမြို့နယ်တွင် ပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၆၀/၂၀၁၄)

ရက်စွဲ။  ၃၀-၁၂-၂၀၁၄

 

NDF ပါတီ လွှတ်တော်တွင်းလုပ်ဆောင်ချက်များတင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူပွဲစမ်းချောင်းမြို့နယ်တွင် ပြုလုပ်

        အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ၏ လွှတ်တော်တွင်းလုပ်ဆောင်ချက်များအား ပြည်သူများအား အသိပေးတင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူပွဲလှုပ်ရှားမှုကို ၃၀-၁၂-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

        ထိုစစ်တမ်းကောက်ယူပွဲတွင်  NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီဝင်များနှင့် စမ်းချောင်း၊ မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ ဒလနှင့် တွံတေးမြို့နယ်များမှ ပါတီဝင် များ  ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

        စမ်းချောင်းမြို့နယ်အတွင်းရှိ စမ်းချောင်း ဂွဈေး၊ သိရိခေမာလမ်း၊ ဟုမ်းလမ်း၊အောင်ချမ်းသာလမ်း၊ စမ်း ချောင်းတောင်၊ ရှင်စောပုလမ်း။ ကျွန်းတောလမ်း၊ မြင့်မိုရ်လမ်း၊ သံတံတားလမ်း၊ တရုတ်ကျောင်းလမ်း၊ ဗဟိုလမ်း များသို့ သွားရောက်၍ ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်ချက်များ ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းနှင့် ပြည်သူ လူထုဆန္ဒကို မေးမြန်းထားသော စစ်တမ်းကို စိတ်ဝင်စားသူပြည်သူများအား မေးမြန်း ၍  ကောက်ယူခဲ့သည်။ ထိုဆောင်ရွက်မှုသည် ညနေ ၃း၀၀ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

        မကြာမီ ထိုကဲ့သို့လှုပ်ရှားမှုများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ညွှန်ကြားချက်အရ တိုင်းနှင့် ပြည်နယ် စည်းရုံးရေးကော်မတီအသီးသီးတို့က သက်ဆိုင်ရာဒေသများအလိုက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

 

လွတ်လပ်ရေးနေ့ဗိုလ်ရှုသဘင်နှင့် ညစာ  စားပွဲသို့  NDF ပါတီဥက္ကဌ တက်ရောက်မည်။

        နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနား ဗိုလ်ရှုသဘင်နှင့် လွတ်လပ် ရေးနေ့ ညစာစားပွဲအခမ်းအနားသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ တက်ရောက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

 

နေပြည်တော်တွင် ဇန်န၀ါရီလ(၅)ရက်နေ့တွင် UDP  ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ကမကထ ပြုလုပ်ကျင်းပမည့်  ငြိမ်းချမ်းရေးအတွက်လူထုပါဝင်နိုင်မည့် နည်းလမ်း များထုတ်ဖော်ရေး ပါတီစုံဆွေးနွေးပွဲသို့ NDF ပါတီမှ အတွင်းရေးမှူး(၂) ဦးနေမင်းကျော် တက်ရောက်မည် ဖြစ်သည်။ ဦးနေမင်းကျော်သည် ၅၆ပါတီမှ နိုင်ငံရေးဆွေးနွေးပွဲမှုဘောင်ရေးဆွဲရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

 

Tuesday, December 23, 2014

NDFလက်ပံတောင်းတောင်ကိစ္စအပါအ၀င် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည့်ဖြစ်ရပ်များအပေါ် သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

လက်ပံတောင်းတောင်ကိစ္စအပါအ၀င်  နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည့်ဖြစ်ရပ်များအပေါ် သဘောထားကြေညာချက်

ရက်စွဲ ။ ၂၀၁၄ခုနှစ်၊ ဒီဇင်္ဘာလ(၂၃)ရက်

 

         ကျွန်ုပ်တို့ NDF ပါတီသည် ပြည်သူများ စားဝတ်နေရေးဖူလုံမှုနှင့် လူမှုဘ၀လုံခြုံရေးအတွက် မူဝါဒလမ်း စဉ်များကို ချမှတ်၍ အောက်ပါအတိုင်း ရှေ့ရှုဆောင်ရွက်နေပါသည်။

-      ပြည်သူအများ၏ လူမှုဒုက္ခများ လျော့ပါးစေရေး၊

-      အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းရရှိစေရေး၊

-      လက်လုပ်လက်စားပြည်သူများ အသေးစားချေးငွေ ရရှိရေး၊

-      မြေမဲ့ယာမဲ့လက်ငုတ်မဲ့ဘ၀တို့မှ လွတ်မြောက်စေရေး၊

-      လူမှုရေးနာကျင်မှုများမှ ကင်းလွတ်စေရန် လွှတ်တော်တွင်း၊ လွှတ်တော်ပ အစီအမံများဖြင့် ပြည်တွင်း ငြိမ်းချမ်းသာယာဝပြောရေးအတွက် ပါတီနိုင်ငံရေးနည်းလမ်းကြောင်းများဖြင့် တက်ကြွစွာကြိုးပမ်းဆောင်

ရွက်နေပါသည်။

         သို့ဖြစ်ရာ လက်ပံတောင်းတောင်တွင် လတ်တလောဖြစ်ပျက်သွားသော ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး ပြည်သူအချို့ ဒဏ်ရာရရှိသွားရသည့် ဖြစ်ရပ်မျိုးအပါအ၀င် နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော မြေယာပြဿနာများနှင့် ကျူးကျော်အိမ်ပြဿနာများ စသည့် ပြည်သူများ ခံစားနေရသည့် လူမှုဒုက္ခနာကျင်မှုများ ကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းပေးရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါသည်။ 

         လယ်ယာမြေလက်ငုတ်မဲ့၍ ထွန်တုံးတိုက်ပွဲဆင်နွဲတောင်းဆိုသူ တောင်သူများမှအစ  မိမိတို့မိသားစု ၀မ်းရေးနှင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် ဖြစ်ပေါ်လာသော ပြည်သူအများခံစားနေရသည့် လူမှုဒုက္ခများကိုလျော့ပါးစေရန်အတွက် နိုင်ငံတော်အနေဖြင့် ပြည်သူအများ ရရှိခံစားအပ်သည့် လူမှု လွတ်လပ်ခွင့်များဘက်မှ ရပ်တည်ဆောင်ရွက်ပေး ရမည် ဖြစ်ပါသည်။ 

         ထိုသို့သော လူမှုရေးမငြိမ်မသက် ဖြစ်လာမှုမှအစ လူမှုပေါက်ကွဲမှုကြီးအဆင့်သို့ ကူးပြောင်းရောက်ရှိ မသွားရေးအတွက် တာဝန်ရှိသည့် အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရအဖွဲ့တို့ကပါ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးပါရန် အထူးပင် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

             ဗဟိုအလုပ်အမှုဆောင်ကော်မတီ

Saturday, December 20, 2014

ဒါ ကျွန်တော်တို့ရဲ့ဘဝ

ဒါ ကျွန်တော်တို့ရဲ့ဘဝ

NDF ဆိုတာနဲ့

မျက်စောင်းတခဲခဲ အငြိုတ၀င်းဝင်းအကြည့်တွေနဲ့ ကြည့်ကြသူတွေ

သြော် ……သူတို့မလုပ်နိုင်တဲ့အလုပ်၊ သူတို့မလုပ်ရဲတဲ့အလုပ် သူတို့မလုပ်ဝံ့တဲ့အလုပ်

ကျွန်တော်တို့က လုပ်ခဲ့ကြတာကိုး။

 

NDF ဆိုတာနဲ့

အထိတ်တလန့်နဲ့ ကြောက်လန့်တကြား ကြည့်ကြတဲ့သူတွေ

သြော် သူတို့က ၂၀၁၀တုန်းက ကမ်းကုန်အောင်မဲညစ်ခဲ့ကြသူတွေဆိုတော့

လိပ်ပြာဘယ်လုံပါ့မလဲ။

ညနိုင်၊ မနက်ရှုံးနဲ့ အလဲလဲအကွဲကွဲဖြစ်ခဲ့ရတဲ့ဘဝ

ကူသူမရှိ၊ ကယ်သူမရှိ၊ ပြောသူမရှိ။

လွှတ်တော်ထဲမှာလည်း NDF က လက်သံခပ်ပြောင်ပြောင်ဆိုတော့

ခပ်ရွံရွံပေါ့ဗျာ။

 

NDF ဆိုတာနဲ့

မကပ်ဝံ့လို့ အဝေးမှာ နေကြတဲ့သူတွေ

သြော်……….သူတို့က နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဆိုလေတော့

ခပ်ရှောင်ရှောင်ပေါ့ဗျာ။

 

NDF ဆိုတာနဲ့

ဂုဏ်ယူစွာနှုတ်ဆက်ပေါင်းသင်းကြသူတွေ။.

သြော် ………..သူတို့က ဒီနိုင်ငံရေးရေဆန်လမ်းကို

စိတ်တူကိုယ်တူ လက်တွဲညီညီနဲ့ဖြတ်ခဲ့ကြတယ်လေ။

မကောင်းပြောခံရတာချင်းလည်းအတူတူ

ဘေးဖယ်ခံရတာချင်းလည်းအတူတူဆိုတော့

ကိုယ့်အစုလေးတွေနဲ့ကိုယ်  တူရာတွဲလုပ်၊ မတူရာခွဲလုပ်ပေါ့ဗျာ။

ဒီတော့ ဖြစ်မြောက်တာလေးတွေလည်းရှိ၊

ပြောဖြစ်တာလေးလည်းရှိ။

 

NDF ဆိုတာနဲ့

အားကိုးတကြီးလာကြသူတွေလည်း  ရှိလေရဲ့။

သူတိုရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို

လုပ်နိုင်တဲ့ဘောင်ထဲကနေ စွမ်းအားရှိသမျှ လုပ်ပေးနေတော့လည်း

အားကိုးအားထား ဖြစ်တာပေါ့။

ငွေ၊ သြဇာ၊ အာဏာ ဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ပေမယ့်လည်း

နိုင်ငံရေးပါတီတစ်ခုအနေနဲ့

ပြောသင့်တာပြော၊ ထောက်ပြသင့်တာထောက်ပြ၊

အဆိုတင်သင့်တာသင်၊ မေးသင့်တာမေးနဲ့ဆိုတော့လည်း

အကြပ်အတည်းကနေ ရလာတာတွေလည်းရှိ၊

မရတာတွေလည်းရှိ၊

NDF ဆိုတာ

နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လုပ်နိုင်တာလေးတွေကိုတော့

လုပ်နိုင်သမျှ လုပ်ခဲ့ကြပါတယ်။

ကိုယ့်အင်အား၊ စွမ်းအားရှိသမျှနဲ့ပေါ့။

ခေတ်စနစ်တစ်ခုကိုပြောင်းလဲပစ်နိုင်ဖို့အတွက်

အရွေ့တစ်ခုကို စွမ်းအားရှိသမျှ စိုက်ထုတ်တွန်းခဲ့လေတော့

ရွေ့သမျှလည်းရွေ့၊ တန့်သမျှလည်းတန့်။

ဖြစ်ချင်တာတွေလည်း ဖြစ်လာ။ မဖြစ်ချင်တာတွေလည်း ဖြစ်လာ။

ဖြစ်ချင်တာတွေလည်း ဖြစ်မရ။  ဖြစ်သင့်တာတွေက မဖြစ်လာ။

ဒီလိုနဲ့ ရုန်း၍ ကန်၍ ရင်ဆိုင်၍ဆိုသလိုမျိုးနဲ့ တရွေ့ရွေ့နဲ့ အချိန်တွေကိုကျော်ဖြတ်လာခဲ့တာ

ရွေးကောက်ပွဲတောင် တစ်ပတ်လည်တော့မယ်။

ပျောက်သွားကြတဲ့ပါတီတွေတောင် ပေါ်လာတော့

ပါတီပေါင်း ၇၀ ကျော်မှာ လူမျိုးစုပါတီတွေက တစ်ဝက်ကျော်နဲ့

ဗိုလ်စွဲသွားတယ်။

 NDF ဆိုတာ

 

ခေါင်းဆောင်တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေကို

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာနဲ့ နိုင်ငံရဲ့အနာဂတ်အရေးဆိုတာကို မျှော်တွေးပြီး

နာကျည်းခါးသီးမှုတွေကို အကုန်လုံး မြေမြုတ်ထားပစ်ခဲ့ကြတယ်။

အတိတ်က ဖြစ်ခဲ့တာတွေထက် အနာဂတ်ကို ငါတို့ဘယ်လိုတည်ဆောက်ကြမလဲ

အရင်လိုအမှားမျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့အသိတွေ၊အတွေးတွေနဲ့

သင်ပုန်းချေပစ်ခဲ့ကြတယ်။

 

NDFဆိုတာ

ဒီမိုကရေစီရေးအတွက် ငါတို့ထွက်လုပ်မှဖြစ်မယ်လို့ဆိုပြီး

ပေါ်လာတဲ့ ဒီမိုကရက်တစ်ပါတီပါ။

ဒီမိုကရေစီအရေး၊ ပြည်သူ့အရေးနဲ့ တိုင်းပြည်တိုးတက်ရေးကို အလေးထားတယ်။

မပြီးနိုင်တဲ့ ပြည်တွင်းစစ်ကြီးကိုလည်း အမြန်ငြိမ်းနိုင်ဖို့ အလေးထားတယ်။

ဒုက္ခရောက်နေတဲ့ လယ်သမားတွေရဲ့ အရေးကိုလည်း အလေးထားတယ်။

အနာဂတ်မငြိမ်တဲ့ အလုပ်သမားတွေရဲ့ အရေးကိုလည်း အလေးထားတယ်။

ယို့ယွင်းနေတဲ့ နိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမားရေးကဏ္ဍတွေကိုလည်း အလေးထားတယ်။

ပါတီရဲ့ အလေးထားတာတွေက များပါတယ်။

နိုင်ငံတိုးတက်နိုင်ဖို့ဆိုရင် ညီညွတ်ရေးက မရှိမဖြစ်ဆိုတာကိုလည်း သိတယ်။

သိတဲ့အတိုင်းပဲ စိတ်တူသဘောထားညီတဲ့သူတွေကို မဟာမိတ်တွေအဖြစ် စုစည်းလုပ်ဆောင်ခဲ့တယ်။

အရင်ကလည်း လုပ်ဆောင်ခဲ့တယ်။

အခုလည်းလုပ်ဆောင်နေဆဲပဲ။

ဒီမိုကရက်တစ်အုပ်စုတွေရဲ့ ညီညွတ်ရေးဟာ အလွန်အရေးကြီးမှန်း သိတယ်။

ဒီလိုညီညွတ်မှသာ  တစ်ဖက်အင်အားစုကို တန်ပြန်နိုင်မယ်ဆိုတာကိုလည်း သိတယ်။

သိနေပေမယ့် လှုပ်ရှားပိုင်ခွင့်က အခြားသူဆီမှာ။

သူမလုပ်တော့လည်း  ကိုယ်လှုပ်ရှားမှုက အကန့်အသတ်တစ်ခုမျှသာ။

ဒီတော့လည်း နာနာဆုတောင်းရတာပေါ့။

မြန်မာပြည်ကြီး ကံကောင်းပါစေလို့။

မိုးကုတ်ကိုတိုး( ၂၀-၁၂-၂၀၁၄)

 

 

#to be happy#

$$ kotoetoe $$

စည်ပင်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထိန်ချန်သည့်ကိစ္စ မြောက်ဥက္ကလာပတွင်ဖြစ်ပွား

စည်ပင်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထိန်ချန်သည့်ကိစ္စ မြောက်ဥက္ကလာပတွင်ဖြစ်ပွား

         လာမည့်စည်ပင်ရွေးကောက်ပွဲတွင် မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ကော်မတီ ရပ်မိရပ်ဖတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးအေးမော်က သူမအား ထောက်ခံမဲပေးကြမည့်သူများ  မဲပေးနိုင်သူစာရင်းတွင် ချန်ထားပြီး  အမည်နှစ်ခါထပ်စာရင်းများ၊ သေဆုံးသူများ၊ နိုင်ငံခြားခရီးသွားနေသူများ၊ ဘုန်းကြီးဝတ်နေသူများ စာရင်းကို ထည့်သွင်းထားသဖြင့် မဲပေးနိုင်သူများစာရင်းသည် မသမာမှုများကို ပြုလုပ်ရန် ကြိုတင်ကြံစည်မှုတစ်ခု ဖြစ်နေကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

         ထိုကိစ္စကို မြို့နယ်ကော်မရှင်သို့ တင်ပြ၍ သွားရောက်ဆွေးနွေးခဲ့သော်လည်း မြို့နယ်ကော်မရှင် အနေဖြင့် စာရင်းပိတ်ပြီးဖြစ်သဖြင့် မဲပေးခွင့်မရတော့ကြောင်းဖြင့် ပြန်လည်ရှင်းပြခဲ့ပါသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ လာမည့် ၂၃-၁၂-၂၀၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ဒေါ်အေးအေးမော်အား ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်မှာ 09250113435  ဖြစ်ပါသည်။

#to be happy#

$$ kotoetoe $$

စည်ပင်ရွေးကောက်ပွဲ မဲကျန်ကိစ္စ

Saturday, December 13, 2014

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဆွေးနွေးပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၅၆/၂၀၁၄)

ရက်စွဲ။ ၁၃-၁၂-၂၀၁၄

 

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဆွေးနွေးပွဲ ကျင်းပ

ဆွတ်ဇာလန်သံရုံးမှ ကြီးမှူးကြီင်္းပသော မြန်မာ့နိုင်ငံရေးပါတီများအတွက်  ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျတစွာ ယှဉ်ပြိုင်နိုင်ကြရေးကို ဦးတည်သည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းများ Code of conduct အကြောင်း ဆွေးနွေးပွဲကို ၁၃-၁၂-၂၀၁၄ ရက်နေ့ မနက် ၉း၀၀နာရီတွင်  ရန်ကုန်မြို့၊မီကာဆာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ USDPပါတီ၊  NLDပါတီ၊ NUPပါတီ၊ NDF ပါတီတို့မှ ကိုယ်စားလှယ်များ၊ ,UNA, FDA, NBF အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရှစ်ဆယ့်ရှစ်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ကြသည်။

         ထိုဆွေးနွေးချက်များအရ ပါတီများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ရေးသားခြင်းထက် နိုင်ငံရေးပါတီများမှ စုပေါင်းရေးသားခြင်းက ပိုမိုကောင်းမွန်ကြောင်း ကို တက်ရောက်လာသော ပါတီကိုယ်စားလှယ်များအားလုံးက သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် ထိုသို့ ရေးဆွဲရာတွင်လိုအပ်သောအကူအညီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကူညီပေးရန်နှင့် နိုင်ငံရေးပါတီများဘက်မှ မိမိတို့ ပါတီနှင့်အစုအဖွဲ့အလိုက် ယနေ့ဆွေးနွေးချက်များကို သက်ဆိုင်ရာပါတီနှင့် အဖွဲ့အစည်းများသို့ ပြန်လည်တင်ပြကြပြီး  ၂၁ ဦးပါဝင်သော မူဘောင်ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းရန်နှင့် ငါးလအတွင်း အပြီးရေးဆွဲကြရန် သဘောထားပေးခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုဥပဒေအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်နှင့် သုတေသနအဖွဲ့တာဝန်ခံ ဦးကျော်သူငြိမ်းတို့ တက်ရောက်ဆွေးနွေးခဲ့ ပြီး ဆွေးနွေးပွဲသည် ညနေ ၅း၀၀နာရီတွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

         ယခုဆွေးနွေးချက်များကိုလည်း ၁၅ ရက်နေ့တွင်ပြုလုပ်မည့် ကော်မရှင်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲ တွင် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, December 9, 2014

NDF ကျေညာချက် ၁၅/၂၀၁၄ ငြိမ်းချမ်းရေး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ်( ၁၅/၂၀၁၄ )
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဒီဇင်္ဘာလ(၁၀)ရက်

မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသည်
ငြိမ်းချမ်းသာယာ၍ လူမှုဒုက္ခတို့မှ ကင်းဝေးသော
ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိရေးအပေါ်
ပြင်းပြသောဆန္ဒများ ရှိနေကြပါသည်။ သို့ပါ၍ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လူနေမှု ဘ၀များ
ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စဉ်ဆက်မပြတ်သော
နိုင်ငံရေးတွေ့ဆုံအဖြေရှာမှုများသည် ယခုကဲ့သို့ သော ငြိမ်းချမ်းရေးဆီသို့
ခရီးနှင်နေဆဲကာလတွင် အထူးပင်လိုအပ်သည်ဟု ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီ အင်အားစုNDF ပါတီမှ ရှုမြင်သဘောရပါသည်။ ထို့ကြောင့် -

(က) KNU/ RCSSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
နိုင်ငံရေးပါတီများအကြား တွေ့ဆုံ၍ အမြင် ချင်းဖလှယ်ကြရန်
ဖြစ်နိုင်ချေရှိနေကြောင်း ကြားသိရပါသည်။ သို့ပါ၍ အဆိုပါ
တွေ့ဆုံပွဲများကို မကြာမီ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကို NDF
ပါတီမှ ကြိုဆိုပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

(ခ) နိုင်ငံတော်အစိုးရ၏
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) သို့လည်း
ကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီ( NCCT)သို့လည်းကောင်း၊
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးပွဲများကို နှစ်ဖက် စလုံးမှ
နိုင်ငံနှင့်ပြည်သူ့ အကျိုးကိုမျှော်ကိုး၍ အမြန်ဆုံးစတင်နိုင်ရေး
ကြိုးပမ်းကြပါရန် ကျွန်ုပ်တို့ အမျိုး သားဒီမိုကရေစီအင်အားစုNDFပါတီမှ
အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

( ၈-၁၂-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊
အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ )
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Wednesday, December 3, 2014

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်တွေ့ဆုံခြင်း ပဲ့တင်သံဂျာနယ် ( ၃-၁၂-၂၀၁၄)

ပဲ့တင်သံဂျာနယ် ( ၃-၁၂-၂၀၁၄)

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်တွေ့ဆုံခြင်း

        လွှတ်တော်တစ်ရပ်ရဲ့လုပ်ဆောင်သွားပုံဟာ ပြည်သူ့အကျိုးကို တည့်တည့်ကြည့်တာ မဟုတ်ဘဲနဲ့

ဥပဒေရှု့ထောင့်တစ်ခုတည်းက ဆုံးဖြတ်တာဟာ မလျော်ကန်ပါဘူး။

 

        ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၂၀၁၅ရွေးကောက်ပွဲတွင် PRစနစ်ကို မကျင့်သုံးတော့ဘဲ FPTPစနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာမှုနှင့်လွှတ်တော်၏ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးအတည်ပြုချက်အပေါ် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံဆွေးမေးမြန်းခဲ့ခြင်းမှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

 

မေး။   ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၂၀၁၅ရွေးကောက်ပွဲမှာ PRစနစ်ကို မကျင့်သုံးတော့ဘဲ FPTP စနစ်ကိုသာကျင့်သုံးမယ်လို့ ကြေညာလိုက်တော့ လွှတ်တော်နှစ်ရပ်စလုံးမှာ PRစနစ်ကို အဆိုတင်သွင်းခဲ့တဲ့ NDF ပါတီအနေနဲ့ ဒီProcess ပေါ်မှာ ကျေနပ်ဖွယ်ဖြစ်ရဲ့လား။

ဖြေ။   ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တို့အဆိုတင်တုန်းက အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံတဲ့ ရွေး ကောက်ပွဲစနစ်တစ်ခုကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်က စဉ်းစားပေးပါလို့ ကျွန်တော်တို့ပါတီက ဦးအောင် ဇင် တင်တဲ့အခါမှာ ပြည်သူ့လွှတ်တော်က လက်ခံလိုက်တယ်။ အဆိုကိုလက်ခံလိုက်တယ်ဆိုကတည်းက အဆိုအ တိုင်းကျင့်သုံးဖို့ လိုတာပေါ့ဗျာ။ ဒါပေမယ့် ဘာဖြစ်သွားသလဲဆိုတော့ ဦးရွှေမန်းက ဒီအဆိုကိုလက်ခံ လိုက်တဲ့ အပေါ်မှာ တည့်တည့်မရှုဘဲနဲ့ စဉ်းစားလို့ရအောင် ပတ်သက်တဲ့ဟာတွေရှစ်မျိုးလောက်ကို ကော်မတီဖွဲ့ပြီး တင် ခိုင်းတယ်။ စုံစမ်းလေ့လာရေးကော်မတီပေါ့။ အဆိုက အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံတဲ့ ရွေးကောက်ပွဲ စနစ် ကိုစဉ်းစားပေးပါလို့ အဆိုတင်တာကို ဒီရှစ်မျိုးထဲမှာ FPTP ပြန်ထည့်ထားတာတွေ့ရတယ်။ FPTPကို မကျင့်သုံး စေချင်လို့ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးချင်လို့ တင်ပါတယ်ဆိုကာမှ FPTPစနစ်ကို ပြန်ထည့်ထား တဲ့ အချက်က  ဘ၀င်မကျစရာဖြစ်သွားတယ်။ အများစုကတော့ အရောများတယ်။ ဒါပေမယ့် FPTPကို အခြေခံ ထား တဲ့စနစ်တွေပဲ စနစ်၇ခုမှာ တွေ့ရတယ်။  ပီအာသန့်သန့် အပါအ၀င်ပေါ့။  အစကတည်းက ပီအာကိုအခြေခံထား တဲ့စနစ်ဟာ ကျင့်သုံးဖို့မှာ FPTP ကို အခြေခံတဲ့ စနစ်ခြောက်မျိုးတင်လာတာ အစကတည်းကယဉ်သကို  ဆိုသလို။ ဒီကော်မတီကို လုပ်ခိုင်းတဲ့ဟာမှာကိုက အဆိုတင်သွင်းတာနဲ့ လွှတ်တော်ဥက္ကဌခိုင်းတာနဲ့က တစ်ခြား စီဖြစ်နေတယ်။ ဒါ ဘ၀မကျစရာပဲ။

        နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ်တွေ မသိလိုက်ဘဲနဲ့ သူကအခြေခံဥပဒေခုံရုံးကိုပို့ထားတာ တွေ့ ရတယ်။  ခုံရုံးကလည်း သူ့ဆီကိုစာနဲ့ပြန်ထားတာ တွေ့ရတယ်။ အခြေခံဥပဒေခုံရုံးကို မေးမယ်ဆိုရင်လည်း လွှတ်တော်မှာကြေညာပြီးမှ မေးသင့်တာ။ ဒီအချက်ကို ကျော်လွှားခဲ့တာကိုတွေ့ရတယ်။  နောက်တစ်ခါ စနစ် ရှစ်မျိုးကို စဉ်းစားတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေဆုံးအောင်စဉ်းစားပြီးတော့ မဲခွဲဆုံးဖြတ်တဲ့အထိ ရောက်အောင်မသွားခဲ့ဘူး။ သွားခွင့်လည်း မပေးခဲ့ဘူး။  ဒါကလည်းပဲ procedure အတိုင်းသွားတာ မဟုတ်ဘူး လို့တွေ့ရတယ်။

        နောက်ဆုံးအချက်က ဒီဟာကို ခုံရုံးအဖွဲ့က ဆုံးဖြတ်ပေးလို့မရဘူး။ ခုံရုံးက အခြေခံဥပဒေနဲ့ ညီတယ်၊ မညီဘူးဆိုတာကိုပဲ အကြံပေးလို့ရတယ်။ အဲ့ဒီအချက်ကိုအပိုင်ထုတ်ယူပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို မယူဘဲ အခြေခံဥပဒေခုံရုံးရဲ့ပြန်လည်ဖြေကြားချက်ကို အတည်ယူပြီး ကျင့်သုံးလို့မရဘူးလို့ ဥက္ကဌရဲ့အခွင့်အာဏာနဲ့ ကန့်ကွက်သူမရှိပယ်ချတယ်ဆိုပြီး ထုတ်ပြန်လိုက်တယ်။ Procedure အားဖြင့် လစ်ဟာနေတယ်။ procedure အားဖြင့် ပြည့်စုံ့အောင်မသွားဘူး။ ခုံရုံးက ဘယ်လောက်ပဲအခြေခံဥပဒေနဲ့မညီပါဘူးဆိုသည့်တိုင်အောင် လွှတ်တော်သာပင် ထိပ်ဆုံးမှာရှိရမယ်။ ဥပဒေပြုရေးက ထိပ်ဆုံးကိုး။ ကော်မတီကတင်ပြတဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဖြူသည်မည်းသည် ဆုံးဖြတ်ဖို့ အခွင့်အရေးမပေးဘူး။  ဆုံးဖြတ်ပြီးတဲ့အခါမှ အဲ့ဒီစနစ်က အခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုရင်တောင်မှ လွှတ်တော်ဆုံးဖြတ်ချက်က အတည်ဖြစ်ရမယ်။  မကိုက်ညီဘူး ဆိုရင် ကိုက်ညီအောင်ဘယ်လိုပြင်မလဲဆိုတာကို ဆက်ဆွေးနွေးခွင့်ရှိရမယ်။ မဆွေးနွေးဘဲနဲ့ ဦးရွှေမန်းက ပိတ်ချ လိုက်တယ်။  နံပါတ်တစ်- လုပ်ထုံးလုပ်နည်းအရ ပြည့်စုံမှုမရှိဘူး။ နံပါတ်နှစ် သူ့အခွင့်အာဏာကို သုံးပြီးတော့ ဆုံးဖြတ်သွားတယ်။  နံပါတ်သုံး ဥပဒေရှုထောင့်တစ်ခုတည်းကကြည့်ပြီးတော့  နိုင်ငံရေးရှုထောင့်က မကြည့်ဘဲနဲ့  နိုင်ငံရေးအပြောင်းအလဲကာလ၊ တိုင်းရင်းသားပါတီငယ်တွေပါ အပါအ၀င် ပါတီအများစုလွှတ်တော်ထဲကို ရောက် ပြီးတော့ အမျိုးသားညီညွတ်ရေးကိုရှေ့ရှုတဲ့  နိုင်ငံရေးဖြစ်စဉ်ကို မစဉ်းစာတော့ဘဲ ဆုံးဖြတ်သွားတဲ့ အတွက်  ကျွန်တော်တို့ပါတီက ဒါကိုလုံးဝသဘောကျခြင်း မရှိပါဘူး။

        မကန့်ကွက်တာက ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကို ကန့်ကွက်ဖို့လည်း ပါတီအနေနဲ့ ကန့်ကွက်လို့ မရဘူး။ ဒါကြောင့် မကန့်ကွက်ဘဲနေတာဖြစ်တယ်။ ဒါပေမယ့် ကြိုက်လားဆိုတော့ မကြိုက်ဘူး။ လွှတ်တော်တစ် ရပ်ရဲ့လုပ်ဆောင်သွားပုံက ပြည်သူ့အကျိုးကို တည့်တည့်ကြည့်တာမဟုတ်ဘဲနဲ့ ဥပဒေရှု့ထောင့်တစ်ခုတည်းက ဆုံးဖြတ်တာဟာ မလျော်ကန်ပါဘူးလို့ ပြောချင်တယ်။

 

မေး။   လွှတ်တော်ဥက္ကဌတစ်ယောက်က သူ့ရဲ့အခွင့်အာဏာကို အသုံးပြုပြီး ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ကို ဥပေက္ခာပြုလိုက်တဲံအခါမှာ ကိုယ်စားလှယ်တွေအနေနဲ့ တစ်စုံတစ်ရာ တုံပြန်အရေးယူမှုမျိုး လုပ်နိုင်ပါ သလား။

ဖြေ။   အဲ့ဒါက ဘာနဲ့ပတ်သက်လဲဆိုတော့ ဥက္ကဌက ပြောထားတာရှိတယ်ဗျ။ ဥက္ကဌအရည်အချင်း ပျက်ယွင်း တယ်ဆိုရ်င ကျွန်တော်တို့က သပ်သပ်အဆိုတင်သွင်းလို့ရတယ်။ ဒီကိစ္မမှာတော့ ဥက္ကဌရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်သွားတာမို့ ပြန်လည်ပြင်ဆင်ဖို့ အတော်ခက်တယ်။ လွှတ်တော်နည်းဥပဒေပုဒ်မ ၁၉မှာ ဥက္ကဌရဲ့ ဆုံးဖြတ်ချက် ဟာ အတည်ဖြစ်ရမယ်။ ဥက္ကဌရဲ့လုပ်ပို်င်ခွင့်ဟာ  အမိန့်အာဏာနဲ့ ညွှန်ကြားတဲ့အတိုင်း လုပ်ရမယ်ဆိုပြီး ပြဋ္ဌာန်း ထားတာ ရှိတယ်။  ကျွန်တော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်များဟာ အဲ့ဒီအချိန်တုန်းက ကန့်ကွက်သော် လည်းပဲ မရခဲ့ဘူး။ မရတဲ့အတွက်ကြောင့် ဥက္ကဌဟာ နည်းဥပဒေ၁၉ပါအတိုင်း အမိန့်အာဏာနဲ့ ညွှန်ကြား လုပ် ဆောင်နိုင်တယ်ဆိုတဲ့ ဘောင်ထဲကဆွဲခေါ်သွားတယ်။

 

မေး။   PR စနစ်ကို NDFပါတီက အဆိုတင်သွင်းစဉ်က ကန့်ကွက်ဆန္ဒပြမှုတွေ၊ အချို့သောတိုင်းရင်းသားပါတီ တွေ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ NDF အနေနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြိုးစားလုပ်ဆောင်ခဲ့ပြီး နောက် ဆုံးမှာ မျှမျှတတဆုံးဖြတ်တဲ့အဆင့်ကို မရောက်ဘဲ ပြီးဆုံးသွားတယ်ဆိုတော့ ပါတီအနေနဲ့ ပြည်သူလူထုရဲ့ ငြိုငြင် မှုကိုပဲ ခံလိုက်ရတယ်လို့ မမြင်မိဘူးလား။

ဖြေ။   ကျွန်တော်တို့ကတော့ အဆိုအဆဲခံပြီး မှန်ရာကိုပြောတဲ့ပါတီပဲ။ ပြည်သူလူထုအတွက် နိုင်ငံရေးအနာ ဂတ်ကောင်းဖို့သာလျှင် ရှေ့ရှုတယ်။ ဆဲရင်ဆဲပါစေ။ ဆိုရင်ဆိုပါစေ။ ဒါတွေကို ကျော်လွှားပြီးတော့ ပြည်သူ့ အတွက် NDF ဆိုတဲ့အတိုင်းပဲ လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ ငြိုငြင်ရင်လည်းပဲ ကျွန်တော်တို့ မတတ် နိုင်ဘူး။ ပြီးသွားတဲ့အခါကျရင် ပြေလည်သွားလိမ့်မယ်လို့ပဲ ယူဆပါတယ်။ နောက်ပြီးတော့ ကန့်ကွက်တယ်ဆိုတဲ့ ပြည်သူကလည်းပဲ ခင်ဗျားတို့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာ ကြည့်လို့ရှိရင် အနောက်က NLD ကားကြီးပါပြီးတော့  အရှုးတွေ၊ အရှုးမတွေဆိုပြီး NLD အဖွဲ့ဝင်တွေက ပြောဆိုတာ ကျွန်တော့်မှာ ဗီဒီယိုမှတ်တမ်းတွေ ရှိပါ တယ်။ ဒီလူတွေရဲ့မျက်နှာတွေဟာ ပုဇွန်တောင်မှာလည်းသူတို့ပါပဲ။ ရွှေပြည်သာမှာလည်း သူတို့ပဲဆိုတော့  ပြည်သူလူထုက ကန့်ကွက်တယ်လို့ NLD ကနေပြီး လုပ်သွားတဲ့ဟာအတွက်ကတော့ ကျွန်တော်တို့အတွက် သိပ် ပြဿနာ မရှိပါဘူး။

 

NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ပဲတင့်သံဂျာနယ်အင်တာဗျူး ဒုတိယပိုင်း( ၃-၁၂-၂၀၁၄)

မေး။   လွှတ်တော်ရဲ့ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆုံးဖြတ်ချက်ကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ငြင်းပယ်လိုက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ထိပ်သီး၁၄ဦးတွေ့ဆုံဆွေးနွေးရေးကို က နှောင့်နှေးစေတယ်လို့ ပြောလိုက်တဲ့အပေါ် ဦးခင်မောင်ဆွေရဲ့သဘောထား။

ဖြေ။   အခုတော့ ကျွန်တော်သိပ်စိတ်မ၀င်စားတော့ဘူး။ ၁၄ပွင့်ဆိုင်ကိုလည်း ကျွန်တော်က သိပ်စိတ်မ၀င်စား လှဘူး။ ထိပ်သီးဆိုတဲ့နာမည်လည်း စိတ်မ၀င်စားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိပ်သီးမှမဟုတ်ဘဲကိုး။ ထိပ်သီးဆို တာက နိုင်ငံတကာအဆင့် ၀န်ကြီးချုပ်တွေ၊ သမ္မတတွေ တွေ့တဲ့ပွဲဟာ ထိပ်သီးဆွေးနွေးပွဲလို့ ခေါ်တာပေါ့။ ထိပ်သီးအစစ်တွေပေါ့။ အခုဟာက သမ္မတကြောင့်သာလျှင် သမ္မတရဲ့အဆင့်အတန်းနဲကိုက်ညီအောင် ထိပ်သီး ဆွေးနွေးပွဲလို့ ခေါ်တာဖြစ်တယ်။ ကျွန်တော်လိုလူမျိုးက ထိပ်သီးမှမဟုတ်တာ။ ဘယ်သူမှ ကျွန်တော့်ကို ထိပ်သီးလို့ ရွေးထားတာ မဟုတ်ဘဲ။ ၁၄ဦးထပ်ပြီးဆွေးနွေးဖို့ ဆိုတာလည်း မမျှော်လင့်ထားပါဘူး။ ဆွေးနွေးပွဲတွေဟာလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတော့ ကျွန်တော်ထိပ်မထင်ဘူး။ အခြေခံဥပဒေ ကို လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ၁၄ပွင့်ဆိုင်ဖြေရှင်းမယ်ဆိုရင်လည်း ကျွန်တော်ထင်တာက အဓိကကျတာက  တပ်ချုပ်ရယ်၊ သမ္မတရယ်၊ ဦးရွှေမန်းရယ်၊ ဒေါ်စုရယ်ပေါ့။ ဒီလေးယောက်ပဲ အဓိကကျတာပဲ။ အဲ့ဒီလေးယောက် နှစ်ဖက်ဟာ တကယ်ရော အခြေခံဥပဒေပြင်ဖို့အတွက် ဆွေးနွေးဖို့ ပြတ်ပါ့မလားဆိုရင် ကျွန်တော်တော့ မထင်ဘူး ဘာလို့လဲဆိုတော့ အစကတည်းက တစ်ဖက်နဲ့တစ်ဖက်ဟာ တစ်ဖက်ကဒါ၊ တစ်ဖက်ကဒါ ပြောနေကြတာဆို တော့ အယူအဆမတူတော့ပါဘူးဆိုတဲ့ဟာကို ဆွေးနွေးဖို့အတွက်လည်း အရာထင်မယ်တော့ မထင်ဘူး။ သူတို့နှစ်ဖက်ဟာ ကြားထဲကအဖြေတစ်ခုရှာဖို့အတွက်လည်း အသင့်ဖြစ်နေပုံ မတွေ့ရဘူး။ ဒါကြောင့်ငြင်းနေ တာ ပေါ့။ တပ်ချု့ပ်ကလည်း KNUနဲ့တွေ့ဆုံပွဲမှာငြင်းသွားပြီလေ။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လည်း ငြင်းတယ်ဆိုတာက မတွေ့နိုင်ဘူးဆိုတာကို ငြ်းတဲ့သဘောပဲလေ။ အကောင်းဆုံးကတော့ ဒီလို FORMAL တရားဝင်တောင်းဆိုနေမယ့်အစား  တရားမ၀င်တွေ့ဆုံပြီးတဲ့အခါကျတော့မှ အပေးအယူလုပ်ပြီးခါကျမှ တရာူးဝင်တွေ့ဆုံပွဲကို တောင်းဆို တွေ့ကြမယ်ဆိုလို့ရှိရင် ပိုလွယ်လိမ့်မယ်လို့ ထင်ပါတယ်။

 

မေး။   သမ္မတနဲ့ ကာချုပ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်လိုက်တယ်ဆိုတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။   အခြေခံဥပဒေပြင်ရေးမှာ သမ္မတနဲ့ကာချုပ်ပဲ ပတ်သက်တယ်။ သမ္မတတို့ကလည်း သူတို့နဲ့ မပတ်သက် ဘူး။ သွယ်ဝိုက်ပြီးပတ်သက်နေတာပဲ ဖြစ်တယ်။ လွှတ်တော်ကပဲပြင်ရမယ်ဆိုပြီး သူတို့ကကျယ်ကျယ် လောင် လောင်ပြောထားတာ။ တကယ်တန်းပြန်ကြည့်ရင် ဥပဒေပြုရေး၊ ပြင်ရေးဟာ လွှတ်တော်နဲ့ပဲ ဆိုင်တယ်။ဒါပေမယ့် သမ္မတနဲ့ကာချုပ်က သူတို့ကိုင်စွဲထားတဲ့ပြင်ချင်တဲ့အရာတွေ၊ မပြင်ချင်တဲ့အရာတွေကတော့ ကျန်နေသေး တာ ပေါ့။ ၁၄ပွင့်ဆိုင်တုန်းက ကာချုပ်က ပုဒ်မ ၄၃၆ကို မပြင်ချင်ပါဘူးဆိုပြိးတော့ ပြောခဲ့ပေမယ့်လည်း  နောက်တစ်ခါ ထပ်ပြောတာက လွှတ်တော်ထဲမှာ အများကလုပ်ကြမယ်ဆိုရင် သူက ကန့်ကွက်စရာမရှိဘူးလို့ ပြောခဲ့ပြန်တယ်။ အဲံ့ဒီတော့ သူကလွှတ်တော်ကိုပဲ ပြန်ထည့်တာကိုး။ ကျွန်တော်တို့က လွှတ်တော်ထဲမှာ မထည့်ပါနဲ့။ အပြင်မှာ ဆွေးနွေးပါလို့ပြောလည်း တွေ့ချင်မှတွေ့မှာပေါ့။ ဒီလိုပြောဖို့လည်း ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ်လို့ မယူဆဘူးလေ။ သူတို့ကာယကံရှင်တွေ လုပ်ရမယ့်ကိစ္စ။

မေး။   တွေ့ဆုံညှိနှိုင်းရေးဆိုတာကလည်း ပြဿနာတွေအားလုံးကို တစ်ထိုင်တည်း ပြေလည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုံသဘောတူညီချက်တစ်ခုရဖို့ တွေ့ကြတယ်ဆိုတဲ့နေရာမှာ ဟိုလူလည်းပါ၊ ဒီလူလည်းပါ၊ လူပေါင်းစုံပါတဲ့တွေ့ဆုံမှုဟာ အပြသက်သက်ပဲ ဖြစ်မနေဘူးလား။

ဖြေ။   လူများရင်တော့ ပွဲမစည်တာအမှန်ပဲပေါ့ဗျာ။ သို့သော်လည်း ဒီနိုင်ငံက တိုင်းရင်းသားလူမျိုး၈မျိုးဟာ သူတို့ကိုယ်တိုင်ပါရမှဖြစ်မယ်။ သူတို့ကိုယ်တိုင် ရွေးပါရစေ။ အပေါ်ကမရွေးပါနဲ့ဆိုပြီးတော့ တိုင်းရင်းသား၃၊၄ ယောက်က ပြောကြတယ်လေ။ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ IDENTITY ပေါ့။ ကိုယ်ပိုင်အမှတ်အသား၊ ဥပဓိ ရုပ်တွေဟာလည်းပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ပါသင့်တယ်လို့ တောင်းဆိုတဲ့အခါမှာ ကျွန်တော်တိုပက တစ်ယောက်တည်းနဲ့ပဲတွေ့ပါလို့ ပြောတဲ့အခါကျတော့ သူတို့အထဲမှာလည်း လှုပ်လှုပ်ခါခါတွေ ဖြစ်ကုန်ကျတယ်။ ထိပ်သီးဘယ်လိုရွေးမလဲဆိုတဲ့ဟာ သူတို့ထဲက နိုင်ငံရေးကစားကွင်းထဲမှာလည်း ပွစိပွစိတွေ ဖြစ်လာကြ တာ ပေါ့။ ဒါတွေက ၆ပွင့်ဆိုင်။ ၆ပွင့်ဆိုင်+တိုင်းရင်းသားတွေအကုန်အပါအ၀င်ဆိုရင် ၁၂ပွင့်ဆိုင်တွေ့တယ်ထားဦး တော့ ဒုတ်ဒုတ်ထိဖြေရှင်းနိုင်မလားဆိုတော့ ကျွန်တော်က သိပ်မထင်ဘူး။ ဘာလို့လဲင်္ဆိုတော့ ကျွန်တော်တို့သွား နေတာက ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ကို သွားနေတာကိုး။

        ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပေါ်လာတဲ့သဘောတူညီမှုတွေ ရတဲ့အခါကျမှ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီးတဲ့အခါကျမှ ရှေ့နိုင်ငံရေးကို ဘယ်လိုသွားကြမလဲဆိုတဲ့ လမ်းပြမြေပုံကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ ထိပ်သီးဆွေးနွေးပွဲတ်စခု တွေ့မယ်ဆိုရင်တော့ တစ်ခါတည်းပြတ်ထွက် သွား လိမ့်မယ်။ အခြေခံဥ့ပဒေပြင်ဖို့ပါ တစ်ခါတည်းပါသွားမယ်။  မြေပေါ်ကပုဂ္ဂိုလ်တွေပွဲဆွေးနွေးပြီးတော့ မြေအောက်ကပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကျန်နေမယ်ဆိုရင်လည်း ထိပ်သီး အကြောင်းအရာတွေ ဆွေးနွေးဖို့အတွက် အဲ့ဒီပုဂ္ဂိုလ်တွေ ကျန်နေဦးမှာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးပြီးတဲ့ အခါကျရင်တော့ အနာဂတ်နိုင်ငံအတွက် ကောင်းလိမ့်မယ်လို့ ထင်တယ်။အဲ့ဒီအခါကျမှ ပိုပြီးတော့ ပီပြင်ထိ ရောက်မယ်လို့ ကျွန်တော်ယူဆတယ်။

 

မေး။   သမ္မတနဲ့တပ်ချုပ်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရေးအတွက်မှာ  ခွဲခြားဆက်ဆံမှု ရှိတယ်လို့ ဝေဖန်ကြတာတွေရှိတယ်။ ဥပမာ KNU ကို သီးခြားတွေ့ဆုံတာမျိုးပေါ့။ အခုဆိုရင် ၆ပွင့်ဆိုင်ကို ငြင်းဆို လိုက်ပေမယ့် KNU နဲ့တပ်ချုပ်နဲ့ တွေ့သွားကြတယ်။ အဲ့ဒီမှာ အစိုးရရဲ့ ကိုယ်တွယ်ဖြေရှင်းပုံကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။   တပ်ချုပ်နဲ့ KNU တွေ့ကြတယ်ဆိုတာက ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုနဲ့ မဆိုင်ဘူးလေ။ mpc မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ကြတော့ သတင်းမီဒီယာလောကက အယ်ဒီတာချုပ် တွေ၊ သတင်းစာဆရာတွေပါတဲ့ပွဲမှာ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘာတွေပြောလဲဆိုတော့ လိုင်ဇာမှာ နောက်ဆုံးအ ကြိမ်ဆွေးနွေးပွဲတုန်းက သမ္မတက လိုင်ဇာမှာ ဆွေးနွေးပြီး မြစ်ကြီးနားဆင်းလာတဲ့အခါမှာ သူကိုယ်တိုင် တွေ့ဖို့ လာမယ်ဆိုတော့ KIA ခေါင်းဆောင်တွေရော၊ တကယ့်ခေါင်းဆောင်ကြီးတွေပေါ့။ ဗိုလ်ချုပ်ဂွန်မော်တို့ထက် မြင့်တဲ့ တကယ့်ခေါင်းဆောင်ကြီးတွေ အပါအ၀င် တွေ့မယ်ဆိုပြီးသတင်းပို့လိုက်တဲ့အခါမှာ တွေ့ဆုံဖို့ ပြင်ပြီး ပြီလို့ ပြောတယ်။ သမ္မတကတွေ့ဖို့ပြင်ဆင်ပြီးခါမှ ဟိုကမြစ်ကြီးနားမဆင်းတော့ပဲ လိုင်ဇာကနေပြန်သွားကြတယ်ဆို တော့ သမ္မတ မသွားလိုက်ရဘူး။ သမ္မတမှာတွေ့ချင်တဲ့သဘောထားရှိနေတယ်ဆိုတာကို တာဝန်ရှိတဲ့သူက ထုတ်ပြောလိုက်တယ်။ ဒါပေမယ့် အဲ့ဒီအကြောင်း သတင်းမီဒီယာလောနယ်ပယ်ထဲ ရောက်မသွားတော့ ပြည်သူ က သို့လောသို့လော ဖြစ်ရတယ်။ ၁၄ပွင့်ဆိုင်မှာ သမ္မတအနေနဲ့လိုင်ဇာက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ မယ်ဆိုရင် နိုင်ငံရေးယုံကြည်မှုပိုရမယ်လို့ ကျွန်တော်အကြံပြုခဲ့တယ်။

နောက်တစ်ချက်က KNU ဥက္ကဌ ဘာကြောင့်လာတွေ့လဲဆိုတော့KNU တွေက ငြိမ်းချမ်းရေး အရမ်းရချင် နေပြီ။ သူတို့ကတော့ တအားရချင်တဲ့စိတ်နဲ့ လာလာတွေ့နေတာရှိတယ်။ သူတို့ကိုလည်း ဖွင့်ထားတယ်။  ဟိုပုဂ္ဂိုလ်တွေကိုလည်း ဖွင့်ထားတယ်။ လာတာ မလာတာက သူတို့ကိစ္စပဲ ဖြစ်မယ်လို့ထင်တယ်လေ။

ရှမ်းတွေ၊ကယားတွေက သူတို့နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတာကို မလိုလားတော့ဘူးတဲ့။ ငြိမ်းချမ်းရေး လိုချင်နေပြီတဲ့။တကယ်လို့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးလို့ရှိရင်လည်း မထိုးတဲ့လူတွေကို ချန်ထားခဲ့။ ကိုယ့်ဟာကိုထိုးပြီး ယူလိုက်ကြရအောင်ဆိုပြီး ကျယ်ကျယ်လောင်လောင်အော်သွားတာလည်း သတင်းစာ၊ ဂျာနယ်တွေမှာ ပါမလာဘူး။ အဲ့ဒီပွဲမှာ တာဝန်ရှိတဲ့သူပြောတာက ဒေါ်အောင်ဆန်းစုကြည်ဟာ လိုင်ဇာဆွေးနွေးပွဲ ကို တက်ပြီးအားပေးချင်တယ်။ သွားချင်တယ်ဆိုတော့ ဦးအောင်မင်းတို့က လိုင်ဇာကိုသတင်းပို့တယ်။ ဟိုဘက်က လည်းတွေ့ချင်ပါတယ်၊ ပြောချင်ပါတယ်လို့ ပြန်ပြောတော့ ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး ပြောပြီးပြီ။ အဲံဒီမှာ ဒေါ်စုက အဲ့ဒီလိုဆိုရင် KIA ကနေ ဖိတ်စာပေးပါလို့ တောင်းတဲ့အခါကျတော့ KIA ခေါင်း ဆောင်တွေက ဒီနေ့အထိမပေးပါဘူးလို့ အဲ့ဒီပွဲမှာ ရှင်းသွားတာလည်း  သတင်းစာ၊ ဂျာနယ်တွေမှာ  မပါဘူး။ သို့လော သို့လော ဖြစ်ကြတာ ဒါကြောင့် ဖြစ်တာပါ။

 

မေး။   ပုဒ်မ ၄၃၆ ကိ ပြေလည်အောင်မဖြေရှင်းနိုင်ရင် အနာဂတ်နိုင်ငံရေးအကျပ်အတည်းဟာ ဘာတွေဖြစ်သွားနိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ။   တပ်က ၂၅% လိုချင်နေသေးတယ်။ မနေလို့မရဘူးလို့ သူတို့စဉ်းစားတယ်။ နံပါတ်တစ်က ငြိမ်းချမ်းရေး မရသေးဘူး။ငြိမ်းချမ်းရေးမရသေးလို့ တိုက်ကြခိုက်ကြမယ်ဆိုရင် သူတို့ခေါင်းပေါ်ရောက်မယ်။ ခင်ဗျားတို့ နိုင်ငံ ရေးသမားတွေကရော ဒီကိစ္စကို အာမခံနိုင်လားဆိုရင် ကျွန်တော်တို့လည်း အာမ မခံနင်္ိုင်ဘူး။ တိုက်တာ၊ ခိုက်တာတွေရပ်သွားလို့ တပ်ကဆက်နေမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က အပြတ်အသတ်စဥင်္းစားရမှာ ပေါ့။ ငြိမ်းချမ်းရေးရပြီးသည့်တိုင်အောင် တပ်ကလွှတ်တော်ထဲမှာ နေချင်ပါသေးတယ်ဆိုပြီး ကျွန်တော်တို့ ဒီမိုကရက် တစ်အင်အားစုအားလုံးက တူညီတဲ့ဆန္ဒတွေနဲ့ ကြိုးစားရမှာပေါ့။ အဲံ့ဒီတော့ ၂၅%ဆ က်မရှိဖို့အတွက် ၄၃၆ဟာ ဆက်ရှိဖို့လိုနေတယ်။ ၄၃၅ကိုပြင်တယ်၊ ဖျက်တယ်၊ အားလုံးပယ်တယ်ဆိုလို့ရှိရင် သူတို့က ၂၅%နဲ့ ဆုံးဖြတ်ချက် တွေကို ကာကွယ်လို့မရတော့ဘူးလေ။ ဥပမာဆိုပါတော့ တပ်တွေရဲ့လှုပ်ရှားမှုတွေ၊ ဘဏ္ဍာဘတ်ဂျက်တွေကို ဟိုလိုမလုပ်ရဘူး၊ ဒီလိုမလုပ်ရဘူးဆိုပြီးတော့ ပိတ်ပင်မယ်ဆိုလို့ရှိရင် ၄၃၆မရှိတဲ့အခါ သူတို့ကာကွယ်လို့ မရဘူး။ အဲ့ဒါကြောင့် ကာနေတာပါ။ ရှင်းရှင်းလေးပဲ။

 

မေး။   ဒါဆိုရင် PEACE PROCESS က အဓိကကျတဲ့အစိတ်အပိုင်းမှာ ရှိနေတာပေါ့။

ဖြေ။   ကျွန်တော့်အမြင်ကတော့ PEACE PROCESS ကလည်း အဓိကကျတဲ့အချက်ထဲမှာ တစ်ချက်ပါတယ်။ နောက်တစ်ချက်ကလည်းပဲ ခင်ဗျားတို့မေးချင်နေတဲ့ ၅၉(စ) ဖြစ်မှာပေါ့။ အဲ့ဒါကိုလည်း သူတို့ကမပြင်ချင်ဘူးလေ။ ဒါကြောင့် ၄၃၆ကို မပြင်ချင်ဘူးလို့ ပြောတောပေါ့။ ခံခ


Friday, November 28, 2014

NDFပါတီကြေညာချက် ၁၂နှင့် ၁၃၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ် ( ၁၂/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ နိုဝင်္ဘာလ(၂၈)ရက်
ကျောင်းသားသမဂ္ဂများ မဖြစ်မနေဖွဲ့စည်းရေးအပေါ် သဘောထားထုတ်ပြန်ချက်
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီသည်
အခြေခံပညာရေးနှင့်အဆင့်မြင့်ပညာရေး အခြေခံမူများနှင့် ပတ်သက်သည့်အဆိုကို
ရေးသားပြုစု၍ ၂၀၁၂ခုနှစ်၊ ဒီဇင်္ဘာလ(၁၂) ရက်နေ့က ပြည်သူ့လွှတ် တော်သို့
အဆိုတင်သွင်းခဲ့ပါသည်။ ထိုသို့တင်သွင်းစဉ်ကပင်
ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေးကို တက္ကသိုလ် များ
လွတ်လပ်စွာပညာသင်ကြားရေးနှင့် စီမံခန့်ခွဲမှုရရှိရေးအပိုင်းအောက်တွင်
ထည့်သွင်းတင်သွင်းခဲ့ပါသည်။ NDF ပါတီမှ
ယင်းပညာရေးအခြေခံမှုများနှင့်ပတ်သက်သည့် အဆိုကို တင်သွင်းရာတွင်
"စည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာလွတ်လပ်ခွင့်( Disciplinary Autonomy)
အောက်တွင် တက္ကသိုလ်များတွင် လူမှုရေးအ အဖွဲ့အစည်း များ၊
ကျောင်းသားသမဂ္ဂများနှင့် ပတ်သက်သည့်စည်းမျဉ်းစည်းကမ်းများကို
တက္ကသိုလ်များအား လွတ်လပ်စွာ စီမံခန့်ခွဲမှုပေးရမည်" ဟု တင်ပြခဲ့ပါသည်။
ယခုအခါ နိုင်ငံတော်သမ္မတ၏ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြောကြားချက်၌
"ဒီမိုကရေ စီပြု ပြင်ပြောင်းလဲရေးတွင် တက္ကသိုလ်များ၌
ကျောင်းသားသမဂ္ဂများကို "မဖြစ်မနေ" ဖွဲ့စည်းခွင့်ပေးရမည်" ဟူု၍လည်းကောင်း၊
"ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း ဥပဒေအရ
အဆင့်ဆင့်ပြင် ဆင်သွား ရေးနှင့် ပညာရေးစနစ် တစ်ခုလုံးကိုပါ
ပြောင်းလဲပစ်နိုင်ရေးအတွက် အချိန်များစွာယူဆောင်ရွက်ရမည်" ဟူ၍
လည်းကောင်း၊ ၂၆-၁၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့
အစည်းအဝေးခန်းမတွင် ပြုလုပ်သော နိုင်ငံရေးပါတီများနှင့်
အစိုးရအဖွဲ့တွေ့ဆုံပွဲတွင် သမ္မတက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ထိုကျောင်းသားများ၏ အနာဂတ်ပညာရေးကိစ္စနှင့် ကျောင်းသားသမဂ္ဂများ
ဖြစ်ပေါ်လာရေးအပေါ်တွင် အလေးထားဆောင်ရွက်မည့်သဘောထားအပေါ် ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အလေး အနက် ကြိုဆိုလိုက်ပါသည်။
သို့ပါ၍ လက်ရှိအမျိုးသားပညာရေးဥပဒေသည် ပညာရေးစနစ်ပြောင်းလဲရာတွင်
အစပြုရာမှတ်တိုင်တစ် ခုအဖြစ် မှတ်ယူ၍
ယင်းပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးကို ပီပြင်စွာဆက်လက်ဆောင်ရွက်ရမည်
ဖြစ်ပါသည်။ ထို့ကြောင့်၊ ပြည်ထောင်စုလွှတ်တော်သည် ယခုအခါ မြို့နယ်အချို့၌
ဆန္ဒဖော်ထုတ် နေကြသည့် ကျောင်းသား များ၏အသံနှင့်
ကျောင်းသားများ၏ဒီမိုကရေစီနှင့်လျှော်ညီသည့် အခွင့်အရေးတို့ကို
အသိအမှတ်ပြု ဆောင်ရွက် ပေးရန် လိုအပ်လာပြီဟု NDF ပါတီမှ
ရှု့မြင်သဘောပိုက်ယူပါသည်။
ထို့ကြောင့် အမျိုးသားပညာရေးဥပဒေအပေါ် သဘောမတူမှုများနှင့်
ပြင်ဆင်ဖြည့်စွက်လိုသည့်အချက် များကို ထာဝန်ရှိသူများနှင့်
ကျောင်းသားများ တရားဝင်တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရန်-



(က) ပညာရေးဥပဒေဆိုင်ရာသဘောထားလေ့လာစုံစမ်းရေးကော်မရှင်တစ်ရပ်ကို
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးရန်လည်းကောင်း၊
(ခ) ယခင်ဆိုရှယ်လစ်အစိုးရလက်ထက် သမ္မတကိုယ်တိုင် ကတိပြုပြောကြားထားသည့်
မြန်မာ့ လွတ်လပ်ရေးရရှိရေးအခြေပြုရာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
သမိုင်းဝင်တကသ သမဂ္ဂအဆောက်အဦကို ပြည်လည်တည်ဆောက်ပေးရန်အတွက် လည်းကောင်း
နိင်ငံတော် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့အား အလေးအနက်ထား
တိုက်တွန်းတောင်းဆို လိုက်ပါသည်။

အထူးမှတ်ချက်။ ၂၈-၁၁-၂၀၁၄ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၊
အရေးပေါ်အစည်း အဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ပြီး ဤထုတ်ပြန်ချက်ကို
အရေးပေါ်အဆို တစ်ရပ် အဖြစ် လွှတ်တော်တွင် တင်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။


ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ် ( ၁၃/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ နိုဝင်္ဘာလ( ၂၈)ရက်
ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံးအဆုံးသတ်ရေးအပေါ် သဘောထားထုတ်ပြန်ချက်
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည်
ပြည်တွင်းစစ်မီးအပြီးသတ်ငြိမ်းသတ်ခြင်း မပြုနိုင်သေးသည့်အတွက်
နှစ်ဖက်စစ်သည်တော်များ ကျဆုံးနေရခြင်းနှင့် လတ်တလော လိုင်ဇာတွင်သေဆုံးရမှု
များ အပါအ၀င် ဖြစ်ရပ်များသည် နိုင်ငံအတွက် အမျိုးသားရေးဆုံးရှုံးမှုအဖြစ်
ယူဆပါသည်။ ထို့ပြင် အမျိုးသား ညီညွတ်ရေးရှု့ထောင့်မှနေ၍လည်း ထိုကဲ့သို့
နှစ်ဖက်အသက်ဆုံးရှုံးခဲ့ရမှုများကို မြန်မာ့ကြေကွဲဘွယ်ဖြစ်ရပ်များ
အဖြစ်မှတ်ယူ၍ အမြန်ဆုံး ဖြေရှင်းပပျောက်ရေးကို လိုလားတောင်းဆိုပါသည်။
ဤဖြစ်ရပ်များသည် ပြည်တွင်းစစ်ဖြစ်နေဆဲ ကျွန်ုပ်တို့နိုင်ငံတွင်
ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဆောင်ရွက် နေပါသော်လည်း
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ချုပ်ဆိုရန်
ကြန့်ကြာနေ ခြင်းကြောင့် ဖြစ်ရသည်ဟု ရှုမြင်ပါသည်။
သို့ပါ၍ တစ်မျိုးသားလုံးအရေးဖြစ်သည့် ငြိမ်းချမ်းရေးလိုလားမှုကြီးကို
အောင်မြင်ထမြောက်စေရေး အတွက်-
(၁) အပစ်အခတ်ရပ်စဲရေးတွင် ကျန်ရှိနေသော ညှိနှိုင်းစရာအချက်အချို့ကို
လာမည့်နိုင်ငံရေးဆွေး နွေးပွဲဘောင်အတွင်းမှ ဆက်လက်ဆွေးနွေးပေးရန်၊
(၂) မကြာမီပြန်လည်ကျင်းပမည့် UPWC/NCCT အပစ်အခတ်ရပ်စဲရေး
ညှီနှိုင်းဆွေးနွေးပွဲကို နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်၍
အပြီးသတ်ဆွေးနွေးပေးရန်နှင့်
(၃) တစ်မျိုးသားလုံးငြိမ်းချမ်းရေး ရရှိရေးအတွက် သူ့ဖက်ကိုယ့်ဖက်
ခွဲခြားမရှုမြင်ဘဲ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖက်တစ်ဘက်တည်းမှ
ရပ်တည်သော အမျိုးသားရေးအမြင်ဖြင့် ဆွေးနွေး အကောင် အထည်ဖော်ပေးကြပါရန်
လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
သို့မှသာ နိုင်ငံသားအချင်းချင်း စစ်ခင်းနေရခြင်းနှင့်
ယင်း၏အကျိုးဆက်များအဖြစ် အထက်ပါကဲ့သို့ အသက်ဆုံးရှုံးနေရသည့်
မြန်မာ့ကြေကွဲဘွယ်ရာများကို အပြီးတိုင် အဆုံးသတ်နိုင်မည်ုဟု ကျွန်ုပ်တို့
အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီမှ ယုံကြည်သည့်အလျှောက်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ် ရေးထိုးကြပါရန်
အလေးအနက် တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အာစုပါတီ

Thursday, November 13, 2014

ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းအပေါ် NDF ပါတီ၏သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်( ၅၃/၂၀၁၄)
ရက်စွဲ။ ၁၄-၁၁-၂၀၁၄
ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းအပေါ် NDF ပါတီ၏သဘောထားကြေညာချက်
မြန်မာနိုင်ငံတွင် ကျင်းပသည့် အာဆီယံ(၂၅)ကြိမ်မြောက်
ထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာ သော ကုလအတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်အနေဖြင့် မြန်မာနိုင်ငံ၌ ပြည်သူအများစုက လက်ခံထားခြင်း
မရှိသည့်အပြင် နိုင်ငံတော်အစိုးရကလည်း အသိအမှတ် ပြုထားခြင်းမရှိသည့်
လူမျိုးအမည် ရိုဟင်ဂျာအသုံး အနှုန်း ကို ပြောဆိုသုံးနှုန်းခဲ့ပါသည်။
ထို့ကြောင့် ပြည်သူလူထုအတွင်းနှင့် ဆိုရှယ်မီဒီယာများအပေါ်တွင်
ထိုသို့ပြောဆိုခဲ့ခြင်းအပေါ် ကန့်ကွက်မှုများ စတင်ပေါ်ပေါက် လာသည်ကို
တွေ့မြင် နေရပါသည်။
လူသားများသည် မွေးရာပါလူ့အခွင့်အရေးများရှိသော်လည်း
နိုင်ငံသားဖြစ်မှုမှာ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ ယဉ်ကျေးမှု ၊
ဓလေ့ထုံးစံများအပေါ် မူတည်ကြောင်းကို အလေးအနက်ထားရမည်သာ ဖြစ်သည်။
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည် မည်သည့်လူမျိုး၊
မည်သည့်ဧည့်နိုင်ငံသား၊ မည်သည့် နိုင်ငံသားလျှောက်ထားမှုကိုမဆို
နိမ့်ချခြင်းမရှိ၊ လူ့အခွင့်အရေးနှင့်အညီ ဆက်ဆံရမည်ကို အလေးအနက်ထား
ထောက်ခံပါသည်။ သို့သော် လူမျိုးရေးခွဲခြားဆက်ဆံခြင်းမရှိစေရန် ကုလသမဂ္ဂ
ကြေညာ စာတမ်း အပိုဒ်(၁)၊ ပိုဒ်ခွဲ(ခ)တွင် နိုင်ငံသားမဟုတ်သူများကို
သက်ဆိုင်ရာနိုင်ငံမှ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း
ဖော်ပြထားပါသည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သော
မြန်မာနိုင်ငံ အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ
လွတ်လပ်စွာစီမံပိုင်ခွင့်ရှိပါကြောင်း ၊ ထိုအခွင့်အရေးကို ထိပါးစွက်ဖက်
လာပါက မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏အခွင့်အရေးကို
ထိခိုက်စေမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်း စဉ်းစားပြောဆိုရန်
တိုက်တွန်းအပ်ပါသည်။
နောက်ခံအကြောင်းအရာများအပေါ် အချက်အလက်ပြည့်စုံစွာ
ချည်းကပ်စဉ်းစားမှုမပါဘဲ ထိုကဲ့သို့ ၀င်ရောက်ပြောဆိုခြင်းသည်
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများ
ဖြစ်ပေါ်လာနိုင်သည်ကို ထောက်ရှု၍ ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအနေဖြင့်
များစွာစိုးရိမ်ပူပန်မှုဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံတစ်ခု၏ မတည်မငြိမ်ဖြစ်နေသော
နိုင်ငံရေးအခြေအနေနှင့် အချုပ် အခြာအာဏာပိုင်စိုးမှုတို့ကိုလည်း
အလေးအနက်ထား စဉ်းစားပြောဆိုသင့်ပါကြောင်းကိုလည်း ကျွန်ုပ်တို့ အမျိုး
သားဒီမိုကရေစီအင်အားစုNDF ပါတီမှ ထပ်မံ တိုက်တွန်း အပ်ပါသည်။
မြန်မာနိုင်ငံ၏ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ
နိုင်ငံသားအဖြစ်သို့ ရောက်ရှိလာသည့် မည်သည့် လူမျိုး
တစ်စုံတစ်ယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရေးကိုလည်း
ကျွန်ုပ်တို့ NDF ပါတီမှ အစဉ်သဖြင့် ထောက်ခံကြိုဆိုနေမည်ဖြစ်ကြောင်း
သဘောထားထုတ်ပြန်အပ်ပါသည်။

Tuesday, November 11, 2014

my facebook ID card ( 12-11-2014)


#to be happy#

$$ kotoetoe $$

နှစ်ချို့နေတဲ့ အတွေးဟောင်းလေးတစ်ခု

နှစ်ချို့နေတဲ့ အတွေးဟောင်းလေးတစ်ခု
ပြန်ဖတ်ကြည့်တော့လည်း သိပ်မဟောင်းသေးပါ။

မိုးကုတ်ကိုတိုး၏ အတွေးများ(၁) ၁-၁-၂၀၁၂
၂၀၁၃ ခုနှစ်ထဲကို စတင်ဝင်ရောက်လာပါပြီ
၂၀၁၂ က ပြဿနာများစွာ နောက်ကထပ်ကြပ်မကွာလိုက်လာနေဆဲပါ
ရခိုင်ပြဿနာမှာ သေသေချာချာလုပ်ဆောင်ရမည့် ပြဿနာတစ်ခုအဖြစ် မြင်နေရပါသည်။
ကွဲပြားခြားနားနေသော လူမျိုးစုနှစ်စု၊ မတူညီတဲ့ ဘာသာရေး၊ ပေါင်းစပ်လို့မရတဲ့ ဓလေ့ထုံးစံနှင့်
လူဦးရေပေါက်ကွဲနေသော တစ်ဖက်အိမ်နီးခြင်းနိုင်ငံတို့ကြောင့် ငြိမ်းချမ်းမှုဆိုသည်မှာ ဖြစ်နိုင်ချေနည်းနေပါသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ နည်းနေပါသည်
ရခိုင်ပြည်နယ်ပြင်ပရောက် ရခိုင်များအနေဖြင့် အဝေးမှအသံပဲ ပေးနေတော့ပါမည်လား
ကိုယ်တိုင်ရခိုင်ပြည်နယ်သို့ ပြန်သွားကြရန် စိတ်ကူးမရှိကြတော့ဘူးလားလို့ မေးချင်ပါသည်။
ရခိုင်ပြည်နယ်သည် ရခိုင်လူမျိုးများအတွက်သာဆိုလျှင် စဉ်းစားသင့်ပါသည်။
ဤအတိုင်းသာဆက်သွားနေကြမည်ဆိုလျှင် ရခိုင်ပြည်နယ်သည် အမည်အားဖြင့်သာကျန်ဖို့များနေပါလိမ့်မည်

ကချင်ပြဿနာသည်လည်း ဖြေရှင်းရမလွယ်ကူပါ
လိုင်ဇာကိုဝိုင်းထားနိုင်ပြီဖြစ်သော်လည်း နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးပါ
ဖယ်ဒရယ်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်စစ်တပ်၊ ပြည်ထောင်စုတပ်မတော်၊ အစရှိသည့်အသံများ ဗြောင်းဆန် နေအောင်ထွက်သော်လည်း အရင်းစစ်ပါက ထိပ်ပိုင်းခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားက အဓိကဖြစ်နေပါလိမ့်မည်
ကချင်ပြည်နယ်သည် ကချင်လူမျိုးအတွက်ဆိုလျှင်
၁၉၃၁ ခုအုပ်ချုပ်ရေးအရ ကချင်တောင်တန်းဒေသကို ပြန်သွားနေရပါလိမ့်မည်
ကချင်ပြည်နယ်တွင် ကချင်မဟုတ်သောလူမျိုးနွယ်များ အများအပြား ရှိနေကြပါပြီ
ဝမ်ပေါင်ကချင်သမ္မတနိုင်ငံဟူသည် ကချင်များအတွက် အိမ်မက်ဖြစ်နေသော်လည်း
အခြားသူများအတွက် အိမ်မက် ဖြစ်ချင်မှဖြစ်ပါလိမ့်မည်
နိုင်ငံတော်အလံကို ချနင်းပြနေသော ကချင်လူမျိုးများကို တွေ့နေရပါပြီ
ပြည်ပကချင်ပဲဖြစ်ဖြစ် ပြည်တွင်းကချင်ပဲဖြစ်ဖြစ် အားမပေးပါ

နိုင်ငံတော်အာဏာကိုရချင်သည်
နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချင်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပြောလာပါပြီ
ပြည်သူ့အတွက် လုပ်ပေးချင်လို့ အာဏာရချင်ပါတယ်လို့ ပြောပါတယ်
ဒီအတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို တွန်းအားပေးလာကြပါပြီ
အချို့က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးထက် ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေအသစ်ကို ရေးဆွဲ
အတည်ပြုကြဖို့ ၀ိုင်းတွန်းနေကြပါပြီ
လူထုလူတန်းစားပေါင်းစုံက ၀ိုင်းရံကြဖို့ ရေးနေကြပါပြီ

အားလုံးကိုပြောလိုပါသည်
အစိုးရသစ်ပေါ်လာသည်မှာ ၂နှစ်သားပင် မပြည့်သေးပါ
အခြေခံဥပဒေအတိုင်းပင် အပြည့်အ၀မလည်ပတ်နိုင်သေးပါ
ဒီမိုကရေစီဘက်တော်သားများ အောင်ပွဲဆင်ခဲ့လို့ ဒီနေအခြေအနေမျိုး ရောက်ရှိနေခြင်း မဟုတ်ပါ
ကျွန်တော်တို့နိုင်ခဲ့လို့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည် မဟုတ်ပါ
တစ်ဖက်က ကိုယ့်ဖာသာကိုယ်ဆုတ်ခွာသွားခြင်းကြောင့် ဖြစ်တာကို သတိမမေ့ကြပါနဲ့
၂၀၁၀ တုန်းက အင်အားချင်းပြိုင် အားစမ်းရမယ့်အခြေအနေမှာ အားမစမ်းရဲတဲ့သူတွေကြောင့်သာ
ယနေ့လွှတ်တော်မှာ ဒီမိုကရေစီအင်အားစုတွေ နည်းနေရခြင်း ဖြစ်ပါတယ်
ယနေ့ ဒီလူတွေရဲ့အသံဟာ ဘ၀ဂ်အထိ ညံနေသော်လည်း နှလုံးသားထဲမှာ မဖြူစင်သေးပါ
အညှိုးများ၊ အမုန်းတရားများ၊ အာဃာတများ အရိပ်ထိုးနေဆဲဖြစ်ပါတယ်
ဒါတွေကို ချန်ထားခဲ့မှသာ ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်
ဒါတွေကိုရင်ဝယ်ပိုက်ထားဆဲဆိုလျှင် တိုင်းပြည်အနာဂတ် မှေးမှိန်ဖျော့တော့နေဆဲ ဖြစ်ပါလိမ့်မည်
တစ်ဖက်လူများသည် အလွန်သံသယကြီးသူများ ဖြစ်ကြပါသည်
သူတို့ သံသယကင်းစင်သွားအောင် ကိုယ့်ဖက်က သူယုံကြည်လာအောင် လုပ်ပြဖို့ လိုပါသည်
အလံဖြူပြ၍ လက်နက်ချသူများကိုတောင် သေနတ်ဖြင့်ချိန်၍ မျက်ခြေမပြတ်စောင့်ကြည့်ရသည့်
စစ်သဘောတရားမျိုးကို နားလည်သင့်ပါသည်။
နုရင်ဘတ်စစ်ခုံရုံးဆိုတဲ့အသံကြောင့် အနှစ် ၂၀ အမှောင်ဖုံးခဲ့ပါပြီ
ပြည်သူ့ခုံရုံးဆိုသည့် အသံကြောင့် နောက်ထပ်အနှစ် ၁၀၀ ထပ်မတွေ့ချင်ပါ
လက်ရှိလူငယ်မျိုးဆက်နှင့် အနာဂတ်မျိုးဆက်တွေရဲ့ မျက်နှာများကို ကြည့်ဖို့လိုနေပါသည်။
နှစ်ဦးနှစ်ဖက် ပြေလည်နိုင်မယ့်လမ်းကြောင်းမျိုးကို လျှောက်လှမ်းစေချင်ပါသည်
တောင်အာဖရိနိုင်ငံရဲ့ အမှန်တရားရှာဖွေဖော်ထုတ်ရေးကော်မရှင်လိုမျိုးကိုသာ တွေ့ချင်ပါသည်
အရှေ့တွင် အချင်းချင်းအပြုံးချင်းဖလှယ်၍ နောက်ကျောတွင်ဓားဝှက်ထားသော အဖြစ်မျိုးနဲ့
ယုံကြည်မှုတည် ဆောက်ခြင်း ကို အလိုမရှိပါ
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး ဒီမြေမှာပဲ သေကြမည့်သူအချင်းချင်း
ပြေပြေလည်လည် ဖြစ်စေချင်ပါသည်

ပြည်သူ့အတွက်လုပ်ပေးချင်လို့ နိုင်ငံတော်အာဏာရချင်ပါတယ်လို့ ဆိုနေပါတယ်
နိုင်ငံတော်အာဏာရမှ ပြည်သူအတွက် လုပ်ပေးနိုင်မှာလား
မရရင် လုပ်ပေးလို့ မရတော့ဘူးလား
အခြားနည်းလမ်းများနဲ့ ပြည်သူအတွက် လုပ်ပေးနိုင်တာများ မရှိဘူးလားလို့ မေးချင်ပါသည်
၂၀၁၅ မှာ ကျွန်မသမ္မတဖြစ်ချင်တာထက်
၂၀၁၅ မှာ ဒီမိုကရေစီဘက်တော်သားတွေထဲကတစ်ယောက် သမ္မတဖြစ်စေချင်တယ်
ဒါမှမဟုတ် ကျွန်မတို့ပါတီကတစ်ယောက် သမ္မတဖြစ်ချင်ပါတယ်ဆိုရင်က ပိုမကောင်းဘူးလား

အခြေခံဥပဒေတစ်ခု အတည်ဖြစ်သွားပြီးရင် ထိုဘောင်ထဲက ကစားတတ်ဖို့ ၊ ချဲ့ယူတတ်ဖို့ လိုပါသည်
တကယ်လို့ပြင်ချင်တယ်ဆိုရင် ကိုယ့်ဖက်က အင်အားများကို စုစည်းထားနိုင်ပါပြီလား
ပြိုင်ဖက်၊ ရန်ဖက်အင်အားစုများကိုလည်း ဘယ်လိုသိမ်းသွင်းထားနိုင်ပြီလဲ
တပ်မတော်ရဲ့ယုံကြည်မှုကို လူပုဂ္ဂိုလ်အနေဖြင့်ရော၊ ပါတီအနေဖြင့်ရော ရနေပါပြီလား
အခြားအင်အားစုများက တကယ်ကိုရော ထောက်ခံပါပြီလား
လူဝိုင်းဝိုင်းလည်တိုင်း ကိုယ့်အင်အားအစစ်အမှန်လို့ ခံယူနေခြင်းက တကယ့်ယုံကြည်မှုလား
ပါတီရဲ့ အခြအနေက သတင်းများမှာ ဖော်ပြနေပါသည်။
ရိုက်ပွဲများ၊ ထိုးပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆိုင်းဘုတ်ဖြုတ်ချပွဲများ
ကိုယ့်ပါတီကို ကိုယ်ဆန္ဒပြန်ပြခြင်းသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံးသမိုင်းဝင်လုပ်ရပ် ဖြစ်ခဲ့ပါသည်
ထိုပါတီထဲမှ ထွက်ပေါ်လာမည့် ခေါင်းဆောင်ဆိုသူများကို စောင့်မျှော်နေပါသည်

တခါတလေ ဗိုလ်ချုပ်အောင်ဆန်းကို အားနာမိပါသည်
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို
ဖော်ဆောင် နိုင်ခဲ့ပါသည်။
ဖဆပလသည် တစ်ပါတီတည်း မဟုတ်ပါ
တပ်ပေါင်းစုပုံသဏ္ဍန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
အဖွဲ့အစည်းခေါင်းဆောင်တိုင်းနှင့် တွေ့ဆုံကာ နေရာပေးသင့်သူများကို
လွတ်လပ်ရေးကို မျှော်ကိုး၍ နေရာပေးခဲ့ပါသည်
ပုဂ္ဂိုလ်ရေးအာဃာတများကို ရှေ့တန်းမတင်ခဲ့ပါ
စည်းလုံးညီညွတ်ရေးကိုသာ ရှေ့တန်းတင်ခဲ့ပါသည်
မိန့်ခွန်းများများ မပြောပါ
တကယ့်လက်တွေလုပ်ရပ်များဖြင့်သာ ကိုယ့်အရည်အချင်းကို မှတ်ကျောက်တင်ပြခဲ့ပါသည်
ထို့ကြောင့် လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်အဖြစ် မည်သူကမှ အစားမထိုးနိုင်ခဲ့ပါ။
ဗိုလ်ချုပ်လိုအရည်အချင်းမျိုး ရှိစေလိုပါသည်
လူထုခေါင်းဆောင် ပီသစေချင်ပါသည်
ပါတီတစ်ခုတည်းရဲ့ ခေါင်းဆောင်အဖြစ် မမြင်ချင်ပါ
ဒီမိုကရေစီအင်အားစုအားလုံးရဲ့ ခေါင်းဆောင်အဖြစ် မြင်ချင်ပါသည်

၂၀၁၀ အရင်က ဒီမိုကရေစီခေါင်းဆောင် စင်စစ်ဖြစ်နေခဲ့ပါသည်
၂၀၁၀ နောက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အားစုများ၏ ခေါင်းဆောင် မဖြစ်တော့ပါ
ထိုအင်အားစုများကို ဥပေက္ခာပြုထားခဲ့ပါပြိ
၁၉၉၀ အုပ်စုဝင်ပါတီများ၏ ခေါင်းဆောင်အဖြစ်သာ လှုပ်ရှားပြနေသည်ကို မြင်နေရပါသည်
လွှတ်တော်တွင် ၂၀၁၀ အုပ်စုဝင်ပါတီများသာ ရှိနေပါသည်။ ၁၉၉၀အုပ်စုဝင်ပါတီများ မရှိပါ
ထိုပါတီများ၏ လွှတ်တော်ကိုယ်စာလှယ်များကိုသာ တွေ့ဆုံပြီး ပါတီများကို မျက်ကွယ်ပြုထားခြင်းသည်
ဗိုလ်ချုပ်အောင်ဆန်းမြင်လျှင် အလွန်ဝမ်းနည်းသွားရပါလိမ့်မယ်

မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရက်တစ်အင်အားစုများကြား
၂၀၁၀ အုပ်စုနှင့် ၁၉၉၀ အုပ်စု ဟူ၍ အလိုလို သီးခြားနှစ်ပိုင်းကွဲသွားနေပါသည်
တိုင်းရင်းသားပါတီများတွင်လည်း ထိုအုပ်စုနှစ်ခုသည် ဘယ်လိုမှ ပေါင်းစည်း၍ မရနိုင်တာကို တွေ့နေရပါသည်
တိုင်းရင်းသားအချင်းချင်းပေါင်းစည်းရန် ကြိုးစားသော်လည်း မရနိုင်ခဲ့ပါ
အခြေခံရည်ရွယ်ချက်သဘောထားခြင်း ကွာခြားနေ၍ ဖြစ်ပါလိမ့်မည်
အပြုသဘောဆောင်၍ တိုင်းပြည်တိုးတက်ရေးကိုရှေ့ရှုနေသော ၂၀၁၀ အုပ်စုဝင်ဒီမိုကရက်တစ်ပါတီများနှင့်
နဂိုရပ်တည်ချက်များမှ မရွေ့ပြောင်းနိုင်သေးသော ၁၉၉၀ အုပ်စုဝင်ပါတီများလို့ ဆိုရပါလိမ့်မည်
အတွေးပြောင်းမှသာ ထပ်တူညီလာပါလိမ့်မည်

ပါတီကြီးနှစ်ခုကို ယှဉ်ရန်အတွက် တိုင်းရင်းသားများစုပေါင်း၍ ပါတီတစ်ခုထောင်ကြမည်ဟုဆိုပါသည်
စာရွက်ပေါ်တွင် အလွန်ကောင်းပါသည်
စာရွက်အပြင်ဖက် တကယ့်လက်တွေ့နယ်ပယ်တွင်မှု ရွှေအိမ်မက်အဖြစ်သာ ရှိနေပါလိမ့်မည်

$$ kotoetoe $$

Monday, November 10, 2014

တွေးမိလို့ ပြောကြည့်တာ။

တွေးမိလို့ ပြောကြည့်တာ။

မဲဆန္ဒရှင်ကို စိတ်ဖြာကြည့်ဦးမယ်
သုံးသိန်းရှိတဲ့ မဲဆန္ဒနယ်မှာ
သုံးသိန်းစလုံးက မကြိုက်တာလား
နှစ်သိန်းက မကြိုက်တာလား
တစ်သိန်းက မကြိုက်တာလား
ငါးသောင်းက မဲကြိုက်တာလား
နှစ်သောင်းက မကြိုက်တာလား
တစ်သောင်းက မကြိုက်တာလား။
ငါးထောင်က မကြိုက်တာလား
သုံးထောင်က မကြို့က်တာလား
တစ်ထောင်က မကြိုက်တာလား
ငါးရာက မကြိုက်တာလား
သုံးရာက မကြိုက်တာလား
တစ်ရာက မကြိုက်တာလား
မဲဆန္ဒရှင်များက မကြို့က်ပါနဲံရောချ
လက်မှတ်လိုက်ကောက်တာတောင် ရှစ်မြို့နယ်မှာ
သောင်းဂဏန်းတောင် မရောက်လိုက်။
ဒါကို မဲဆန္ဒရှင်များက မကြိုက်ပါနဲ့ ဆိုင်းဘုတ်ကြီးထောင်လို့။
လူတွေကလည်း နယ်စုံကလူတွေနဲ့ ပွဲ မြ့ဖစ်ဖြစ်အောင်လုပ်။
ဟိုမြို့နယ်မှာလည်း ဒီလူတွေ
ဒီမြို့နယ်မှာလည်း ဒီလူတွေပဲ။
မြို့နယ်ရဲ့မဲဆန္ဒရှင်များတဲ့။
ကောင်းပါပေ့ဗျာ။
မိုးကုတ်ကိုတိုး( ၉-၁၁-၂၀၁၄)

#to be happy#

$$ kotoetoe $$

NDF ပါတီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

NDF ပါတီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

 

၁။     ရွေးကောက်ပွဲစနစ်တစ်ခုကို ရွေးချယ်ရာတွင် လက်ရှိလူမှုစီးပွားရေးဘ၀၊ နိုင်ငံရေး အပြောင်း အလဲနှင့် နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ကြမည့် နိုင်ငံတစ်ခုနှင့် လိုက်ဖက်ညီမည့် စနစ်ကို ရွေးချယ်မိကြဖို့ လွန်စွာပင် အရေးကြီးပါသည်။

 

၂။     နိုင်ငံရေးအဆောက်အဦကို ပြောင်းလဲရာတွင်လည်း ပြောင်းလဲရမည့်စနစ်၊ နိုင်ငံတည်ဆောက်ပုံ၊ လူမျိုးအားလုံးကို ကိုယ်စားပြုနိုင်မှုကို ကျယ်ပြန့်စွာ ရနိုင်၊ မရနိုင် စသည်တို့ကိုပါ ထည့်သွင်း၍ အနာဂတ် နိင်ငံနှင့် နိုင်ငံသားများ၏  နိုင်ငံရေးဘ၀အတွက်ပါ စဉ်းစား၍ ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရမည် ဖြစ်ပါသည်။

 

၃။     ဤသို့ရွေးကောက်ပွဲစနစ်ပြောင်းလဲစေခြင်းသည် ရွေးကောက်ပွဲအတွက် သူ့ချည်းသက်သက် ပြောင်းလဲသည်ဟု ကျဉ်းမြောင်းစွာ မရှုမြင်စေလိုဘဲ ပြည်ထောင်စုစနစ်ပီပြင်ရေးအတွက် နိုင်ငံ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲကိုလည်းကောင်း၊  အထောက်အကူဖြစ်စေရန်အတွက်ကိုပါ ရည်ရွယ်ချက်ထားရှိရပါမည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ဖြစ်တည် ရေးတွင် ဤရွေးကောက်ပွဲစနစ်ပြောင်းလဲရေးသည် မြန်မာ့နိုင်ငံနှင့် နိုင်ငံသားများ၏နိုင်ငံရေးဘ၀ အပေါ် တွင်  နက်နက်ရှိုင်းရှိုင်း ပါဝင်သက်ရောက်မှုရှိနေရမည်ဟု ကျွန်ုပ်တို့ NDF ပါတီက ရှုမြင်လက်ခံ ထားပေသည်။

 

ရက်စွဲ။        ၇-၁၁-၂၀၁၄

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

      အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Sunday, November 9, 2014

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် မက်ဆင်ဂျာအင်တာဗျူး( ၉-၁၁-၂၀၁၄)

 

သမ္မတအိမ်တော်တွင်ပြုလပ်ခဲ့သည့်တွေ့ဆုံပွဲနှင့်ပတ်သက်၍

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် မက်ဆင်ဂျာအင်တာဗျူး( ၉-၁၁-၂၀၁၄)

 

မေး။   ၁၀လပိုင်း၊ ၃၁ရက်နေ့က တွေ့ဆုံပွဲအခြေအနေလေးကို အရင်ပြောပြပါလား။

ဖြေ။   ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက လာဖိတ်တယ်။ ရုံးကိုလာဖိတ်တယ်။ အမျိုးသားဒီမိုကရေးစီ အင်အားစုပါတီ ပြီးတော့ အောက်မှ (FDA) ကိုယ်စားပြုတစ်ယောက်အနေနဲ့ဖိတ်တယ်လို့ပဲ ပြောရမှာပဲ။ FDA မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် (၁၁)ပါတီက တင်မြှောက်ထားတာပဲလေ။ FDA နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် ပေး ထားတော့ ပြောရမှာပဲလေ။ အဲ့ဒီနေ့ပွဲမှာ (၉)နာရီကစတယ်။ တစ်ယောက်ကို(၁၀)မိနစ် အများဆုံးပြောါ တယ်။ သမ္မတ၊ ဦးရွှေမန်း၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပြောတယ်။ ဦးဌေးဦးနေရာမှာ ဦးရွှေမန်းက ထပ်ပြောတဲ့ အတွက် သူကနှစ်ကြိမ်ဖြစ်တာပေါ့။ အကုန်လုံးပြောပြီးတော့  ဦးခင်အောင်မြင့်နဲ့ ဦးတင်အေးပြောတယ်။  နောက်ဆုံးသမ္မတက နည်းနည်းထပ်ပြောပြီး တွေ့ဆုံပွဲ ရုပ်သိမ်းလိုက်တာပဲ။

 

မေး။   ဒီဆွေးနွေးပွဲမလုပ်ခင်ကတော့ မျှော်လင့်ချက်တွေ ပြောစကားတွေက တစ်မျိုး၊ ပွဲပြီးသွားတော့  ပြောင်းသွားတယ်။ ဒီပွဲကို အချိုက ထမင်းဖိတ်ကျွေးတဲ့ပွဲထက် မပိုဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မဟုတ်ဘူးလို့  ပြောကြတော့ ဦးခင်မောင်ဆွေအနေနဲ့ရော နိုင်ငံရေးတွေ့ဆုံပွဲလို့ ယူဆသလား။ ထမင်းဖိတ်ကျွေးတဲ့ပွဲထက် မပို ဘူးလို့ ထင်သလား။  ဘယ်လိုပါလဲ။

ဖြေ။   အမြင်ကတော့ အမျိုးမျိုးရှိတာပေါ့။ အမြင်မှာ အဆိုးမြင်တာနဲ့ အကောင်းမြင်တာ ရှိတာပေါ့။ ဓမ္မဓိဋ္ဌာန် ကျကျ မြင်ဖို့တော့လိုတာပေါ့။ ဟုတ်ပြီ။ ထမင်းဖိတ်ကျွေးတဲ့ပွဲဆိုရင် ထမင်းစားရင် စကားပြောပြီး ပြန်ကြမှာပေါ့ လေ။ ခုကန ထမင်းစားပွဲမတိုင်ခင် နှစ်နာရီလောက် နိုင်ငံရေးစကားတွေပြောကြတယ်။ တစ်ယောက် ၁၀မိနစ် လောက် ပြောကြပြီးမှ ထမင်းစားတာကိုး။ အများပြောသလိုပေါ့။ အိုဘားမားမလာခင် နိုင်ငံရေးလုပ်ပြတယ်လို့ ယူဆရင်လည်း ယူဆနိုင်တယ်။  အိုဘားမားမလာခင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ နဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ပြယုဂ်တစ်ခု ပေါ်ထွက်သွားတာပေါ့။ ဒါပေမယ့် အဲ့ဒီအထဲမှာ ဘာပါနေသလဲဆို တော့ ဒီမိုကရေစီနဲ့တိုးတက်ရေး၊ ရှင်သန်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားညီညွတ်ရေးရရှိရေး၊ ၂၀၁၅ ရွေးကောက် ပွဲကို အောင်မြင်စွာဖြတ်သန်းနိုင်ရေးနဲ့ အနာဂတ်နိုင်ငံရေးကောင်းမွန်စွာတည်ဆောက်ရေးဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတာပဲ။ ဥပမာဆိုပါတော့  ဦးရွှေမန်းက အခြေခံဥပဒေကို အသစ်ရေးဖို့လုံးဝမဖြစ်နိုင်ဘူး။ လွှတ်တော် ထဲကပဲ အဟောင်းကို ပြင်သွားဖို့၊ ဒီအခြေခံဥပဒေက ဖက်ဒရယ်စရိုက်လက္ခဏာတွေ ပါနေတဲ့အတွက် ထပ်ပြီး တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံကို ထပ်ဖြည့်လိုက်ရင် သုံးစွဲလို့ရသွားမယ်လို့ပြောတယ်။ တပ်ချုပ်ကလည်း အခြေခံဥပဒေကို လွှတ်တော်ထဲက ပြင်တာ သူဘာမှ မကန့်ကွက်ဘူး။ မကန့်ကွက်တဲ့သဘော ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်အလှည့်မှာလည်း သူ့အနေနဲ့ လွှတ်တော်ထဲပြင်ဖို့လက်ခံပါတယ်။ နိုင်ငံရဲ့နိုင်ငံရေး မတည်မငြိမ်ဖြစ်မှာကို မလိုလားဘူးဆိုတဲ့သဘောမျိုးပြောတယ်။ ဦးခွန်ထွန်းဦးကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တော်တော်ကြီးကို ကျယ်ကျယ်လောင်လောင် ပြောသွားတယ်။ လက်ရှိဥပဒေကို ဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေးပွဲတန့်နေအောင် မလုပ်မိစေဖို့ တိုက်တွန်းကြောင်းနဲ့ တပ်က လိုက်နာမယ့်ငြိမ်းချမ်းရေးခြောက် ချက် ကို ပြန်စဉ်းစားပေးဖို့ ဦးစိုင်းအိုက်ပေါင်းက ပြောတယ်။ ကျွန်တော့်အနေနဲ့ ၁၇(၁)ဆိုတာမျိုးကို ပြောတယ်။ နားလည်မှုရှိရှိနဲ့ ဥပဒေတွေကို အသေဆုပ်ကိုင်မသွားဘဲ ဆွေးနွေးပွဲဆက်နိုင်ရင် ငြိမ်းချမ်းရေးတံခါးကို ခေါက်နိုင်မယ်လို့ ထင်တယ်လို့ ပြောတယ်။ ဒါတွေက ဘာလဲ။ နိုင်ငံရေးဆွေးနွေးတာမဟုတ်ဘူးလားလို့ မေးရင် ဘယ်လိုဖြေကြမလဲ။  ထမင်းစားရုံသက်သက်ပဲလား။ ဦးရွှေမန်းက လွှတ်တော်ထဲမှာပြင်ဖို့ပြောတယ်။ တပ်ချုပ်က ၄၃၆ ကို မပြင်နိုင်ဘူးလို့ပြောတယ်။ ဒါတွေက နိုင်ငံရေးကိစ္စတွေ မဟုတ်ဘူးလား။ ကိုယ့်အမြင် သူ့အမြင် ပြောကြတာပဲ။ ပြောတဲ့ပုံစံ နှစ်ခုပေါ့။ အပြန်အလှန်ဆွေးနွေးတာ မရှိဘူး။ အိုက်ဒီယာတွေကို ၀ိုင်ေးပြာကြတာ။ နိုင်ငံရေးစကားတွေ တော်တော်ပြောကြတာပဲ။ ဒါကိုနိုင်ငံရေးဆွေးနွေးပွဲလို့ အမည်တပ်ရမှာပဲလေ။။

 ပြဿနာ ဘယ်မှာ ရှိလဲဆိုတော့ အိုဘားမားမလာခင် နိုင်ငံရေးပြယုဂ်ကောင်းကောင်းလုပ်တယ် ဆိုတာကတော့ တစ်ဝက်တော့မှန်တယ်။ ဘာကြောင့်လဲ။ ဒါက စစ်အစိုးရရဲ့လုပ်နည်းလုပ်ဟန်က ဒါပဲလေ။ ဦးသိန်းစိန်အစိုးရမှာလည်း အရင်တစ်ခေါက် အိုဘားမားမလာခင် နိုင်/ကျဉ်းတွေကို လွတ်ပေးလိုက်တာပဲ။ ဒါက ဖိအားလျှော့သွားအောင် လုပ်တာပဲလေ။ နိုင်ငံရေးမှာတော့ ဒီပလိုမက်တစ်မှာ ကစားတာပဲ။ ပြောတဲ့လူတွေရဲ့ သဘောပဲလေ။ သို့သော် တစ်ဖက်မှာတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်။ ဒီဆွေးနွေးပွဲမှာ တူတာများပါတယ်။ မတူတာတွေက ဒါတွေဆိုပြီးထုတ်ပြန်ပေးလိုက်ရင် ထင်သာမြင်သာ ဖြစ်သွားမှာပေါ့။ ကျွန်တော့်အနေနဲ့ သမ္မတပြောတာတွေအပါအ၀င် တူတာတွေ၊ မတူတာတွေအားလုံးကို အနှစ်ချုပ်ပြီး ထုတ်ပြန်ပေးဖို့ လိုပါတယ်လို့ ပြောခဲ့တယ်။ ဒါမှ အကျိုးသက်ရောက်မှုက တိုက်ရိုက်ထိရောက်မှုရှိမယ် လို့ အဆို ပြုတယ်။ ဒါကို အဲ့ဒီလို သတင်းမထုတ်ပြန်ဘဲ ဦးရဲထွဋ်ကခြုံငုံသုံးသပ်ပြိး သတင်းစာရှင်းလင်းပွဲ လုပ်သွားတယ်။ လုပ်သွားတော့ အဲ့ဒီမှာလည်း တောင်းဆိုသလောက်မရတော့ အပြောခံရတာ အဲ့ဒါလည်း ပါတယ်။

        နောက်တစ်ချက်က ဘာကြောင့်မထုတ်လဲတော့ မသိဘူး။ အပြောအဆိုခံချင်လို့လားတော့ မသိဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတန့်နေတာကို ခုဆွေးနွေးပွဲကြောင့် ပြန်စကားပြောဖို့ ပွင့်သွားရင် အကျိုးသက်ရောက်မှု အဲ့ဒီကျမှ တွေ့မယ်လေ။ တန့်နေတာကို မထိုးဖောက်နိုင်ဘူးဆိုရင်တော့ ဒီဆွေးနွေးပွဲက ဒီမှာတင်ပဲ အဆုံးသတ်သွားတယ် ယူဆရမှာပဲ။ အကျိုးရလာပေါ်ခြင်း မပေါ်ခြင်းကို နည်းနည်းစောင့်ကြည့်ဖို့ လိုတယ်။ NCCTနဲ့UPWC က မဆွေးနွေးဘဲ တန့်သွားတာကို ဒီအချက်ကို ထိုးဖောက်စေချင်လို့ ကိုယ်တိုပက တွန်းအားပေးတာ။ အဲ့ဒါအောင်မြင်သွားရင်တော့ ထမင်းစားပွဲထက်မက အကျိုးသက်ရောက်မှု ရှိပြီ ဆိုတာကို ထောက်ပြပြောဆိုလို့ ရတယ်လို့ပြောချင်ပါတယ်။

 

မေး။   အခုငြိမ်းချမ်းရေးကိစ္စမှာ  ဆွေးနွေးပွဲတွေလုပ်ပေမယ့် ရလာဒ်ကောင်းကောင်းထွက်လာတာ မရှိတော့  ခုလိုနိုင်ငံရေးအင်အားစုတွေအနေနဲ့ သမ္မတနဲ့ဆွေးနွေးချိန်မှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရအောင် လုပ်ပေးဖို့တောင်းဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးသလို မဖြစ်ဘူးလား။

ဖြေ။   ဖိအားပေးတယ်ဆိုတာ သူတို့ကို တိုက်ရိုက်သွားပြီးဖိအားပေးတာ မဟုတ်ဘူးလေ။ ပြည်သူကိုယ်စားပြု တဲ့ နိုင်ငံရေးပါတီတွေက ဒီလိုလုပ်ဖို့သင့်ပါတယ်ဆိုပြီး တိုင်းရင်းသားပါတီတွေရော၊ ဗမာပါတီတွေက ဒီလို လုပ် ဖို့ သင့်ပါတယ်ဆိုပြီး  တိုက်တွန်းပေးတာက သူတို့အတွက်တံခါးဖွင့်ပေးတာပါ။ သူတို့ကို ဖိအားပေးတာ မဟုတ်ဘူး။ လူထုနည်းနဲ့ တိုက်တွန်းတာ။ တစ်ဖက်ကျတော့ တန့်နေတာကိ ဖောက်ပေးတာ။  ကာချုပ်ကို တပ်ကကိုင်ထားတဲ့ ခြောက်ချက်ကို လျှော့ပေးပါလို့ အတိအလင်းတောင်းဆိုခဲ့တယ်။ အဲ့ဒါ စကားပြောဝိုင်းအတွက် အခြေအနေ ကောင်းတွေ ဖန်တီးပေးတဲ့ ဖြေရှင်းချက်ဖြစ်တယ်။ ဒါကြောင့် တပ်ချုပ်ကသာ ဒီခြောက်ချက်ကို လျှော့ပြီး စဉ်းစား ပေးလာရင် စကားပြောဝိုင်းက ပိုမိုအဆင်ပြေပြိးပြန်ရောက်လာမယ့် သဘောဖြစ်တယ်။

 

မေး။   ကာကွယ်ရေးဦးစီးချုပ်ကို တွေတဲ့အချိန်မှာ သူ့ရဲ့ပြောစကားတွေအပေါ်မှာ ဘာထူးခြားချက်များ သတိ ထားမိခဲ့လဲ။

ဖြေ။   ကာချုပ်က တင်ပြတာမှန်သမျှ ပြုံးပြီးသေချာနားထောင်တယ်။ သူ့တပ်က နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းချင်ပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက တပ်မတော်က ဆုံးခန်းတိုင်အောင်သွားဖို့ သန္တွိဌာန်ချမျတ်ပြီးသားရှိပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ဖိအားပေးပြီး လက်နက်အင်အားနဲ့ ဒုက္ခပေးတာကိုလည်း မလိုလားဘူး။ နောက်ပြီး နိုင်ငံခြားရဲ့ သြဇာခံ။ နိုင်ငံခြားကို အားကိုးမှုတွေ မဖြစ်စေလိုဘူး။ အမျိုးသားနိုင်ငံရေးအားကောင်းတဲ့အခါမှာ နိုင်ငံရေးတည် ငြိမ်မှု များမယ်။ ပါတီနိုင်ငံရေးဇောင်းပေးတာများရင် လှုပ်လှုပ်ရွရွတွေ များမယ်။ အမျိုးသားနိုင်ငံရေးလွှန်ကဲ လာရင် လှုမှုရေးအစွန်းရောက်တွေများမယ်။ ဒါဆိုရင် တိုင်းပြည်မတည်မငြိမ်ဖြစ်လာမယ်။ ဒါတွေကို ရှောင်ဖို့လို မယ်လို့ ပြောတယ်။ ထမင်းစားဖို့ထွက်လာတဲ့အခါမှ တပ်ချုပ်က အနားကပ်ပြီးပြောသွားတယ်။ ဦးစိုင်းအိုက် ပေါင်း နဲ့ကျွန်တော့်ကို ပြောတယ်။ တပ်က ကိုင်ထားတဲ့အချက်ခြောက်ချက်ကို လျှော့ပေးဖို့ စဉ်းစားပါမယ်လို့ ပြောတယ်။ တပ်ချုပ်ရဲ့သဘောထားက  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့သဘောထားရှိတယ်လို့ တွက်ဆလို့ ရပါတယ်။

 

မေး။   ၄၃၆ ကို မပြင်ဘူးလို့  ကာချုပ်က ဆွေးနွေးပွဲမှာ အတိအလင်းသဘောထားပေးတယ်။ ၄၃၆ မပြင်ရင် တော့ဘာမှမထူးဘူးဆိုပြီး အတိုက်အခံကပြောတယ်။ ဒီလိုပဲ ဖွဲ့စည်းပုံပြင်ဆင်တာ ၊ ၄၃၆ပြင်ဆင်ရေးအတွက် ဆန္ဒပြပွဲတွေလည်း ဖြစ်နေတော့ ဒီအခြေအနေကရော ဘယ်လိုဖြစ်နိုင်မယ်ထင်သလဲ။

ဖြေ။   ၄၃၆င ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်မဆွေးနွေဘူး။ ကျွန်တော်လည်း မဆွေးနွေးဘူး။ ဘယ်သူမှလည်း မဆွေးနွေးဘူး။ ဘာကြောင့်လဲဆိုတော့ ၄၃၆က လွှတ်တော်မှာတင်ပြီးပြီလေ။ NLD ရော၊ ကျွန်တော်တို့ရော တင်ပြီးပြီ။ ၄၃၆ကိုပြင်ဖို့တင်ပြီးသားမို့ မပြင်ဘူးဆိုတာကို ဆန့်ကျင်ပြီးဆွေးနွေးစရာ အကြောင်း မရှိဘူး။ သူ့သဘော သူပြောတာ။ စစ်တပ်ကမဖြစ်နိုင်ဘူးလို့ပြောတာနဲ့ မဖြစ်ရတော့ဘူးလား။ ဒီလိုက အ၇င်ခေတ် ကြီးမှာ စစ်တပ်ကသူ့သဘောထား သူပြောတာလေ။ အပြင်မှာလူထုက လက်မှတ်ထိုးတင်တဲ့ ငါးသန်းကိစ္စကရော လက်မှတ်ထိုးခိုင်းတဲ့သူတွေက ဘယ်သူတွေလဲ။ NLD ပေါ့။ ၈၈ ကတော့ တင်လို့မရဘူး။ NLDက တင်ရမှာ။ ၄၃၆ ကို လူထုငါးသန်းလက်မှတ်ထိုးထားတယ်။ အဲ့ဒါကြောငု့် လွှတ်တော်သဘောထားက ဘယ်လိုရှိလဲဆိုတာ မေးခွန်း မေးလို့ရတာပဲ။ ကျွန်တော်က ဥက္ကဌသွားတင်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ကပဲ တင်လို့ရတာလေ။ ဖြစ်နိုင်ချေရှိတယ်။ မရှိဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းသွားပြီ။ ကော်မတီသုံးသပ်ချက် ထွက်နေပြီ။အဲ့ဒီမှာ ၄၃၆ပြင်မယ့်ဘက်မှာ အများစုရှိနေပြီ။ ပြည်ထောင်စုလွှတ်တော်မှာ ဒါကိုတင်မှာကိုဆိုဒါ ရှင်းသွားပြီ။ ငါးသန်း လက်မှတ်ကိုပါစေချင်ရင် မေးခွန်းတင်၊ အဆိုတင်ပေါ့။ တတ်နိုင်ရင် ၄၃၆ နဲ့ပတ်သက်ပြီး ဥပဒေတစ်ခု ရေးတင် ပေါ့။ အဲ့ဒါကြီးကို လွှတ်တော်ထဲမှာ ပြင်မယ်လို့ပြောထားတော့  လမ်းပေါ်မှာဘယ်လောက်ပဲထွက်အော် အော်နေ စစ်အစိုးရခေတ်မဟုတ်ဘူးလေ။ စစ်အစိုးရခေတ်မှာတော့ ဒီလိုအော်ရင် ဖိန့်ဖိန့်တုန်ရင်လည်းတုန်မယ်။ ခုကတော့ အော်စရမလိုဘူး။ လွှတ်တော်ရှိတယ်လေ။ လွှတ်တော်က ထိပ်မှာပိတ်နေတယ်။ လွှတ်တော်နိုင်ငံေ၇းကို ဖျက်ချင် လည်းဖျက်ပေါ့။ လွှတ်တော်နိုင်ငံရေးသွားလို့မှ ၅၁သန်းသော ပြည်သူတွေရဲ့ထက်ဝက်ကတောင်းဆိုတာကို လုပ်မ ပေးဘူးဆိုရင် အစိုးရကို ဆန္ဒပြကြလေ။ အခုက မတိုင်ခင်ဆန္ဒပြနေတာလေ။ လွှတ်တော်ကမှ ပြည်သူ့ဆန္ဒကို လုပ်မပေးဘူးဆိုရင်တော့ လွှတ်တော်က ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုနေတယ်ဆိုပြီး ဆန္ဒပြကြလေ။

 

မေ။    ၄၃၆ ကိစ္စမှာ မဲခွဲဆုံးဖြတ်တဲ့အချိန်မှာ သူတို့ဘက်က အင်အားသာနေတော့ နိုင်ငံရေးအတွေ့အကြုံ အရ ဘယ်လိုမြင်လာနိုင်မယ်ထင်ပါသလဲ။

ဖြေ။   အဲ့ဒါက တိုင်းပြည်မှာမဲလိမ်ပြီးတက်လာတဲ့ ကြံ့ခိုင်ရေး တက်လာတာလေ။ ပြည်သူက ဆန္ဒမှ မပြတာ။၉၀ ပြည့်နှစ်ကလည်း ကိုယ်တို့ NLDမှာ တစ်နီုင်ငံလုံးနိုင်ခဲ့တာပဲ။ ပြည်သူက အရေးမှမလုပ်ဘဲ။ ခင်ဗျားတို့ မဲခိုးချတယ်။ နိုင်တယ်။ ခင်ဗျားတို့မဲရလာဒ်က မှားနေတယ်ဆိုပြီး ဘယ်သူကမှဆန္ဒမပြဘူး။ ဆန္ဒမပြတဲ့ ပြည်သူ ကတော့ တန်တာပဲရမယ်။ NLDကလည်း သူတို့ကိုယ်တိုင် နိုင်ခဲ့တယ်။ ၉၀တုန်းက ဆန္ဒပြဖို့ ကြိုးစားခဲ့တော့ အကုန်ဖမ်းပြီးထောင်ချခံခဲ့ရတယ်။ အဲ့ဒီတော့ ပြည်သူ့ဘက်မှာ တာဝန်ကျန်နေခဲ့တယ်။ တန်တဲ့အစိုးရပဲ ရမယ်လေ။ မခံချင်ရင်တော့ ၂၀၁၅ မှာ ဒီမိုကရေစီအင်အားစုတွေ များများရအောင်အားပေးကြပေါ့။ အဲ့ဒီကျရင် လည်း ၂၀၀၈ကိုထပ်ပြင်လို့ရတာပဲ။ ဒါက ဘုရားနှုတ်ကပ္ပတ်တော်မဟုတ်ပါဘူး။ အခြေအနေနဲ့ ကိုက်ညီအောင်လုပ်ပေါ့။ အခန်း(၁၂)မှာ ပြင်လို့ရတယ်လို့ ပါနေတာပဲလေ။ နောက်တစ်ခါလှည့်လို့ရတာတွေ ရှိတယ်လေ။ (၇၅%)ကျော်နဲ့ ပြင်ရမယ်လို့တောင်းဆိုတယ်။ ပါတီများများ တောင်းဆိုတယ်။ ၇၅%ထဲမှာ  တပ်မတော် ၂၅%အပါအ၀င် ၇၅%ဖြစ်ရမယ်လို့ သတ်မှတ်ရင်ရော တပ်မတော်က ၇၅%ထဲရောက်သွားမယ်။  အဲ့ဒီလိုစဉ်းစားရင် တပ်ရဲ့ကန့်ကွက်မှုကို ကျော်လို့ရမယ်။ ဆုံးဖြတ်တဲ့အခါကျတော့ ဒီမိုကရေစီအင်အားစုတွေ ပါရင် ၇၅% ကျော်သွားမယ်လေ။ ကစားလို့ရနိုင်တာတွေ အများကြီးရှိတယ်လေ။ အဲံဒီတော့ ဒါ Dead lock ဖြစ်မနေပါဘူး။

 

မေး။   တွေ့ဆုံဆွေးနွေးပွဲမှာ အတိုက်အခံစစ်စစ်က နှစ်ဦးပဲပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။   ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ တော်တော်ကြီးကို သင့်သင့်မြတ်မြတ် နီးနီးစပ်စပ်နဲ့ ရှိနေတာ။ အတိုက်အခံလို့ ခေါ်တာလား။ နောက်တစ်ခါ ဦးရွှေမန်းကို သမ္မတအဖြစ်ထောက်ခံမယ်၊ NLDမှာ သမ္မတလုပ်မယ့် သူ ဒေါ်စုမဟုတ်ရင် အခြားသူမရှိပါလို့ ဦးရွှေမန်းကိုထောက်ခံမယ်ဆိုတဲ့ အသံထွက်လာတယ်လေ။ အဲ့ဒီလိုထွက် တာ ကျွန်တော့်ပါတီက ထွက်တာမဟုတ်ဘူးလေ။ ဘယ်သူ့ပါတီက ထွက်လဲ။ လွှတ်တော်ထဲမှာ ကြံ့ခိုင်ေ၇း တင်တာ အတော်များများက NLDက ထောက်ခံတယ်လေ။ ကိုယ်တို့က ကန့်ကွက်တယ်လေ။ နည်းဥပဒေ(၁၉) အမိန့်အာဏာနဲ့ လွှတ်တော်ဥက္ကဌက လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ NLD ကထောက်ခံတယ်လေ။ ကျွန်တော်တို့ ပါတီ ကလူတွေက ကန့်ကွက်ခဲ့တယ်။ သူတို့လက်ခံခဲ့တယ်။ အဲ့ဒါ အတိုက်အခံလို့ ခေါ်လား။

        ဒီနိုင်ငံမှာ ပါတီ ၇၀ကျော်ရှိတယ်။ သူ့အုပ်စုနဲ့သူ ရှိတယ်။ NBF(၂၂)ပါတီ၊့ ကိုယ်တို့  FDA(၁၁)ပါတီ၊ NLD စုစုပေါင်း ခုနှစ်ပါတီ၊ရှစ်ပါတီ ။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံခေါင်းဆောင်လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း နိုင်ငံရေးပါတီအားလုံးကို လွှမ်းခြုံနိုင်တာ မရှိတော့ဘူးလေ။ပါတီတွေ ကို လက်ကမ်းထားတာ ၊ စကားကမ်းထားတာ မရှိဘူး။ တွေ့ဆုံဆွေးနွေးခြင်းလည်း မရှိဘဲနဲ့တော့ နိုင်ငံရေးပါတီအားလုံးကို ကိုယ်စားပြုပြီးတော့ လေးပွင့်ဆိုင်ကို သွားနေရင်တော့်ပါ့မလား။ အတိုက်အခံ နှစ်ပါတီ ဆိုရင်တော့ အဲ့ဒါတော့ နည်းနည်းများတာပေါ့။ ပြောရင် ပြောတဲ့သူတွေက ဆန္ဒကတိ အရမ်းများသွားပြီ။ ကိုယ်တို့ အတွက်ကတော့ ဘယာကတိပေါ့။ ဘယာကတိနဲ့ တွန်းချတာပေါ့။ အဲ့ဒီလိုပဲ ပြောရမယ်။

 

မေး။   စစ်အစိုးရလက်ထက်မှာ အတိုက်အခံနိုင်ငံရေးသမားတွေက ဖမ်းဆီးနှိပ်စက်ခံ နည်းမျိုးစုံနဲ့ လုပ်ခဲ့တဲ့ စစ်အစိုးရကနေ ဆင်းသက်လာတဲ့ လက်ရှိအစိုးရ၊ သူတို့ကလည်း  အရင်အစိုးရမှာ ပါဝင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့် သူတို့နဲ့ အတိုက်အခံတွေက လက်ဆွဲနှုတ်ဆက်နိင်တယ်။ စားပွဲဝိုင်းထိုင်နိုင်တယ်။ အချင်းချင်းကြတော့ ပူးပေါင်းဆောင်ရွက်တာ အားနည်းတာကို တွေပရတယ်။ ၀ါရင့်နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ဒါကတော့ နိုင်ငံေ၇းမာနတွေ ကိုယ်စီရှိနေကြလို့ပေါ့။ ငါလုပ်မှ ဒီမိုကရေစီ ရမယ်။ ငါလုပ်မှ ဖြစ်မယ်။ ငါကသာ ဦးဆောင်ဦးရွက်ဖြစ်တယ်ဆိုတာမျိုးပေါ့။ ဒီမိုကရေစီအင်အားစုအချင်းချင်း မညီညွတ်လို့ ခံခဲ့ရပြီး ပြီလေ။ အခုလည်း ခံနေရတုန်းပဲ။ ၂၀၁၀တုန်းက ခံခဲံပြီးပြီ။ ကိုယ်တို့ရွေးကောက်ပွဲဝင်တာကို ဦးဝင်းတင်တို့က NO VOTE လုပ်တယ်လေ။ နိုင်ငံရေးသစ္စာဖောက်လို့ပြောတယ်။  နိုင်ငံနဲ့ပြည်သူ့အကျိုးကိုမကြည့်ဘဲ ကိုယ့်ပါတီအကျိုးကို ကြည့်ပြီး ကိုယ်လိုရာဆွဲယူသွားတဲ့အခါ ရွေးကောက်ပွဲဝင်တာတောင်ဘာကြောင့်ဝင်လဲဆိုတာ သေချာ မလေ့လာဘဲနဲ့ ဒီလိုလုပ်ခဲ့ကြတဲ့အခါ နိုင်ငံရေးယဉ်ကျေးမှုကို မထူတောင်နိုင်ခဲ့ကြဘူး။ အခုလည်း မထူထောင်နိုင် ဘူး။ ဒါကတော့ သဘောထားချင်းတူပေမယ့် အတူလျှောက်တဲ့လမ်းမှာ ပြုံးမပြနိုင်တဲ့ အနေအထားတွေ ရှိတာပေါ့။ဒါကတော့ ပုဂ္ဂိုလ်ရေးမာနတွေရှိတာပေါ့။ နိုင်ငံရေးမာနလည်းပါမယ်။ ငါက ပါတီကြီးတယ်။ သူ့ပါတီက မလောက်လေးမလောက်စားဆိုပြီး စဉ်းစားမိတဲ့သူတွေအဖို့ ဘယ်ဆက်ဆံချင်ပါ့မလဲ။

        မြန်မာ့နိုင်ငံရေးမှာ အဲ့ဒါခက်တယ်။ အုပ်စုဖွဲ့တဲ့ စရိုက်လက္ခဏာပဲလေ။ ငါတစ်ယောက်တည်း ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ရှိနေသမျှ ကာလပတ်လုံး။  နှစ်အချက်က NBF က စောစောက ပြောပြီးသား။ ခင်ဗျားတို့မီဒီယာမှာတိုင်းရင်းသားခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ ပါတီခေါင်းဆောင်ပဲရှိတယ်။  တိုင်းရင်သား ခေါင်းဆောင် တင်မြှောက်ထားတာ မရှိဘူးတဲ့။ ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ တင်မြှောက်ထားတာ မရှိပါဘူးတဲ့။ ဒီလိုစိတ်အခံတွေ ရှိနေတာကို ကိုယ်တို့က ညီညွတ်ချင်ပါတယ်ဆိုပြိး သွားညီညွတ်လို့မရဘူး။ ညီညွတ်အောင်မလုပ်ခဲ့ကြဘူးလေ။ အခုလည်း မလုပ့်ဘူးလေ။ အဲ့ဒါထက်ကျော်ပြီး လူထုကိုနှိပ်စက်ခဲ့တဲ့သူ တွေနဲ့ သွားပေါင်းဖို့၊ လက်ချင်းတွဲဖို့ပြောနေတော့ ဘယ်မှာလဲ အတိုက်အခံကို ဘယ်လိုရှာရမလဲ။

 

မေး။   ပြီးခဲ့တဲ့တွေ့ဆုံပွဲမှာ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်တို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုမြင်သလဲ။

ဖြေ။   ကောင်းတယ်။ ကာချုပ်က တကယ့်FAMILY ပဲ။ ရင်းရင်းနှီးနှီးခင်ခင်မင်မင်ပဲ။ လက်ဆွဲနှုတ်ဆက်တာ တောင် လက်နှစ်ဖက်နဲ့ဆက်တာ ။ သူက မာနမကြီးပါဘူးဆိုတာ ပြချင်တာ ဖြစ်မှာပေါ့။ နွေးနွေးထွေးထွေး ရှိပါတယ်။ သမ္မတက မိတ်ဆက်ပေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကာချုပ်ကို ကျွန်မတွေ့ချင်တယ် ဆိုတာ ဘာလို့မတွေ့တာလဲလို့ ကာချုပ်ကိုမေးတယ်။ အဲ့ဒါကို ကာချုပ်က ကျွန်တော်မအားလို့ပါတဲ့။ နောက် တွေ့ပါမယ်တဲ့။ အဲ့ဒီတော့ သမ္မတက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကိုပဲ အပြစ်တင်နေတယ်။ အခု ခင်ဗျားတို့တွေ့ပြီလေ။ ပြောပါတဲ့။နောက်လည်းပြောရမှာပါ။ ပြောပါတဲ့။  အဲံ့ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာတွေ ရှိတယ်။ အတွင်းဇာတ်လမ်းတွေက အများကြီးရှိတယ်။ အပြင်လူတွေက ဒါကိုဘေးတီးနေတယ်။ အတိုက်အခံ နှစ်ဦးပဲဆိုတော့ ကိုယ်တို့က အရှုးတွေးလား။ ထောင်ထဲမှာ ၁၇နှစ်ကျော်နေလာတယ်။ အတိုက်အခံလုပ်လာတာ။ နာစရာရှိ ကိုယ်တို့ပိုနာရမှာပေါ့။ မိသားစုတောင် ကံကောင်းလို့ မပျက်စီးတာ။ တိုင်းပြည်နဲ့ နိုင်ငံသား အကျိုးအတွက် အနာကိုမေ့ပြီး လုပ်နေကြတာ။

 

မေး။   အပစ်အခတ်ရပ်စဲရေးက တကယ်ပဲအခြေအနေ ကောင်းနိုင်ပါသလား။

ဖြေ။   ဖြစ်နိုင်တယ်။ ကိုယ့်အမြင် ကိုယ်စဉ်းစားလို့ရသလောက် ၂၀၁၄ မကုန်ခင်တော့ အပစ်အခတ်ရပ်စဲရေးက တော့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး။   နောက် ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။   နောက် ဒီလိုပွဲတွေ ရှိဖို့လည်း အလားအလာရှိတယ်ဆိုတာ သိရပါတယ်။ ဒီလောက်ပါပဲ။

တွေးမိလို့ ပြောကြည့်တာ။

တွေးမိလို့ ပြောကြည့်တာ။

မဲဆန္ဒရှင်ကို စိတ်ဖြာကြည့်ဦးမယ်
သုံးသိန်းရှိတဲ့ မဲဆန္ဒနယ်မှာ
သုံးသိန်းစလုံးက မကြိုက်တာလား
နှစ်သိန်းက မကြိုက်တာလား
တစ်သိန်းက မကြိုက်တာလား
ငါးသောင်းက မဲကြိုက်တာလား
နှစ်သောင်းက မကြိုက်တာလား
တစ်သောင်းက မကြိုက်တာလား။
ငါးထောင်က မကြိုက်တာလား
သုံးထောင်က မကြို့က်တာလား
တစ်ထောင်က မကြိုက်တာလား
ငါးရာက မကြိုက်တာလား
သုံးရာက မကြိုက်တာလား
တစ်ရာက မကြိုက်တာလား
မဲဆန္ဒရှင်များက မကြို့က်ပါနဲံရောချ
လက်မှတ်လိုက်ကောက်တာတောင် ရှစ်မြို့နယ်မှာ
သောင်းဂဏန်းတောင် မရောက်လိုက်။
ဒါကို မဲဆန္ဒရှင်များက မကြိုက်ပါနဲ့ ဆိုင်းဘုတ်ကြီးထောင်လို့။
လူတွေကလည်း နယ်စုံကလူတွေနဲ့ ပွဲ မြ့ဖစ်ဖြစ်အောင်လုပ်။
ဟိုမြို့နယ်မှာလည်း ဒီလူတွေ
ဒီမြို့နယ်မှာလည်း ဒီလူတွေပဲ။
မြို့နယ်ရဲ့မဲဆန္ဒရှင်များတဲ့။
ကောင်းပါပေ့ဗျာ။
မိုးကုတ်ကိုတိုး( ၉-၁၁-၂၀၁၄)


Thursday, November 6, 2014

ပြောခဲ့သမျှ တိုတိုစိစိကလေးများ ၆

ဒီနေ့လူတစ်ယောက် ပြောတဲံစကား မှတ်မှတ်ရရကလေး။

လူတိုင်းဘာသာဝင်တိုင်းမှာအစွန်းရောက်မှုဆိုတာရှိတတ်ပါတယ်
သို့သော်လည်ဗုဒ္ဓဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေ
အစွန်းရောက်ရင်အစွဲကြီးရုံအငြင်းသန်ရုံလောက်ပါဘဲ
မွတ်စလင်အစ္စလာမ်တွေအစွန်းရောက်ရင်သတ်ဖို့ဖြတ်ဖို့၊
လည်လှီးဖို့၊အကြမ်းဖတ်ဖို့ဝန်မလေးတော့ပါဘူး။

အီရတ်မှာဖြစ်နေတာကြည့်ပြီး ကျောချမ်းသလား မမေးနဲ့။
လက်နက်၊ လူအင်အား၊ အစွန်းရောက်မှု၊ လုပ်ပိုင်ခွင့်များ ပေါင်းမိလိုက်ရင်
ကျန်သူတွေအတွက်ကတော့ ဒုက္ခကမ္ဘာ။

---------------------

ထပ်မံအားမစမ်းကြရန် ကိုကိုကြီး မေတ္တာရပ် ဆိုတော့ နည်းနည်းတောင် ရှက်သွားပြီ။ ပီအာကို NDF က ၂၀၁၂ ဖွန်လ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ရွေးကောက်ပွဲစနစ်ပြောင်းဖို့ လုပ်ခဲ့တာပါဗျာ။ အခုမှ မဟုတ်ပါဘူး။ ၄၃၆ နဲ့ ဘာမှမဆိုင်။

------------------------


ပြောခဲ့သမျှ တိုတိုစိစိကလေးများ ၅

နိုင်ငံရေးက လူတိုင်းနဲ့ဆိုင်ပေမယ့်
လူတိုင်းက နိုင်ငံရေးကိုလုပ်ကြရင်
ကျန်တဲ့အလုပ်တွေကို ဘယ်သူတွေ လုပ်ကြမှာလဲဟင်။
တွေးမိတာလေး ပြောကြည့်တာပါ။
-----------------------------------

ရင်ထဲက ကျလိကျလိနဲ့မို့ ပြောရဦးမယ်။

ဒီနေ့ ဂျာနယ်အချို့မှာ ပီအာနဲ့ ပတ်သက်တဲ့ဆောင်းပါးလေးတွေပါလို့
ဖတ်ကြည့်တာ ဆောင်းပါးရှင်တွေရဲ့ သမာသမတ်က
အရမ်းချီးကျူးးစရာ ကောင်းတာပဲ။
လူတစ်ယောက်နဲ့ တစ်ပါတီကို အစိုးရဖြစ်စေချင်တဲ့ဇောနဲ့
ရေးလိုက်တာများ ကိုယ့်ပါတီတောင် ရစရာမရှိ၊
ပြီးတော့ ဘယ်နားနေရမှန်းတောင်မသိ။
ခမောက်ကလည်း အခိုးခံရကောင်းနေတုန်း။
ခမောက်ကလေး အခိုးမခံရခင်
ပါတီကိုတောင် အပျက်ခံ၊အဖျက်ခံပြီး
လူထုကို ပစ်ပြေးတာကိုတော့ ဘာမှမပြောရဲကြဘူး။
ဒါတောင် ခဏဘေးထွက်ထိုင်နေတာပါလို့ ရေးပြသေး။
ပေးစားလိုက်တာကလည်း လွန်ရော။
သြော် ......သြော်.....သြော်
သူလုပ်မှ ဒီမိုကရေစီစစ်စစ်
သူတို့လုပ်မှ ဒီမိုကရေစီစစ်စစ်
ကျန်တာမှန်သမျှ ဘာလုပ်လုပ် ဒီမိုကရေစီလည်းမဟုတ်
ဒီမိုကရက်တစ်လည်း မဟုတ်ဘူးဆိုတော့လည်း
နောင်တစ်ချိန် သမိုင်းခုံရုံးမှာ
ဖြေရှင်းကြသပေါ့ဗျာ။
၂၀၁၀ တုန်းက ဘယ်သူကမှားသလဲ
ဘယ်သူက မှန်သလဲ။
ပီအာ စနစ်တင်သွင်းမှုက
သမိုင်းကြောင်းကောင်းဖို့လား၊
သမိုင်ကြောင်းဆိုးဖို့လားဆိုတာ။
ကျွန်တော်တို့ကတော့ လိပ်ပြာသန့်ပါတယ်။
ရချင်စရာနေရာမရှိ၊ ဖြစ်ချင်စရာနေရာမရှိ၊
ကူမယ့်သူနည်း၊ ထောက်ပံ့မယ့်သူနည်း
အားပေးမယ့်သူ နည်းနေသေးပေမယ့်
NDFဟာ ဒီမိုကရက်တစ်လမ်းပေါ်ကနေ
၂၀၁၀ ကတည်းက မတိမ်းမစောင်းနဲ့
ဆက်လျှောက်နေဆဲပါ။
မိုးကုတ်ကိုတိုး( ၂၅-၈-၂၀၁၄)

------------------------------------------


ကိုမိုးဟိန်းကျော်ပို့စ်မှ အကြိုက်ဆုံး အကြောင်းအရာကလေး။

NLD နဲ့ အန်တီစု ကို ထောက်ခံလို့ ရပါတယ်။
ဒါပေမယ့် အခုအခါ မှာတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ နဲ့
NLD အာဏာ ရရေး အန်တီစု အာဏာ ရရေး ကို
ဒီမိုကရေစီရေး လို့ အထင် မှားနေ ကြပါတယ်။
ဘယ်လောက်တောင် ဆိုး လဲ ဆိုရင် USDP သာ မက
NDF (ဦးခင်မောင်ဆွေ)၊ NNDP (ဦးသိန်းညွန်)၊ DP (ဦးသုဝေ) တို့လို
ဒီမိုကရေစီ လိုလားသော ပါတီတွေ နိုင်မယ် ဆိုရင်တောင်
ဒီမိုကရေစီ ရတယ် လို့ မသတ်မှတ် နိုင်ပဲ ရန်သူ စာရင်း သွင်း ထားပါတယ်။
ဒီလို သဘောထား မျိုးက တော့ ဒိမိုကရေစီ စိတ်ထားလို့ မဆိုနိုင်ပါဘူး။
Moe Hein Kyaw

-----------------------------------


မရှင်းလို့ မေးကြည့်တာပါ။

မရှင်းလို့ မေးကြည့်တာပါ။

၄၃၆ ပြင်ဖို့လက်မှတ်က ငါးသန်း။
အနည်းဆုံး စာရွက်တစ်ရွက်မှာ ၁၅ ယောက်ပဲ လက်မှတ်ထိုးတယ်ထား။
စာရွက်ပေါင်း ၃၃၃၃၃၃ ။သုံးသိန်းသုံးသောင်းကျော်။
ဒါကိုစာရွက် ၅၀၀ တစ်ထုတ်ဆိုပြီး လုပ်ရင် အထုပ်ပေါင်း ၆၆၆ထုပ်။
ဒီခြောက်ရာကျော်ကို ငါးထုပ်တစ်ပုံးဆိုပြီးလုပ်ရင် ပုံးပေါင်း ၁၃၃ပုံး။
ူဒီလက်မှတ်ပုံးတွေကို လွှတ်တော်ကို ဘယ်လိုပို့လိုက်သလဲ။
လွှတ်တော်က ဒီစက္ကူပုံး တစ်ရာကျော်ကို ဘယ်သူက လက်ခံသလဲ။
လက်ခံပြေစာတွေ ပေးသလား။
ဒါမှမဟုတ် လက်မှတ်ဒီလောက်ရပါတယ်ဆိုပြီး စာရေးပို့လိုက်တာလား။
ဒီလက်မှတ်ပုံးလွှတ်တော်ကို ပေးပို့တဲ့ပွဲလည်း မလုပ်ဘူးလား။
ဒီဘက်ကပေး၊ လွှတ်တော်က လက်ခံ
ဓာတ်ပုံနဲ့ သတင်းတွေများ ရောင်းကောင်းလိုက်မယ်ဖြစ်ခြင်း။
ဒါက မေးကြည့်တာပါ။
လက်မှတ်တွေ လွှတ်တော်ကို ရောက်တယ်၊မရောက်ဘူး ငြင်းသံတွေကြားနေရလို့ပါ။
မိုးကုတ်ကိုတိုး( ၇-၉-၂၀၁၄)


ကိုအောင်ဇင်နဲ့ အတွေးတစ်ချက် ( ၂၈-၉-၂၀၁၄)

ကိုအောင်ဇင်နဲ့ အတွေးတစ်ချက် ( ၂၈-၉-၂၀၁၄)

ဒီနေ့တော့ အွန်လိုင်းပေါ်မှာ ကိုအောင်ဇင်ရဲ့ပွဲပဲ။
ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ လူတွေနဲ့ပုံတွေ
တက်လာမှ တက်။
နာမည်ကလေးကတော့ သုံးပါရဲ့၊
ဒါပေမယ့်ဓာတ်ပုံလေးတောင် မဖော်ပြကြဘူး။
နာမည်ကလေးနဲ့ပဲ ပြီးသွားရော။

နောက်ပွဲတွေ လာပါဦးမည်။
ဒီတော့လည်း
NDF ပါတီမှာ နာမည်ကြီးသူတွေ များသထက် များလာနေပြီ။
ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်တို့က
ပါတီခွဲထောင်လို့ဆိုပြီး သစ္စာဖောက်အဖြစ် ၂၀၁၀ ကတည်းက
မီဒီယာမှာ ၀ိုင်းဖွဲ့ပြီး ပုံဖော်ထားခဲ့ကြတယ်။

ဒေါ်ခင်ဝိုင်းကြည်ကတော့ သမ္မတဖြစ်ဖို့နှစ်ယောက်ထဲက တစ်ယောက်ကို
မဲပေးရမယ်ဆိုရင်အခြားသူကိုပဲ ပေးမယ်ဆိုလို့
ဝိုင်းဖွဲှ့ပြီး ဆော်ပြန်ေ၇ာ။
ပီအာလည်း ထပ်တင်ရော
ရေးလိုက်ကြ၊ ပေးစားလိုက်ကြတာများ
ဟိုဘက်ကမ္ဘာထိ။

လာပြန်ပြီ ဦးအောင်ဇင်
လူမသိ၊သူမသိလည်း
ပီအားလည် အဆိုတင်လိုက်ရော
အုံးအုံးကြွက်ကြွကို ဖြစ်လို့။
အခုတော့ မီးစီမ်းပြလိုက်ပြီဖို့
ဆန္ဒပြကြ၊ ရှုံချကြနဲ့
နာမည်ကြီး အမတ်မင်းဖြစ်လာပြီ။

ဒီတော့လည်း အများကောင်းမှု၊ မီဒီယာကောင်းမှုနဲ့
ကျွန်တော်တို့ပါတီမှာ တိုင်းပြည်တစ်ခွင်သိကြတဲ့
လူတွေ နည်းနည်းများလာပြီ။
မကြာမီ ပါတီကြီးပါ
ပိုမိုလူသိများတော့မယ်ထင်တယ်။

မိုးကုတ်ကိုတိုး( ၂၈-၉-၂၀၁၄)


သြော်….သြော်…….သြော်…..ဒါမျိုးတွေလည်း ရှိသေးတာကိုး (၄) ( ၂၇--၉-၂၀၁၄)

သြော်….သြော်…….သြော်…..ဒါမျိုးတွေလည်း ရှိသေးတာကိုး  (၄) ( ၂၇--၉-၂၀၁၄)

 

ပီအာဆရာကြီး ဦးအောင်ဇင်ကို

ပုဇွန်တောင်က မဲဆန္ဒရှင်တွေက ဆန္ဒပြမယ်ဆိုပါလား။

လွှတ်တော်အမတ်ကို ဆန္ဒပြတာ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ

ပထမဦးဆုံးမော်ကွန်းတင်ရမယ့်အဖြစ်မျိုး။

ဒီမိုကရေစီမြှင့်တင်ရေးကွန်ယက်တို့၊ ဘာတို့က ဦးဆောင်ကြတယ်။

သတင်းစာရှင်းလင်းပွဲတောင် လုပ်ပြီးပြီ ဆိုပါလား။

နာမည်ကြီးပါပေ့ ဦးအောင်ဇင်ရယ်။

ပုဇွန်တောင်မှာ မနေဘူး။

ပုဇွန်တောင်မှာ ရုံးခန်းမဖွင့်ဘူး။

ပုဇွန်တောင်မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်ကို မဖြည့်ပေးဘူး ဆိုပါလား။

ပြည်သူ့သဘောထားမပါဘဲ ပီအာစနစ်ကို ကျင့်သုံးရေးကို အဆိုတင်လို့ဆိုလား။

 

ဟုတ်တာပေါ့ဗျာ။

ဘယ်သူမှမ၀င်ဘဲဘေးရှောင်နေကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ

နေနိုင်သူတွေက နေကြလေတော့

မနေတတ်သူ ပန်းချီဆရာတစ်ယောက်က မျက်စိလည်လမ်းမှားပြီး

 ပုဇွန်တောင်မှာမှ ၀င်ပြိုင်မိတာကိုး။

ကူသူမရှိ၊ အားပေးသူမရှိ၊ ရုံးခန်းတောင် မဖွင့်နိုင်၊

ဗွီနိုင်းလေးတောင် မချိတ်နိုင်တဲ့ ပုဇွန်တောင်မှာ

လွယ်အိတ်ကလေးတစ်လုံးနဲ့ ပန်းဖလက်ကလေးတွေ

တလမ်းဝင် တစ်လမ်းထွက် လိုက်ဝေနေရတဲ့အဖြစ်ကလေးကို

ပြန်မြင်ယောင်သေးတယ်။

ဒါတောင် NO VOTE သမားတွေက များမှများ။

ဟောဖို့ပြောဖို့နေနေသာ ပန်းဖလက်ကိုတောင်

လက်မခံနိုင်အောင် ကြောက်နေတဲ့ ဒီ ၂၀၁၀ မှာ

ကံအကြောင်းသင့်တော့  မဲနိုင်ပြီး လွှတ်တော်အမတ် ဖြစ်ပါလေရော။

 

အလုပ်အကိုင်က ပန်းချီဆရာ

နေတာက  သင်္ဃန်းကျွန်း

ပြိုင်တော့ ပုဇွန်တောင်

ပါတဲ့လွှတ်တော်ကော်မတီက  လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ

လုပ်နေရတာက လယ်သမားတွေရဲ့ အရေးကိစ္စ၊

သွားနေရတာက မြန်မာပြည်တလွှား

အမြဲတမ်းတွေ့နေရတာက လယ်သိမ်းခံလယ်သမားတွေ

ဆက်သွယ်နိုင်တာက ပါတီဌာနချုပ်ရုံး

နာမည်ကြီးတဲ့အဆိုက ပီအာ

ဖြစ်နေတာတွေက ကဘောက်တိကဘောက်ချာ။

 

ပြည်သူတွေအတွက် ခင်ဗျား ဘာမှ မလုပ်ပေးပါဘူး။

မဲဆန္ဒရှင်တွေရဲ့ လိုအင်ဆန္ဒတွေကိုလည်း ခင်ဗျား မဖြည့်ဆီးပါဘူး။

ခင်ဗျား မလုပ်ခဲ့တာတွေကို ပြန်ပြောပြရရင်

လယ်သမားတွေ စိုက်စရိတ် တစ်သိန်းတိုးတောင်းတာ ခင်ဗျား မဟုတ်ဘူး။

သီးနံအာမခံစနစ်ထားဖို့အဆိုကိုလည်း ခင်ဗျား မတင်ခဲ့ဘူး။

လယ်၁၀ဧကအထက်တွေကို စိုက်စရိတ်ထုတ်ချေးဖို့ ခင်ဗျား မပြောခဲ့ဘူး။

လွတ်လပ်တဲ့တောင်သူုလယ်သမားသမဂ္ဂဖွဲ့စည်းခွင့်ပေးဖို့လည်း ခင်ဗျား မမေးခဲ့ဘူး။

ပြောင်းလဲနေတဲ့ရာသီဥတုကြောင့် မိုးလေ၀သနဲ့စိုက်ပျိုးရေးလုပ်ငန်းဆက်စပ်တဲ့ဌာနဖွင့်ဖို့ ခင်ဗျား အဆိုမတင်ခဲ့ဘူး။

လယ်ယာသုံးစက်ကရိယာတွေကို အခွန်လွတ်တင်သွင်းခွင့်ပြုဖို့ ခင်ဗျား မပြောခဲ့ဘူး။

ဓာတ်မြေသြဇာတွေ တောင်သူလယ်သမားလက်ထဲ စနစ်တကျရောက်အောင်လုပ်ပေးဖို့လည်း မမေးခဲ့ဘူး။

ဒီရေတောတွေ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုနေတယ်လို့လည်း ခင်ဗျား အဆိုမတင်ခဲ့ဘူး။

ပဲခူးတိုင်းက စားကျက်မြေတွေ ပြန်ရအောင်လည်း ခင်ဗျား မစွမ်းဆောင်ခဲ့ဘူး။

မူဆယ်ဘက်မှာ နိုင်ငံခြားသားတရုတ်တွေ မြေ၀ယ်ပြီးစိုက်ပျိုးရေးလုပ်နေလို့ ဒေသခံတွေ အခက်အခဲတွေ့နေ တယ်လို့ ခင်ဗျားလွှတ်တော်မှာ မေးခွန်းမတင်ခဲ့ဘူး။

ကချင်ပြည်နယ် တနိုင်းအထိသွားပြီး မြေသိမ်းခံလယ်သမားတွေနဲ့ ခင်ဗျား မတွေ့ခဲ့ဘူး။

ယုဇနကုမ္ပဏီရဲ့ ကချင်ပြည်နယ်ထဲကမြေသိမ်းမှုတွေမှာလည်း  လယ်သမားတွေဖက်က ခင်ဗျား မပါခဲ့ဘူး။

ငွေဆောင်က အုန်းခြံတွေအသိမ်းခံရဖို့ လျှော်ကြေးပေးဖို့ကိုလည်း ခင်ဗျားသွားမလုပ်ခဲ့ဘူး။

ပုသိမ်နဲ့ ဗိုလ်ကလေးက လယ်သမားတွေကလည်း  လယ်သိမ်းခံကိစ္စတွေကို ခင်ဗျားဆီလာမပြောကြဘူး။

ကရင်ပြည်နယ် မြ၀တီက လယ်ယာမြေတွေကိစ္စလည်း ခင်ဗျားသွားပြီး မကူညီခဲ့ဘူး။

မကွေးတိုင်းရေစကြိုက မြေနုကျွန်းကိစ္စတွေကိုလည်း  ခင်ဗျားမလုပ်ပေးလိုက်ဘူး

တနင်္သာရီတိုင်း ထားဝယ်က လယ်သမားတွေရဲ့ မြေသိမ်းခံကိစ္စကိုလည်း  ခင်ဗျားရောက်အောင်သွားပြီး  မလုပ်ပေးခဲ့ဘူး။

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ စဥ့်ကိုင်က လယ်သမားတွေကိစ္စကိုလည်း သွားပြီးခင်ဗျားကူညီဖြေရှင်းပေးဖို့ မေ့နေတယ်။

နေပြည်တော်က လယ်ယာမြေသိမ်းဆည်းခံကိစ္စနဲ့ လျော်ကြေးကိစ္စတွေလည်း ခင်ဗျားဆီ ရောက်မလာဘူး။

ပဲခူးတိုင်းထဲက လယ်ယာမြေသိမ်းဆည်းခံရမှုတွေ၊ လျှော်ကြေးမရမှုတွေ ခင်ဗျားဆီကို ခဏခဏ မလာဘူး။

ရှမ်းပြည်နယ် ကျိုင်းတုံကို ရောက်တုန်းကလည်း မြေယာမှုတွေ ခင်ဗျား မယူလာခဲ့ဘူး။

ပုဒ်မ(၁၈)ကို ပြင်ဆင်ပေးဖို့ကိုလည်း ခင်ဗျားလွှတ်တော်မှာ မမေးခဲ့ဘူး။

ပုဇွန်တောင်ရေကျော်ဈေးတည်ဆောက်ရေးမှာ အနှင်ထုတ်ခံနေရတဲ့ ဈေးသည်တွေဘက်ကနေ ခင်ဗျားရပ်တည် ပြီး မလုပ်ဆောင်ပေးခဲ့ဘူး။

ပုဇွန်တောင်က ဘယ်ပါတီကမှ လက်ခံစကားမပြောတဲ့ စိတ်ဝေဒေနာရှင်ကိုလည်း သူပြောသမျှ နားထောင်ပြီး တတ်နိုင်သမျှ လုပ်ပေးပါမယ့်လို့ အားပေးစကား ခင်ဗျား မပြောခဲ့ဘူး။

သိန်း ၁၀၀၀ ကိုလည်း ရပ်ကွက်ရပ်မိရပ်ဖတွေနဲ့ ဖြစ်သင့်တာတွေကို မတိုင်ပင်ဘဲနဲ့ ခင်ဗျား ထင်သလို လုပ်သွားခဲ့တယ်။

 

ခင်ဗျား ဘာကြောင့် ပြည်သူ့ဆန္ဒတွေကို အဲ့ဒီလောက်တောင် မျက်ကွယ်ပြုနေရတာလဲ။

ပြည်သူတွေမကြိုက်ဘူး။ လက်မခံဘူးဆိုတဲ့  နိုင်ငံတကာမှာ ဒီမိုကရေစီပိုကျလို့ အသုံးများနေတဲ့ အချိုးကျ ကိုယ်စားပြုကိုယ်စားပြုမဲပေးစနစ်ဆိုတဲ့  ပီအာကို မြန်မာ့နိုင်ငံရေးရဲ့ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်ဆိုပြီး

ခင်ဗျား တင်သွင်းခဲ့တယ်နော်။

ဒီစနစ်ဟာ တောင်ပြိုကမ်းပြိုနိုင်မယ့်အဖြစ်ကို တားမယ့်စနစ်

မရှုမလှရှုံးကြမယ့်သူတွေကို အသက်ရှုပေါက် ရစေမယ့်စနစ်

ပါတီကြီးတွေရဲ့ အနိုင်ရရှိမှုကို ဟန့်တားပြီး နေရာတွေကို ခွဲပေးရမယ့်စနစ်

တစ်ပါတီတည်း အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘဲ ညွှန်ပေါင်းအစိုးရကိုသာ ဖြစ်စေမယ့်စနစ်

အစွန်းရောက်တွေ လွှတ်တော်ထဲ ရောက်လာမယ့်စနစ်

သဘောထားတင်းမာသူတွေ လွှတ်တော်ထဲရောက်လာစေမယ့်စနစ်

လူထုဆန္ဒကို မရနိုင်သူတွေအတွက် အသက်ရှုပေါက်ရစေမယ့်စနစ်

စတာစတာတွေကို ခင်ဗျား မမြင်ဘူးလားဗျာ။

 

ဒီတော့ဗျာ

ပုဇွန်တောင်အမတ် ဦးအောင်ဇင်ကို

ပုဇွန်တောင်မဲဆန္ဒရှင်တွေက ဆန္ဒပြမယ်

လွှတ်တော်အမတ်ကို ဆန္ဒပြတာ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ

ပထမဦးဆုံးမော်ကွန်းတင်ရမယ့်အဖြစ်မျိုး။

 

လွှတ်တော်ကိုယ်စားလှယ်ရုံးမရှိလို့

ပါတီရုံးမရှိလို့

ပုဇွန်တောင်လမ်းပေါ်မှာ ဆန္ဒပြကြမယ်။

ထွက်လာကြဟေ့ ပီအာဆန့်ကျင်သူအပေါင်းတို့။

မိုးကုတ်ကိုတိုး( ၂၇--၉-၂၀၁၄)

 

 

#to be happy#

$$ kotoetoe $$

ိသြော်…သြော်….သြော်….(၂) ဒါမျိုးတွေလည်း ရှိနေတာကိုး။

သြော်…သြော်….သြော်….(၂)   ဒါမျိုးတွေလည်း ရှိနေတာကိုး။

         NLD ပါတီမှတင်သွင်းသော အစီရင်ခံစာတွင် NLD အနေဖြင့် ယနေ့အချိန်အခါကို အခွင့်ကောင်းယူ လျှက် တင်ပြလိုသောအချက်ရှိပါတယ်။ ယင်းမှာ အချိုးကျကိုယ်စားပြုစနစ်PR ကိစ္စ ဖြစ်ပါတယ်။ အထူးထောက်ပြ လိုတဲ့အချက်မှာ နိုင်ငံတကာဖြစ်စဉ်များကို လေ့လာကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၌ ယခုကဲ့သို့ အရေးကြီးသော အပြောင်းအလဲမျိုးသည် ပြည်သူလူထု၏ပြင်းပြသောဆန္ဒနှင့် တောင်းဆိုမှုများကြောင့်သာ ဖြစ်ပေါ်လာသည့် ထုံးစံ များ ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော PR စနစ်ကို ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု တောင်းဆိုမှုကြောင့်မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သောကိစ္စ ဖြစ်သည်ကို တွေ့ရှိရပါသည်။

အပြည်ပြည်ဆိုင်ရာဒိမိုကရေစီနေ့တွင် NLD ဖတ်ကြားသောစာတမ်းမှ-

Daily Eleven Newspaper( ၁၆-၉-၂၀၁၄)

 

မနေတတ်တော့လည်း ၀င်ပြောရဦးမယ်။

ပါတီရယ်၊ ပြည်သူရယ်။ ကိုယ်စားပြုမှုရယ်၊

အရေးကြီးသော အပြောင်းအလဲဆိုတာရယ်။

အရင်ဆုံးပြောချင်တာကတော့

နိုင်ငံရေးပါတီနဲ့ပြည်သူ

နိုင်ငံရေးပါတီဆိုတာ ပြည်သူကို ကိုယ်စားပြုနိုင်ဖို့ ဖွဲ့စည်းကြတာ။

တတ်နိုင်သမျှ ပြည်သူတွေအတွက် လိုအပ်တာတွေလုပ်ပေးနိုင်ဖို့၊

ပြောပေးနိုင်ဖို့၊ တင်ပြပေးနိုင်ဖို့ဆိုပြီး ပါတီတွေကို ထောင်ကြတာ။

ပါတီအားကြီးလာလေလေ ဒီပါတီက အုပ်ချုပ်ရေးအာဏာကို ရဖို့ နီးလာလေလေပါပဲ၊

ဒီတော့ ပါတီတစ်ခုဟာ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူးလား။

ပြည်သူတွေရဲ့အသံကိုလည်း ကိုယ်စားမပြုနိုင်ဘူးလို့ ထင်လို့ရသလား။

ကိုယ်စားမပြုဘူးဆိုတဲ့ စကားမျိုးကိုတောင် ပြောရဲနေကြပြီလား။

 

ပြည်သူလူထုရဲ့တောင်းဆိုမှုများကြောင့်မဟုတ်ဘဲ ဆိုတော့

ပြည်သူကတောင်းဆိုမှ၊ပြောလာမှ လုပ်ပေးရမယ်ဆိုတော့

အဲ့ဒီပါတီမှာ သေချာတာကတော့ အနာဂတ်အမြင် မရှိဘူးဆိုတာ။

နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေဆိုတာ

တိုင်းပြည်အနာဂတ်အတွက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို အချိန်နဲ့တပြေးညီ ကြည့်နေပြီး

လိုအပ်ချက်တွေကို  ကြိုတင်စဉ်းစားတွေးခေါ်ထားကြသူတွေချည်းပါပဲ။

ဖြစ်လာမှ ဖုတ်တိုက်မီးပူ  ကတိုက်ကရိုက် လုပ်နေလို့ မရပါဘူး။

 

နိုင်ငံရေးပါတီတွေက တင်ပြတာက ပြည်သူလူထုဆန္ဒကို ကိုယ်စားမပြုဘူုး။

မထင်ဟတ်ဘူးဆိုရင်

အဲ့ဒီနိုင်ငံရေးပါတီတွေ၊ သူတို့ရဲ့ ပါတီခေါင်းဆောင်တွေ၊  သူတို့ရဲ့ပါတီဝင်တွေ

ပြီးတော့ သူတို့ကို အားပေးနေကြတဲ့သူတွေကရော  ပြည်သူတွေမဟုတ်ဘူးလား။

ဒီပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်လို့ ဆိုလို့မရဘူးလား။

သူတို့တတွေရဲ့ဆန္ဒဟာ ပြည်သူလူထုဆန္ဒ တစိတ်တစ်ပိုင်း မဟုတ်ဘူးဆိုရင်တော့

သူတို့ဟာ တခြားကမ္ဘာက လာတဲ့ သူတစိမ်းတွေလား။

တွေးမိတာပါ။

 

တခြားနိုင်ငံတွေမှာ ရွေးကောက်ပွဲစနစ်အပြောင်းအလဲတို့

ဘယ်စနစ်သုံးမယ်ဆိုတဲ့ ရွေးချယ်မှုတွေကို

ပြည်သူတွေက ရွေးတာလား

ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေက ဦးဆောင်လုပ်သွားတာလား

ဆုံးဖြတ်သွားကြတာလားဆိုတာ သမိုင်းနဲ့ချီပြီး ပြန်မေးကြည့်ရဦးမယ်။

 

လူထုတွေရဲ့ဆန္ဒဆုံးဖြတ်မှုက  တရားဝင်ဘယ်မှာသုံးနိုင်သလဲ။

တရားဝင်လို့ ပြောရတာက  တစ်ခြားပုံစံတွေအမျိုးမျိုး ရှိနေလို့ပါ။

လွှတ်တော်က ချပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့

ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲပေးဆုံးဖြတ်တာရယ်၊

အထွေထွေရွေးကောက်ပွဲမှာ မဲပေးရတဲ့အခါ

ကိုယ်ကြိုက်တဲ့သူတွေ လွှတ်တော်ထဲမှာ အများစုရအောင် မဲပေးရွေးချယ်တဲ့အချိန်

ဒီနှစ်ချိန်မှာတော့ ပြောပြောနေကြတဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အဓိက ဖော်ပြနိုင်တာပါ။

 

လူငါးသန်းလက်မှတ်ရအောင်လုပ်နိုင်တာကို ချီးကျူးပါတယ်။

ဒီလူငါးသန်းဟာ ပြည်သူ့ဆန္ဒဆိုရင်

ကျန်တဲ့ မဲပေးနိုင်တဲ့၂၅သန်းသော ပြည်သူတွေရဲ့ဆန္ဒကရော ဘာလဲဆိုတာ မစဉ်းစားသင့်ဘူးလား။

ငါတို့ရထားတဲ့ ငါးသန်းကပြောတာကမှ ပြည်သူ့ဆန္ဒအစစ်အမှန်၊ လိုလားချက်အစစ်အမှန်ဆိုရင်

မရလို့ ကျန်ခဲ့တဲ့သူတွေရဲ့ဆန္ဒတွေ၊ သဘောထားတွေကိုလည်း ဘာလဲဆိုတာ သိသင့်ပါတယ်။

ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဆန္ဒတွေက

ဒါမျိုးတွေဆိုတာကိုလည်း သိဖို့လိုပါတယ်။

 

တအုံးအုံးနဲ့ဝိုင်းနေတိုင်း

ပြည်သူဆိုတဲ့စကားကို လှိုင်လှိုင်သုံးတိုင်း

ပြည်သူလူထုဆန္ဒဆိုတာကို တဖွဖွပြောတိုင်း

ရှိသမျှပြည်သူတိုင်းက ထောက်ခံနေကြတယ် ထင်နေရင်တော့ လွဲတော့လွဲနေပြီ။

 

ဒီတော့ဗျာ

ပြောပြောနေတဲ့ အဆုံးအဖြတ်ကဏ္ဍတို့၊  ဘာတို့ဆိုတာတွေကို

ပြည်သူတွေကပဲ  ရှေ့က ဦးဆောင်လုပ်သွားကြမှာလား

ဒါမှမဟုတ် နိုင်ငံရေးပါတီတွေကပဲ ရှေ့ကဦးဆောင်လုပ်သွားကြတာလား။

ဒါမှမဟုတ် ထက်မြက်တဲ့နိုင်ငံရေးအမြင်ရှိတဲ့ပါတီတွေကပဲ ရှေ့ကနေ ဦးဆောင်လုပ်သွားကြမှာလား။

 

ပြည်သူလိုလားချက်ပဲ ဘယ်လိုပြောပြော

ပါတီငယ်တွေကပဲ တင်တင်

ပါတီကြီးတွေကပဲ လုပ်လုပ်

တကယ်တန်းမှာတော့

တရားဝင်ဖြစ်အောင် အဆုံးအဖြတ်ပေးမှာကတော့

လွှတ်တော်ကြီးပါပဲခင်ဗျား။

ဘာကြောင့်လဲဆိုတော့ သူဆုံးဖြတ်မှသာ  

ဒီနိုင်ငံမှာ တရားဝင်အတည်ဖြစ်မှာမို့ ဖြစ်ကြောင်းပါခင်ဗျား။

မိုးကုတ်ကိုတိုး( ၁၆-၉-၂၀၁၄)