Saturday, August 30, 2014

NDFပါတီ၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အဆိုပြုအချိုးအစား ပုံစံ(မူကြမ်း)ထုတ်ပြန်

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၉-၂၀၁၄)

ရက်စွဲ။ ၃၀-၈-၂၀၁၄

NDFပါတီ၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အဆိုပြုအချိုးအစား ပုံစံ(မူကြမ်း)ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပါဝင်ရမည့် အဆိုပြု အချိုးအစားပုံစံ (မူကြမ်း)ကို ယနေ့ ၃၀-၈-၂၀၁၄ ရက်နေ့တွင် MPC တွင် ကျင်းပပြုလုပ်သော ၁၈ကြိမ် မြောက် State Building လစဉ်အစည်းအဝေးတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် အတွင်းရေးမှူး(၂) ဦးနေမင်း ကျော် တို့မှ တင်ပြဆွေးနွေးခဲ့သည်။

         ထိုမူကြမ်းသည် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ အဆိုပြုပုံစံသာ  ဖြစ်ပြီး မကြာမီ ကျင်းပြပြုလုပ်မည့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA ) အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။ ထိုပုံစံကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ပြီး  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA )အဖွဲ့၏ အဆိုပြုပုံစံကို အများပြည်သူ သိရှိနိုင်ရန်အတွက် ထုတ်ပြန်မည် ဖြစ်သည်။

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA )အဖွဲ့အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရာတွင် ပါတီအဖွဲ့အစည်းများအနေဖြင့် တူညီသော သဘောထားများ ရယူနိုင်ရန်အတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပြီး သဘောထားများကို ဖလှယ်ရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။

Wednesday, August 27, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့ အစည်းအဝေးနှင့် ရုံးခန်းဖွင့်ပွဲပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစု

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၈-၂၀၁၄)

ရက်စွဲ။ ၂၇-၈-၂၀၁၄

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့  အစည်းအဝေးနှင့် ရုံးခန်းဖွင့်ပွဲပြုလုပ်

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)အဖွဲ့၏ အစည်းအဝေးနှင့် ရုံးခန်းဖွင့်လှစ်ပွဲကို  ၂၇-၈-၂၀၁၄ ရက်နေ့ နေ့လည် ( ၁း၀၀ )နာရီက (FDA)ရုံးခန်းတည်ရှိရာ အမှတ် ၁၇၊ အခန်း ၈၀၂၊ ရှစ်လွှာ၊ ၅၂လမ်း၊ ဗိုလ် တထောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ (FDA)အဖွဲ့ဝင် ပါတီများမှ ဥက္ကဌများ၊ ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

         မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများကို အကူအညီပေးရန်အတွက် ရောက်ရှိနေသော Euro Burma အဖွဲ့မှ ကိုယ်စားလှယ် ဦးဗစ်တာနှင့် (FDA)အဖွဲ့ဝင်ပါတီများ ပထမဦးစွာ  နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။ political Dialogue အတွက် ပါတီများနှင့်အဖွဲ့အစည်းများ၏ မူဝါဒများကို အချင်းချင်းအပြန်အလှန် ဖလှယ်နိုင်ကြ ရန်အတွက် တွေ့ဆုံကြရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့ကြပြီး ထိုကိစ္စကို မကြာမီ အကောင်အထည် ဖော်ဆောင် ရွက်မည် ဖြစ်သည်။

         တက်ရောက်လာကြသော ပါတီများမှ (FDA) သဘာပတိအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အတွင်းရေးမှူးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် (FDA) လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးကြရာတွင် ကရင်ပြည် သူ့ပါတီမှ ဦးဦးစောဆေးဝါး၊ ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးအောင်သန်း တင်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွှန့်၊ ဒီမိုကရက်တစ်ပါတီမှ ဦးတင့်ဆွေနှင့်ဦးအောင်သန်းမြ့င်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်ကြီး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဦးခင်မောင်ဆွေ၊ ဦးနေမင်းကျော်၊ ဦးတိုးတိုး တို့က ဆွေးနွေးခဲ့ကြသည်။

         သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးစောဆေးဝါး၊ ဦးအောင်သန်းတင်၊ ဦးအောင်သန်းမြင့်၊ ဦးစိုးမောင် (ဒီငြိမ်း)၊ ဦးစိန်လှဦး( NDF)။ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးထောင်ကိုခုတ်(ချင်းတိုးတက်ရေးပါတီ)၊ ဦးမျိုး ညွန့်၊ ဦးလှမြင့်( ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဦးအောင်ကြီး၊ ဦးနေမင်းကျော်( NDF) တို့ကို တာဝန်ပေးခဲ့သည်။

ရုံးအုပ်ချုပ်ရေးမှူးအဖြစ် မဇင်နိုဘဲလ်ဝင်း ကို တာဝန်ပေးအပ်ပြီး ဆက်သွယ်ရန်FDA ရုံးဖုံးနံပါတ်မှာ                          ၀၉ ၃၂၁၆၁၃၃၁  ဖြစ်သည်။

         ထို့နောက် FDA အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ရာတွင်  (FDA) အဖွဲ့၏ အဖွဲ့သုံးဖွဲ့ပါဝင်သော ဒုတိယအကြိမ်(၃)ပွင့်ဆိုင် တွေ့ ဆုံ၍ သဘောထားရယူရေး ဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးနှင့် ရုံးခန်းဖွင့်လှစ်ပွဲကို ညနေ ၃း၃၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းထုတ်ပြန်လိုက်သည်။

 

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် NDF ရုံးဖွင့်ပွဲ ကျင်းပ

         NDF ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးညှင်းမြို့နယ် NDF ပါတီရုံးဖွင့်ပွဲကို ၂၇-၈-၂၀၁၄ ရက်နေ့ နံနက် ၈း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထက်အောင်ကျော်နှင့် ဦးအေးမင်းထွန်း ၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်သူရ၊ ဦးမြင့်ဦး၊ ဦးနန်းထိုက်ဇော်၊ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဒေါ်ဘောက်ဂျာနှင့် ပြည်နယ်စည်းရုံးရေးကော်မတီဝင်များ၊ မိုးညှင်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ ၊ ဖိတ်ကြား ထားသော ပါတီများနှင့် ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

fda ကြေညာချက် ၉-၂၀၁၄

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA )
အမှတ် ၁၇၊ အခန်း ၈၀၂၊ ၈လွှာ၊ ၅၂လမ်း၊အောက်ဘလောက်
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။

ကျေညာချက်အမှတ် ၉/၂၀၁၄
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ သြဂုတ်လ(၂၇)ရက်

၁။ ကျွန်ုပ်တို့ နိုင်ငံရေးရေးပါတီ(၁၁)ပါတီသည် ၂၀၁၄ခုနှစ်၊
ဇန်န၀ါရီလ(၇)ရက်နေ့တွင် ပါတီအသီးသီး၏ သဘောဆန္ဒအရ
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် Federal Democracy Alliance (FDA )ကို ပူး
ပေါင်းဖွဲ့စည်းခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ဖက်ဒရယ်စနစ်ဖြင့်
ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး တွင်
ဝိုင်းဝန်းပါဝင်ကြိုးပမ်းကြရန် ဖြစ်သည်။ ယခုအခါ ကျွန်ုပ်တို့
(၁၁)ပါတီပေါင်းစု ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ်(FDA)အဖွဲ့ရုံးခန်းကို အမှတ်
၁၇၊ အခန်း ၈၀၂၊ ၈လွှာ၊ ၅၂လမ်း၊ အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီးတွင် ( ၂၇-၈-၂၀၁၄)ရက်နေ့၌ တရားဝင်
ဖွင့်လှစ်လိုက်ပြီ ဖြစ် ပါ သည်။
၂။ ဤ FDA ရုံး ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ်
အောက်ပါနိုင်ငံရေးသဘောထားများကို တစ်ညီတစ် ညွတ်တည်း
တောင်းဆိုထုတ်ပြန်လိုက်သည်။
၃။ ယခုအခါ အပစ်အခတ်ရပ်စဲရေး အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ရန်
တစနှင့်တစ အချိန်နီးကပ်လာပြီ ဟု ဆိုရပါမည်။ ယင်းသို့ နီးကပ်လာသော
အခြေအနေနှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးသည်လည်း
တစ်ဆက်စပ်တည်း ပေါ်ပေါက်လာရတော့မည် ဖြစ်ပါသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးချိန်နှင့် တစ်ပြေးညီ နိုင်ငံရေး
ဆွေးနွေးရေးမူဘောင်များ ချမှတ်နိုင်ရေးအတွက် အစိုးရဘက်မှ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေးကော်မတီ( NCCT) နှင့်
နိုင်ငံရေးပါတီများ ပထမ အကြိမ် (၃)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ
ဖြစ်မြောက်ခဲ့သည်ကို FDAမှ ၀မ်းမြောက်စွာကြိုဆိုခဲ့ပါသည်။
ယခုအခါ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
(UPWC)၊နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေးကော်မတီ(
NCCT) အကြား အပြီး သတ်ညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူကြောင်း
ထပ်မံသိရှိရပါသည်။ သို့ပါ၍ ယင်းအပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းပွဲ
ပြီးမြောက်သည်နှင့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်များကို
ပိုမိုပွင့်လင်းမြင်သာစွာ အဖွဲ့အစည်းအသီးသီး တို့မှ သိရှိနိုင်ရန်
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ
ဒုတိယအကြိမ်(၃)ပွင့်ဆိုင် တွေ့ ဆုံ၍ သဘောထားရယူရေး
ဆွေးနွေးပွဲပြုလုပ်ရန်အတွက် ကျွန်ုပ်တို့ (၁၁)ပါတီစုပေါင်း
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် (FDA) အဖွဲ့မှ ပြည်သူတို့၏
ငြိမ်းချမ်းရေးရလိုမှုဆန္ဒကို အလေးထား၍ လေးနက်စွာတိုက်တွန်း တောင်းဆို
လိုက်ပါသည်။


ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

ဆက်သွယ်ရန် ဖုံးနံပါတ်- ၀၉၃၂၁၆၁၃၃၁


--
#to be happy#

$$ kotoetoe $$

Sunday, August 24, 2014

NDF သတင်းထုတ်ပြန်ချက် ၃၆-၂၀၁၄

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (   ၃၆ / ၂၀၁၄)

ရက်စွဲ။         ၂၄-၈-၂၀၁၄

 

NDF ရေစကြိုမြို့နယ်ရုံးဖွင့်လှစ်

         မကွေးတိုင်းဒေသကြီ၊ ရေစကြိုမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြို့နယ်ရုံးဖွင့်လှစ်ပွဲကို ၂၃-၈-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဖွင့်ပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးတိုးတိုး၊ ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်နှင့်  ဦးအေးမင်းထွန်း၊ ဗဟိုအလုပ်ကော်မတီဝင် ဦးမင်းမင်းထွန်း၊  အလုံမြို့နယ်ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ မကွေးတိုင်းစည်းရုံးရေး ကော်မတီဝင်များ၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်များ မှ မြို့နယ်စည်းများ ၊ပါတီဝင်များ စုစုပေါင်း (၆၀)ခန့် တက်ရောက်ခဲ့ကြသည်။

         သဘာပတိအဖြစ် ဦးစန်းယုနှင့်  အခမ်းအနားမှူးအဖြစ် ဦးဟန်ရှင်ဝင်တို့က ဆောင်ရွက်ခဲ့ကြပြီး  ပထမဦးစွာ ရေစကြိုမြို့နယ်ဥက္ကဌ ဦးမြင့်အောင်နှင့် ဦးခိုင်မောင်ရည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဦးကြီးမြင့်၊ ဦးအေးမင်းထွန်းတို့က ဆိုင်းဘုတ်ကိုဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်အလံနှင့်ပါတီအလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခြင်း၊ သဘာပတိ ဦးစန်းယုမှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့်ပါတီခေါင်းဆောင်များအား ဦးမင်းမင်းထွန်းမှ မိတ်ဆက်ပေးခဲ့သည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထက်အောင်ကျော်မှ ပါတီ၏မူဝါဒလမ်းစဉ်များကို ရှင်းလင်းပြော ကြားခဲ့ပြီး ဦးကြီးမြင့်မှူပါတီအနေဖြင့်လွှတ်တော်တွင်းဆောင်ရွက်နေသော အဆို၊မေးခွန်းနှင့် ဥပဒေကြမ်းများ။ အောင်မြင်ခဲ့သောဆောင်ရွက်မှုများနှင့် ဆက်လက်လုပ်ဆောင်နေသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ မကွေးတိုင်း ဒုဥက္ကဌ ဦးဇော်ကြီးမှ တိုင်းအတွင်း ဆောင်ရွက်နေမှုများကို  ရှင်းလင်းပြော ကြားခဲ့ပြီး တိုင်းအတွင်ရေးမှူး ဦးအေးမင်းထွန်းမှ တိုင်းဆောင်ရွက်ချက်များနှင့် ရေစကြိုမြို့နယ်အတွင်း ဆောင်ရွက်ပေးခဲ့ မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဗဟို လူငယ်တာဝန်ခံ ဦးကျော်သူရမှ လူငယ်များအတွက် ဆောင်ရွက်နေမှု များကို ပြောကြားခဲ့သည်။

         ရေစကြိုမြို့နယ်အတွင်း လယ်သမားများ၏ အကူအညီတောင်းခံမှုစာများကို လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှ လက်ခံယူပြီး ရေစကြိုမြို့နယ်တွင် NDF ပါတီဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူလူထု ကို အကူအညီပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများ၊ လွှတ်တော်အတွင်း ဆောင်ရွက်ခဲ့မှုများ အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။

         ထို့နောက် မြို့နယ်ဥက္ကဌ ဦးစန်းယုမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရုံးဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း ၃၀နာရီတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

         NDF ပါတီခေါင်းဆောင်များအနေဖြင့် ရေစကြိုမြို့နယ်ရှိ မြတ်စေတနာ အခမဲ့ပညာဒါနကျောင်းသို့ ၀င်ရောက်လေ့လာခဲ့ပြီး  ဆောင်ရွက်နေမှုများနှင့်လိုအပ်ချက်များကို မေးမြန်းခဲ့ကြပါသည်။

 

 

 

အချိုးကျကိုယ်စားပြုစနစ် ပီအာ အကြောင်း NDF  ပါတီဌာနချုပ်တွင် ဆွေးနွေးပွဲပြုလုပ်

         အချိုးကျကိုယ်စားပြုမဲပေးစနစ် PR နှင်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် ဆွေးနွေးပွဲတစ်ရပ်ကို ၂၂-၈-၂၀၁၄ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထို ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊  ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ စုစုပေါင်း (၄၀)ဦး  တက်ရောက်ဆွေးနွေးခဲ့ကြသည်။

         ဆွေးနွေးပွဲတွင်  ပြင်ပ ပညာရှင် ဦးနိုင်လင်းထွန်းမှ ရွေးကောက်ပွဲစနစ်များအကြောင်း။ အချိုးကျကိုယ် စားပြုစနစ်အကြောင်၊ မြန်မာနိုင်ငံရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ သုံးသပ်မှုများ၊ မြန်မာနိုင်ငံ၏ လွှတ်တော်စနစ်နှင့် ပြည်သူ့လွှတ်တော်အနေအထားများ၊ ကျင့်သုံးရာတွင် အားသာချက်၊အားနည်းချက်များ အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဦးနိုင်လင်းထွန်း၊ ဦးခင်မောင်ဆွေနှင့် ဦးတိုးတိုးတို့မှ  ရှင်းလင်းပြောကြားခဲ့ပြီး  ဆွေးနွေးပွဲကို ညနေ ၃း၃၀နာရီတွင် ရုပ်သိမ်းခဲ့သည်။

 

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီလှုပ်ရှားမှုများ

         ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာ ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်းဖြစ်ပွားနေသော မြေယာကိစ္စ များနှင့် အခြားစည်းရုံးရေးကိစ္စများကို  ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲများကို ၂၁-ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ကချင်ပြည်နယ် မြစ်ကြီးနာ။ တနိုင်း၊ မိုးကောင်းမြို့နယ်ရုံးများတွင် ပြုလုပ်ခဲ့သည်။ ထိုရှင်းလင်းပွဲများကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦအောင်ဇင်တို့  တက်ရောက်ဆွေးနွေးခဲ့သည်။

  လာမည့် ၂၇-၈-၂၀၁၄ ရက်နေ့တွင် ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့်  မိုးညှင်းမြို့နယ်  NDF ပါတီရုံးဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးထက်အောင်ကျော်၊ ဦးအေးမင်းထွန်း၊ ဦးကျော်အောင်နှင့် ဗဟိုလူငယ် ဦးကျော်သူရ၊ မန္တလေးတိုင်းမှ ဗဟိုအလုပ်ကော်မတီဝင်များ ဖြစ်ကြသော ဦနန်းထိုက်ဇော်နှင့် ဦးမြင့်ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မြ၀တီခရိုင် NDF မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော Peace Education Training သင်တန်း ပို့ချ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြ၀တီခရိုင်တာဝန်ခံ ဦးအောင်ဝင်းလှိုင် ဦးစီး၍ ကရင်ပြည် နယ်မြဝတီခရိုင်သင်္ယန်းညီနောင်ကျေးရွာအုပ်စု တွင်အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကကြီးမှူးကျင်းပသော ဒုတိယကြိမ်မြောက် Peace Education Training အား ယနေ့  ( 24.8.2014 ) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။  လက်ရှိ Peace process များအား ပြည်သူအများ နားလည်ရေးနှင့် ပြည်သူများ အနေဖြင့် Peace စကားလုံးကို နားလည်နိုင်ရေးအတွက် သင်ကြားခဲ့သော Peace Education Training အားပြန်လည် မျှဝေပေးခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတွင်တတ်နိုင်သမျှလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း  သင်တန်းတာဝန်ခံ ဦးအောင်ဝင်းလှိုင်မှ သင်တန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

        

Monday, August 18, 2014

WPWC- NCCT နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ ဆွေးနွေးချက်များ

WPWC- NCCT နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ ဆွေးနွေးချက်များ

         ကြွရောက်လာကြတဲ့ ၀န်ကြီးများဦးဆောင်တဲ့ WPWC ခေါင်းဆောင်များ၊  NCCT တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်များနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များအားလုံးကို လေးစားကြောင်း ပြောလိုပါတယ်။  ကျွန်တော်တို့တွေအဖို့  ဖက်ဒရယ်စနစ်အခြေခံနဲ့ ပြည်ထောင်စုတစ်ခု ဖြစ်တည်ရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်ဖြစ်သလို အမျိုးသားညီညွတ်ရေးပန်းတိုင်လည်း ဖြစ်ပါတယ်။ ဒါကို  အလေးအနက် ခံယူကြ ဖို့ လိုပါတယ်။ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာဖြစ်တဲ့အတွက် ပြည်နယ်ပေါင်းစုပြည်ထောင်စုပုံသဏ္ဍာန်နဲ့ပဲ သွားကြရပါမယ်။ ဒါကိုလည်း သဘောတူပါတယ်။  အနှစ်သာရအားဖြင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မွေးရာပါအခွင့်အရေးများကို  ရရှိရေးတို့အတွက် အာမခံချက်ရှိရမယ်ဆိုတာကို ကျွန်တော်တို့လိုလားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားအားလုံးဟာ ပင်လုံနိုင်ငံရေးအိမ်မက် မက်နေကြဆဲပါ။ ဒါကြောင့် ဖက်ဒရယ်ပြည် ထောင်စု ဖြစ်တည်ရေးဆီကို မဖြစ်မနေ ရောက်အောင်သွားကြဖို့ အမှန်လိုအပ်တယ်လို့ ပြောချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာပြီး ဒေသအလိုက် အာဏာ ခွဲ ဝေကျင့်သုံးရေးတွေ ထူထောင်ပြီးမှသာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ သယံဇာတထုတ်ယူသုံးစွဲရေးပြဿနာများနဲ့ လူမှုဘ၀များ ဖွံ့ဖြိုးရေးပြဿနာများကို ငြိမ်းချမ်းညီညွတ်စွာ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ပြည်ထောင်စု တစ်ခုကို စစ်အင်အားနဲ့ ဆွဲစုတာမျိုးမလိုချင်ပါဘူး။ နိုင်ငံရေးယုံကြည်မှု မရှိလို့ တိုင်းရင်းသားတွေဟာ လက်နက် ကိုယ်စီကိုင်ပြီး စုထားရတဲ့ ပြည်ထောင်စုမျိုးကိုလည်း မလိုချင်ပါဘူး။ အမျိုးသားညီညွတ်ရေးရှိရှိ ၊ဒီမိုကရေစီနဲ့ လွတ်လပ်မှုအရသာတွေ ခံစားရရှိပြီး  စီးပွားရေးလက်ဝါးကြီးအုပ်မှုကင်းစွာ သယံဇာတတွေကို တရားမျှတစွာ တိုင်းရင်းသားပြည်သူအများ ခံစားရရှိနိုင်မယ့်  ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတစ်ခုကို လိုချင်ကြတာ ဖြစ်ပါတယ်။

ခု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီWPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCCT တို့ရဲ့ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုအရ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးမူတွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုသို့  ဘယ်လိုဖက်ဒရယ်စနစ်နဲ့တည်ဆောက်မယ့် ပြည်ထောင်စုဖြစ်ရေးတွေ ကို နိုင်ငံရေးဆွေးနွေးပွဲတွေက ပေါ်ထွက်လာမယ့် ရလဒ်တွေအရ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ထူထောင်သွား မယ်ဆိုတဲ့ သဘောထားကို ကျွန်တော်တို့ ထောက်ခံကြိုဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အာဏာအုပ်ချုပ်ရေးခေတ်တွေကို ဖြတ်သန်းခဲ့ကြရပါတယ်။ ဒါကြောင့် လွတ် လပ်မှုနဲ့ တိုင်းရင်းသားတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာအပြင် လူ့သိက္ခာ၊ လူ့တန်ဖိုး ဆုံးရှုံးခဲ့ရမှုတွေ၊ တိုင်းရင်း သားများအကြား ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ကျွန်တော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို  လိုချင်ကြတာ ဖြစ်ပါတယ်။  နောက်ပြီး အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိ ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုချင်ကြတာ ဖြစ်ပါတယ်။ ခု ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အရင်ခေတ် တွေနဲ့ ကွာခြားတာကို တွေ့ရပါတယ်။ အရင်တုန်းကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားပဲ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေသာ ဖြစ်ပါတယ်။ အခုဖြစ်စဉ်က ပြည်သူပါတဲ့ ငြိမ်းချမ်းရေး၊ပွင့်လင်းမြင်သာ တဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံတကာက အလေးထားစောင့်ကြည့်ရတဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုနိုင်ငံသစ် တည် ဆောက်ရေးအတွက် အရေးတကြီးခရီးနှင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်နေပါတယ်။

ပြည်သူတွေဟာ ဒီငြိမ်းချမ်းရေး ရရှိရေးဖြစ်စဉ်လှိုင်းကြီး ရိုတ်ခတ်နေမှုကို အားရ၀မ်းသာ ကြိုဆို နေကြ

ပါတယ်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေထက်လည်း ပြည်သူ့အတွက် ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ် ဆောင်နေပါတယ်။ ဒါကြောင့် ဒီအစိုးရခေတ် ၊ ဒီလွှတ်တော်သက်တမ်းအတွင်းမှာပဲ ငြိမ်းချမ်းရေးအတွက် ရေရာ တဲ့ ပထမဦးဆုံးသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပ်ါတယ်။ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ငြိမ်းချမ်းရေးရလိုမှု မျှော်လင့်ချက်ကြီးကို လျှော့ပါးမသွားစေဘဲ အားပေးမြှင့်တင်ရာရောက်အောင် အရှိန်အဟုန်နဲ့ ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။

 ကျေးဇူးတင်ပါတယ်။

    ဦးခင်မောင်ဆွေ

ဥက္ကဌ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီံနံc

Thursday, August 14, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) ကြေညာချက်အမှတ်( ၈/၂၀၁၄)

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

ကြေညာချက်အမှတ်( ၈/၂၀၁၄)

ရက်စွဲ။ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၁၄)ရက်

 

၁။      ကျွန်ုပ်တို့  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) ၁၁ ပါတီစုပေါင်းအဖွဲ့သည် ၁၁-၈-၂၀၁၄ ရက်နေ့တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီစုစုပေါင်း (၆၆)ပါတီ တက်ရောက်ဆွေးနွေးခဲ့ပြီး  နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်ရေးထိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စောလျင်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်းအဆို ကို တက်ရောက်လာသော နိုင်ငံရေးပါတီများ၏ သဘောထားများကို ရယူ၍ အများသဘောတူကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

၂။      ယင်းသို့ သဘောတူထုတ်ပြန်ရန်အတွက် ညီနောင်တိုင်းရင်းသားဖက်ဒရယ်ရေးရှင်း NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPဥက္ကဌဦးစိုင်းအိုက်ပေါင်းမှ စတင်အဆိုပြုပါသည်။ ယင်းအဆိုကို NLDပါတီ၊ တစညပါတီ၊ NNDP ပါတီနှင့် အခြားသော ဒီမိုကရေစီနှင့် တိုင်းရင်းသားပါတီများက  ယင်းအချိန်တွင် ကန့်ကွက်ဆွေးနွေးခြင်း မရှိခဲ့ပါ။ ညနေပိုင်းတွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဇိုဇမ်မှ နိုင်ငံလုံးဆိုင် ရာအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်းအဆိုမူကြမ်း ကို ဆွေးနွေးပွဲတွင် တစ်ပိုဒ်ခြင်း ဖတ်ပြ၍ ထိုအဆိုပြုချက်ကို သဘောတူပါသလားဟု သုံးကြိမ်မေးမြန်းပါသည်။ ထို့နောက် သဘောမတူသူများရှိပါသလားဟု သုံးကြိမ်မေးမြန်းခဲ့ပါသည်။  သဘောမတူသူများ မရှိပါသဖြင့် ၁၁-၈-၂၀၁၄ ရက်နေ့ ညနေ ၅း၀၀နာရီခန့်တွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်ရေးထိုးရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် တရားဝင်ပါတီများက တိုက်တွန်းကြောင်း ကြေညာချက်ကို မိမိတို့၏လွတ် လပ်သောသဘောဆန္ဒအရ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

၃။      အဆိုပါ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးရရှိလာရေး ပြည်သူအများတောင့်တနေသည့် ဆန္ဒကြီးကို နိုင်ငံနှင့်ပြည်သူ့အပေါ် တာဝန်သိပါတီအသီးသီးက ထိုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းကို မိမိတို့ ဖက်ဒရယ်ဒီမိုက ရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများက တည်ကြည်လေးနက်စွာ ထပ်မံထောက်ခံအပ်ပါသည်။ မြန်မာပြည်သူ များအတွက်  ပြည်တွင်းစစ်ချောက်နှုတ်ခမ်းမှလွတ်မြောက်ပြီး လက်တွေ့ကျသော အမျိုးသားညီညွတ်ရေး ပန်းတိုင်သို့ ရောက်ရှိစေရန်နှင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန် ဆန္ဒပြင်းပြနေသည့်  ပြည်သူများ၏သဘောထား နှင့် ဖီလာဆန့်ကျင်နေသော အပြုအမှုနှင့်လုပ်ဆောင်မှုများကို မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများ အနေဖြင့် လက်မခံနိုင်ပါ။

၎။      ထို့ကြောင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်ရေးထိုးရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲ များစတင်ရန် နိုင်ငံရေးပါတီများက တိုက်တွန်းကြောင်းကြေညာချက်ကို  အမျိုးသားညီညွတ်ရေးအမြန်ဆုံး ဖြစ်ပေါ် စေလိုသော ဆန္ဒမှန်ဖြင့် မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများက ထောက်ခံပါကြောင်း ပြည်သူအများသိစေရန် ကြေညာချက် ထုတ်ပြန်အပ်ပါသည်။

 

`                                                          ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)

ရန်ကုန်မြို့

#to be happy#

$$ kotoetoe $$