စာအမှတ်။ ၀၅၁/ဗဟ-မဒစ/ကချင်-၁၂-၂၀၁၆
ရက်စွဲ။ ဒီဇင်္ဘာလ(၂၃)ရက်၊ ၂၀၁၆ခုနှစ်
သို့
ဥက္ကဌ/တာဝန်ခံ
တိုင်း/ပြည်နယ်စည်းရုံးရေးကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
…………………………………
အကြောင်းအရာ။ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းခြင်း၊
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NDFပါတီအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများအား စီမံခန့်ခွဲရန် အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ဗဟိုရွေးကောက်ပွဲအောင်နိုင် ရေးကော်မတီကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။
ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ
၁။ ဒေါက်တာဝင်းနိုင် ဥက္ကဌ
၂။ ဦးသက်ထွန်းမောင် ဒုဥက္ကဌ
၃။ ဦးနေမင်းကျော် အတွင်းရေးမှူး
၎။ ဒေါ်မြင့်မြင့်မော် ဘဏ္ဍာရေးမှူး
၅။ ဦးတိုးတိုး အဖွဲ့ဝင် သတင်းပြန်ကြားရေးရာ
၆။ ဦးအောင်ဇင် အဖွဲ့ဝင်
၇။ ဦးသာဆိုင် အဖွဲ့ဝင်
၈။ ဦးကြီးမြင့် အဖွဲ့ဝင် ဥပဒေရေးရာ
၉။ ဦးခိုင်မောင်ရည် အဖွဲ့ဝင်
၁၀။ ဗဟိုနာယကများ အဖွဲ့ဝင် စည်းရုံးရေး
၁၁။ ဦးကျော်ထက် အဖွဲ့ဝင် လူငယ်စည်းရုံးရေး
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးဟောပြောသည့်ကိစ္စများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ လိုအပ်သလို စီမံဆောင်ရွက်သွားမည် ဖြစ်သည်။
၁၉-၁၂-၂၀၁၆ ရက်(တနင်္လာနေ့) တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူး အစည်းအဝေးဆုံးဖြတ် ချက်အရ
ဥက္ကဌ
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
မိတ္တူကို-
-ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
-ပြည်နယ်စည်းရုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကချင်ပြည်နယ်
-ရုံးလက်ခံ
-မျှောစာတွဲ