အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဆိပ်ကမ်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မာလာ၏ မဲဆွယ်စည်းရုံးရေးဟောပြောပွဲကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးခိုင်မောင်ရည်နှင့် တိုင်းစည်းရုံးရေးကော်မတီဝင်များက ၁-၁၁-၂၀၁၈ရက်နေ့ ညနေ ၃း၀၀နာရီမှ ၇၀၀နာရီထိ ဦးဆောင်ပြုလုပ်မည်ဖြစ်ပါသည်။
မဲဆွယ်စည်းရုံးရေးဟောပြောပွဲကို တိုင်းဥက္ကဌ ဦးခိုင်မောင်ရည်နှင့် လူငယ်တာဝန်ခံ ဦးကျော်ထက်တို့က
ဟောပြောမည် ဖြစ်ပါသည်။
သတင်းဌာနများအနေဖြင့် သတင်းလာရောက်ရယူနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ