|
အမျိုးသားဒီမိုကရေစီအင်အားစု
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၂/ ၂၀၁၆
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ(၂၅)ရက်
NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ရန်ကုန်တိုင်းအလုပ်အမှုဆောင်ကော်မတီတို့ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီလုပ်ငန်းများကို ပီပြင်စွာလုပ်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအလုပ် အမှုဆောင်ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၅-၁-၂၀၁၆ ရက်နေ့ နေ့လည်၁း၀၀နာရီတွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး၊ ဦးနေမင်းကျော်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးတိုးတိုး၊ ဦးအောင်ဇင်၊ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီဥက္ကဌ ဦးသက်ထွန်းမောင်၊ အတွင်းရေးမှူး ဦးထက်အောက်ကျော်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးထွန်းထွန်းဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ကိုကို၊ ဘဏ္ဍာရေးမှူး ဦးလှခိုင်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လက်ရှိရန်ကုန်တိုင်းအခြေအနေ၊ ပါတီစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရန်အခြေအ နေနှင့် လိုအပ်ချက်များနှင့် ပါတီရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြသည်။ လာမည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင် အားလုံးတို့နှင့် တွေ့ဆုံပွဲကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့သည်။ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စည်းရုံးရေးအခြေအနေများ၊ ပါတီ၏ ပြည်နယ်နှင့် တိုင်းအဆင့်စည်းရုံးရေးကော်မတီများ နှင့် မြို့နယ်စည်းရုံးရေးကော်မတီများ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။