Tuesday, October 27, 2015

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်အဖွဲ့ ကချင်ပြည်နယ်ပူတာအိုမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးရောက်ရှိနေ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၉/၂၀၁၅

 

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်

 

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်အဖွဲ့ ကချင်ပြည်နယ်ပူတာအိုမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးရောက်ရှိနေ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ ပါဝင်သော အဖွဲ့သည်  ရန်ကုန်မြို့မှ ၂၇-၁၀-၂၀၁၅ ရက်နေ့ နံနက် ၁၁း၀၀နာရီက လေကြောင်းခရီးဖြင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သွားရောက်ခဲ့ရာ ပူတာအိုမြို့သို့ ညနေ ၃း၁၅ နာရီတွင် ရောက်ရှိခဲ့ပါသည်။

         ပူတာအိုမြို့တွင်ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဝင် ဒေါ်လီလီထုနှင့် NDF ပူတာအိုမြို့နယ်လွှတ် တော်ကိုယ်စားလှယ်လောင်းများ၊ ပူတာအိုမြို့နယ်စည်းရုံးရေး ကော်မတီဝင်များနှင့် ပါတီဝင်များက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။ လီဆူတိုင်းရင်းသားများကလည်း ၀တ်စုံပြည်ကြိုဆိုခဲ့ကြပါသည်။ ပူတာအိုမြို့နယ်စည်းများက စီစဉ်ပေးထားသော တည်းခိုခန်းတွင် တည်းခိုပြီး ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပူတာအိုမြို့နယ် စည်းများနှင့် ညနေပိုင်းတွင် တွေ့ဆုံ၍ အောင်နိုင်ရေးကိစ္စများကို ဆွေးနွေးမည် ဖြစ်သည်။

         ၂၈-၁၀-၂၀၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့နယ်ဘော်လုံးကွင်းတွင် NDF ပါတီခေါင်းဆောင်များ က လူထုနှင့်တွေ့ဆုံ၍ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ကချင်ပြည်နယ် ၁၅မြို့နယ်တွင် လွှတ်တော်ကိုယ်စား လှယ်လောင်း ၄၉ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Friday, October 16, 2015

Maligayang pagdating sa Twoo!

Magaling, miyembro ka na ngayon ng Twoo. Naririto ang ilang mga tip.
Maligayang pagdating sa Twoo
Narito ang ilang bagay na pwede mong gawin para makapagsimula na.
Alamin kung ano ang Twoo   ➔

Heto ang mga detalye mo sa pagsa-sign in

E-mail: mogokkotoe.ndf2013@blogger.com

Password: b942d959

Pwede mong palitan ang password mo sa isang mas madaling tandaan. Siguraduhing nakatago ang mga detalye mo sa pagla-login.

Hanapin ang mga taong mahalaga sa 'yo

Gamitin ang napakaganda naming search engine upang makahanap ng mga taong kapareho mo ng interes.

Libreng chat

Magsimula ng chat sa isang miyembrong bago at/o patuloy na makipag-ugnayan sa mga kaibigan.

Matagpuan at i-like

Gamitin ang aming mga laro para maalis ang pagkailang at makakilala ng mga bagong miyembro sa loob lang ng ilang sandali.

Twoo
Natanggap mo ang notipikasyong ito dahil nakarehistro ka bilang Mogokkotoe Ndf (mogokkotoe.ndf2013@blogger.com) sa Twoo - Itigil ang subscription. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-tl@twoo.com

Tuesday, October 13, 2015

NDF PRESS RELEASE 3802915ရွေးကောက်ပွဲရွေ့ဆိုင်းမည့်အခြေအနေအပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကို ပြည်သူများသိရှိရန် သတင်းထုတ်ပြန်ခြင်း။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၈/၂၀၁၅

 

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်

ရွေးကောက်ပွဲရွေ့ဆိုင်းမည့်အခြေအနေအပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

သဘောထားကို ပြည်သူများသိရှိရန် သတင်းထုတ်ပြန်ခြင်း။

         ၁၃-၁၀-၂၀၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးသို့ ကော်မတီဝင် (၁၀)ပါတီ မှ (၇)ပါတီ တက်ရောက်ခဲ့ပါသည်။ ကျားဖြူ၊ ကျားခေါင်းနှင့် ကရင်ပြည်သူ့ပါတီမှ မတက်ရောက်နိုင်ခဲ့ပါ။  အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ကိုယ်စားပြု၍ အတွင်းရေးမှူး(၂) ဦးနေမင်းကျော် တက်ရောက်ခဲ့ပါသည်။

         အစည်းအဝေးအစတွင် ပြည်ထောင်စုကော်မရှင်ဥက္ကဌမှ မြန်မာနိုင်ငံဒေသများတွင် ရေကြီး၊ မြေပြိုမှု အခြေအနေများ ဖြစ်ပေါ်နေပါသဖြင့် ရွေးကောက်ပွဲကို ရွေ့ဆိုင်းရန်လိုသည့်အနေအထားများ ဖြစ်နေပါသည်။ တက်ရောက်လာသောပါတီများမှ မည်ကဲ့သို့သဘောထားရှိပါသလဲဆိုသည်ကို မေးမြန်းခဲ့ပါသည်။ ကြံ့ခိုင်ရေး ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့က ရွေ့ဆိုင်းရန်ထောက်ခံ ခဲ့သည်။ NLD ပါတီမှ ကန့်ကွက်ခဲ့ပြီး ကျန်သုံးပါတီမှ ကြားနေခဲ့ကြောင်း သတင်းများတွင် တွေ့နေရပါသည်။

         NDFပါတီမှ ဤကိစ္စသည် စဉ်းစားသင့်ပြီး ရွေ့ဆိုင်းလိုက်ပါက ဖြစ်လာမည့်အကျိုးဆက်နှင့် အပြစ်များ ကို ထည့်သွင်းစဉ်းစားသင့်သည်။ ကချင်ပြည်နယ်တွင် ၂၀၁၂ကြားဖြတ်တွင် ဗန်းမော်၊ မိုးကောင်းနှင့်ဖားကန့် မဲဆန္ဒနယ်များကို ရွေ့ဆိုင်းလိုက်သဖြင့် ထိုဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် ပါတီများ အနေဖြင့် နစ်နာမှု များစွာဖြစ်ခဲ့ရသည်။ ရွေးကောက်ပွဲမဲဆွယ်ကုန်ကျစရိတ်များ၊ စည်းရုံးရေးကုန်ကျစရိတ်များနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ပင်ပန်းမှုများ၊ ထိုကိုယ်စားလှယ်လောင်းများကို ၀န်းရံသည်သူများ၏ စိတ်အားထက်သန်မှု လျော့ကျသွားခြင်းများ ဖြစ်ပေါ်စေခဲ့သလို၊ နောင်တွင်လည်း ထိုဒေသများတွင် ကြားဖြတ် ရွေးကောက်ပွဲကို မလုပ်ခဲ့သဖြင့် ထိုဒေသကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များ မရရှိခဲ့သဖြင့် များစွာနစ်နာမှု ဖြစ်ခဲ့ ရပါသည်။ ထို့ပြင် မကြာမီလက်မှတ်ရေးထိုးမည့် NCAစာချုပ်လက်မှတ်ရေးထိုးပွဲကိုလည်း မထိခိုက်အောင် စဉ်းစားသင့်ကြောင်း၊ရွေးကောက်ပွဲရွေ့ဆိုင်းမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့အကျိုးစီးပွား၊ ငြိမ်းချမ်းရေးအကျိုးစီပွားနှင့် ရွေးကောက်ပွဲတွင်ပါဝင်ကြမည့် နိုင်ငံရေးပါတီများ၏ အကျိုးစီးပွားကို ထည့်သွင်း တွက်ချက်၍ လုပ်ဆောင်သင့်ပါက လုပ်ဆောင်ရန်၊ တစ်နိုင်ငံလုံးတွင် ရေကြီးမြေပြိုဖြစ်ပြီး သဘာဝဘေး အန္တရာယ်ကျရောက်နေပါက မပြောလိုသော်လည်း ယခုကဲ့သို့ နေရာကွက်ပြီး ဖြစ်ပေါ်နေသည်ကို နေရာကွက်ပြီး စဉ်းစားဆောင်ရွက်ရန် ဦးနေမင်းကျော်မှ တင်ပြခဲ့ပါသည်။  

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဒေသအချို့တွင်ရေကြီးမြေပြိုမှုများ ရှိလာပါက ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပစဉ်က ပြုလုပ်ခဲ့သလို နေရာဒေသများကို ကန့်သတ်ပြီး ရွေ့ဆိုင်းထားရန်နှင့်  ကျန်တစ်တိုင်းပြည်လုံးရှိ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲကျင်းပပေးသင့်ကြောင်း၊ ရွေ့ဆိုင်းရန် မသင့် ကြောင်း၊ ငွေရှိပြီးအင်အားရှိသည့် ပါတီကြီးများအနေဖြင့် စိတ်ကြိုက်ထပ်မံစည်းရုံးမဲဆွယ်နိုင်သော်လည်း၊ ငွေမရှိ၊ အင်အားနည်းသည့် ပါတီငယ်များအနေဖြင့် ပြည်သူကို ထပ်မံမဲဆွယ်ရန်အတွက် ကုန်ကျစရိတ်များနှင့် စိတ်အား ထက်သန်မှုများ၊ ၀န်းရံသည့်ပြည်သူများနှင့် ကိုယ်စားလှယ်လောင်းများ၏ စိတ်အားထက်သန်မှုများ၊ လုံလစိုက် ထုတ်မှုများသည် ယခုကဲ့သို့ ရွေ့ဆိုင်းလိုက်ပါက လျေုာ့နည်းသွားနိုင်မည့်အပြင် မဲနိုင်နိုင်မည့်အခြေအနေများပါ ပျက်ပြားသွားနိုင်သည့် အနေအထားမျိုး ဖြစ်ပေါ်နိုင်ပါသည်။  ထို့ကြောင့်  ရွေးကောက်ပွဲရွေ့ဆိုင်းမည့်ကိစ္စသည် သေသေချာချာ စဉ်းစားသင့်သည့်ကိစ္စ ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လုပ်ပိုင်ခွင့်ရှိ နေပါသော်လည်း နိုင်ငံရေးပါတီအားလုံး၏သဘောထားကို ထောက်ထားသင့်သည်ဟု NDF ပါတီမှ သဘောထား ရှိပါသည်။

         ထိုရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းမှုကော်မတီ(ဗဟိုအဆင့်)ဆွေးနွေးပွဲတွင် မန္တလေးတိုင်း မလှိုင်မြို့ နယ်တွင်ဖြစ်ပေါ်နေသော  USDP ကိုယ်စားလှယ်လောင်းများက NDF ပါတီကိုယ်စားလှယ်နှင့် NDFပါတီအား အပုတ်ချခြင်း၊ NDF ပါတီကိုအားပေးသူများအား NDF ပါတီမဲရှုံးပါက အဖမ်းခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများ၊ မွန်ပြည်နယ် ဘီးလင်းမြို့တွင် NLD ပါတီမြို့နယ်ဥက္ကဌက ခမောက်သူခိုးပါတီဟု စွပ်စွဲပြောဆို ခြင်းများကို ရွေးကောက်ပွဲဆိုင်ရာညှိနှိုင်းဖြေရှင်းရေးကော်မတီသို့ တင်ပြဆွေးနွေးခဲ့သည်။ ပုသိမ်ကြီး၊ လသာ၊ လမ်းမတော်နှင့် မြောက်ဒဂုံမြို့နယ်များတွင် NDF ပါတီကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ဗွီနိုင်းများ အဖျက်အစီး ခံရမှုကိုလည်း အစည်းအဝေးတွင် တင်ပြခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Monday, October 12, 2015

ကျောက်တံတားမြို့နယ် NDF ခမောက်ပါတီ၏ မဲဆွယ်ဟောပြောပွဲကို (၁၅ ရက် အောက်တိုဘာလ ၊ ၂၀၁၅) နေ့တွင် မဟာဗန္ဒုလ ပန်းခြံရှေ့တွင်ဟောခွင့် ရရှိပြီဖြစ်ပါသည်။

..ဆူးလေ ပန်းခြံဟောပြောမဲဆွယ်ပွဲ..............
လေးစားရပါသော မဲဆန္ဒရှင် ပြည်သူများ ၊ မီဒီယာများ ၊ ကျောက်တံတားမြို့နယ်နေပြည်သူများ၊ နိုင်ငံရေးပါတီများ စိတ်ဝင်စားသူ လူအများတို့ ခင်ဗျာ။
...
ကျွန်တော်များ ကျောက်တံတားမြို့နယ် NDF ခမောက်ပါတီ၏ မဲဆွယ်ဟောပြောပွဲကို (၁၅ ရက် အောက်တိုဘာလ ၊ ၂၀၁၅) နေ့တွင်
မဟာဗန္ဒုလ ပန်းခြံရှေ့တွင်ဟောခွင့် ရရှိပြီဖြစ်ပါသည်။
.....သို့ပါ၍ လူကြီးမင်းတို့ အနေဖြင့် ကျွန်တော်များ၏ မဲဆွယ်ဟောပြောပွဲအား လာရောက်အကဲဖြတ်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်ခင်ဗျား။။။

ဟောပြောမည့်နေ့ ။ ။ ၂၀၁၅ ခုနှစ် ၊အောက်တိုဘာလ ၊ ၁၅ ရက်
ဟောပြောမည့် အချိန် ။ ။ ညနေ ၄ နာရီ မှ ၆း၃၀ အထိ
စည်းရုံးဟောပြောမည့်သူများ ။ ။
၁။ ဦးကျော်သူရ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)
၂။ ဦးဝင်းသိန်းဟန် ( အမျိုးသားလွှတ်တော် ၅
၃။ ဒေါ်ခင်ငြိမ်းချမ်း (တိုင်းဒေသကြီး )
၎။ ဒေါက်တာလှမျိုး ( ။ )

လေးစားစွာဖြင့်

ဦးကျော်သူရ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျောက်တံတားမြို့နယ်
အမျိုးသားဒီမိုကရေစီအင်အားစု။

Wednesday, October 7, 2015

NDF ပါတီ၊ ရန်ကုန်တိုင်းအတွင်းမြို့နယ်အလိုက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမည့် နေ့ရက်များ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

  မြို့နယ်အလိုက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမည့်

              နေ့ရက်များ

၈-၁၀-၂၀၁၅ ရက်နေ့   ပုဇွန်တောင်(၈း၀၀နာရီ)

၉-၁၀-၂၀၁၅ရက်နေ့    ဗိုလ်တထောင်၊အလုံ

၁၀-၁၀-၂၀၁၅ ရက်နေ့  အလုံ၊ လှိုင်သာယာ

   ရန်ကုန်တိုင်းအောင်နိုင်ရေးကော်မတီ

   အလှပြယာဉ် ထွက်မည့်နေ့

   အောက်တိုဘာလ ၁၀ရက်၊ ၁၁ရက်၊၁၂ ရက်

(မြို့နယ်များအလိုက် ကမ်းပိန်းထွက်မည့်နေ့များကို ဗဟိုဌာနချုပ် သို့ အကြောင်းကြားဆက်သွယ်ကြပါရန်)

                    ပြန်ကြားရေးဌာန

                          အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

                                     ဌာနချုပ် (၀၉၄၅၀၀၅၇၀၈၈)