Tuesday, July 28, 2015

NDF press-release 31-2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၁/၂၀၁၅

ရက်စွဲ။ ၂၉-၇-၂၀၁၅

 

NDF ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ခြင်း

         ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီများမှ ပေးပို့လာသော စာရင်းများအရ

ပြည်နယ်နှင့်တိုင်းများတွင်  အောက်ပါအတိုင်း ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားပါသည်။

                                    

စဉ်

တိုင်းဒေသကြီး

ပြည်နယ်

ဝင်ရောက်ယှဉ်ပြိုင်မည့်

မြို့နယ်အရေအတွက်

ဝင်ရောက်ယှဉ်ပြိုင်မည့်

မဲဆန္ဒနယ်မြေ

ကိုယ်စားလှယ်ဦးရေ

ကချင်ပြည်နယ်

၁၁

၄၂

၄၂

မကွေးတိုင်းဒေသကြီး

၁၈

၁၈

ကရင်ပြည်နယ်

၁၇

၁၇

တနင်္သာရီတိုင်းဒေသကြီး

 

စုစုပေါင်း

၂၅

၈၄

၈၄

         ဤစာရင်းမှာ ယခုရရှိထားသော စာရင်းများအရ ဖြစ်ပြီး ၀င်ရောက်ယဉ်ပြိုင်ရန် တိုးလာသော မြို့နယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို  ထပ်မံထုတ်ပြန်မည်ဖြစ်သည်။

         ကျန်ရှိနေသော ပြည်နယ်နှင့်တိုင်းများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် လူဦးရေစာရင်းကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

NDFပါတီ၏ မြန်မာပြည်တွင်ဖြစ်ပေါ်နေသော ရေဘေးအခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

မြန်မာပြည်တွင်ဖြစ်ပေါ်နေသော ရေဘေးအခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်

ယခုအခါ မြန်မာနိုင်ငံ နေရာအနှံအပြားတွင် မိုးကြီးလျှက် ရှိနေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ မြို့နယ်အချို့တို့တွင်  မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လူ့အသက်များ ဆုံးရှုံးနေရကြောင်း ကြားသိနေရပါသည်။ ထို့ပြင် မိုးရွာရေကြီးမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရေထိန်းဆည်အချို့ ကျိုးပေါက်ခဲ့ရသလို အဓိက ဆည်ကြီးများလည်း အန္တရာယ် ရှိနေပြီ ဖြစ်ပါသည်။  အချို့ဖြစ်စဉ်များတွင် ကားလမ်းများ၊ ရထားလမ်းများ ပိတ်ဆို့ရုံမျှမက တံတားများပါ ကျိုးပျက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော ရေကြီးမှုများ၊ တောင်ကျရေများ ပြင်းထန်စွာကျဆင်းမှုများကြောင့် ပြည်သူများ၏ အိုးအိမ်များနှင့် အသက်ဆုံးရှုံးမှုများပါ ပျက်စီးဆုံးပါးခဲ့သည်ကို ပြည်သူအများက စိုးရိမ်တကြီး စောင့်ကြည့်ရသည့် အခြေအနေသို့ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

         ကျွန်ုပ်တို့  အမျိုးသားဒီမိုကရေစီအင်အားစု NDF ခမောက်ပါတီသည်  ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ဖြစ်သော်ငြားလည်း ပြည်သူများ၏ အသက်အန္တရာယ်ဘေးထက် ပို၍အရေးကြီးသည်မဟုတ်ဟု မှတ်ယူပါသည်။ ထို့ကြောင့် ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကို ပြည်သူအများ ကြုံတွေ့ခံစားနေရသည့်အတွက် များစွာကြောင့်ကြခြင်းများနှင့်အတူ နောက်ထပ်ဖြစ်ပေါ်မလာရေးကို ကြိုတင်ကာကွယ်မှုများ အချိန်နှင့် တပြေးညီ  ဆောင်ရွက်ရမည်ဟု ခံယူပါသည်။ ထို့ကြောင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရတို့မှ ဆောလျင်ထိရောက်စွာ  လူအား၊ ငွေအားနှင့် အုပ်ချုပ်ရေးဆိုင်ရာ ထိရောက်သောစွမ်းအားတို့ကို အသုံးပြု၍ ဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

         ယခုအထိ  ဆည်ရေများ ပိုမိုလျှံကျနေမှုကို တားဆီးနိုင်ရေးနှင့် ပြည်သူအများ၏ အသက်အိုးအိမ် ဆုံးရှုံး နေမှုတို့မှ သက်သာခွင့်ရရေးကို တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့်  တသီးပုဂ္ဂလိကပြည်သူနှင့်အဖွဲ့အစည်းများက အကူအညီပေးနေကြသည်ကို ကြားသိနေရပါသည်။ သို့သော်လည်း အတိဒုက္ခရောက်နေကြသော ရေဘေးသင့် ပြည်သူများအား ထိရောက်သော အစားအသောက် အကူအညီ၊ နေရေးထိုင်ရေးအကူအညီ၊ ဆေးဝါးအကူအညီ များကို နိုင်ငံတော်အစိုးရ၏ သီးသန့်ရံပုံငွေမှလည်းကောင်း၊ ရေအရင်းအမြစ်ထိန်းသိမ်းရေးဦးစီးဌာနတို့၏ ပူး ပေါင်းဆောင်ရွက်ပေးမှု စသည့်ဌာနဆိုင်ရာအသီးသီးသော ၀န်ကြီးဌာနများမှာလည်းကောင်း ၊ ထို့ပြင် ဤကဲ့သို့ သော ရေဘေးသင့်ပြည်သူများအတွက် ကုလသမဂ္ဂအစီအစဉ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်းကောင်း၊ အကူအညီများပေးရန်နှင့် လူမှုအဖွဲ့အစည်းများသို့ပါ သက်ဆိုင်ရာအာဏာပိုင်တို့မှ လှုံဆော်တိုက်တွန်းရန် အထူးလိုအပ်သည်ဟု NDF ပါတီမှ ရှုမြင်ပါသည်။

         မိုးရွာသွန်းမှု နောက်ထပ်ဖြစ်ပေါ်လာပါက  စိုးရိမ်ရေမှတ် ကျော်လွန်တော့မည်ဖြစ်သော ဧရာဝတီ၊ စစ် တောင်းနှင့် မူးမြစ်တို့၏ အနေအထားမှာလွန်စွာအန္တရာယ်ရှိမည့် အနေအထားသို့ ရောက်ရှိနေပါသည်။ ထို့ကြောင့် ပြည်သူများအတွက် ကြိုတင်ကာကွယ်မှုများကို နိုင်ငံတော်အစိုးရမှ ထိရောက်စွာလုပ်ဆောင်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Sunday, July 26, 2015

ndf press release 30-205 office open 26-7-2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၀/၂၀၁၅

ရက်စွဲ။ ၂၆-၇-၂၀၁၅

 

NDF ပါတီ ကြည့်မြင့်တိုင်မြို့နယ်ရုံးဖွင့်ပွဲပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ်ရုံးဖွင့်ပွဲကို ၂၆-၇-၂၀၁၅ ရက်နေ့  နံနက် ၉း၃၀နာရီတွင် မြို့နယ်ရုံးတည်ရှိရာ ကြည့်မြင့်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦးနှင့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ကြည့်မြင့်တိုင်မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးကြီးမြင့်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ကြည့်မြင့်တိုင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြ မည့် လွှတ်တော်ကိုယ်စားလှယ်လောင်များ၊ ရန်ကုန်တိုင်းအတွင်းဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ပါတီဝင်များ စုစုပေါင်း ၇၀ဦးခန့် တက်ရောက်ခဲ့ကြသည်။

         မြို့နယ်ရုံးဖွင့်ပွဲတွင် မြို့နယ်ဥက္ကဌဦးကြီးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီခေါင်းဆောင်များနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦးတို့က ပါတီ၏လုပ်ဆောင်မှုများကို ပြောကြားခဲ့ပြီး လူငယ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်း လူငယ်တာဝန်ခံ ကိုကျော်ထက်က ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဥက္ကဌ ဦခင်မောင်ဆွေက ပါတီမူဝါဒ၊ ပေါ်ပေါက်လာရခြင်းနှင့် ပါတီ၏ဆောင်ရွက်ချက်များ၊ ပါတီရှေ့ဆက်သွားမည့်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် ပါတီ၏ဆောင်ရွက်ချက်များနှင့်  ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုနိုင်ရေး အတွက် ပါတီ၏ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

         ထို့နောက် နံနက် ၁၁း၀၀နာရီတွင် ကြည့်မြင့်တိုင်မြို့နယ်ရုံးဖွင့်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

        

 

မွန်ပြည်နယ်ဘီးလင်းတွင် NDF ပါတီရပ်ကွက်ကျေးရွာရုံးများဖွင့်လှစ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရပ်ကျေးရုံးများဖွင့်ပွဲကို ၂၆-၇-၂၀၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိေ၇ွှလှေကျေး၇ွာအုပ်စု၇ုံး၊အနိုင်းပွန်ကျေး၇ွာ၇ုံးနှင့်ပေါက်တောကျေး၇ွာအုပ်စုရုံးများတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ မွန်ပြည်စည်းရုံးရေးမှူး ဦးကြည်အေးနှင့် ပေါင်မြို့နယ်စည်းများ၊ ဘီးလင်းမြို့ နယ်စည်းများနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်  လွှတ်တော်ကိုယ်စား လှယ်လောင်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်

Friday, July 24, 2015

ndf press release 29-2015 ndf candidate

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၂၉/၂၀၁၅

ရက်စွဲ။ ၂၄-၇-၂၀၁၅

 

NDF ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ခြင်း

         ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီများမှ ပေးပို့လာသော စာရင်းများအရ

ပြည်နယ်နှင့်တိုင်းများတွင်  အောက်ပါအတိုင်း ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားပါသည်။

                                    

စဉ်

တိုင်းဒေသကြီး

ပြည်နယ်

ဝင်ရောက်ယှဉ်ပြိုင်မည့်

မြို့နယ်အရေအတွက်

ဝင်ရောက်ယှဉ်ပြိုင်မည့်

မဲဆန္ဒနယ်မြေ

ကိုယ်စားလှယ်ဦးရေ

မွန်ပြည်နယ်

၁၆

၁၆

ပဲခူးတိုင်းဒေသကြီး

၂၄

၂၄

ရှမ်းပြည်နယ်

၂၃

၂၃

 

စုစုပေါင်း

၁၉

၆၃

၆၃

         ဤစာရင်းမှာ ယခုရရှိထားသော စာရင်းများအရ ဖြစ်ပြီး ၀င်ရောက်ယဉ်ပြိုင်ရန် တိုးလာသော မြို့နယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို  ထပ်မံထုတ်ပြန်မည်ဖြစ်သည်။

         ကျန်ရှိနေသော ပြည်နယ်နှင့်တိုင်းများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် လူဦးရေစာရင်းကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

Monday, July 20, 2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၂၈/၂၀၁၅

ရက်စွဲ။ ၂၁-၇-၂၀၁၅

 

NDF ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ခြင်း

         ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီများမှ ပေးပို့လာသော စာရင်းများအရ

ပြည်နယ်နှင့်တိုင်းများတွင်  အောက်ပါအတိုင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။

                                    

စဉ်

တိုင်းဒေသကြီး

ပြည်နယ်

ဝင်ရောက်ယှဉ်ပြိုင်မည့်

မြို့နယ်အရေအတွက်

ဝင်ရောက်ယှဉ်ပြိုင်မည့်

မဲဆန္ဒနယ်မြေ

ကိုယ်စားလှယ်ဦးရေ

နေပြည်တော်

မန္တလေး

၁၇

၁၇

ရန်ုကုန်

၂၃

၄၉

၄၉

         ဤစာရင်းမှာ ယခုရရှိထားသော စာရင်းများအရ ဖြစ်ပြီး ၀င်ရောက်ယဉ်ပြိုင်ရန် တိုးလာသော မြို့နယ်များစာရင်းကို  ထပ်မံထုတ်ပြန်ပေးမည်ဖြစ်သည်။

         ကျန်ရှိနေသော ပြည်နယ်နှင့်တိုင်းများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် လူဦးရေစာရင်းကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

#to be happy#

$$ kotoetoe $$

Wednesday, July 15, 2015

NDF PRESS RELEASE 27-2015 NDF ပါတီ ရန်ကုန်တိုင်းငါးမြို့နယ် ပါတီစည်းရုံးရေးပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၂၇/၂၀၁၅

ရက်စွဲ။ ၁၅-၇-၂၀၁၅

NDF ပါတီ ရန်ကုန်တိုင်းငါးမြို့နယ် ပါတီစည်းရုံးရေးပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီမှ ဦးဆောင်၍ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းလုပ်ဆောင်ချက်များအကြောင်း ပြည်သူအများ သိရှိရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  ၂၅-၇-၂-၁၅ ရက်နေ့ နံနက် ၉း၀၀နာရီမှ စတင်၍ ပြုလုပ်ခဲ့ကြသည်။  ထိုလှုပ်ရှားဆောင်ရွက်မူသို့ NDF ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်၍  ပြည်သူလူထုသို့ လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့သည်။ ပထမဦးစွာ တာမွေမြို့နယ်သို့ သွားရောက် ခဲ့ကြပြီး ထိုမှ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်ချက်များ လက်ကမ်းစာရွက်များကို ဖြန့်ဝေ ခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။