Wednesday, April 30, 2014

NDF မေးဒေးနေ့ကြေညာချက်

Description: Description: Description: Description: Description: Description: Description: Description: Description: Copy of AL

အမျိုးသားဒီမိုကရေစီအင်အားစု

NATIONAL DEMOCRATIC FORCE

အမှတ် (၄၇)၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်းအနီး၊ ဗိုလ်စိန်မှန်ရပ်ကွက်၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

No-47,First Floor, West Horse Race Course road,nearTarmwe Circle, BoSeinmanQr, Bahan township,

Yangon, Myanmar    .  Phone : 09 4500 570 88          emailး  ndfmyanmar.hq @ gmail.com

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

(၁၁၄)နှစ်မြောက်   ကမ္ဘာ့အလုပ်သမားနေ့ကြေညာချက်

ကြေညာချက်အမှတ် ( ၃/၂၀၁၄ )

                    နှစ်ပေါင်း (၁၁၄) နှစ်ကြာတည်တံ့လာခဲ့သော ကမ္ဘာ့အလုပ်သမားနေ့သည် ယနေ့ ၂၀၁၄ ခု မေလ(၁) ရက်နေ့တွင် ဂုဏ်ယူဖွယ်ရာကျရောက်လာခဲ့ပေပြီ။ ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ဤကမ္ဘာအလုပ် သမားနေ့ကို နိုင်ငံတကာအလုပ်သမားထုကြီးအတွက် အလေးအနက်ခံယူပါသည်။ ၁၈ရာစုအတွင်း  စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်လာပြီးနောက် အရင်းရှင်စနစ်သည် အလုပ်သမားလူတန်းစားတို့အပေါ် အဓမ္မလုပ်အားခေါင်းပုံဖြတ်မှုများ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတစ်ခွင် ဖြန့်ကျက်ဖြစ် ပေါ်ခဲ့သည်။ အရင်းရှင်တို့သည် လူသားအချင်းချင်း ညှာတာမှုကင်းမဲ့စွာ အလုပ်ချိန်နာရီပေါင်းများစွာစေခိုင်း၍ လုပ်အားနှင့်မမျှသော လုပ်ခကြေးငွေဖြင့်စေခိုင်းခြင်း စသည့်လူမှုရေးနာကျင်မှုများကို  ခံစားရရှိစေခဲ့သည်။ ထို့ကြောင့်  စိန့်လူးဝစ်မြို့ အမေရိကန်အလုပ်သမားအဖွဲ့ချုပ် ညီလာခံကြီးက အလုပ်သမားလူတန်းစားတို့ ရသင့် ရထိုက်သော အလုပ်ချိန်အခွင့်အရေးဖြစ်သည့်   တစ်နေ့အလုပ်ချိန် ရှစ်နာရီရရှိရေးအတွက် ၁၈၉၀ခုမေ(၁)ရက် နေ့ကို တိုက်ပွဲဝင်နေ့အဖြစ်  ၁၈၈၉ခုနှစ်တွင်ဆုံးဖြတ်၍ သတ်မှတ်တောင်းဆို တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ ခေတ်ထိတိုင် သမိုင်းဝင်ခဲ့ပေသည်။

                    ထို့အတူ ၁၈၈၉ ခု ဇူလိုင်လတွင် ပဲရစ်မြို့၌ ကျင်းပသော ဒုတိယအင်တာနေရှင်နယ်ဖွဲ့စည်းရေး ပြင်ဆင်မှုအစည်းအဝေး ကလည်း မေလ(၁)ရက်နေ့ကိုပင် တညီတညွတ်တည်း သဘောတူသတ်မှတ်၍ နိုင်ငံအများကပါ လက်ခံကျင်းပခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်ခဲ့ပေသည်။ ယင်းသို့ဖြင့် တစ်နေ့ အလုပ်ချိန် ရှစ်နာရီရရှိရေးတိုက်ပွဲအဆင့်မှ  အရင်းရှင်တို့၏ သွေးစုပ်ချယ်လှယ်ခံဘ၀မှ အလုပ်သမား လွတ်မြောက်ရေးတိုက်ပွဲအဆင့်သို့ကူးပြောင်းကာ ကမ္ဘာ့ အလုပ်သမားနေ့အဖြစ်လည်းကောင်း၊ ကမ္ဘာ့အလုပ်သမားေ သွးစည်းညီညွတ်ရေးနေ့ အဖြစ်လည်းကောင်း၊ အလုပ်သမား များ၏တိုက်ပွဲနေ့ (မေဒေးနေ့) ဟူ၍ ပေါ်ပေါက်လာခဲ့ရသည်မှာ ကမ္ဘာ့အလုပ်သမားထုကြီး၏ သမိုင်းတွင် ဂုဏ်ရောင် ပြောင်ခဲ့ခြင်း မဟုတ်ပါလော။

          ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ကိုလိုနီအရင်းရှင်စနစ်ကြီးစိုးပြီးနောက် မြန်မာနိုင်ငံအလုပ်သမား   တို့မှာ ၁၉၃၇ ခုနှစ်အထိ သွေးစုပ် ချယ်လှယ်ခြင်း ခံခဲ့ကြရပေသည်။  သို့ဖြစ်ရာ အထင်ရှားဆုံးနှင့်အကြီးကျယ်ဆုံး အလုပ်သမားတိုက်ပွဲ အဖြစ်  ချောက်ရေနံမြေ အလုပ်သမားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ယင်းသပိတ်ကြီး တွင် ရေနံမြေအလုပ်သမားများသည် တောင်သူလယ်သမားများ၊ ကျောင်းသားများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့အထိ ချီတက်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံကြီးအဖြစ် ကျော်ကြားခဲ့ပြီး တောင်သူ လယ်သမား၊ အလုပ်သမားမဟာမိတ်ဖွဲ့စည်းမှုကြီး ဖြစ်ပေါ်လာခဲ့ပေသည်။ ဤသည်ကား မြန်မာနိုင်ငံတွင် ပထမဆုံးသော  မေဒေးနေ့ဟူ၍ ပေါ်ပေါက်လာခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်ပါသည်။

                    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ယနေ့ကာလအထိ  အလုပ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ၊ အပြည့်အ၀ရရှိခံစားရမှုမရှိဘဲ  ဆုံးရှုံးနေရဆဲရှိနေပေသေးသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံရေးသို့ အကူးအပြောင်းကာလအဖြစ်  အများက မျှော်လင့်နေသည့် ယနေ့အချိန်တွင်ဖယ်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတို့နှင့်အတူ အလုပ်သမားများ၏ အခွင့်အရေးကိုပါ ၀ိုင်းဝန်းကြိုးပမ်းကြရန် တာဝန်ရှိကြပေသည်။

                    ဤသို့ဆိုလျှင် ရှေ့အဖို့တွင် အလုပ်သမားတို့၏ အခွင့်အရေးကာကွယ်မှုအပါအ၀င်၊ အလုပ်သမားတို့၏ ဘ၀ အာမခံချက်ရရှိရေး၊ သက်သာချောင်ချိရေးတို့အတွက်  ခေတ်နှင့်လျှော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရေး တို့ကို အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဤ(၁၁၄)နှစ်မြောက်   ကမ္ဘာ့ အလုပ်သမားနေ့ကို ဂုဏ်ပြုလျှက် လေးနက်စွာအဓိဋ္ဌာန်ပြုကြေညာအပ်ပါသည်။

 

                                                                                ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                                                                                အမျိုးသားဒီမိုကရေစီအင်အားစု

ရက်စွဲ။ မေလ(၁)ရက်၊ ၂၀၁၄   

Wednesday, April 23, 2014

ndf ဗဟိုအလုပ်အမှုဆောင်ကော်မတီအထုးအစည်းအဝေးကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးကို ၂၃-၄-၂၀၁၄ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ndf ပါတီဌာနချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး (၁) ဦးကြည်သန်း၊ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသော ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးအောင်ဇင်၊ ဦးကြီးမြင့်နှင့် ဦးထက်အောင်ကျော်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပါတီ၏စည်းရုံးရေးလုပ်ငန်း၊ ကြားဖြတ်ရွေးကောက်ပွဲ၊ အွန်လိုင်းစာစောင်ထုတ်ဝေရေး၊ မန္တလေးတွင်ကျင်းပမည့် ပဥ္ဒမအကြိမ် ဗဟိုဦးစီးညီလာခံအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် အထွေထွေကိစ္စရပ်များကို တက်ေ၇ာက်လာသူများက ၀ိုင်းဝန်းဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ ၄း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
#to be happy#

$$ kotoetoe $$

NDF ဦးအောင်ဇင် စံတော်ချိန်သတင်းစာ( ၂၃-၄-၂၀၁၄) အင်တာဗျုး

ဦးအောင်ဇင် စံတော်ချိန်သတင်းစာ( ၂၃-၄-၂၀၁၄) အင်တာဗျုး

မေးခွန်းတွေ၊ အဆိုတွေကို လွှတ်တော်ကြီးက မှတ်တမ်းတင်ရုံ၊ ၀န်ကြီးဌာနတွေက ရှောင်ဖြေရုံနဲ့ ဒီမိုကရေစီလွှတ်တော်ကြီး ဖြစ်လာမှာမဟုတ်ဘူး။

ဦးအောင်ဇင်( ပုဇွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

         မြန်မာနိုင်ငံနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပုံစံတူညီသည့် အင်ဒိုနီးရှားနိုင်ငံတွင် လွှတ်တော်တွင်း တပ်မတော်အခန်းကဏ္ဍပါဝင်မှုလျှော့ချခဲ့ပုံနှင့် ရွေးကောက်ပွဲစနစ်များ၊ မဲပေးမှုပုံစံများတွင် မြန်မာနိုင်ငံနှင့်ကွာဟ နေမှုများနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဧပြီလ ၈ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သည့် အင်ဒိုနီးရှား-မြန်မာ ပါလီမန်ပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲမှုဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ သူ  အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပုဇွန်တောင်မြို့နယ်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်နှင့် စံတော်ချိန်သတင်းစာမှ အင်တာဗျူးပြုလုပ်ထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။   ပါလီမန်ပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ဖြစ်ပုံနဲ့ အဲ့ဒီမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားဆွေးနွေးဖြစ်လဲဆိုတာ သိချင်ပါတယ်။

ဖြေ။    အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ အိုင်ဒီဘီတက္ကသိုလ်က ကျွန်တော်တို့ပါတီကို ဖိတ်ကြားလို့ ပါတီကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တက်ခဲ့တာပါ။ အဲ့ဒီဆွေးနွေးပွဲမှာ အင်ဒိုနီးရှားပါလီမန်ဥက္ကဌလည်း တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံက နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၇ ယောက်နဲ့ လွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ်၁၀ ယောက် တက်ရောက်ခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော်က လက်ရှိလွှတ်တော်တွင်းအခြေအနေအချို့ကို တင်ပြခဲ့တယ်။ NLD ပါတီက ဦးဝင်းထိန်က သူတို့ပါတီရဲ့လုပ်ဆောင်ချက်တွေ၊ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ရဲ့လုပ်ဆောင်ချက်တွေ၊ တစညပါတီက ရွေးကောက်ပွဲမှာ သူတို့ပါတီရဲ့လုပ်ဆောင်ချက်တွေကို တင်ပြခဲ့တယ်။

မေး။   သူတို့နိုင်ငံက မြန်မာနိုင်ငံနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ တူတယ်လို့ကြားတယ်။ သူတို့နိုင်ငံမှာရော ဒီမို ကရေစီနိုင်ငံဖြစ်ဖို့ ဘယ်လိုပုံစံနဲ့ လျှောက်လှမ်းခဲ့တာကို လေ့လာခွင့်ရခဲ့ရင် ပြောပေးပါဦး။

ဖြေ။    သူတို့နိုင်ငံကလည်း မြန်မာနိုင်ငံလိုပဲ လွှတ်တော်တွင်းတပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်ခဲ့တယ်။ ဒီပါဝင်မှု ကို တဖြည်းဖြည်းနဲ့ လျှော့ချတာ နှစ်ပေါင်း၅၀လောက်ကြာတယ်။ တပ်မတော်သားတွေ လွှတ်တော်ထဲပါဝင်မှုမှာ တရွေ့ရွေ့ပြောင်းရတယ်ဆိုတဲ့ လွှတ်တော်တွင်းတပ်မတော်ရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားပါလီမန်ဥက္ကဌ က တင်ပြခဲ့တယ်။ နောက်ပြီး ရွေးကောက်ပွဲမှာ Mix PR စနစ်ကို ကျင့်သုံးတာတွေ့ရတယ်။ အချို့နေရာတွေမှာ နိုင်သူအကုန်ယူဆိုတဲ့ FPTP စနစ်သုံးပြီး  အချီု့နေရာတွေမှာ PRစနစ်ကို ကျင့်သုံးတယ်ဆိုတာ သိခွင့်ရခဲ့တယ်။

မေး။   FPTP စနစ်နဲ့ PRစနစ် ကွာခြားမှုလေးကို သုံးသပ်ပေးပါဦး။

ဖြေ။    FPTPစနစ်က နိုင်သူအကုန်ယူဆိုတဲ့အတွက် မဲသုံးလေးမဲ အကွာနဲ့ နိုင်သွားတာတွေလည်း ရှိတယ်။ အဲ့ဒီလို မဲသိပ်မကွာဘဲရှုံးသွားသူနဲ့ သူ့ကိုကိုယ်စားပြုပြီး ပေးထားတဲ့ပြည်သူတွေအတွက်ကတော့ နစ်နာတာပေါ့။ PRကတော့ အချိုးကဆိုတော့ အနည်းကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေလည်း  လွှတ်တော်ထဲရောက်တာ ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ PRကျင့်သုံးဖို့ မသင့်ဘူးလို့ ထင်နေကြတာတွေရှိတယ်။ ကျွန်တော်တို့နဲ့ ပုံစံချင်းတူတဲ့ အင်ဒိုနီးရှားမှာဆိုရင် PR ကို အလွယ်တကူသုံးနေကြပါပြီး။

မေး။   မြန်မာနိုင်ငံမှာရော ဘယ်လိုရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့အကြံပေးချင်သလဲ။

ဖြေ၊    မြန်မာနိုင်ငံမှာ PRသုံးဖို့ ခါးခါးသီးသီးဖြစ်နေတာတွေ ရှိတယ်။ ဒါဆိုရင် PRကို ဘယ်လိုပုံစံနဲ့ကျင့်သုံးလို့ ရမလဲလို့ စဉ်းစားသင့်တယ်။ ကျွန်တော့်အနေနဲ့ကတော့ PRကို ပြည်သူ.့လွှတ်တော်မှာသုံး ။ အမျိုးသားလွှတ် တော်မှာ FPTPစနစ်သုံးပြီးး တိုင်းပြည်အခြေအနေ ငြိမ်းချမ်းမှုသိပ်မရှိတဲ့နေရာမှာဆိုရင် PR မသုံးနဲ့ပေါ့။  အင်ဒိုနီး ရှားလိုပဲ Mix PR  ကျင့်သုံးဖို့ အကြံပြုချင်တယ်။ ဒီလိုကျင့်သုံးမယ်ဆိုရင် ဘယ်နိုင်ငံရေးပါတီပဲနိုင်နိုင်၊ အစိုးရဖွဲ့လို့ ရတယ်။ ဒါပေမယ့် အောက်ခြေမှာ ကိုယ်စားပြုမှုအနည်းငယ်စီပါလာတော့ အများစုက ကိုယ်လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူး။

မေး။   ဆွေးနွေးပွဲကျင်းပချိန်က အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနေချိန်လို့ သိရပါတယ်။  အဲ့ဒီမှာ ရွေးကောက်ပွဲမဲပေးမှုပုံစံတွေကိုရော လေ့လာခွင့်ရခဲ့ရင် မဲပေးမှုဘယ်လိုရှိတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ။    သူတို့ဆီမှာ မဲရုံတစ်ရုံမှာ မဲပေးခွင့်ရှိသူ အယောက် ၅၀၀ပဲရှိတယ်။ နောက်ပြီး ပွင့်လင်းမြင်သာမှုလည်း ရှိတယ်။ မဲပေးတဲ့အခါမှာလည်း ၀င်ပြိုင်တဲ့ကိုယ်စားလှယ်တွေနဲ့ ပါတီတွေရဲ့စာရင်ကို စီထားတယ်။ အဲ့ဒီမှာ ပါတီကို မဲပေးရင် အမတ်က မဲမရဘူး။ အမတ်ကိုမဲပေးရင် ပါတီပါ မဲရတယ်။ ဒါက သူတို့ရဲ့ထူးခြားချက်ပေါ့။  မဲပေးတဲ့သူက ကိုယ်ပေးချင်တဲ့သူနေရာမှာ လက်သန်းနဲ့လက်ဗွေနှိပ်ပြီးရင် အဲ့ဒီနေရာမှာ အပေါက်လေးဖောက်ပြီး မဲပုံးထဲထည့်ရတာ။ မဲပေးနေချိန်မှာ မဲရုံစောင့်ကလည်း သူ့နေရာနဲ့သူ ထိုင်နေတယ်။ ပါတီကလူတွေကလည်း သူ့ နေရာနဲ့သူ အေးအေးဆေးဆေးပဲ ထိုင်နေတယ်။ ဒီမှာလို ဟိုနားရုတ်ရုတ်၊ ဒီနားရုတ်ရုတ် မရှိဘူး။ အားလုံးမဲပေး ပြီးလို့ မဲရေတဲ့အခါမျာလည်း ပွင့်လင်းမြင်သာမှုရှိတယ်။ အားလုံးဝိုင်းကြည့်လို့ရတယ်။  တစ်ယောက်ကမဲဖွင့်။ တစ် ယောက်က ရတဲ့မဲကို အမှတ်အသားနဲပ တစ်ခါတည်းမှတ်တယ်။ ဘယ်နေရာကနေ ပြည်သူကကြည့်ရမယ်ဆိုတာ မျိုး လည်း မရှိဘူး။ ဒါ့အပြင် ကြိုတင်မဲလည်း မရှိတော့ မဲမသမာမှုလည်း မရှိဘူး။

မေး၊    လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေက လိုအပ်ချက်တွေ ရှိနေတယ်လို့ ဝေဖန်ပြောဆိုနေတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။    ၂၀၁၀က့ဖြစ်ဖြစ်၊ ၂၀၁၂ ကပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွေ့အကြုံ မရှိကြ ဘူး။ အဲ့ဒီအတွက် အားနည်းချက်ကတော့ ရှိမှာပဲ။ ကျွန်တော်ဆိုရင်လည်း ပန်းချီဆရာတစ်ယောက်ကနေ လွှတ် တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာတယ။ နိုင်ငံရေးသမား ဖြစ်ခဲ့တာမဟုတ်ဘူး။  လွှတ်တော်ထဲမှာ ပြည်သူ့ အကျိုးကို ဆောင်ရွက်မယ်ဆိုတဲ့စိတ်နဲ့ပဲ တစ်ဖြည်းဖြည်းလေ့လာခဲ့ရတာ။  ကျွန်တော့်ကို ဘာလီမှာတုန်း က မေးခွန်းတစ်ခုမေးတယ်။ အဲ့ဒါက မင်းတို့လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အတွက် ရှေ့က မားမားမတ် မတ်ရပ်တည်တယ်ဆိုတော့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ဖို့ရော ပါမှာလားလို့ မေးတယ်။ ကျွန်တော်တို့ကိုယ်စား လှယ်တွေကို ဆန္ဒပြပွဲမှာ မပါရဘူးလို့ ဘယ်ဥပဒေမှာမှ မပြဋ္ဌာန်းထားဘူး။  ဒါပေမယ့် ဆန္ဒပြပွဲပါတော့မယ်ဆိုရင် ဆန္ဒပြမယ့်အကြောင်းကို အရင်လေ့လာရတယ်။ ဥပဒေတစ်ခုပြင်ဖို့ဆိုရင်လည်း ဘယ်ဥပဒေကို ပြင်ဖို့ပြမှာလဲ ကြည့်ရတယ်။ ဒီဥပဒေက ပြင်ဖို့လိုတယ်ဆိုရင် လွှတ်တော်ထဲမှာ အရင်တင်ပြမယ်။ မရရင် ပါတီအနေနဲ့ ထပ်တင် မယ်။ အဲ့ဒီလိုလုပ်ရင်း ပြည်သူတွေတကယ်ဒုက္ခရောက်တော့မယ်ဆိုရင်  ဥပဒေနဲ့အညီ ပြည်သူတွေ့ရှေ့မှာ မားမား ရပ်ပြီး ဆန္ဒပြမှာပါ။ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေရဲ့ လိုအပ်ချက်ရှိနေသေးတယ်လို့ ပြောနေတာ နဲ့ ပတ်သက်လို့ အခုဆိုရင် အလွန်ပြင်ဖို့ခက်တယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတောင် လွှတ်တော်တွင်းမှာ ဆောင်ရွက်နေပါပြီလို့ ပြောချင်ပါတယ်။

မေး။   ပြီးခဲ့တဲ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးတာ နည်းတယ်လို့ ပြောနေကြတာနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ။    တစ်ခါတစ်လေ မေးခွန်းမေးပြီး ဘာမှဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျတာလည်း ပါတယ်။ ပြီးတော့ တစ်ခါ တစ်လေ ကိုယ်မေးတဲ့မေးခွန်း ပြန်ဖြေတဲ့အဖြေက ကိုယ့်မေးခွန်းရဲ့အဖြေမဟုတ်လို့  တစ်ဆက်တစ်စပ်တည်း မေးခွန်းတွေ ပြန်ပြန်မေးနေရတာလည်း ရှိတယ်။ ကိုယ်ကတော့ ပြည်သူတွေကို ဘာမေးပေးမယ် ပြောထားလို့ ပြည်သူတွေက စောင့်ကြည့်နေပေမယ့် တစ်ခါတလေ အဖြေက တစ်လွဲဖြစ်နေတော့ ဘာမှမထူးဘူး ဖြစ်နေတယ်။ ဖြေတဲ့သူကလည်း ငါတို့ဌာနကို စွဲချက်တင်နေတာ မဟုတ်ဘူး။ လိုအပ်ချက်ကို ထောက်ပြနေတာဆိုတာသိပြီး သေချာလုပ်ဆောင်လာရင်တော့ လွှတ်တော်ကြီးကလည်း ကျွန်တော်တို့အားလုံး လိုချင်နေတဲ့ဒီမိုကရေစီလွတ် တော်ကြီး ဖြစ်လာမှာပါ။

မေး။   ဒါဆို အခုလွှတ်တော်ကြီးက ဒီမိုကရေစီလွှတ်တော်ကြီး မဟုတ်သေးဘူးလို့ ပြောရတဲ့အကြောင်းက-----

ဖြေ။    မဟုတ်သေးဘူး။ လွှတ်တော်ကြီးက ဟိုအရင်က အာဏာပိုင်တွေ ရောထွေးယှက်နေဆဲဖြစ်လို့ ဒီမိုကရေ စီလွှတ်တော်ကြီး မဟုတ်သေးတာပါ။ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေဆဲ လွှတ်တော်ကြီးပဲ ဖြစ်နေသေး တယ်။ လွှတ်တော်ကြီးမှာ မေးတဲ့မေးခွန်းတွေ၊ အဆိုတွေကို လွှတ်တော်ကြီးက မှတ်တမ်းတင်ရုံနဲ့ ၀န်ကြီးဌာန တွေက ရှောင်ဖြေတဲ့နေရာပဲ ဖြစ်နေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့မှန်ထားတဲ့လွှတ်တော်ကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ ၀န်ကြီးဌာနတွေရဲ့လုပ်ဆောင်ချက်တွေကို ထောက်ပြတဲ့အခါ အဖြေတစ်ခုထွက်လာတဲ့အထိ လုပ်ဆောင်ဖို့ လိုပါတယ်။ အဲ့ဒီလို လုပ်ဆောင်မှုတွေ မရှိသေးဘဲ ကျွန်တော်တို့ လွှတ်တော်ကြီးက ဖြေလျှောတဲ့ အဆင့်၊ ဒီမိုကရေစီလွှတ်တော်ကြီးဖြစ်ဖို့ လျှောက်လှမ်းနေတဲ့အဆင့်ပဲ ရှိသေးပါတယ်။

မေး။   အင်ဒိုနီးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲလေ့လာသူတစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ မကြာမီကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကရော တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မယ်လို့ ထင်လား။

ဖြေ။  ၂၀၁၄ ရွေးကောက်ပွဲကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာပါ။ ကြားဖြတ်ရွေးကောက်ပွဲလည်း ဖြစ်တယ်။ တစ်နည်းအားဖြင့် ဒုတိယအစမ်းစာမေးပွဲလည်း ဖြစ်တယ်။ ၂၀၁၄ ရွေးကောက်ပွဲပေါ်မူတည်ပြီး ၂၀၁၅ ရွေးကောက်ပွဲက ဘယ်လိုဖြစ်မလဲဆိုတာ သိနိုင်မယ်။ ၂၀၁၀နဲ့ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီအင်အား စုတွေ မညီညွတ်ခဲ့လို့ လွှတ်တော်မှာ ဇာတ်ရံပဲ ဖြစ်ခဲ့ရတယ်။ တကယ့်ဒီမိုကရေစီကိုသွားချင်ရင် ကိုယ့်အတ္တ နည်းနည်း လျှော့ကြပါ။ ဒါမှ ၂၀၁၅ ရွေးကောက်ပွဲက လည်း တကယ်လှပတဲ့ ပန်းချီကားတစ်ချပ်လို ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မှာပါ။

Thursday, April 3, 2014

Utoetoe left a message for you

Utoetoe left a message for you
Read this mail in: Español, Français, العربية‏, Português, Română, and 32 other languages.
You received this e-mail because Utoetoe wants to connect with mogokkotoe.ndf2013@blogger.com on Twoo. Unsubscribe
Utoetoe left a message for you.
Check your message

You can instantly reply using our message exchange system.
Have fun!
Team Twoo
Twoo
Don't want to receive these e-mails anymore? Click here. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-en@twoo.com