Wednesday, April 23, 2014

ndf ဗဟိုအလုပ်အမှုဆောင်ကော်မတီအထုးအစည်းအဝေးကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးကို ၂၃-၄-၂၀၁၄ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ndf ပါတီဌာနချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး (၁) ဦးကြည်သန်း၊ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသော ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးအောင်ဇင်၊ ဦးကြီးမြင့်နှင့် ဦးထက်အောင်ကျော်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပါတီ၏စည်းရုံးရေးလုပ်ငန်း၊ ကြားဖြတ်ရွေးကောက်ပွဲ၊ အွန်လိုင်းစာစောင်ထုတ်ဝေရေး၊ မန္တလေးတွင်ကျင်းပမည့် ပဥ္ဒမအကြိမ် ဗဟိုဦးစီးညီလာခံအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် အထွေထွေကိစ္စရပ်များကို တက်ေ၇ာက်လာသူများက ၀ိုင်းဝန်းဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ ၄း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
#to be happy#

$$ kotoetoe $$

No comments:

Post a Comment