Friday, November 28, 2014

NDFပါတီကြေညာချက် ၁၂နှင့် ၁၃၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ် ( ၁၂/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ နိုဝင်္ဘာလ(၂၈)ရက်
ကျောင်းသားသမဂ္ဂများ မဖြစ်မနေဖွဲ့စည်းရေးအပေါ် သဘောထားထုတ်ပြန်ချက်
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီသည်
အခြေခံပညာရေးနှင့်အဆင့်မြင့်ပညာရေး အခြေခံမူများနှင့် ပတ်သက်သည့်အဆိုကို
ရေးသားပြုစု၍ ၂၀၁၂ခုနှစ်၊ ဒီဇင်္ဘာလ(၁၂) ရက်နေ့က ပြည်သူ့လွှတ် တော်သို့
အဆိုတင်သွင်းခဲ့ပါသည်။ ထိုသို့တင်သွင်းစဉ်ကပင်
ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေးကို တက္ကသိုလ် များ
လွတ်လပ်စွာပညာသင်ကြားရေးနှင့် စီမံခန့်ခွဲမှုရရှိရေးအပိုင်းအောက်တွင်
ထည့်သွင်းတင်သွင်းခဲ့ပါသည်။ NDF ပါတီမှ
ယင်းပညာရေးအခြေခံမှုများနှင့်ပတ်သက်သည့် အဆိုကို တင်သွင်းရာတွင်
"စည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာလွတ်လပ်ခွင့်( Disciplinary Autonomy)
အောက်တွင် တက္ကသိုလ်များတွင် လူမှုရေးအ အဖွဲ့အစည်း များ၊
ကျောင်းသားသမဂ္ဂများနှင့် ပတ်သက်သည့်စည်းမျဉ်းစည်းကမ်းများကို
တက္ကသိုလ်များအား လွတ်လပ်စွာ စီမံခန့်ခွဲမှုပေးရမည်" ဟု တင်ပြခဲ့ပါသည်။
ယခုအခါ နိုင်ငံတော်သမ္မတ၏ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြောကြားချက်၌
"ဒီမိုကရေ စီပြု ပြင်ပြောင်းလဲရေးတွင် တက္ကသိုလ်များ၌
ကျောင်းသားသမဂ္ဂများကို "မဖြစ်မနေ" ဖွဲ့စည်းခွင့်ပေးရမည်" ဟူု၍လည်းကောင်း၊
"ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း ဥပဒေအရ
အဆင့်ဆင့်ပြင် ဆင်သွား ရေးနှင့် ပညာရေးစနစ် တစ်ခုလုံးကိုပါ
ပြောင်းလဲပစ်နိုင်ရေးအတွက် အချိန်များစွာယူဆောင်ရွက်ရမည်" ဟူ၍
လည်းကောင်း၊ ၂၆-၁၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့
အစည်းအဝေးခန်းမတွင် ပြုလုပ်သော နိုင်ငံရေးပါတီများနှင့်
အစိုးရအဖွဲ့တွေ့ဆုံပွဲတွင် သမ္မတက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ထိုကျောင်းသားများ၏ အနာဂတ်ပညာရေးကိစ္စနှင့် ကျောင်းသားသမဂ္ဂများ
ဖြစ်ပေါ်လာရေးအပေါ်တွင် အလေးထားဆောင်ရွက်မည့်သဘောထားအပေါ် ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အလေး အနက် ကြိုဆိုလိုက်ပါသည်။
သို့ပါ၍ လက်ရှိအမျိုးသားပညာရေးဥပဒေသည် ပညာရေးစနစ်ပြောင်းလဲရာတွင်
အစပြုရာမှတ်တိုင်တစ် ခုအဖြစ် မှတ်ယူ၍
ယင်းပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးကို ပီပြင်စွာဆက်လက်ဆောင်ရွက်ရမည်
ဖြစ်ပါသည်။ ထို့ကြောင့်၊ ပြည်ထောင်စုလွှတ်တော်သည် ယခုအခါ မြို့နယ်အချို့၌
ဆန္ဒဖော်ထုတ် နေကြသည့် ကျောင်းသား များ၏အသံနှင့်
ကျောင်းသားများ၏ဒီမိုကရေစီနှင့်လျှော်ညီသည့် အခွင့်အရေးတို့ကို
အသိအမှတ်ပြု ဆောင်ရွက် ပေးရန် လိုအပ်လာပြီဟု NDF ပါတီမှ
ရှု့မြင်သဘောပိုက်ယူပါသည်။
ထို့ကြောင့် အမျိုးသားပညာရေးဥပဒေအပေါ် သဘောမတူမှုများနှင့်
ပြင်ဆင်ဖြည့်စွက်လိုသည့်အချက် များကို ထာဝန်ရှိသူများနှင့်
ကျောင်းသားများ တရားဝင်တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရန်-



(က) ပညာရေးဥပဒေဆိုင်ရာသဘောထားလေ့လာစုံစမ်းရေးကော်မရှင်တစ်ရပ်ကို
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးရန်လည်းကောင်း၊
(ခ) ယခင်ဆိုရှယ်လစ်အစိုးရလက်ထက် သမ္မတကိုယ်တိုင် ကတိပြုပြောကြားထားသည့်
မြန်မာ့ လွတ်လပ်ရေးရရှိရေးအခြေပြုရာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
သမိုင်းဝင်တကသ သမဂ္ဂအဆောက်အဦကို ပြည်လည်တည်ဆောက်ပေးရန်အတွက် လည်းကောင်း
နိင်ငံတော် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့အား အလေးအနက်ထား
တိုက်တွန်းတောင်းဆို လိုက်ပါသည်။

အထူးမှတ်ချက်။ ၂၈-၁၁-၂၀၁၄ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၊
အရေးပေါ်အစည်း အဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ပြီး ဤထုတ်ပြန်ချက်ကို
အရေးပေါ်အဆို တစ်ရပ် အဖြစ် လွှတ်တော်တွင် တင်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။


ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ် ( ၁၃/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ နိုဝင်္ဘာလ( ၂၈)ရက်
ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံးအဆုံးသတ်ရေးအပေါ် သဘောထားထုတ်ပြန်ချက်
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည်
ပြည်တွင်းစစ်မီးအပြီးသတ်ငြိမ်းသတ်ခြင်း မပြုနိုင်သေးသည့်အတွက်
နှစ်ဖက်စစ်သည်တော်များ ကျဆုံးနေရခြင်းနှင့် လတ်တလော လိုင်ဇာတွင်သေဆုံးရမှု
များ အပါအ၀င် ဖြစ်ရပ်များသည် နိုင်ငံအတွက် အမျိုးသားရေးဆုံးရှုံးမှုအဖြစ်
ယူဆပါသည်။ ထို့ပြင် အမျိုးသား ညီညွတ်ရေးရှု့ထောင့်မှနေ၍လည်း ထိုကဲ့သို့
နှစ်ဖက်အသက်ဆုံးရှုံးခဲ့ရမှုများကို မြန်မာ့ကြေကွဲဘွယ်ဖြစ်ရပ်များ
အဖြစ်မှတ်ယူ၍ အမြန်ဆုံး ဖြေရှင်းပပျောက်ရေးကို လိုလားတောင်းဆိုပါသည်။
ဤဖြစ်ရပ်များသည် ပြည်တွင်းစစ်ဖြစ်နေဆဲ ကျွန်ုပ်တို့နိုင်ငံတွင်
ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဆောင်ရွက် နေပါသော်လည်း
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ချုပ်ဆိုရန်
ကြန့်ကြာနေ ခြင်းကြောင့် ဖြစ်ရသည်ဟု ရှုမြင်ပါသည်။
သို့ပါ၍ တစ်မျိုးသားလုံးအရေးဖြစ်သည့် ငြိမ်းချမ်းရေးလိုလားမှုကြီးကို
အောင်မြင်ထမြောက်စေရေး အတွက်-
(၁) အပစ်အခတ်ရပ်စဲရေးတွင် ကျန်ရှိနေသော ညှိနှိုင်းစရာအချက်အချို့ကို
လာမည့်နိုင်ငံရေးဆွေး နွေးပွဲဘောင်အတွင်းမှ ဆက်လက်ဆွေးနွေးပေးရန်၊
(၂) မကြာမီပြန်လည်ကျင်းပမည့် UPWC/NCCT အပစ်အခတ်ရပ်စဲရေး
ညှီနှိုင်းဆွေးနွေးပွဲကို နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်၍
အပြီးသတ်ဆွေးနွေးပေးရန်နှင့်
(၃) တစ်မျိုးသားလုံးငြိမ်းချမ်းရေး ရရှိရေးအတွက် သူ့ဖက်ကိုယ့်ဖက်
ခွဲခြားမရှုမြင်ဘဲ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖက်တစ်ဘက်တည်းမှ
ရပ်တည်သော အမျိုးသားရေးအမြင်ဖြင့် ဆွေးနွေး အကောင် အထည်ဖော်ပေးကြပါရန်
လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
သို့မှသာ နိုင်ငံသားအချင်းချင်း စစ်ခင်းနေရခြင်းနှင့်
ယင်း၏အကျိုးဆက်များအဖြစ် အထက်ပါကဲ့သို့ အသက်ဆုံးရှုံးနေရသည့်
မြန်မာ့ကြေကွဲဘွယ်ရာများကို အပြီးတိုင် အဆုံးသတ်နိုင်မည်ုဟု ကျွန်ုပ်တို့
အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီမှ ယုံကြည်သည့်အလျှောက်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ် ရေးထိုးကြပါရန်
အလေးအနက် တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အာစုပါတီ

Thursday, November 13, 2014

ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းအပေါ် NDF ပါတီ၏သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်( ၅၃/၂၀၁၄)
ရက်စွဲ။ ၁၄-၁၁-၂၀၁၄
ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းအပေါ် NDF ပါတီ၏သဘောထားကြေညာချက်
မြန်မာနိုင်ငံတွင် ကျင်းပသည့် အာဆီယံ(၂၅)ကြိမ်မြောက်
ထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာ သော ကုလအတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်အနေဖြင့် မြန်မာနိုင်ငံ၌ ပြည်သူအများစုက လက်ခံထားခြင်း
မရှိသည့်အပြင် နိုင်ငံတော်အစိုးရကလည်း အသိအမှတ် ပြုထားခြင်းမရှိသည့်
လူမျိုးအမည် ရိုဟင်ဂျာအသုံး အနှုန်း ကို ပြောဆိုသုံးနှုန်းခဲ့ပါသည်။
ထို့ကြောင့် ပြည်သူလူထုအတွင်းနှင့် ဆိုရှယ်မီဒီယာများအပေါ်တွင်
ထိုသို့ပြောဆိုခဲ့ခြင်းအပေါ် ကန့်ကွက်မှုများ စတင်ပေါ်ပေါက် လာသည်ကို
တွေ့မြင် နေရပါသည်။
လူသားများသည် မွေးရာပါလူ့အခွင့်အရေးများရှိသော်လည်း
နိုင်ငံသားဖြစ်မှုမှာ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ ယဉ်ကျေးမှု ၊
ဓလေ့ထုံးစံများအပေါ် မူတည်ကြောင်းကို အလေးအနက်ထားရမည်သာ ဖြစ်သည်။
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည် မည်သည့်လူမျိုး၊
မည်သည့်ဧည့်နိုင်ငံသား၊ မည်သည့် နိုင်ငံသားလျှောက်ထားမှုကိုမဆို
နိမ့်ချခြင်းမရှိ၊ လူ့အခွင့်အရေးနှင့်အညီ ဆက်ဆံရမည်ကို အလေးအနက်ထား
ထောက်ခံပါသည်။ သို့သော် လူမျိုးရေးခွဲခြားဆက်ဆံခြင်းမရှိစေရန် ကုလသမဂ္ဂ
ကြေညာ စာတမ်း အပိုဒ်(၁)၊ ပိုဒ်ခွဲ(ခ)တွင် နိုင်ငံသားမဟုတ်သူများကို
သက်ဆိုင်ရာနိုင်ငံမှ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း
ဖော်ပြထားပါသည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သော
မြန်မာနိုင်ငံ အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ
လွတ်လပ်စွာစီမံပိုင်ခွင့်ရှိပါကြောင်း ၊ ထိုအခွင့်အရေးကို ထိပါးစွက်ဖက်
လာပါက မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏အခွင့်အရေးကို
ထိခိုက်စေမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်း စဉ်းစားပြောဆိုရန်
တိုက်တွန်းအပ်ပါသည်။
နောက်ခံအကြောင်းအရာများအပေါ် အချက်အလက်ပြည့်စုံစွာ
ချည်းကပ်စဉ်းစားမှုမပါဘဲ ထိုကဲ့သို့ ၀င်ရောက်ပြောဆိုခြင်းသည်
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများ
ဖြစ်ပေါ်လာနိုင်သည်ကို ထောက်ရှု၍ ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအနေဖြင့်
များစွာစိုးရိမ်ပူပန်မှုဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံတစ်ခု၏ မတည်မငြိမ်ဖြစ်နေသော
နိုင်ငံရေးအခြေအနေနှင့် အချုပ် အခြာအာဏာပိုင်စိုးမှုတို့ကိုလည်း
အလေးအနက်ထား စဉ်းစားပြောဆိုသင့်ပါကြောင်းကိုလည်း ကျွန်ုပ်တို့ အမျိုး
သားဒီမိုကရေစီအင်အားစုNDF ပါတီမှ ထပ်မံ တိုက်တွန်း အပ်ပါသည်။
မြန်မာနိုင်ငံ၏ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ
နိုင်ငံသားအဖြစ်သို့ ရောက်ရှိလာသည့် မည်သည့် လူမျိုး
တစ်စုံတစ်ယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရေးကိုလည်း
ကျွန်ုပ်တို့ NDF ပါတီမှ အစဉ်သဖြင့် ထောက်ခံကြိုဆိုနေမည်ဖြစ်ကြောင်း
သဘောထားထုတ်ပြန်အပ်ပါသည်။

Tuesday, November 11, 2014

my facebook ID card ( 12-11-2014)


#to be happy#

$$ kotoetoe $$

နှစ်ချို့နေတဲ့ အတွေးဟောင်းလေးတစ်ခု

နှစ်ချို့နေတဲ့ အတွေးဟောင်းလေးတစ်ခု
ပြန်ဖတ်ကြည့်တော့လည်း သိပ်မဟောင်းသေးပါ။

မိုးကုတ်ကိုတိုး၏ အတွေးများ(၁) ၁-၁-၂၀၁၂
၂၀၁၃ ခုနှစ်ထဲကို စတင်ဝင်ရောက်လာပါပြီ
၂၀၁၂ က ပြဿနာများစွာ နောက်ကထပ်ကြပ်မကွာလိုက်လာနေဆဲပါ
ရခိုင်ပြဿနာမှာ သေသေချာချာလုပ်ဆောင်ရမည့် ပြဿနာတစ်ခုအဖြစ် မြင်နေရပါသည်။
ကွဲပြားခြားနားနေသော လူမျိုးစုနှစ်စု၊ မတူညီတဲ့ ဘာသာရေး၊ ပေါင်းစပ်လို့မရတဲ့ ဓလေ့ထုံးစံနှင့်
လူဦးရေပေါက်ကွဲနေသော တစ်ဖက်အိမ်နီးခြင်းနိုင်ငံတို့ကြောင့် ငြိမ်းချမ်းမှုဆိုသည်မှာ ဖြစ်နိုင်ချေနည်းနေပါသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ နည်းနေပါသည်
ရခိုင်ပြည်နယ်ပြင်ပရောက် ရခိုင်များအနေဖြင့် အဝေးမှအသံပဲ ပေးနေတော့ပါမည်လား
ကိုယ်တိုင်ရခိုင်ပြည်နယ်သို့ ပြန်သွားကြရန် စိတ်ကူးမရှိကြတော့ဘူးလားလို့ မေးချင်ပါသည်။
ရခိုင်ပြည်နယ်သည် ရခိုင်လူမျိုးများအတွက်သာဆိုလျှင် စဉ်းစားသင့်ပါသည်။
ဤအတိုင်းသာဆက်သွားနေကြမည်ဆိုလျှင် ရခိုင်ပြည်နယ်သည် အမည်အားဖြင့်သာကျန်ဖို့များနေပါလိမ့်မည်

ကချင်ပြဿနာသည်လည်း ဖြေရှင်းရမလွယ်ကူပါ
လိုင်ဇာကိုဝိုင်းထားနိုင်ပြီဖြစ်သော်လည်း နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးပါ
ဖယ်ဒရယ်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်စစ်တပ်၊ ပြည်ထောင်စုတပ်မတော်၊ အစရှိသည့်အသံများ ဗြောင်းဆန် နေအောင်ထွက်သော်လည်း အရင်းစစ်ပါက ထိပ်ပိုင်းခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားက အဓိကဖြစ်နေပါလိမ့်မည်
ကချင်ပြည်နယ်သည် ကချင်လူမျိုးအတွက်ဆိုလျှင်
၁၉၃၁ ခုအုပ်ချုပ်ရေးအရ ကချင်တောင်တန်းဒေသကို ပြန်သွားနေရပါလိမ့်မည်
ကချင်ပြည်နယ်တွင် ကချင်မဟုတ်သောလူမျိုးနွယ်များ အများအပြား ရှိနေကြပါပြီ
ဝမ်ပေါင်ကချင်သမ္မတနိုင်ငံဟူသည် ကချင်များအတွက် အိမ်မက်ဖြစ်နေသော်လည်း
အခြားသူများအတွက် အိမ်မက် ဖြစ်ချင်မှဖြစ်ပါလိမ့်မည်
နိုင်ငံတော်အလံကို ချနင်းပြနေသော ကချင်လူမျိုးများကို တွေ့နေရပါပြီ
ပြည်ပကချင်ပဲဖြစ်ဖြစ် ပြည်တွင်းကချင်ပဲဖြစ်ဖြစ် အားမပေးပါ

နိုင်ငံတော်အာဏာကိုရချင်သည်
နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချင်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပြောလာပါပြီ
ပြည်သူ့အတွက် လုပ်ပေးချင်လို့ အာဏာရချင်ပါတယ်လို့ ပြောပါတယ်
ဒီအတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို တွန်းအားပေးလာကြပါပြီ
အချို့က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးထက် ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေအသစ်ကို ရေးဆွဲ
အတည်ပြုကြဖို့ ၀ိုင်းတွန်းနေကြပါပြီ
လူထုလူတန်းစားပေါင်းစုံက ၀ိုင်းရံကြဖို့ ရေးနေကြပါပြီ

အားလုံးကိုပြောလိုပါသည်
အစိုးရသစ်ပေါ်လာသည်မှာ ၂နှစ်သားပင် မပြည့်သေးပါ
အခြေခံဥပဒေအတိုင်းပင် အပြည့်အ၀မလည်ပတ်နိုင်သေးပါ
ဒီမိုကရေစီဘက်တော်သားများ အောင်ပွဲဆင်ခဲ့လို့ ဒီနေအခြေအနေမျိုး ရောက်ရှိနေခြင်း မဟုတ်ပါ
ကျွန်တော်တို့နိုင်ခဲ့လို့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည် မဟုတ်ပါ
တစ်ဖက်က ကိုယ့်ဖာသာကိုယ်ဆုတ်ခွာသွားခြင်းကြောင့် ဖြစ်တာကို သတိမမေ့ကြပါနဲ့
၂၀၁၀ တုန်းက အင်အားချင်းပြိုင် အားစမ်းရမယ့်အခြေအနေမှာ အားမစမ်းရဲတဲ့သူတွေကြောင့်သာ
ယနေ့လွှတ်တော်မှာ ဒီမိုကရေစီအင်အားစုတွေ နည်းနေရခြင်း ဖြစ်ပါတယ်
ယနေ့ ဒီလူတွေရဲ့အသံဟာ ဘ၀ဂ်အထိ ညံနေသော်လည်း နှလုံးသားထဲမှာ မဖြူစင်သေးပါ
အညှိုးများ၊ အမုန်းတရားများ၊ အာဃာတများ အရိပ်ထိုးနေဆဲဖြစ်ပါတယ်
ဒါတွေကို ချန်ထားခဲ့မှသာ ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်
ဒါတွေကိုရင်ဝယ်ပိုက်ထားဆဲဆိုလျှင် တိုင်းပြည်အနာဂတ် မှေးမှိန်ဖျော့တော့နေဆဲ ဖြစ်ပါလိမ့်မည်
တစ်ဖက်လူများသည် အလွန်သံသယကြီးသူများ ဖြစ်ကြပါသည်
သူတို့ သံသယကင်းစင်သွားအောင် ကိုယ့်ဖက်က သူယုံကြည်လာအောင် လုပ်ပြဖို့ လိုပါသည်
အလံဖြူပြ၍ လက်နက်ချသူများကိုတောင် သေနတ်ဖြင့်ချိန်၍ မျက်ခြေမပြတ်စောင့်ကြည့်ရသည့်
စစ်သဘောတရားမျိုးကို နားလည်သင့်ပါသည်။
နုရင်ဘတ်စစ်ခုံရုံးဆိုတဲ့အသံကြောင့် အနှစ် ၂၀ အမှောင်ဖုံးခဲ့ပါပြီ
ပြည်သူ့ခုံရုံးဆိုသည့် အသံကြောင့် နောက်ထပ်အနှစ် ၁၀၀ ထပ်မတွေ့ချင်ပါ
လက်ရှိလူငယ်မျိုးဆက်နှင့် အနာဂတ်မျိုးဆက်တွေရဲ့ မျက်နှာများကို ကြည့်ဖို့လိုနေပါသည်။
နှစ်ဦးနှစ်ဖက် ပြေလည်နိုင်မယ့်လမ်းကြောင်းမျိုးကို လျှောက်လှမ်းစေချင်ပါသည်
တောင်အာဖရိနိုင်ငံရဲ့ အမှန်တရားရှာဖွေဖော်ထုတ်ရေးကော်မရှင်လိုမျိုးကိုသာ တွေ့ချင်ပါသည်
အရှေ့တွင် အချင်းချင်းအပြုံးချင်းဖလှယ်၍ နောက်ကျောတွင်ဓားဝှက်ထားသော အဖြစ်မျိုးနဲ့
ယုံကြည်မှုတည် ဆောက်ခြင်း ကို အလိုမရှိပါ
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး ဒီမြေမှာပဲ သေကြမည့်သူအချင်းချင်း
ပြေပြေလည်လည် ဖြစ်စေချင်ပါသည်

ပြည်သူ့အတွက်လုပ်ပေးချင်လို့ နိုင်ငံတော်အာဏာရချင်ပါတယ်လို့ ဆိုနေပါတယ်
နိုင်ငံတော်အာဏာရမှ ပြည်သူအတွက် လုပ်ပေးနိုင်မှာလား
မရရင် လုပ်ပေးလို့ မရတော့ဘူးလား
အခြားနည်းလမ်းများနဲ့ ပြည်သူအတွက် လုပ်ပေးနိုင်တာများ မရှိဘူးလားလို့ မေးချင်ပါသည်
၂၀၁၅ မှာ ကျွန်မသမ္မတဖြစ်ချင်တာထက်
၂၀၁၅ မှာ ဒီမိုကရေစီဘက်တော်သားတွေထဲကတစ်ယောက် သမ္မတဖြစ်စေချင်တယ်
ဒါမှမဟုတ် ကျွန်မတို့ပါတီကတစ်ယောက် သမ္မတဖြစ်ချင်ပါတယ်ဆိုရင်က ပိုမကောင်းဘူးလား

အခြေခံဥပဒေတစ်ခု အတည်ဖြစ်သွားပြီးရင် ထိုဘောင်ထဲက ကစားတတ်ဖို့ ၊ ချဲ့ယူတတ်ဖို့ လိုပါသည်
တကယ်လို့ပြင်ချင်တယ်ဆိုရင် ကိုယ့်ဖက်က အင်အားများကို စုစည်းထားနိုင်ပါပြီလား
ပြိုင်ဖက်၊ ရန်ဖက်အင်အားစုများကိုလည်း ဘယ်လိုသိမ်းသွင်းထားနိုင်ပြီလဲ
တပ်မတော်ရဲ့ယုံကြည်မှုကို လူပုဂ္ဂိုလ်အနေဖြင့်ရော၊ ပါတီအနေဖြင့်ရော ရနေပါပြီလား
အခြားအင်အားစုများက တကယ်ကိုရော ထောက်ခံပါပြီလား
လူဝိုင်းဝိုင်းလည်တိုင်း ကိုယ့်အင်အားအစစ်အမှန်လို့ ခံယူနေခြင်းက တကယ့်ယုံကြည်မှုလား
ပါတီရဲ့ အခြအနေက သတင်းများမှာ ဖော်ပြနေပါသည်။
ရိုက်ပွဲများ၊ ထိုးပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆိုင်းဘုတ်ဖြုတ်ချပွဲများ
ကိုယ့်ပါတီကို ကိုယ်ဆန္ဒပြန်ပြခြင်းသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံးသမိုင်းဝင်လုပ်ရပ် ဖြစ်ခဲ့ပါသည်
ထိုပါတီထဲမှ ထွက်ပေါ်လာမည့် ခေါင်းဆောင်ဆိုသူများကို စောင့်မျှော်နေပါသည်

တခါတလေ ဗိုလ်ချုပ်အောင်ဆန်းကို အားနာမိပါသည်
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို
ဖော်ဆောင် နိုင်ခဲ့ပါသည်။
ဖဆပလသည် တစ်ပါတီတည်း မဟုတ်ပါ
တပ်ပေါင်းစုပုံသဏ္ဍန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
အဖွဲ့အစည်းခေါင်းဆောင်တိုင်းနှင့် တွေ့ဆုံကာ နေရာပေးသင့်သူများကို
လွတ်လပ်ရေးကို မျှော်ကိုး၍ နေရာပေးခဲ့ပါသည်
ပုဂ္ဂိုလ်ရေးအာဃာတများကို ရှေ့တန်းမတင်ခဲ့ပါ
စည်းလုံးညီညွတ်ရေးကိုသာ ရှေ့တန်းတင်ခဲ့ပါသည်
မိန့်ခွန်းများများ မပြောပါ
တကယ့်လက်တွေလုပ်ရပ်များဖြင့်သာ ကိုယ့်အရည်အချင်းကို မှတ်ကျောက်တင်ပြခဲ့ပါသည်
ထို့ကြောင့် လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်အဖြစ် မည်သူကမှ အစားမထိုးနိုင်ခဲ့ပါ။
ဗိုလ်ချုပ်လိုအရည်အချင်းမျိုး ရှိစေလိုပါသည်
လူထုခေါင်းဆောင် ပီသစေချင်ပါသည်
ပါတီတစ်ခုတည်းရဲ့ ခေါင်းဆောင်အဖြစ် မမြင်ချင်ပါ
ဒီမိုကရေစီအင်အားစုအားလုံးရဲ့ ခေါင်းဆောင်အဖြစ် မြင်ချင်ပါသည်

၂၀၁၀ အရင်က ဒီမိုကရေစီခေါင်းဆောင် စင်စစ်ဖြစ်နေခဲ့ပါသည်
၂၀၁၀ နောက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အားစုများ၏ ခေါင်းဆောင် မဖြစ်တော့ပါ
ထိုအင်အားစုများကို ဥပေက္ခာပြုထားခဲ့ပါပြိ
၁၉၉၀ အုပ်စုဝင်ပါတီများ၏ ခေါင်းဆောင်အဖြစ်သာ လှုပ်ရှားပြနေသည်ကို မြင်နေရပါသည်
လွှတ်တော်တွင် ၂၀၁၀ အုပ်စုဝင်ပါတီများသာ ရှိနေပါသည်။ ၁၉၉၀အုပ်စုဝင်ပါတီများ မရှိပါ
ထိုပါတီများ၏ လွှတ်တော်ကိုယ်စာလှယ်များကိုသာ တွေ့ဆုံပြီး ပါတီများကို မျက်ကွယ်ပြုထားခြင်းသည်
ဗိုလ်ချုပ်အောင်ဆန်းမြင်လျှင် အလွန်ဝမ်းနည်းသွားရပါလိမ့်မယ်

မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရက်တစ်အင်အားစုများကြား
၂၀၁၀ အုပ်စုနှင့် ၁၉၉၀ အုပ်စု ဟူ၍ အလိုလို သီးခြားနှစ်ပိုင်းကွဲသွားနေပါသည်
တိုင်းရင်းသားပါတီများတွင်လည်း ထိုအုပ်စုနှစ်ခုသည် ဘယ်လိုမှ ပေါင်းစည်း၍ မရနိုင်တာကို တွေ့နေရပါသည်
တိုင်းရင်းသားအချင်းချင်းပေါင်းစည်းရန် ကြိုးစားသော်လည်း မရနိုင်ခဲ့ပါ
အခြေခံရည်ရွယ်ချက်သဘောထားခြင်း ကွာခြားနေ၍ ဖြစ်ပါလိမ့်မည်
အပြုသဘောဆောင်၍ တိုင်းပြည်တိုးတက်ရေးကိုရှေ့ရှုနေသော ၂၀၁၀ အုပ်စုဝင်ဒီမိုကရက်တစ်ပါတီများနှင့်
နဂိုရပ်တည်ချက်များမှ မရွေ့ပြောင်းနိုင်သေးသော ၁၉၉၀ အုပ်စုဝင်ပါတီများလို့ ဆိုရပါလိမ့်မည်
အတွေးပြောင်းမှသာ ထပ်တူညီလာပါလိမ့်မည်

ပါတီကြီးနှစ်ခုကို ယှဉ်ရန်အတွက် တိုင်းရင်းသားများစုပေါင်း၍ ပါတီတစ်ခုထောင်ကြမည်ဟုဆိုပါသည်
စာရွက်ပေါ်တွင် အလွန်ကောင်းပါသည်
စာရွက်အပြင်ဖက် တကယ့်လက်တွေ့နယ်ပယ်တွင်မှု ရွှေအိမ်မက်အဖြစ်သာ ရှိနေပါလိမ့်မည်

$$ kotoetoe $$

Monday, November 10, 2014

တွေးမိလို့ ပြောကြည့်တာ။

တွေးမိလို့ ပြောကြည့်တာ။

မဲဆန္ဒရှင်ကို စိတ်ဖြာကြည့်ဦးမယ်
သုံးသိန်းရှိတဲ့ မဲဆန္ဒနယ်မှာ
သုံးသိန်းစလုံးက မကြိုက်တာလား
နှစ်သိန်းက မကြိုက်တာလား
တစ်သိန်းက မကြိုက်တာလား
ငါးသောင်းက မဲကြိုက်တာလား
နှစ်သောင်းက မကြိုက်တာလား
တစ်သောင်းက မကြိုက်တာလား။
ငါးထောင်က မကြိုက်တာလား
သုံးထောင်က မကြို့က်တာလား
တစ်ထောင်က မကြိုက်တာလား
ငါးရာက မကြိုက်တာလား
သုံးရာက မကြိုက်တာလား
တစ်ရာက မကြိုက်တာလား
မဲဆန္ဒရှင်များက မကြို့က်ပါနဲံရောချ
လက်မှတ်လိုက်ကောက်တာတောင် ရှစ်မြို့နယ်မှာ
သောင်းဂဏန်းတောင် မရောက်လိုက်။
ဒါကို မဲဆန္ဒရှင်များက မကြိုက်ပါနဲ့ ဆိုင်းဘုတ်ကြီးထောင်လို့။
လူတွေကလည်း နယ်စုံကလူတွေနဲ့ ပွဲ မြ့ဖစ်ဖြစ်အောင်လုပ်။
ဟိုမြို့နယ်မှာလည်း ဒီလူတွေ
ဒီမြို့နယ်မှာလည်း ဒီလူတွေပဲ။
မြို့နယ်ရဲ့မဲဆန္ဒရှင်များတဲ့။
ကောင်းပါပေ့ဗျာ။
မိုးကုတ်ကိုတိုး( ၉-၁၁-၂၀၁၄)

#to be happy#

$$ kotoetoe $$

NDF ပါတီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

NDF ပါတီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

 

၁။     ရွေးကောက်ပွဲစနစ်တစ်ခုကို ရွေးချယ်ရာတွင် လက်ရှိလူမှုစီးပွားရေးဘ၀၊ နိုင်ငံရေး အပြောင်း အလဲနှင့် နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ကြမည့် နိုင်ငံတစ်ခုနှင့် လိုက်ဖက်ညီမည့် စနစ်ကို ရွေးချယ်မိကြဖို့ လွန်စွာပင် အရေးကြီးပါသည်။

 

၂။     နိုင်ငံရေးအဆောက်အဦကို ပြောင်းလဲရာတွင်လည်း ပြောင်းလဲရမည့်စနစ်၊ နိုင်ငံတည်ဆောက်ပုံ၊ လူမျိုးအားလုံးကို ကိုယ်စားပြုနိုင်မှုကို ကျယ်ပြန့်စွာ ရနိုင်၊ မရနိုင် စသည်တို့ကိုပါ ထည့်သွင်း၍ အနာဂတ် နိင်ငံနှင့် နိုင်ငံသားများ၏  နိုင်ငံရေးဘ၀အတွက်ပါ စဉ်းစား၍ ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရမည် ဖြစ်ပါသည်။

 

၃။     ဤသို့ရွေးကောက်ပွဲစနစ်ပြောင်းလဲစေခြင်းသည် ရွေးကောက်ပွဲအတွက် သူ့ချည်းသက်သက် ပြောင်းလဲသည်ဟု ကျဉ်းမြောင်းစွာ မရှုမြင်စေလိုဘဲ ပြည်ထောင်စုစနစ်ပီပြင်ရေးအတွက် နိုင်ငံ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲကိုလည်းကောင်း၊  အထောက်အကူဖြစ်စေရန်အတွက်ကိုပါ ရည်ရွယ်ချက်ထားရှိရပါမည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ဖြစ်တည် ရေးတွင် ဤရွေးကောက်ပွဲစနစ်ပြောင်းလဲရေးသည် မြန်မာ့နိုင်ငံနှင့် နိုင်ငံသားများ၏နိုင်ငံရေးဘ၀ အပေါ် တွင်  နက်နက်ရှိုင်းရှိုင်း ပါဝင်သက်ရောက်မှုရှိနေရမည်ဟု ကျွန်ုပ်တို့ NDF ပါတီက ရှုမြင်လက်ခံ ထားပေသည်။

 

ရက်စွဲ။        ၇-၁၁-၂၀၁၄

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

      အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Sunday, November 9, 2014

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် မက်ဆင်ဂျာအင်တာဗျူး( ၉-၁၁-၂၀၁၄)

 

သမ္မတအိမ်တော်တွင်ပြုလပ်ခဲ့သည့်တွေ့ဆုံပွဲနှင့်ပတ်သက်၍

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် မက်ဆင်ဂျာအင်တာဗျူး( ၉-၁၁-၂၀၁၄)

 

မေး။   ၁၀လပိုင်း၊ ၃၁ရက်နေ့က တွေ့ဆုံပွဲအခြေအနေလေးကို အရင်ပြောပြပါလား။

ဖြေ။   ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက လာဖိတ်တယ်။ ရုံးကိုလာဖိတ်တယ်။ အမျိုးသားဒီမိုကရေးစီ အင်အားစုပါတီ ပြီးတော့ အောက်မှ (FDA) ကိုယ်စားပြုတစ်ယောက်အနေနဲ့ဖိတ်တယ်လို့ပဲ ပြောရမှာပဲ။ FDA မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် (၁၁)ပါတီက တင်မြှောက်ထားတာပဲလေ။ FDA နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် ပေး ထားတော့ ပြောရမှာပဲလေ။ အဲ့ဒီနေ့ပွဲမှာ (၉)နာရီကစတယ်။ တစ်ယောက်ကို(၁၀)မိနစ် အများဆုံးပြောါ တယ်။ သမ္မတ၊ ဦးရွှေမန်း၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပြောတယ်။ ဦးဌေးဦးနေရာမှာ ဦးရွှေမန်းက ထပ်ပြောတဲ့ အတွက် သူကနှစ်ကြိမ်ဖြစ်တာပေါ့။ အကုန်လုံးပြောပြီးတော့  ဦးခင်အောင်မြင့်နဲ့ ဦးတင်အေးပြောတယ်။  နောက်ဆုံးသမ္မတက နည်းနည်းထပ်ပြောပြီး တွေ့ဆုံပွဲ ရုပ်သိမ်းလိုက်တာပဲ။

 

မေး။   ဒီဆွေးနွေးပွဲမလုပ်ခင်ကတော့ မျှော်လင့်ချက်တွေ ပြောစကားတွေက တစ်မျိုး၊ ပွဲပြီးသွားတော့  ပြောင်းသွားတယ်။ ဒီပွဲကို အချိုက ထမင်းဖိတ်ကျွေးတဲ့ပွဲထက် မပိုဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မဟုတ်ဘူးလို့  ပြောကြတော့ ဦးခင်မောင်ဆွေအနေနဲ့ရော နိုင်ငံရေးတွေ့ဆုံပွဲလို့ ယူဆသလား။ ထမင်းဖိတ်ကျွေးတဲ့ပွဲထက် မပို ဘူးလို့ ထင်သလား။  ဘယ်လိုပါလဲ။

ဖြေ။   အမြင်ကတော့ အမျိုးမျိုးရှိတာပေါ့။ အမြင်မှာ အဆိုးမြင်တာနဲ့ အကောင်းမြင်တာ ရှိတာပေါ့။ ဓမ္မဓိဋ္ဌာန် ကျကျ မြင်ဖို့တော့လိုတာပေါ့။ ဟုတ်ပြီ။ ထမင်းဖိတ်ကျွေးတဲ့ပွဲဆိုရင် ထမင်းစားရင် စကားပြောပြီး ပြန်ကြမှာပေါ့ လေ။ ခုကန ထမင်းစားပွဲမတိုင်ခင် နှစ်နာရီလောက် နိုင်ငံရေးစကားတွေပြောကြတယ်။ တစ်ယောက် ၁၀မိနစ် လောက် ပြောကြပြီးမှ ထမင်းစားတာကိုး။ အများပြောသလိုပေါ့။ အိုဘားမားမလာခင် နိုင်ငံရေးလုပ်ပြတယ်လို့ ယူဆရင်လည်း ယူဆနိုင်တယ်။  အိုဘားမားမလာခင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ နဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ပြယုဂ်တစ်ခု ပေါ်ထွက်သွားတာပေါ့။ ဒါပေမယ့် အဲ့ဒီအထဲမှာ ဘာပါနေသလဲဆို တော့ ဒီမိုကရေစီနဲ့တိုးတက်ရေး၊ ရှင်သန်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားညီညွတ်ရေးရရှိရေး၊ ၂၀၁၅ ရွေးကောက် ပွဲကို အောင်မြင်စွာဖြတ်သန်းနိုင်ရေးနဲ့ အနာဂတ်နိုင်ငံရေးကောင်းမွန်စွာတည်ဆောက်ရေးဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတာပဲ။ ဥပမာဆိုပါတော့  ဦးရွှေမန်းက အခြေခံဥပဒေကို အသစ်ရေးဖို့လုံးဝမဖြစ်နိုင်ဘူး။ လွှတ်တော် ထဲကပဲ အဟောင်းကို ပြင်သွားဖို့၊ ဒီအခြေခံဥပဒေက ဖက်ဒရယ်စရိုက်လက္ခဏာတွေ ပါနေတဲ့အတွက် ထပ်ပြီး တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံကို ထပ်ဖြည့်လိုက်ရင် သုံးစွဲလို့ရသွားမယ်လို့ပြောတယ်။ တပ်ချုပ်ကလည်း အခြေခံဥပဒေကို လွှတ်တော်ထဲက ပြင်တာ သူဘာမှ မကန့်ကွက်ဘူး။ မကန့်ကွက်တဲ့သဘော ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်အလှည့်မှာလည်း သူ့အနေနဲ့ လွှတ်တော်ထဲပြင်ဖို့လက်ခံပါတယ်။ နိုင်ငံရဲ့နိုင်ငံရေး မတည်မငြိမ်ဖြစ်မှာကို မလိုလားဘူးဆိုတဲ့သဘောမျိုးပြောတယ်။ ဦးခွန်ထွန်းဦးကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တော်တော်ကြီးကို ကျယ်ကျယ်လောင်လောင် ပြောသွားတယ်။ လက်ရှိဥပဒေကို ဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေးပွဲတန့်နေအောင် မလုပ်မိစေဖို့ တိုက်တွန်းကြောင်းနဲ့ တပ်က လိုက်နာမယ့်ငြိမ်းချမ်းရေးခြောက် ချက် ကို ပြန်စဉ်းစားပေးဖို့ ဦးစိုင်းအိုက်ပေါင်းက ပြောတယ်။ ကျွန်တော့်အနေနဲ့ ၁၇(၁)ဆိုတာမျိုးကို ပြောတယ်။ နားလည်မှုရှိရှိနဲ့ ဥပဒေတွေကို အသေဆုပ်ကိုင်မသွားဘဲ ဆွေးနွေးပွဲဆက်နိုင်ရင် ငြိမ်းချမ်းရေးတံခါးကို ခေါက်နိုင်မယ်လို့ ထင်တယ်လို့ ပြောတယ်။ ဒါတွေက ဘာလဲ။ နိုင်ငံရေးဆွေးနွေးတာမဟုတ်ဘူးလားလို့ မေးရင် ဘယ်လိုဖြေကြမလဲ။  ထမင်းစားရုံသက်သက်ပဲလား။ ဦးရွှေမန်းက လွှတ်တော်ထဲမှာပြင်ဖို့ပြောတယ်။ တပ်ချုပ်က ၄၃၆ ကို မပြင်နိုင်ဘူးလို့ပြောတယ်။ ဒါတွေက နိုင်ငံရေးကိစ္စတွေ မဟုတ်ဘူးလား။ ကိုယ့်အမြင် သူ့အမြင် ပြောကြတာပဲ။ ပြောတဲ့ပုံစံ နှစ်ခုပေါ့။ အပြန်အလှန်ဆွေးနွေးတာ မရှိဘူး။ အိုက်ဒီယာတွေကို ၀ိုင်ေးပြာကြတာ။ နိုင်ငံရေးစကားတွေ တော်တော်ပြောကြတာပဲ။ ဒါကိုနိုင်ငံရေးဆွေးနွေးပွဲလို့ အမည်တပ်ရမှာပဲလေ။။

 ပြဿနာ ဘယ်မှာ ရှိလဲဆိုတော့ အိုဘားမားမလာခင် နိုင်ငံရေးပြယုဂ်ကောင်းကောင်းလုပ်တယ် ဆိုတာကတော့ တစ်ဝက်တော့မှန်တယ်။ ဘာကြောင့်လဲ။ ဒါက စစ်အစိုးရရဲ့လုပ်နည်းလုပ်ဟန်က ဒါပဲလေ။ ဦးသိန်းစိန်အစိုးရမှာလည်း အရင်တစ်ခေါက် အိုဘားမားမလာခင် နိုင်/ကျဉ်းတွေကို လွတ်ပေးလိုက်တာပဲ။ ဒါက ဖိအားလျှော့သွားအောင် လုပ်တာပဲလေ။ နိုင်ငံရေးမှာတော့ ဒီပလိုမက်တစ်မှာ ကစားတာပဲ။ ပြောတဲ့လူတွေရဲ့ သဘောပဲလေ။ သို့သော် တစ်ဖက်မှာတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်။ ဒီဆွေးနွေးပွဲမှာ တူတာများပါတယ်။ မတူတာတွေက ဒါတွေဆိုပြီးထုတ်ပြန်ပေးလိုက်ရင် ထင်သာမြင်သာ ဖြစ်သွားမှာပေါ့။ ကျွန်တော့်အနေနဲ့ သမ္မတပြောတာတွေအပါအ၀င် တူတာတွေ၊ မတူတာတွေအားလုံးကို အနှစ်ချုပ်ပြီး ထုတ်ပြန်ပေးဖို့ လိုပါတယ်လို့ ပြောခဲ့တယ်။ ဒါမှ အကျိုးသက်ရောက်မှုက တိုက်ရိုက်ထိရောက်မှုရှိမယ် လို့ အဆို ပြုတယ်။ ဒါကို အဲ့ဒီလို သတင်းမထုတ်ပြန်ဘဲ ဦးရဲထွဋ်ကခြုံငုံသုံးသပ်ပြိး သတင်းစာရှင်းလင်းပွဲ လုပ်သွားတယ်။ လုပ်သွားတော့ အဲ့ဒီမှာလည်း တောင်းဆိုသလောက်မရတော့ အပြောခံရတာ အဲ့ဒါလည်း ပါတယ်။

        နောက်တစ်ချက်က ဘာကြောင့်မထုတ်လဲတော့ မသိဘူး။ အပြောအဆိုခံချင်လို့လားတော့ မသိဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတန့်နေတာကို ခုဆွေးနွေးပွဲကြောင့် ပြန်စကားပြောဖို့ ပွင့်သွားရင် အကျိုးသက်ရောက်မှု အဲ့ဒီကျမှ တွေ့မယ်လေ။ တန့်နေတာကို မထိုးဖောက်နိုင်ဘူးဆိုရင်တော့ ဒီဆွေးနွေးပွဲက ဒီမှာတင်ပဲ အဆုံးသတ်သွားတယ် ယူဆရမှာပဲ။ အကျိုးရလာပေါ်ခြင်း မပေါ်ခြင်းကို နည်းနည်းစောင့်ကြည့်ဖို့ လိုတယ်။ NCCTနဲ့UPWC က မဆွေးနွေးဘဲ တန့်သွားတာကို ဒီအချက်ကို ထိုးဖောက်စေချင်လို့ ကိုယ်တိုပက တွန်းအားပေးတာ။ အဲ့ဒါအောင်မြင်သွားရင်တော့ ထမင်းစားပွဲထက်မက အကျိုးသက်ရောက်မှု ရှိပြီ ဆိုတာကို ထောက်ပြပြောဆိုလို့ ရတယ်လို့ပြောချင်ပါတယ်။

 

မေး။   အခုငြိမ်းချမ်းရေးကိစ္စမှာ  ဆွေးနွေးပွဲတွေလုပ်ပေမယ့် ရလာဒ်ကောင်းကောင်းထွက်လာတာ မရှိတော့  ခုလိုနိုင်ငံရေးအင်အားစုတွေအနေနဲ့ သမ္မတနဲ့ဆွေးနွေးချိန်မှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရအောင် လုပ်ပေးဖို့တောင်းဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးသလို မဖြစ်ဘူးလား။

ဖြေ။   ဖိအားပေးတယ်ဆိုတာ သူတို့ကို တိုက်ရိုက်သွားပြီးဖိအားပေးတာ မဟုတ်ဘူးလေ။ ပြည်သူကိုယ်စားပြု တဲ့ နိုင်ငံရေးပါတီတွေက ဒီလိုလုပ်ဖို့သင့်ပါတယ်ဆိုပြီး တိုင်းရင်းသားပါတီတွေရော၊ ဗမာပါတီတွေက ဒီလို လုပ် ဖို့ သင့်ပါတယ်ဆိုပြီး  တိုက်တွန်းပေးတာက သူတို့အတွက်တံခါးဖွင့်ပေးတာပါ။ သူတို့ကို ဖိအားပေးတာ မဟုတ်ဘူး။ လူထုနည်းနဲ့ တိုက်တွန်းတာ။ တစ်ဖက်ကျတော့ တန့်နေတာကိ ဖောက်ပေးတာ။  ကာချုပ်ကို တပ်ကကိုင်ထားတဲ့ ခြောက်ချက်ကို လျှော့ပေးပါလို့ အတိအလင်းတောင်းဆိုခဲ့တယ်။ အဲ့ဒါ စကားပြောဝိုင်းအတွက် အခြေအနေ ကောင်းတွေ ဖန်တီးပေးတဲ့ ဖြေရှင်းချက်ဖြစ်တယ်။ ဒါကြောင့် တပ်ချုပ်ကသာ ဒီခြောက်ချက်ကို လျှော့ပြီး စဉ်းစား ပေးလာရင် စကားပြောဝိုင်းက ပိုမိုအဆင်ပြေပြိးပြန်ရောက်လာမယ့် သဘောဖြစ်တယ်။

 

မေး။   ကာကွယ်ရေးဦးစီးချုပ်ကို တွေတဲ့အချိန်မှာ သူ့ရဲ့ပြောစကားတွေအပေါ်မှာ ဘာထူးခြားချက်များ သတိ ထားမိခဲ့လဲ။

ဖြေ။   ကာချုပ်က တင်ပြတာမှန်သမျှ ပြုံးပြီးသေချာနားထောင်တယ်။ သူ့တပ်က နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းချင်ပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက တပ်မတော်က ဆုံးခန်းတိုင်အောင်သွားဖို့ သန္တွိဌာန်ချမျတ်ပြီးသားရှိပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ဖိအားပေးပြီး လက်နက်အင်အားနဲ့ ဒုက္ခပေးတာကိုလည်း မလိုလားဘူး။ နောက်ပြီး နိုင်ငံခြားရဲ့ သြဇာခံ။ နိုင်ငံခြားကို အားကိုးမှုတွေ မဖြစ်စေလိုဘူး။ အမျိုးသားနိုင်ငံရေးအားကောင်းတဲ့အခါမှာ နိုင်ငံရေးတည် ငြိမ်မှု များမယ်။ ပါတီနိုင်ငံရေးဇောင်းပေးတာများရင် လှုပ်လှုပ်ရွရွတွေ များမယ်။ အမျိုးသားနိုင်ငံရေးလွှန်ကဲ လာရင် လှုမှုရေးအစွန်းရောက်တွေများမယ်။ ဒါဆိုရင် တိုင်းပြည်မတည်မငြိမ်ဖြစ်လာမယ်။ ဒါတွေကို ရှောင်ဖို့လို မယ်လို့ ပြောတယ်။ ထမင်းစားဖို့ထွက်လာတဲ့အခါမှ တပ်ချုပ်က အနားကပ်ပြီးပြောသွားတယ်။ ဦးစိုင်းအိုက် ပေါင်း နဲ့ကျွန်တော့်ကို ပြောတယ်။ တပ်က ကိုင်ထားတဲ့အချက်ခြောက်ချက်ကို လျှော့ပေးဖို့ စဉ်းစားပါမယ်လို့ ပြောတယ်။ တပ်ချုပ်ရဲ့သဘောထားက  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့သဘောထားရှိတယ်လို့ တွက်ဆလို့ ရပါတယ်။

 

မေး။   ၄၃၆ ကို မပြင်ဘူးလို့  ကာချုပ်က ဆွေးနွေးပွဲမှာ အတိအလင်းသဘောထားပေးတယ်။ ၄၃၆ မပြင်ရင် တော့ဘာမှမထူးဘူးဆိုပြီး အတိုက်အခံကပြောတယ်။ ဒီလိုပဲ ဖွဲ့စည်းပုံပြင်ဆင်တာ ၊ ၄၃၆ပြင်ဆင်ရေးအတွက် ဆန္ဒပြပွဲတွေလည်း ဖြစ်နေတော့ ဒီအခြေအနေကရော ဘယ်လိုဖြစ်နိုင်မယ်ထင်သလဲ။

ဖြေ။   ၄၃၆င ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်မဆွေးနွေဘူး။ ကျွန်တော်လည်း မဆွေးနွေးဘူး။ ဘယ်သူမှလည်း မဆွေးနွေးဘူး။ ဘာကြောင့်လဲဆိုတော့ ၄၃၆က လွှတ်တော်မှာတင်ပြီးပြီလေ။ NLD ရော၊ ကျွန်တော်တို့ရော တင်ပြီးပြီ။ ၄၃၆ကိုပြင်ဖို့တင်ပြီးသားမို့ မပြင်ဘူးဆိုတာကို ဆန့်ကျင်ပြီးဆွေးနွေးစရာ အကြောင်း မရှိဘူး။ သူ့သဘော သူပြောတာ။ စစ်တပ်ကမဖြစ်နိုင်ဘူးလို့ပြောတာနဲ့ မဖြစ်ရတော့ဘူးလား။ ဒီလိုက အ၇င်ခေတ် ကြီးမှာ စစ်တပ်ကသူ့သဘောထား သူပြောတာလေ။ အပြင်မှာလူထုက လက်မှတ်ထိုးတင်တဲ့ ငါးသန်းကိစ္စကရော လက်မှတ်ထိုးခိုင်းတဲ့သူတွေက ဘယ်သူတွေလဲ။ NLD ပေါ့။ ၈၈ ကတော့ တင်လို့မရဘူး။ NLDက တင်ရမှာ။ ၄၃၆ ကို လူထုငါးသန်းလက်မှတ်ထိုးထားတယ်။ အဲ့ဒါကြောငု့် လွှတ်တော်သဘောထားက ဘယ်လိုရှိလဲဆိုတာ မေးခွန်း မေးလို့ရတာပဲ။ ကျွန်တော်က ဥက္ကဌသွားတင်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ကပဲ တင်လို့ရတာလေ။ ဖြစ်နိုင်ချေရှိတယ်။ မရှိဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းသွားပြီ။ ကော်မတီသုံးသပ်ချက် ထွက်နေပြီ။အဲ့ဒီမှာ ၄၃၆ပြင်မယ့်ဘက်မှာ အများစုရှိနေပြီ။ ပြည်ထောင်စုလွှတ်တော်မှာ ဒါကိုတင်မှာကိုဆိုဒါ ရှင်းသွားပြီ။ ငါးသန်း လက်မှတ်ကိုပါစေချင်ရင် မေးခွန်းတင်၊ အဆိုတင်ပေါ့။ တတ်နိုင်ရင် ၄၃၆ နဲ့ပတ်သက်ပြီး ဥပဒေတစ်ခု ရေးတင် ပေါ့။ အဲ့ဒါကြီးကို လွှတ်တော်ထဲမှာ ပြင်မယ်လို့ပြောထားတော့  လမ်းပေါ်မှာဘယ်လောက်ပဲထွက်အော် အော်နေ စစ်အစိုးရခေတ်မဟုတ်ဘူးလေ။ စစ်အစိုးရခေတ်မှာတော့ ဒီလိုအော်ရင် ဖိန့်ဖိန့်တုန်ရင်လည်းတုန်မယ်။ ခုကတော့ အော်စရမလိုဘူး။ လွှတ်တော်ရှိတယ်လေ။ လွှတ်တော်က ထိပ်မှာပိတ်နေတယ်။ လွှတ်တော်နိုင်ငံေ၇းကို ဖျက်ချင် လည်းဖျက်ပေါ့။ လွှတ်တော်နိုင်ငံရေးသွားလို့မှ ၅၁သန်းသော ပြည်သူတွေရဲ့ထက်ဝက်ကတောင်းဆိုတာကို လုပ်မ ပေးဘူးဆိုရင် အစိုးရကို ဆန္ဒပြကြလေ။ အခုက မတိုင်ခင်ဆန္ဒပြနေတာလေ။ လွှတ်တော်ကမှ ပြည်သူ့ဆန္ဒကို လုပ်မပေးဘူးဆိုရင်တော့ လွှတ်တော်က ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုနေတယ်ဆိုပြီး ဆန္ဒပြကြလေ။

 

မေ။    ၄၃၆ ကိစ္စမှာ မဲခွဲဆုံးဖြတ်တဲ့အချိန်မှာ သူတို့ဘက်က အင်အားသာနေတော့ နိုင်ငံရေးအတွေ့အကြုံ အရ ဘယ်လိုမြင်လာနိုင်မယ်ထင်ပါသလဲ။

ဖြေ။   အဲ့ဒါက တိုင်းပြည်မှာမဲလိမ်ပြီးတက်လာတဲ့ ကြံ့ခိုင်ရေး တက်လာတာလေ။ ပြည်သူက ဆန္ဒမှ မပြတာ။၉၀ ပြည့်နှစ်ကလည်း ကိုယ်တို့ NLDမှာ တစ်နီုင်ငံလုံးနိုင်ခဲ့တာပဲ။ ပြည်သူက အရေးမှမလုပ်ဘဲ။ ခင်ဗျားတို့ မဲခိုးချတယ်။ နိုင်တယ်။ ခင်ဗျားတို့မဲရလာဒ်က မှားနေတယ်ဆိုပြီး ဘယ်သူကမှဆန္ဒမပြဘူး။ ဆန္ဒမပြတဲ့ ပြည်သူ ကတော့ တန်တာပဲရမယ်။ NLDကလည်း သူတို့ကိုယ်တိုင် နိုင်ခဲ့တယ်။ ၉၀တုန်းက ဆန္ဒပြဖို့ ကြိုးစားခဲ့တော့ အကုန်ဖမ်းပြီးထောင်ချခံခဲ့ရတယ်။ အဲ့ဒီတော့ ပြည်သူ့ဘက်မှာ တာဝန်ကျန်နေခဲ့တယ်။ တန်တဲ့အစိုးရပဲ ရမယ်လေ။ မခံချင်ရင်တော့ ၂၀၁၅ မှာ ဒီမိုကရေစီအင်အားစုတွေ များများရအောင်အားပေးကြပေါ့။ အဲ့ဒီကျရင် လည်း ၂၀၀၈ကိုထပ်ပြင်လို့ရတာပဲ။ ဒါက ဘုရားနှုတ်ကပ္ပတ်တော်မဟုတ်ပါဘူး။ အခြေအနေနဲ့ ကိုက်ညီအောင်လုပ်ပေါ့။ အခန်း(၁၂)မှာ ပြင်လို့ရတယ်လို့ ပါနေတာပဲလေ။ နောက်တစ်ခါလှည့်လို့ရတာတွေ ရှိတယ်လေ။ (၇၅%)ကျော်နဲ့ ပြင်ရမယ်လို့တောင်းဆိုတယ်။ ပါတီများများ တောင်းဆိုတယ်။ ၇၅%ထဲမှာ  တပ်မတော် ၂၅%အပါအ၀င် ၇၅%ဖြစ်ရမယ်လို့ သတ်မှတ်ရင်ရော တပ်မတော်က ၇၅%ထဲရောက်သွားမယ်။  အဲ့ဒီလိုစဉ်းစားရင် တပ်ရဲ့ကန့်ကွက်မှုကို ကျော်လို့ရမယ်။ ဆုံးဖြတ်တဲ့အခါကျတော့ ဒီမိုကရေစီအင်အားစုတွေ ပါရင် ၇၅% ကျော်သွားမယ်လေ။ ကစားလို့ရနိုင်တာတွေ အများကြီးရှိတယ်လေ။ အဲံဒီတော့ ဒါ Dead lock ဖြစ်မနေပါဘူး။

 

မေး။   တွေ့ဆုံဆွေးနွေးပွဲမှာ အတိုက်အခံစစ်စစ်က နှစ်ဦးပဲပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။   ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ တော်တော်ကြီးကို သင့်သင့်မြတ်မြတ် နီးနီးစပ်စပ်နဲ့ ရှိနေတာ။ အတိုက်အခံလို့ ခေါ်တာလား။ နောက်တစ်ခါ ဦးရွှေမန်းကို သမ္မတအဖြစ်ထောက်ခံမယ်၊ NLDမှာ သမ္မတလုပ်မယ့် သူ ဒေါ်စုမဟုတ်ရင် အခြားသူမရှိပါလို့ ဦးရွှေမန်းကိုထောက်ခံမယ်ဆိုတဲ့ အသံထွက်လာတယ်လေ။ အဲ့ဒီလိုထွက် တာ ကျွန်တော့်ပါတီက ထွက်တာမဟုတ်ဘူးလေ။ ဘယ်သူ့ပါတီက ထွက်လဲ။ လွှတ်တော်ထဲမှာ ကြံ့ခိုင်ေ၇း တင်တာ အတော်များများက NLDက ထောက်ခံတယ်လေ။ ကိုယ်တို့က ကန့်ကွက်တယ်လေ။ နည်းဥပဒေ(၁၉) အမိန့်အာဏာနဲ့ လွှတ်တော်ဥက္ကဌက လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ NLD ကထောက်ခံတယ်လေ။ ကျွန်တော်တို့ ပါတီ ကလူတွေက ကန့်ကွက်ခဲ့တယ်။ သူတို့လက်ခံခဲ့တယ်။ အဲ့ဒါ အတိုက်အခံလို့ ခေါ်လား။

        ဒီနိုင်ငံမှာ ပါတီ ၇၀ကျော်ရှိတယ်။ သူ့အုပ်စုနဲ့သူ ရှိတယ်။ NBF(၂၂)ပါတီ၊့ ကိုယ်တို့  FDA(၁၁)ပါတီ၊ NLD စုစုပေါင်း ခုနှစ်ပါတီ၊ရှစ်ပါတီ ။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံခေါင်းဆောင်လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း နိုင်ငံရေးပါတီအားလုံးကို လွှမ်းခြုံနိုင်တာ မရှိတော့ဘူးလေ။ပါတီတွေ ကို လက်ကမ်းထားတာ ၊ စကားကမ်းထားတာ မရှိဘူး။ တွေ့ဆုံဆွေးနွေးခြင်းလည်း မရှိဘဲနဲ့တော့ နိုင်ငံရေးပါတီအားလုံးကို ကိုယ်စားပြုပြီးတော့ လေးပွင့်ဆိုင်ကို သွားနေရင်တော့်ပါ့မလား။ အတိုက်အခံ နှစ်ပါတီ ဆိုရင်တော့ အဲ့ဒါတော့ နည်းနည်းများတာပေါ့။ ပြောရင် ပြောတဲ့သူတွေက ဆန္ဒကတိ အရမ်းများသွားပြီ။ ကိုယ်တို့ အတွက်ကတော့ ဘယာကတိပေါ့။ ဘယာကတိနဲ့ တွန်းချတာပေါ့။ အဲ့ဒီလိုပဲ ပြောရမယ်။

 

မေး။   စစ်အစိုးရလက်ထက်မှာ အတိုက်အခံနိုင်ငံရေးသမားတွေက ဖမ်းဆီးနှိပ်စက်ခံ နည်းမျိုးစုံနဲ့ လုပ်ခဲ့တဲ့ စစ်အစိုးရကနေ ဆင်းသက်လာတဲ့ လက်ရှိအစိုးရ၊ သူတို့ကလည်း  အရင်အစိုးရမှာ ပါဝင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့် သူတို့နဲ့ အတိုက်အခံတွေက လက်ဆွဲနှုတ်ဆက်နိင်တယ်။ စားပွဲဝိုင်းထိုင်နိုင်တယ်။ အချင်းချင်းကြတော့ ပူးပေါင်းဆောင်ရွက်တာ အားနည်းတာကို တွေပရတယ်။ ၀ါရင့်နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ဒါကတော့ နိုင်ငံေ၇းမာနတွေ ကိုယ်စီရှိနေကြလို့ပေါ့။ ငါလုပ်မှ ဒီမိုကရေစီ ရမယ်။ ငါလုပ်မှ ဖြစ်မယ်။ ငါကသာ ဦးဆောင်ဦးရွက်ဖြစ်တယ်ဆိုတာမျိုးပေါ့။ ဒီမိုကရေစီအင်အားစုအချင်းချင်း မညီညွတ်လို့ ခံခဲ့ရပြီး ပြီလေ။ အခုလည်း ခံနေရတုန်းပဲ။ ၂၀၁၀တုန်းက ခံခဲံပြီးပြီ။ ကိုယ်တို့ရွေးကောက်ပွဲဝင်တာကို ဦးဝင်းတင်တို့က NO VOTE လုပ်တယ်လေ။ နိုင်ငံရေးသစ္စာဖောက်လို့ပြောတယ်။  နိုင်ငံနဲ့ပြည်သူ့အကျိုးကိုမကြည့်ဘဲ ကိုယ့်ပါတီအကျိုးကို ကြည့်ပြီး ကိုယ်လိုရာဆွဲယူသွားတဲ့အခါ ရွေးကောက်ပွဲဝင်တာတောင်ဘာကြောင့်ဝင်လဲဆိုတာ သေချာ မလေ့လာဘဲနဲ့ ဒီလိုလုပ်ခဲ့ကြတဲ့အခါ နိုင်ငံရေးယဉ်ကျေးမှုကို မထူတောင်နိုင်ခဲ့ကြဘူး။ အခုလည်း မထူထောင်နိုင် ဘူး။ ဒါကတော့ သဘောထားချင်းတူပေမယ့် အတူလျှောက်တဲ့လမ်းမှာ ပြုံးမပြနိုင်တဲ့ အနေအထားတွေ ရှိတာပေါ့။ဒါကတော့ ပုဂ္ဂိုလ်ရေးမာနတွေရှိတာပေါ့။ နိုင်ငံရေးမာနလည်းပါမယ်။ ငါက ပါတီကြီးတယ်။ သူ့ပါတီက မလောက်လေးမလောက်စားဆိုပြီး စဉ်းစားမိတဲ့သူတွေအဖို့ ဘယ်ဆက်ဆံချင်ပါ့မလဲ။

        မြန်မာ့နိုင်ငံရေးမှာ အဲ့ဒါခက်တယ်။ အုပ်စုဖွဲ့တဲ့ စရိုက်လက္ခဏာပဲလေ။ ငါတစ်ယောက်တည်း ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ရှိနေသမျှ ကာလပတ်လုံး။  နှစ်အချက်က NBF က စောစောက ပြောပြီးသား။ ခင်ဗျားတို့မီဒီယာမှာတိုင်းရင်းသားခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ ပါတီခေါင်းဆောင်ပဲရှိတယ်။  တိုင်းရင်သား ခေါင်းဆောင် တင်မြှောက်ထားတာ မရှိဘူးတဲ့။ ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ တင်မြှောက်ထားတာ မရှိပါဘူးတဲ့။ ဒီလိုစိတ်အခံတွေ ရှိနေတာကို ကိုယ်တို့က ညီညွတ်ချင်ပါတယ်ဆိုပြိး သွားညီညွတ်လို့မရဘူး။ ညီညွတ်အောင်မလုပ်ခဲ့ကြဘူးလေ။ အခုလည်း မလုပ့်ဘူးလေ။ အဲ့ဒါထက်ကျော်ပြီး လူထုကိုနှိပ်စက်ခဲ့တဲ့သူ တွေနဲ့ သွားပေါင်းဖို့၊ လက်ချင်းတွဲဖို့ပြောနေတော့ ဘယ်မှာလဲ အတိုက်အခံကို ဘယ်လိုရှာရမလဲ။

 

မေး။   ပြီးခဲ့တဲ့တွေ့ဆုံပွဲမှာ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်တို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုမြင်သလဲ။

ဖြေ။   ကောင်းတယ်။ ကာချုပ်က တကယ့်FAMILY ပဲ။ ရင်းရင်းနှီးနှီးခင်ခင်မင်မင်ပဲ။ လက်ဆွဲနှုတ်ဆက်တာ တောင် လက်နှစ်ဖက်နဲ့ဆက်တာ ။ သူက မာနမကြီးပါဘူးဆိုတာ ပြချင်တာ ဖြစ်မှာပေါ့။ နွေးနွေးထွေးထွေး ရှိပါတယ်။ သမ္မတက မိတ်ဆက်ပေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကာချုပ်ကို ကျွန်မတွေ့ချင်တယ် ဆိုတာ ဘာလို့မတွေ့တာလဲလို့ ကာချုပ်ကိုမေးတယ်။ အဲ့ဒါကို ကာချုပ်က ကျွန်တော်မအားလို့ပါတဲ့။ နောက် တွေ့ပါမယ်တဲ့။ အဲ့ဒီတော့ သမ္မတက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကိုပဲ အပြစ်တင်နေတယ်။ အခု ခင်ဗျားတို့တွေ့ပြီလေ။ ပြောပါတဲ့။နောက်လည်းပြောရမှာပါ။ ပြောပါတဲ့။  အဲံ့ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာတွေ ရှိတယ်။ အတွင်းဇာတ်လမ်းတွေက အများကြီးရှိတယ်။ အပြင်လူတွေက ဒါကိုဘေးတီးနေတယ်။ အတိုက်အခံ နှစ်ဦးပဲဆိုတော့ ကိုယ်တို့က အရှုးတွေးလား။ ထောင်ထဲမှာ ၁၇နှစ်ကျော်နေလာတယ်။ အတိုက်အခံလုပ်လာတာ။ နာစရာရှိ ကိုယ်တို့ပိုနာရမှာပေါ့။ မိသားစုတောင် ကံကောင်းလို့ မပျက်စီးတာ။ တိုင်းပြည်နဲ့ နိုင်ငံသား အကျိုးအတွက် အနာကိုမေ့ပြီး လုပ်နေကြတာ။

 

မေး။   အပစ်အခတ်ရပ်စဲရေးက တကယ်ပဲအခြေအနေ ကောင်းနိုင်ပါသလား။

ဖြေ။   ဖြစ်နိုင်တယ်။ ကိုယ့်အမြင် ကိုယ်စဉ်းစားလို့ရသလောက် ၂၀၁၄ မကုန်ခင်တော့ အပစ်အခတ်ရပ်စဲရေးက တော့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး။   နောက် ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။   နောက် ဒီလိုပွဲတွေ ရှိဖို့လည်း အလားအလာရှိတယ်ဆိုတာ သိရပါတယ်။ ဒီလောက်ပါပဲ။

တွေးမိလို့ ပြောကြည့်တာ။

တွေးမိလို့ ပြောကြည့်တာ။

မဲဆန္ဒရှင်ကို စိတ်ဖြာကြည့်ဦးမယ်
သုံးသိန်းရှိတဲ့ မဲဆန္ဒနယ်မှာ
သုံးသိန်းစလုံးက မကြိုက်တာလား
နှစ်သိန်းက မကြိုက်တာလား
တစ်သိန်းက မကြိုက်တာလား
ငါးသောင်းက မဲကြိုက်တာလား
နှစ်သောင်းက မကြိုက်တာလား
တစ်သောင်းက မကြိုက်တာလား။
ငါးထောင်က မကြိုက်တာလား
သုံးထောင်က မကြို့က်တာလား
တစ်ထောင်က မကြိုက်တာလား
ငါးရာက မကြိုက်တာလား
သုံးရာက မကြိုက်တာလား
တစ်ရာက မကြိုက်တာလား
မဲဆန္ဒရှင်များက မကြို့က်ပါနဲံရောချ
လက်မှတ်လိုက်ကောက်တာတောင် ရှစ်မြို့နယ်မှာ
သောင်းဂဏန်းတောင် မရောက်လိုက်။
ဒါကို မဲဆန္ဒရှင်များက မကြိုက်ပါနဲ့ ဆိုင်းဘုတ်ကြီးထောင်လို့။
လူတွေကလည်း နယ်စုံကလူတွေနဲ့ ပွဲ မြ့ဖစ်ဖြစ်အောင်လုပ်။
ဟိုမြို့နယ်မှာလည်း ဒီလူတွေ
ဒီမြို့နယ်မှာလည်း ဒီလူတွေပဲ။
မြို့နယ်ရဲ့မဲဆန္ဒရှင်များတဲ့။
ကောင်းပါပေ့ဗျာ။
မိုးကုတ်ကိုတိုး( ၉-၁၁-၂၀၁၄)


Thursday, November 6, 2014

ပြောခဲ့သမျှ တိုတိုစိစိကလေးများ ၆

ဒီနေ့လူတစ်ယောက် ပြောတဲံစကား မှတ်မှတ်ရရကလေး။

လူတိုင်းဘာသာဝင်တိုင်းမှာအစွန်းရောက်မှုဆိုတာရှိတတ်ပါတယ်
သို့သော်လည်ဗုဒ္ဓဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေ
အစွန်းရောက်ရင်အစွဲကြီးရုံအငြင်းသန်ရုံလောက်ပါဘဲ
မွတ်စလင်အစ္စလာမ်တွေအစွန်းရောက်ရင်သတ်ဖို့ဖြတ်ဖို့၊
လည်လှီးဖို့၊အကြမ်းဖတ်ဖို့ဝန်မလေးတော့ပါဘူး။

အီရတ်မှာဖြစ်နေတာကြည့်ပြီး ကျောချမ်းသလား မမေးနဲ့။
လက်နက်၊ လူအင်အား၊ အစွန်းရောက်မှု၊ လုပ်ပိုင်ခွင့်များ ပေါင်းမိလိုက်ရင်
ကျန်သူတွေအတွက်ကတော့ ဒုက္ခကမ္ဘာ။

---------------------

ထပ်မံအားမစမ်းကြရန် ကိုကိုကြီး မေတ္တာရပ် ဆိုတော့ နည်းနည်းတောင် ရှက်သွားပြီ။ ပီအာကို NDF က ၂၀၁၂ ဖွန်လ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ရွေးကောက်ပွဲစနစ်ပြောင်းဖို့ လုပ်ခဲ့တာပါဗျာ။ အခုမှ မဟုတ်ပါဘူး။ ၄၃၆ နဲ့ ဘာမှမဆိုင်။

------------------------


ပြောခဲ့သမျှ တိုတိုစိစိကလေးများ ၅

နိုင်ငံရေးက လူတိုင်းနဲ့ဆိုင်ပေမယ့်
လူတိုင်းက နိုင်ငံရေးကိုလုပ်ကြရင်
ကျန်တဲ့အလုပ်တွေကို ဘယ်သူတွေ လုပ်ကြမှာလဲဟင်။
တွေးမိတာလေး ပြောကြည့်တာပါ။
-----------------------------------

ရင်ထဲက ကျလိကျလိနဲ့မို့ ပြောရဦးမယ်။

ဒီနေ့ ဂျာနယ်အချို့မှာ ပီအာနဲ့ ပတ်သက်တဲ့ဆောင်းပါးလေးတွေပါလို့
ဖတ်ကြည့်တာ ဆောင်းပါးရှင်တွေရဲ့ သမာသမတ်က
အရမ်းချီးကျူးးစရာ ကောင်းတာပဲ။
လူတစ်ယောက်နဲ့ တစ်ပါတီကို အစိုးရဖြစ်စေချင်တဲ့ဇောနဲ့
ရေးလိုက်တာများ ကိုယ့်ပါတီတောင် ရစရာမရှိ၊
ပြီးတော့ ဘယ်နားနေရမှန်းတောင်မသိ။
ခမောက်ကလည်း အခိုးခံရကောင်းနေတုန်း။
ခမောက်ကလေး အခိုးမခံရခင်
ပါတီကိုတောင် အပျက်ခံ၊အဖျက်ခံပြီး
လူထုကို ပစ်ပြေးတာကိုတော့ ဘာမှမပြောရဲကြဘူး။
ဒါတောင် ခဏဘေးထွက်ထိုင်နေတာပါလို့ ရေးပြသေး။
ပေးစားလိုက်တာကလည်း လွန်ရော။
သြော် ......သြော်.....သြော်
သူလုပ်မှ ဒီမိုကရေစီစစ်စစ်
သူတို့လုပ်မှ ဒီမိုကရေစီစစ်စစ်
ကျန်တာမှန်သမျှ ဘာလုပ်လုပ် ဒီမိုကရေစီလည်းမဟုတ်
ဒီမိုကရက်တစ်လည်း မဟုတ်ဘူးဆိုတော့လည်း
နောင်တစ်ချိန် သမိုင်းခုံရုံးမှာ
ဖြေရှင်းကြသပေါ့ဗျာ။
၂၀၁၀ တုန်းက ဘယ်သူကမှားသလဲ
ဘယ်သူက မှန်သလဲ။
ပီအာ စနစ်တင်သွင်းမှုက
သမိုင်းကြောင်းကောင်းဖို့လား၊
သမိုင်ကြောင်းဆိုးဖို့လားဆိုတာ။
ကျွန်တော်တို့ကတော့ လိပ်ပြာသန့်ပါတယ်။
ရချင်စရာနေရာမရှိ၊ ဖြစ်ချင်စရာနေရာမရှိ၊
ကူမယ့်သူနည်း၊ ထောက်ပံ့မယ့်သူနည်း
အားပေးမယ့်သူ နည်းနေသေးပေမယ့်
NDFဟာ ဒီမိုကရက်တစ်လမ်းပေါ်ကနေ
၂၀၁၀ ကတည်းက မတိမ်းမစောင်းနဲ့
ဆက်လျှောက်နေဆဲပါ။
မိုးကုတ်ကိုတိုး( ၂၅-၈-၂၀၁၄)

------------------------------------------


ကိုမိုးဟိန်းကျော်ပို့စ်မှ အကြိုက်ဆုံး အကြောင်းအရာကလေး။

NLD နဲ့ အန်တီစု ကို ထောက်ခံလို့ ရပါတယ်။
ဒါပေမယ့် အခုအခါ မှာတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ နဲ့
NLD အာဏာ ရရေး အန်တီစု အာဏာ ရရေး ကို
ဒီမိုကရေစီရေး လို့ အထင် မှားနေ ကြပါတယ်။
ဘယ်လောက်တောင် ဆိုး လဲ ဆိုရင် USDP သာ မက
NDF (ဦးခင်မောင်ဆွေ)၊ NNDP (ဦးသိန်းညွန်)၊ DP (ဦးသုဝေ) တို့လို
ဒီမိုကရေစီ လိုလားသော ပါတီတွေ နိုင်မယ် ဆိုရင်တောင်
ဒီမိုကရေစီ ရတယ် လို့ မသတ်မှတ် နိုင်ပဲ ရန်သူ စာရင်း သွင်း ထားပါတယ်။
ဒီလို သဘောထား မျိုးက တော့ ဒိမိုကရေစီ စိတ်ထားလို့ မဆိုနိုင်ပါဘူး။
Moe Hein Kyaw

-----------------------------------


မရှင်းလို့ မေးကြည့်တာပါ။

မရှင်းလို့ မေးကြည့်တာပါ။

၄၃၆ ပြင်ဖို့လက်မှတ်က ငါးသန်း။
အနည်းဆုံး စာရွက်တစ်ရွက်မှာ ၁၅ ယောက်ပဲ လက်မှတ်ထိုးတယ်ထား။
စာရွက်ပေါင်း ၃၃၃၃၃၃ ။သုံးသိန်းသုံးသောင်းကျော်။
ဒါကိုစာရွက် ၅၀၀ တစ်ထုတ်ဆိုပြီး လုပ်ရင် အထုပ်ပေါင်း ၆၆၆ထုပ်။
ဒီခြောက်ရာကျော်ကို ငါးထုပ်တစ်ပုံးဆိုပြီးလုပ်ရင် ပုံးပေါင်း ၁၃၃ပုံး။
ူဒီလက်မှတ်ပုံးတွေကို လွှတ်တော်ကို ဘယ်လိုပို့လိုက်သလဲ။
လွှတ်တော်က ဒီစက္ကူပုံး တစ်ရာကျော်ကို ဘယ်သူက လက်ခံသလဲ။
လက်ခံပြေစာတွေ ပေးသလား။
ဒါမှမဟုတ် လက်မှတ်ဒီလောက်ရပါတယ်ဆိုပြီး စာရေးပို့လိုက်တာလား။
ဒီလက်မှတ်ပုံးလွှတ်တော်ကို ပေးပို့တဲ့ပွဲလည်း မလုပ်ဘူးလား။
ဒီဘက်ကပေး၊ လွှတ်တော်က လက်ခံ
ဓာတ်ပုံနဲ့ သတင်းတွေများ ရောင်းကောင်းလိုက်မယ်ဖြစ်ခြင်း။
ဒါက မေးကြည့်တာပါ။
လက်မှတ်တွေ လွှတ်တော်ကို ရောက်တယ်၊မရောက်ဘူး ငြင်းသံတွေကြားနေရလို့ပါ။
မိုးကုတ်ကိုတိုး( ၇-၉-၂၀၁၄)


ကိုအောင်ဇင်နဲ့ အတွေးတစ်ချက် ( ၂၈-၉-၂၀၁၄)

ကိုအောင်ဇင်နဲ့ အတွေးတစ်ချက် ( ၂၈-၉-၂၀၁၄)

ဒီနေ့တော့ အွန်လိုင်းပေါ်မှာ ကိုအောင်ဇင်ရဲ့ပွဲပဲ။
ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ လူတွေနဲ့ပုံတွေ
တက်လာမှ တက်။
နာမည်ကလေးကတော့ သုံးပါရဲ့၊
ဒါပေမယ့်ဓာတ်ပုံလေးတောင် မဖော်ပြကြဘူး။
နာမည်ကလေးနဲ့ပဲ ပြီးသွားရော။

နောက်ပွဲတွေ လာပါဦးမည်။
ဒီတော့လည်း
NDF ပါတီမှာ နာမည်ကြီးသူတွေ များသထက် များလာနေပြီ။
ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်တို့က
ပါတီခွဲထောင်လို့ဆိုပြီး သစ္စာဖောက်အဖြစ် ၂၀၁၀ ကတည်းက
မီဒီယာမှာ ၀ိုင်းဖွဲ့ပြီး ပုံဖော်ထားခဲ့ကြတယ်။

ဒေါ်ခင်ဝိုင်းကြည်ကတော့ သမ္မတဖြစ်ဖို့နှစ်ယောက်ထဲက တစ်ယောက်ကို
မဲပေးရမယ်ဆိုရင်အခြားသူကိုပဲ ပေးမယ်ဆိုလို့
ဝိုင်းဖွဲှ့ပြီး ဆော်ပြန်ေ၇ာ။
ပီအာလည်း ထပ်တင်ရော
ရေးလိုက်ကြ၊ ပေးစားလိုက်ကြတာများ
ဟိုဘက်ကမ္ဘာထိ။

လာပြန်ပြီ ဦးအောင်ဇင်
လူမသိ၊သူမသိလည်း
ပီအားလည် အဆိုတင်လိုက်ရော
အုံးအုံးကြွက်ကြွကို ဖြစ်လို့။
အခုတော့ မီးစီမ်းပြလိုက်ပြီဖို့
ဆန္ဒပြကြ၊ ရှုံချကြနဲ့
နာမည်ကြီး အမတ်မင်းဖြစ်လာပြီ။

ဒီတော့လည်း အများကောင်းမှု၊ မီဒီယာကောင်းမှုနဲ့
ကျွန်တော်တို့ပါတီမှာ တိုင်းပြည်တစ်ခွင်သိကြတဲ့
လူတွေ နည်းနည်းများလာပြီ။
မကြာမီ ပါတီကြီးပါ
ပိုမိုလူသိများတော့မယ်ထင်တယ်။

မိုးကုတ်ကိုတိုး( ၂၈-၉-၂၀၁၄)


သြော်….သြော်…….သြော်…..ဒါမျိုးတွေလည်း ရှိသေးတာကိုး (၄) ( ၂၇--၉-၂၀၁၄)

သြော်….သြော်…….သြော်…..ဒါမျိုးတွေလည်း ရှိသေးတာကိုး  (၄) ( ၂၇--၉-၂၀၁၄)

 

ပီအာဆရာကြီး ဦးအောင်ဇင်ကို

ပုဇွန်တောင်က မဲဆန္ဒရှင်တွေက ဆန္ဒပြမယ်ဆိုပါလား။

လွှတ်တော်အမတ်ကို ဆန္ဒပြတာ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ

ပထမဦးဆုံးမော်ကွန်းတင်ရမယ့်အဖြစ်မျိုး။

ဒီမိုကရေစီမြှင့်တင်ရေးကွန်ယက်တို့၊ ဘာတို့က ဦးဆောင်ကြတယ်။

သတင်းစာရှင်းလင်းပွဲတောင် လုပ်ပြီးပြီ ဆိုပါလား။

နာမည်ကြီးပါပေ့ ဦးအောင်ဇင်ရယ်။

ပုဇွန်တောင်မှာ မနေဘူး။

ပုဇွန်တောင်မှာ ရုံးခန်းမဖွင့်ဘူး။

ပုဇွန်တောင်မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်ကို မဖြည့်ပေးဘူး ဆိုပါလား။

ပြည်သူ့သဘောထားမပါဘဲ ပီအာစနစ်ကို ကျင့်သုံးရေးကို အဆိုတင်လို့ဆိုလား။

 

ဟုတ်တာပေါ့ဗျာ။

ဘယ်သူမှမ၀င်ဘဲဘေးရှောင်နေကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ

နေနိုင်သူတွေက နေကြလေတော့

မနေတတ်သူ ပန်းချီဆရာတစ်ယောက်က မျက်စိလည်လမ်းမှားပြီး

 ပုဇွန်တောင်မှာမှ ၀င်ပြိုင်မိတာကိုး။

ကူသူမရှိ၊ အားပေးသူမရှိ၊ ရုံးခန်းတောင် မဖွင့်နိုင်၊

ဗွီနိုင်းလေးတောင် မချိတ်နိုင်တဲ့ ပုဇွန်တောင်မှာ

လွယ်အိတ်ကလေးတစ်လုံးနဲ့ ပန်းဖလက်ကလေးတွေ

တလမ်းဝင် တစ်လမ်းထွက် လိုက်ဝေနေရတဲ့အဖြစ်ကလေးကို

ပြန်မြင်ယောင်သေးတယ်။

ဒါတောင် NO VOTE သမားတွေက များမှများ။

ဟောဖို့ပြောဖို့နေနေသာ ပန်းဖလက်ကိုတောင်

လက်မခံနိုင်အောင် ကြောက်နေတဲ့ ဒီ ၂၀၁၀ မှာ

ကံအကြောင်းသင့်တော့  မဲနိုင်ပြီး လွှတ်တော်အမတ် ဖြစ်ပါလေရော။

 

အလုပ်အကိုင်က ပန်းချီဆရာ

နေတာက  သင်္ဃန်းကျွန်း

ပြိုင်တော့ ပုဇွန်တောင်

ပါတဲ့လွှတ်တော်ကော်မတီက  လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ

လုပ်နေရတာက လယ်သမားတွေရဲ့ အရေးကိစ္စ၊

သွားနေရတာက မြန်မာပြည်တလွှား

အမြဲတမ်းတွေ့နေရတာက လယ်သိမ်းခံလယ်သမားတွေ

ဆက်သွယ်နိုင်တာက ပါတီဌာနချုပ်ရုံး

နာမည်ကြီးတဲ့အဆိုက ပီအာ

ဖြစ်နေတာတွေက ကဘောက်တိကဘောက်ချာ။

 

ပြည်သူတွေအတွက် ခင်ဗျား ဘာမှ မလုပ်ပေးပါဘူး။

မဲဆန္ဒရှင်တွေရဲ့ လိုအင်ဆန္ဒတွေကိုလည်း ခင်ဗျား မဖြည့်ဆီးပါဘူး။

ခင်ဗျား မလုပ်ခဲ့တာတွေကို ပြန်ပြောပြရရင်

လယ်သမားတွေ စိုက်စရိတ် တစ်သိန်းတိုးတောင်းတာ ခင်ဗျား မဟုတ်ဘူး။

သီးနံအာမခံစနစ်ထားဖို့အဆိုကိုလည်း ခင်ဗျား မတင်ခဲ့ဘူး။

လယ်၁၀ဧကအထက်တွေကို စိုက်စရိတ်ထုတ်ချေးဖို့ ခင်ဗျား မပြောခဲ့ဘူး။

လွတ်လပ်တဲ့တောင်သူုလယ်သမားသမဂ္ဂဖွဲ့စည်းခွင့်ပေးဖို့လည်း ခင်ဗျား မမေးခဲ့ဘူး။

ပြောင်းလဲနေတဲ့ရာသီဥတုကြောင့် မိုးလေ၀သနဲ့စိုက်ပျိုးရေးလုပ်ငန်းဆက်စပ်တဲ့ဌာနဖွင့်ဖို့ ခင်ဗျား အဆိုမတင်ခဲ့ဘူး။

လယ်ယာသုံးစက်ကရိယာတွေကို အခွန်လွတ်တင်သွင်းခွင့်ပြုဖို့ ခင်ဗျား မပြောခဲ့ဘူး။

ဓာတ်မြေသြဇာတွေ တောင်သူလယ်သမားလက်ထဲ စနစ်တကျရောက်အောင်လုပ်ပေးဖို့လည်း မမေးခဲ့ဘူး။

ဒီရေတောတွေ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုနေတယ်လို့လည်း ခင်ဗျား အဆိုမတင်ခဲ့ဘူး။

ပဲခူးတိုင်းက စားကျက်မြေတွေ ပြန်ရအောင်လည်း ခင်ဗျား မစွမ်းဆောင်ခဲ့ဘူး။

မူဆယ်ဘက်မှာ နိုင်ငံခြားသားတရုတ်တွေ မြေ၀ယ်ပြီးစိုက်ပျိုးရေးလုပ်နေလို့ ဒေသခံတွေ အခက်အခဲတွေ့နေ တယ်လို့ ခင်ဗျားလွှတ်တော်မှာ မေးခွန်းမတင်ခဲ့ဘူး။

ကချင်ပြည်နယ် တနိုင်းအထိသွားပြီး မြေသိမ်းခံလယ်သမားတွေနဲ့ ခင်ဗျား မတွေ့ခဲ့ဘူး။

ယုဇနကုမ္ပဏီရဲ့ ကချင်ပြည်နယ်ထဲကမြေသိမ်းမှုတွေမှာလည်း  လယ်သမားတွေဖက်က ခင်ဗျား မပါခဲ့ဘူး။

ငွေဆောင်က အုန်းခြံတွေအသိမ်းခံရဖို့ လျှော်ကြေးပေးဖို့ကိုလည်း ခင်ဗျားသွားမလုပ်ခဲ့ဘူး။

ပုသိမ်နဲ့ ဗိုလ်ကလေးက လယ်သမားတွေကလည်း  လယ်သိမ်းခံကိစ္စတွေကို ခင်ဗျားဆီလာမပြောကြဘူး။

ကရင်ပြည်နယ် မြ၀တီက လယ်ယာမြေတွေကိစ္စလည်း ခင်ဗျားသွားပြီး မကူညီခဲ့ဘူး။

မကွေးတိုင်းရေစကြိုက မြေနုကျွန်းကိစ္စတွေကိုလည်း  ခင်ဗျားမလုပ်ပေးလိုက်ဘူး

တနင်္သာရီတိုင်း ထားဝယ်က လယ်သမားတွေရဲ့ မြေသိမ်းခံကိစ္စကိုလည်း  ခင်ဗျားရောက်အောင်သွားပြီး  မလုပ်ပေးခဲ့ဘူး။

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ စဥ့်ကိုင်က လယ်သမားတွေကိစ္စကိုလည်း သွားပြီးခင်ဗျားကူညီဖြေရှင်းပေးဖို့ မေ့နေတယ်။

နေပြည်တော်က လယ်ယာမြေသိမ်းဆည်းခံကိစ္စနဲ့ လျော်ကြေးကိစ္စတွေလည်း ခင်ဗျားဆီ ရောက်မလာဘူး။

ပဲခူးတိုင်းထဲက လယ်ယာမြေသိမ်းဆည်းခံရမှုတွေ၊ လျှော်ကြေးမရမှုတွေ ခင်ဗျားဆီကို ခဏခဏ မလာဘူး။

ရှမ်းပြည်နယ် ကျိုင်းတုံကို ရောက်တုန်းကလည်း မြေယာမှုတွေ ခင်ဗျား မယူလာခဲ့ဘူး။

ပုဒ်မ(၁၈)ကို ပြင်ဆင်ပေးဖို့ကိုလည်း ခင်ဗျားလွှတ်တော်မှာ မမေးခဲ့ဘူး။

ပုဇွန်တောင်ရေကျော်ဈေးတည်ဆောက်ရေးမှာ အနှင်ထုတ်ခံနေရတဲ့ ဈေးသည်တွေဘက်ကနေ ခင်ဗျားရပ်တည် ပြီး မလုပ်ဆောင်ပေးခဲ့ဘူး။

ပုဇွန်တောင်က ဘယ်ပါတီကမှ လက်ခံစကားမပြောတဲ့ စိတ်ဝေဒေနာရှင်ကိုလည်း သူပြောသမျှ နားထောင်ပြီး တတ်နိုင်သမျှ လုပ်ပေးပါမယ့်လို့ အားပေးစကား ခင်ဗျား မပြောခဲ့ဘူး။

သိန်း ၁၀၀၀ ကိုလည်း ရပ်ကွက်ရပ်မိရပ်ဖတွေနဲ့ ဖြစ်သင့်တာတွေကို မတိုင်ပင်ဘဲနဲ့ ခင်ဗျား ထင်သလို လုပ်သွားခဲ့တယ်။

 

ခင်ဗျား ဘာကြောင့် ပြည်သူ့ဆန္ဒတွေကို အဲ့ဒီလောက်တောင် မျက်ကွယ်ပြုနေရတာလဲ။

ပြည်သူတွေမကြိုက်ဘူး။ လက်မခံဘူးဆိုတဲ့  နိုင်ငံတကာမှာ ဒီမိုကရေစီပိုကျလို့ အသုံးများနေတဲ့ အချိုးကျ ကိုယ်စားပြုကိုယ်စားပြုမဲပေးစနစ်ဆိုတဲ့  ပီအာကို မြန်မာ့နိုင်ငံရေးရဲ့ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်ဆိုပြီး

ခင်ဗျား တင်သွင်းခဲ့တယ်နော်။

ဒီစနစ်ဟာ တောင်ပြိုကမ်းပြိုနိုင်မယ့်အဖြစ်ကို တားမယ့်စနစ်

မရှုမလှရှုံးကြမယ့်သူတွေကို အသက်ရှုပေါက် ရစေမယ့်စနစ်

ပါတီကြီးတွေရဲ့ အနိုင်ရရှိမှုကို ဟန့်တားပြီး နေရာတွေကို ခွဲပေးရမယ့်စနစ်

တစ်ပါတီတည်း အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘဲ ညွှန်ပေါင်းအစိုးရကိုသာ ဖြစ်စေမယ့်စနစ်

အစွန်းရောက်တွေ လွှတ်တော်ထဲ ရောက်လာမယ့်စနစ်

သဘောထားတင်းမာသူတွေ လွှတ်တော်ထဲရောက်လာစေမယ့်စနစ်

လူထုဆန္ဒကို မရနိုင်သူတွေအတွက် အသက်ရှုပေါက်ရစေမယ့်စနစ်

စတာစတာတွေကို ခင်ဗျား မမြင်ဘူးလားဗျာ။

 

ဒီတော့ဗျာ

ပုဇွန်တောင်အမတ် ဦးအောင်ဇင်ကို

ပုဇွန်တောင်မဲဆန္ဒရှင်တွေက ဆန္ဒပြမယ်

လွှတ်တော်အမတ်ကို ဆန္ဒပြတာ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ

ပထမဦးဆုံးမော်ကွန်းတင်ရမယ့်အဖြစ်မျိုး။

 

လွှတ်တော်ကိုယ်စားလှယ်ရုံးမရှိလို့

ပါတီရုံးမရှိလို့

ပုဇွန်တောင်လမ်းပေါ်မှာ ဆန္ဒပြကြမယ်။

ထွက်လာကြဟေ့ ပီအာဆန့်ကျင်သူအပေါင်းတို့။

မိုးကုတ်ကိုတိုး( ၂၇--၉-၂၀၁၄)

 

 

#to be happy#

$$ kotoetoe $$

ိသြော်…သြော်….သြော်….(၂) ဒါမျိုးတွေလည်း ရှိနေတာကိုး။

သြော်…သြော်….သြော်….(၂)   ဒါမျိုးတွေလည်း ရှိနေတာကိုး။

         NLD ပါတီမှတင်သွင်းသော အစီရင်ခံစာတွင် NLD အနေဖြင့် ယနေ့အချိန်အခါကို အခွင့်ကောင်းယူ လျှက် တင်ပြလိုသောအချက်ရှိပါတယ်။ ယင်းမှာ အချိုးကျကိုယ်စားပြုစနစ်PR ကိစ္စ ဖြစ်ပါတယ်။ အထူးထောက်ပြ လိုတဲ့အချက်မှာ နိုင်ငံတကာဖြစ်စဉ်များကို လေ့လာကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၌ ယခုကဲ့သို့ အရေးကြီးသော အပြောင်းအလဲမျိုးသည် ပြည်သူလူထု၏ပြင်းပြသောဆန္ဒနှင့် တောင်းဆိုမှုများကြောင့်သာ ဖြစ်ပေါ်လာသည့် ထုံးစံ များ ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော PR စနစ်ကို ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု တောင်းဆိုမှုကြောင့်မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သောကိစ္စ ဖြစ်သည်ကို တွေ့ရှိရပါသည်။

အပြည်ပြည်ဆိုင်ရာဒိမိုကရေစီနေ့တွင် NLD ဖတ်ကြားသောစာတမ်းမှ-

Daily Eleven Newspaper( ၁၆-၉-၂၀၁၄)

 

မနေတတ်တော့လည်း ၀င်ပြောရဦးမယ်။

ပါတီရယ်၊ ပြည်သူရယ်။ ကိုယ်စားပြုမှုရယ်၊

အရေးကြီးသော အပြောင်းအလဲဆိုတာရယ်။

အရင်ဆုံးပြောချင်တာကတော့

နိုင်ငံရေးပါတီနဲ့ပြည်သူ

နိုင်ငံရေးပါတီဆိုတာ ပြည်သူကို ကိုယ်စားပြုနိုင်ဖို့ ဖွဲ့စည်းကြတာ။

တတ်နိုင်သမျှ ပြည်သူတွေအတွက် လိုအပ်တာတွေလုပ်ပေးနိုင်ဖို့၊

ပြောပေးနိုင်ဖို့၊ တင်ပြပေးနိုင်ဖို့ဆိုပြီး ပါတီတွေကို ထောင်ကြတာ။

ပါတီအားကြီးလာလေလေ ဒီပါတီက အုပ်ချုပ်ရေးအာဏာကို ရဖို့ နီးလာလေလေပါပဲ၊

ဒီတော့ ပါတီတစ်ခုဟာ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူးလား။

ပြည်သူတွေရဲ့အသံကိုလည်း ကိုယ်စားမပြုနိုင်ဘူးလို့ ထင်လို့ရသလား။

ကိုယ်စားမပြုဘူးဆိုတဲ့ စကားမျိုးကိုတောင် ပြောရဲနေကြပြီလား။

 

ပြည်သူလူထုရဲ့တောင်းဆိုမှုများကြောင့်မဟုတ်ဘဲ ဆိုတော့

ပြည်သူကတောင်းဆိုမှ၊ပြောလာမှ လုပ်ပေးရမယ်ဆိုတော့

အဲ့ဒီပါတီမှာ သေချာတာကတော့ အနာဂတ်အမြင် မရှိဘူးဆိုတာ။

နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေဆိုတာ

တိုင်းပြည်အနာဂတ်အတွက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို အချိန်နဲ့တပြေးညီ ကြည့်နေပြီး

လိုအပ်ချက်တွေကို  ကြိုတင်စဉ်းစားတွေးခေါ်ထားကြသူတွေချည်းပါပဲ။

ဖြစ်လာမှ ဖုတ်တိုက်မီးပူ  ကတိုက်ကရိုက် လုပ်နေလို့ မရပါဘူး။

 

နိုင်ငံရေးပါတီတွေက တင်ပြတာက ပြည်သူလူထုဆန္ဒကို ကိုယ်စားမပြုဘူုး။

မထင်ဟတ်ဘူးဆိုရင်

အဲ့ဒီနိုင်ငံရေးပါတီတွေ၊ သူတို့ရဲ့ ပါတီခေါင်းဆောင်တွေ၊  သူတို့ရဲ့ပါတီဝင်တွေ

ပြီးတော့ သူတို့ကို အားပေးနေကြတဲ့သူတွေကရော  ပြည်သူတွေမဟုတ်ဘူးလား။

ဒီပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်လို့ ဆိုလို့မရဘူးလား။

သူတို့တတွေရဲ့ဆန္ဒဟာ ပြည်သူလူထုဆန္ဒ တစိတ်တစ်ပိုင်း မဟုတ်ဘူးဆိုရင်တော့

သူတို့ဟာ တခြားကမ္ဘာက လာတဲ့ သူတစိမ်းတွေလား။

တွေးမိတာပါ။

 

တခြားနိုင်ငံတွေမှာ ရွေးကောက်ပွဲစနစ်အပြောင်းအလဲတို့

ဘယ်စနစ်သုံးမယ်ဆိုတဲ့ ရွေးချယ်မှုတွေကို

ပြည်သူတွေက ရွေးတာလား

ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေက ဦးဆောင်လုပ်သွားတာလား

ဆုံးဖြတ်သွားကြတာလားဆိုတာ သမိုင်းနဲ့ချီပြီး ပြန်မေးကြည့်ရဦးမယ်။

 

လူထုတွေရဲ့ဆန္ဒဆုံးဖြတ်မှုက  တရားဝင်ဘယ်မှာသုံးနိုင်သလဲ။

တရားဝင်လို့ ပြောရတာက  တစ်ခြားပုံစံတွေအမျိုးမျိုး ရှိနေလို့ပါ။

လွှတ်တော်က ချပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့

ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲပေးဆုံးဖြတ်တာရယ်၊

အထွေထွေရွေးကောက်ပွဲမှာ မဲပေးရတဲ့အခါ

ကိုယ်ကြိုက်တဲ့သူတွေ လွှတ်တော်ထဲမှာ အများစုရအောင် မဲပေးရွေးချယ်တဲ့အချိန်

ဒီနှစ်ချိန်မှာတော့ ပြောပြောနေကြတဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အဓိက ဖော်ပြနိုင်တာပါ။

 

လူငါးသန်းလက်မှတ်ရအောင်လုပ်နိုင်တာကို ချီးကျူးပါတယ်။

ဒီလူငါးသန်းဟာ ပြည်သူ့ဆန္ဒဆိုရင်

ကျန်တဲ့ မဲပေးနိုင်တဲ့၂၅သန်းသော ပြည်သူတွေရဲ့ဆန္ဒကရော ဘာလဲဆိုတာ မစဉ်းစားသင့်ဘူးလား။

ငါတို့ရထားတဲ့ ငါးသန်းကပြောတာကမှ ပြည်သူ့ဆန္ဒအစစ်အမှန်၊ လိုလားချက်အစစ်အမှန်ဆိုရင်

မရလို့ ကျန်ခဲ့တဲ့သူတွေရဲ့ဆန္ဒတွေ၊ သဘောထားတွေကိုလည်း ဘာလဲဆိုတာ သိသင့်ပါတယ်။

ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဆန္ဒတွေက

ဒါမျိုးတွေဆိုတာကိုလည်း သိဖို့လိုပါတယ်။

 

တအုံးအုံးနဲ့ဝိုင်းနေတိုင်း

ပြည်သူဆိုတဲ့စကားကို လှိုင်လှိုင်သုံးတိုင်း

ပြည်သူလူထုဆန္ဒဆိုတာကို တဖွဖွပြောတိုင်း

ရှိသမျှပြည်သူတိုင်းက ထောက်ခံနေကြတယ် ထင်နေရင်တော့ လွဲတော့လွဲနေပြီ။

 

ဒီတော့ဗျာ

ပြောပြောနေတဲ့ အဆုံးအဖြတ်ကဏ္ဍတို့၊  ဘာတို့ဆိုတာတွေကို

ပြည်သူတွေကပဲ  ရှေ့က ဦးဆောင်လုပ်သွားကြမှာလား

ဒါမှမဟုတ် နိုင်ငံရေးပါတီတွေကပဲ ရှေ့ကဦးဆောင်လုပ်သွားကြတာလား။

ဒါမှမဟုတ် ထက်မြက်တဲ့နိုင်ငံရေးအမြင်ရှိတဲ့ပါတီတွေကပဲ ရှေ့ကနေ ဦးဆောင်လုပ်သွားကြမှာလား။

 

ပြည်သူလိုလားချက်ပဲ ဘယ်လိုပြောပြော

ပါတီငယ်တွေကပဲ တင်တင်

ပါတီကြီးတွေကပဲ လုပ်လုပ်

တကယ်တန်းမှာတော့

တရားဝင်ဖြစ်အောင် အဆုံးအဖြတ်ပေးမှာကတော့

လွှတ်တော်ကြီးပါပဲခင်ဗျား။

ဘာကြောင့်လဲဆိုတော့ သူဆုံးဖြတ်မှသာ  

ဒီနိုင်ငံမှာ တရားဝင်အတည်ဖြစ်မှာမို့ ဖြစ်ကြောင်းပါခင်ဗျား။

မိုးကုတ်ကိုတိုး( ၁၆-၉-၂၀၁၄)


ပြောခဲ့သမျှ တိုတိုစိစိကလေးများ

ပြည်သူကို သစ္စာမဖောက်ခဲ့တဲ့ပါတီ ဆိုတော့လည်း
ဒိပါတီကြီးမှာ ၂၂ နှစ်ကြာခဲ့တယ်။
၂၀၁၀ မှာတော့ ပြည်သူကိုသစ္စာမဖောက်ခဲ့ပေမယ့်
ပြည်သူကို ပစ်ပြေးခဲ့တယ်။
NO VOTE နဲ့ ဒိမိုကရက်တစ်အင်အားစုတွေကိုဆွဲချပြီး
ကြံခိုင်ရေးကို အလေးသာစေခဲ့တယ်။
၂၀၁၂ ကြတော့မှာ ကမန်းကတန်းနဲ့ အူရားဖားရားဝင်လာပြီး
၂၀၁၀ ၀င်တဲ့ ဒီမိုကရက်တစ်ပါတီတွေကို
မခေါ်နိုင်၊ မပြောနိုင်၊ မဆိုနိုင်ဘဲ
ရန်သူထင်နေတဲ့ ပါတီကြီးကို
ဘာပြောရရင် ကောင်းမလဲဟင်။
မိုးကုတ်ကိုတိုး( ၂၈-၉-၂၀၁၄)
---------------------------------------------
လွဲလွဲလေးတွေနဲ့ ကျွန်တော်တို့နိုင်ငံ
ကြားနေရတာက ဗိုလ်ချုပ်ရုပ်ရှင်အကြောင်း
ဘယ်နေ့များ စရိုက်ဖြစ်မလဲလို့ မျှော်နေရင်း
သတင်းထွက်လာတာက
ကွမ်လုံ ရက်(၄၀)တိုက်ပွဲရိုက်တော့မယ် ဆိုပါလား။
ဒီတော့လည်း ဗိုလ်ချုပ်ကို ထပ်မျှော်နေရုံ
----------------------------------
ဒီနေ့တော့ သတင်းကောင်းလေးတွေ ကြားနေရတယ်။
ရှမ်းပြည် ကျိုင်းတုံက အဖွဲ့သားတွေ ဖုန်းဆက်တယ်။
သူတို့ မိုင်းခတ်မှာ မြို့နယ်ရုံးဖွင့်ဖို့ သွားနေတယ်တဲ့။
ဘာလိုလိုနဲ့ ကျိုင်းတုံဘက်မှာ NDF မြို့နယ်ရုံး ၆ ရုံးလောက် ဖွင့်ဖြစ်ခဲ့ပြီ။
ရှမ်းပြည်ဖက်က လူတွေလည်း NDF ကို ချစ်တဲ့သူတွေ အတော်ရှိသားပဲ။
မန္တလေးလည်း တိုင်းရုံးက ဒီနေ့နေရာသစ်မှာ ဖွင့်တော့မယ်။
မြောက်ဥက္ကလာပမှာလည်း ရပ်ကွက်ရုံးတွေ ဒီနေ့ ဖွင့်တော့မယ်။
ကိုယ့်ကို ယုံတဲ့လူတွေ တဖြည်းဖြည်းနဲ့တော့ များလာနေပြီ။
ဒါတောင် ဟိုတစ်ဖွဲ့နဲ့ ပေးစားနေသူတွေက အများသား။
ဘယ်သူတွေများလဲလို့ ကြည့်လိုက်ရင်လည်း
ဟိုလူတွေချည်းပဲ။
NDF ဟာ NDF ပဲ။
၂၀၁၀ ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာတာ။
မိုးကုတ်ကိုတိုး(၁၃-၉-၂၀၁၄)
--------------------------------------------------------

ပြောလည်းပြောတယ်။ရေးလည်းရေးတယ်။
သူပြောတဲ့အတိုင်း လုပ်ကြမှာလား နိုင်ငံရေးပါတီတွေခင်ဗျား
သူပဲရှုးနေသလား။ ကိုယ်ပဲရှုးနေတာလား။ ဒါမှမဟုတ် နှစ်ယောက်စလုံးပဲ ရှုးနေတာလား။
-------------------------------------------

မရှင်းလို့ မေးကြည့်တာပါ။

၄၃၆ ပြင်ဖို့လက်မှတ်က ငါးသန်း။
အနည်းဆုံး စာရွက်တစ်ရွက်မှာ ၁၅ ယောက်ပဲ လက်မှတ်ထိုးတယ်ထား။
စာရွက်ပေါင်း ၃၃၃၃၃၃ ။သုံးသိန်းသုံးသောင်းကျော်။
ဒါကိုစာရွက် ၅၀၀ တစ်ထုတ်ဆိုပြီး လုပ်ရင် အထုပ်ပေါင်း ၆၆၆ထုပ်။
ဒီခြောက်ရာကျော်ကို ငါးထုပ်တစ်ပုံးဆိုပြီးလုပ်ရင် ပုံးပေါင်း ၁၃၃ပုံး။
ူဒီလက်မှတ်ပုံးတွေကို လွှတ်တော်ကို ဘယ်လိုပို့လိုက်သလဲ။
လွှတ်တော်က ဒီစက္ကူပုံး တစ်ရာကျော်ကို ဘယ်သူက လက်ခံသလဲ။
လက်ခံပြေစာတွေ ပေးသလား။
ဒါမှမဟုတ် လက်မှတ်ဒီလောက်ရပါတယ်ဆိုပြီး စာရေးပို့လိုက်တာလား။
ဒီလက်မှတ်ပုံးလွှတ်တော်ကို ပေးပို့တဲ့ပွဲလည်း မလုပ်ဘူးလား။
ဒီဘက်ကပေး၊ လွှတ်တော်က လက်ခံ
ဓာတ်ပုံနဲ့ သတင်းတွေများ ရောင်းကောင်းလိုက်မယ်ဖြစ်ခြင်း။
ဒါက မေးကြည့်တာပါ။
လက်မှတ်တွေ လွှတ်တော်ကို ရောက်တယ်၊မရောက်ဘူး ငြင်းသံတွေကြားနေရလို့ပါ။
မိုးကုတ်ကိုတိုး( ၇-၉-၂၀၁၄)


NDF ဟာ ဒီမိုကရက်တစ်ပါတီတစ်ခုဆိုတာ မမေ့ပါနဲ့( ၂၆-၁၀-၂၀၁၄)

 NDF ဟာ ဒီမိုကရက်တစ်ပါတီတစ်ခုဆိုတာ မမေ့ပါနဲ့( ၂၆-၁၀-၂၀၁၄)

 

NDF ကို USDP တဲ့ တဖွဲ့တည်းလို့ မြင်စေချင်သူတွေက များမှများ။

ပါတီစထောင်တော့လည်း ဟိုလူတွေနားကငွေယူပြီးထောင်တယ်လို့

သတင်းတွေဖြန့်သူတွေကလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေ။

မိတ်ဆွေဟောင်းကြီးတွေ။

ခုချိန်ထိကို ဖြန့်လို့မပြီးနိုင်၊ ပြောလို့မပြီးနိုင်သေး။

 

၂၀၁၀ ရွေးကောက်ပွဲမှာ NDF က ၀င်ပြိုင်တဲ့နေရာတိုင်းမှာ

USDP နဲ့ အသေအကြေတိုက်ခဲ့ရ။

ဒီမိုကရေစီအတွက် ခမောက်ဆောင်းပြီး ၀င်တိုက်ခဲ့ရတာကို

ငါတို့ခမောက်ယူသွားတဲ့ ခမောက်သူခိုးဆြိုပီး

ပါတီစထောင်ကတည်းက သစ္စာဖောက်လို့ သတ်မှတ်ထားကြသူတွေအတွက်

တစ်သက်ကမ္ဘာကြေစရာ မရှိတဲ့ ဖြစ်ရပ်မျိုးကြီး။

ရောက်လေရာနေရာတိုင်း ပြောမပြီးနိုင်တဲ့ မကျက်နိုင်တဲ့ဒဏ်ရာကြီး။

၂၀၁၂မှာလည်း နေရာတိုင်းမှာပြော။

အခုလည်းပြောနေတဲ့နေရာတွေ ရျိနေသေး။

ဒီမိုကရတစ်ဆိုတာ သြော်ငါတို့ကလွဲလို့ တစ်ခြားသူမရှိ

ဆိုတာနဲ့များ လာတွေ့နေရတာပါလား။

 

 

ပါတီသစ်ဆိုတော့

ပါတီရုံးလည်းနေရာတိုင်းမရှိ

ဝင်ပြိုင်တဲ့အမတ်လောင်းကလည်း

အားပေးသူနည်း။ထောက်ခံသူနည်း၊ သူ့အတွက်ရုံးနေရာမရှိ၊

ကိုယ့်အမတ်လောင်းက လူမသိ၊သူမသိတဲ့ မြို့နယ်အတွက် သူစိမ်းတွေ

ဒီကြားထဲ တစ်ဖက်ကို အသာရစေမယ့် NO VOTE တွေကလည်း

တပြည်လုံးမှ ခြိမ့်ခြိမ့်သဲ

ပါတီရုံးထဲကနေ တစ်ဖ၀ါးမှမခွာသူတွေတောင်

တစ်ပြည်လုံးအနှံရောက်လေရဲ့။

 

ကိုယ်လည်း ကိုယ်နဲ့စိတ်တူကိုယ်တူတွေနဲ့ တပ်ပေါင်းကလေးတွေစုကြည့်။

ဒီမိုကရေစိမိတ်ဆွေဆိုပြီး ပြည်မက ငါးပါတီနဲ့ တိုင်းရင်းသားငါးပါတီပေါင်းနိုင်ခဲ့တယ်။

တစ်ခါ USDP က စကားပြောချင်တယ်ဆိုလို့

ဒီမိတ် ၁၀ပါတီသွားတွေ့ပြီး စကားပြောလိုက်တော့

အချို့ဂျာနယ်တွေက ရေးသဗျ။

USDP နဲ့ ပေါင်းလိုက်တော့ NDF ဆိုလား။

ဒီမိတ် ၁၀ ပါတီတောင်မဟုတ်။

ကိုယ့်ပါတီကိုပဲ ဇောင်းတည်ရေး။

အခုလည်း ဒီဂျာနယ်က NDF ဆိုရင် ကောင်းကောင်းဆော်နေတုန်း။

အရမ်းမေတ္တာထားနေလေရဲ့။

 

 

ပါတီခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့တုန်းကပြောတဲ့စကားတွေ

မနေ့ကမှ တစ်ယောက်ပြောမှသာ သိရ။

ကိုယ့်ခေါင်းဆောင်တွေများ တစ်ခွန်းမှ ခုချိန်ထိ ပြန်မပြောပြခဲ့ဘူး။

ကိုယ့်ဖက်က ကမ်းလှမ်းတာ၊ ပြောခဲ့တာတွေက ဂိတ်ဆုံး

သြော် ဒီလိုကမ်းလှမ်းချက်ကို

သူတို့ရဲ့ပါတီညီလာခံကြီးက သစ္စာဖောက်တွေမို့ လက်မခံဘူးဆိုတာနဲ့

တုန့်ပြန်ခဲ့တာပဲ။

ဦးသိန်းညွန့်ကြီးဆို ပါတီဖျက်ပေးမယ်ဆိုတာတောင် မရဘူး။

 

 

ဒီမိုကရေစီမိတ်ဆွေဆယ်ပါတီသွးအေးသွားတော့လည်း။

ဖက်ဒရယ်ဒီမိုကေ၇စီမဟာမိတ် FDA ကို တိုင်းရင်းသားသုံးပါတီနဲ့

ပြည်မက ၈ပါတီပေါင်းပြီး မဟာမိတ်အဖွဲတစ်ခုအနေနဲ့

ပြန်တည်ဆောက်ခဲ့တယ်။

လမ်းကြောင်းတူ၊ စိတ်တူကိုယ်တူတွေနဲ့ပါ။

USDP အဆွယ်အပါးတွေ မပါ။

 

 

နဂိုကတည်းက နာမည်ဖျက်ချင်နေကြသူတွေအတွက်ကတော့

PR တင်တာနဲ့ ၀ိုင်းပြောလာကြတယ်။

ပီအာက ၂၀၁၂ ဇွန်လကတည်းက တင်ပြီးပြောလာတာ။

လွှတ်တော်မှာ ၂၀၁၄ ဇွန်လမှာ ထပ်တင်တော့မှ

မြန်မာပြည်ကြီးမှာ အုံးအုံးကျက်ကျက်ကို ဖြစ်လာရော။

ရှေ့က ၄၃၆ ကိုအာရုံလွဲဖို့လုပ်တာတဲ့ဗျာ။

၄၃၆နဲ့ ပီအာ ဘယ်သူက အရင်ကျပါလိမ့်။

၂၀၁၃ နိုဝင်္ဘာမှာ ပြည်ထောင်စုလွှတ်တော်မှာ

နည်းလမ်းမကျလို့ မဆွေးနွေးဘူးးဆိုတဲ့ တုံးထုခံရတဲ့ပီအာကို

နည်းလမ်းတကျ လွှတ်တော်မှာတင်တော့

ဆူဆူညံညံတွေ ပွက်လောရိုက်ကုန်ရော။

 

 

ဒီတော့လည်း ထုံးစံအတိုင်း ဖြန့်ကြပါလေရော

USDP က တင်ခိုင်းလို့

ငွေပေးပြီးခိုင်းလို့

ဓားခုတ်ရာလက်ဝင်လျှိုတာ

USDP နဲ့ ပေါင်းသွားပြီး

စသဖြင့် စသဖြင့် ပြောကြဆိုကြရေးကြလေရဲ့။

ပီအာအကြောင်း စပြောတဲ့ ၂၀၁၂ ဇွန်လကနေ ယနေ့အချိန်ထိ

NDF ပါတီခေါင်းဆောင်တွေပြောခဲ့တာတွေကို

မဖတ်၊ မသိ၊ နားမထောင်ဘဲ ပြောနေကြတော့လည်း

ပြောချင်သလိုသာ ပြောကြပေတော့ဗျာ။

 

 

ဒီတော့လည်း NDF ဟာ ဒီမိုကရက်တစ်ပါတီတွေထဲက တစ်ခု

NLD မဟုတ်တဲ့ ဒီမိုကရက်တစ်ပါတီတစ်ခု

လက်ဝေခံပါတီမဟုတ်

လက်အောက်ခံပါတီလည်းမဟုတ်

ကိုယ်မူ၊ကိုယ့်ပေါ်လစီ၊ ကိုယ့်လမ်းကြောင်းနဲ့ သွားနေ၊လျှောက်နေတဲ့ပါတီ

ဆောင်ပုဒ်ကိုက ရှင်းတယ်။

ပြည်သူ့အတွက် NDF

လုပ်ပေးနိုင်သမျှ လုပ်ပေးမယ်

ပြောပေးနိုင်သမျှ ပြောပေးမယ်

စွမ်းနိုင်သမျှ စွမ်းဆောင်ပေးမယ်ဆိုတာက

ပါတီရဲ့ လုပ်ဆောင်ချက်ပါပဲ။

 

 

ဒီတော့ ထင်ချင်သလိုလည်း ထင်လို့ရတယ်။

ပြောချင်သလိုလည်း ပြောလို့ရတယ်။

ပေးစားချင်သလိုလည်း ပေးစားလို့ရတယ်။

နာမည်တပ်ချင်သလိုလည်း တပ်လို့ရတယ်

ဒါပေမယ့် NDF ဟာ ဒီမိုကရေစီကိုဖော်ဆောင်မယ့်

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်နဲ့ ဒီမိုကရက်တစ်လူ့ဘောင်ကို

ဖော်ဆောင်မယ့်

ဒီမိုကရက်တစ်ပါတီတစ်ခုဆိုတာ မမေ့ပါနဲ့။

မိုးကုတ်ကိုတိုး( ၂၆-၁၀-၂၀၁၄)


ကျွန်တော်တို့ဟာ ဒေါက်တိုင်လား။( ၉-၁၀-၂၀၁၄)

ကျွန်တော်တို့ဟာ ဒေါက်တိုင်လား။( ၉-၁၀-၂၀၁၄)

ကျွန်တော်တို့ဟာ ဒေါက်တိုင်လား။( ၉-၁၀-၂၀၁၄)

 

 

NDF တွေ စဉ်းစားကြဖို့။

အာဏာရှင်ဒေါက်တိုင်ပါတီလို့ ပြောနေကြတယ်။

 

NDF ဟာ ၂၀၁၀ တုန်းက သမိုင်းရဲ့လိုအပ်ချက်အရ ပေါ်လာတဲ့ပါတီ။

ကြောက်သူတွေ၊ ကြောက်တတ်သူတွေ၊ ခေါင်းရှေုာင်တတ်သူတွေ ရှောင်ပြေးနေကြတုန်း

ငါတို့လုပ်မှဖြစ်မယ်ဟေ့ ဆိုပြီး ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ကြမယ်ဟေ့ဆိုပြီး

ဘာမတတ်၊ညာမတတ်၊ ဘာမသိ၊ညာမသိနဲ့ လုပ်ရမယ်ဟေ့ဆိုတဲ့အသိတစ်ခုနဲ့

ဝင်ရောက်ခဲ့တဲ့ပါတီ။

ကျွန်တော်တို့ရဲ့ သွေးနဲ့ချွေးနဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ပါတီ၊

အခက်အခဲမျိုးစုံ၊ အတိုက်အခတ်မျိုးစုံ၊ ပုတ်ခတ်ဝေဖန်မှုမျိုးစုံကြားကနေ

မတုန်မလှုပ်နဲ့ ဇွဲရှိရှိနဲ့ ကျော်ဖြတ်ခဲ့တဲ့ ပါတီ။

 

 

သမိုင်းလိုအပ်ချက်အရ လုပ်ရတာမို့ ပါတီအကြပ်အတည်းဖြစ်ချိန်မှာ ပါတီနဲ့အတူမရပ်တည်နိုင်ခဲ့တာကို

မှားပါတယ်ဆိုပြီး ပြန်ပြောကြတဲ့သူတွေထဲမှာ ကျွန်တော်တို့မပါ။

နိုင်ငံရေးမလုပ်ဘဲ လူမှုရေးပဲလုပ်မယ်ဆိုတဲ့ ပါတီအဖျက်ခံကြတဲ့ မဟာခေါင်းဆောင်ကြီးတွေနဲ့

ရွေးကောက်ပွဲကိုဖြတ်သန်းမှ ဒီမိုကရေစီလမ်းအစကိုသွားနိုင်မှာမို့ ပါတီရှိသင့်တယ်ဆိုတဲ့

အဖျက်မခံချင်ကြတဲ့ နိုင်ငံရေးကိုဆက်လုပ်ကြမယ့်ဆိုတဲ့

ကျွန်တော်တို့ပါတီခေါင်းဆောင်ကြီးတွေရဲံ့ အတွေးက ကွာမှကွာ။

ဘယ်သူမှအားကိုးစရာမရှိလို့ ကိုယ့်စွမ်းကိုယ့်စနဲ့ ကိုယ့်အားကိုယ်ကိုးပြီး

မြန်မာ့နိုင်ငံရေးလောကထဲမှာ တိုးဝင်လှုပ်ရှားနေတာ ၂၀၁၀ကနေ ယခုအချိန်ထိပါ။

(ကိုယ်မှ အားကိုးစရာမရှိတော့ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်အားကိုယ်ကိုးပေါ့)

 

 

 

ညီညွတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပေမယ့် သစ္စာဖောက်ဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ

အရာအားလုံး ကြွေမွသွားခဲ့တယ်။

ဘယ်တတ်နိုင်ပါ့မလဲ။ သင်ပုန်းချေရေး၊ အာဃာတမထားရေး၊ သဟာဇာတဖြစ်ရေး၊

မုဒိတာပွားရေးတွေဆိုတာ ကိုယ့်ပါတီအတွက်မှ မဟုတ်တာ။

သဘောထားနဲ့စီတ်ထားကလည်း ရှင်းရှင်းကြီးကို တွေ့လိုက်ရပြီးသားပဲ။

ဒီတော့လည်း ကိုယ့်အားကိုယ်ကိုးပြီး အားလုံးတိုင်တိုင်ပင်ပင်နဲ့ ရှေ့ဆက်သွားကြခဲ့တယ်။

ပြောင်းသူပြောင်း၊ ကူးသူကူး၊ ထွက်သူထွက်နဲ့ ကယိမ်းကယိုင်ဖြစ်သွားမယ်လို့ ထင်နေပေမယ့်

ထင်သလို မယိုင်သွားပဲ ပိုကျစ်သွားခဲ့တယ်။

လုပ်နိုင်သမျှ လွှတ်တော်တွင်း၊လွှတ်တော်ပမှာ ဒီမိုကရေစီအရေး၊ နိုင်ငံအရေး၊ ပြည်သူ့အရေးတွေကို

လုပ်ခဲ့လေတော့ အားကိုးရှာစရာပျောက်နေသူတွေက ပါတီကိုအားပေးလာကြတယ်။

ဒီတော့လည်း တဖြည်းဖြည်းနဲ့ ပါတီရုံးကလေးတွေ ဟိုမြို့ဒီမြို့တွေမှာ ဖွင့်လာနိုင်ခဲ့တယ်။

အောက်ခြေကလည်း အောက်ခြေအလိုက် ပြည်သူတွေရဲ့ အရေးလေးတွေကို ကူညီပေးနိင်ခဲ့တယ်။

အဲ့ဒီတော့လည်း လုပ်ပေးပျော်တယ်။

လွှတ်တော်မှာ ပြောနိုင်သလောက်ပြောတယ်။

မေးနိုင်သလောက် မေးတယ်။

လုပ်ပေးသင့်တာတွေကို ဆိုနိုင်သမျှ ဆိုတယ်။

အကြံပြုချက်တွေကို ထုတ်ပြန်နိုင်သလောက်ထုတ်ပြန်၊ ပေးနိုင်သမျှ ပေးခဲ့တယ်။

ကိုယ်လုပ်နိုင်သလောက် ပါတီက လုပ်ခဲ့ပါတယ်။

 

 

 

အချိုးကျကိုယ်စားပြုစနစ်ဆိုတဲ့ ပီအာတင်လိုက်တာနဲ့

၂၀၁၄ မှာ မြန်မာပြည်တုန်ဟီးသွားအောင် ဖြစ်ခဲ့ရတယ်။

၂၀၁၂ တင်တုန်းက တုတ်တုတ်မှမလုပ်တဲ့ မြန်မာ့နိုင်ငံရေး

ဒီတခါတော့ သွက်သွက်ကို ခါသွားပါလေရော။

တောင်ပြိုကမ်းပြိုမျှော်မှန်းကြသူတွေ ပိုအထိနာပါလေရော။

သွားရမယ့်ခရီးက ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကို ပိုစဉ်းစားရမယ့်အချိန်မှာ

ဖြစ်ချင်စိတ်တွေများကြတဲ့သူတွေက ကျွန်တော့်အခေါ် ခြင်သမားတွေ

တံဆိပ်တွေကပ်ပေးလိုက်တာ ဒေ၀ဒတ်အဆင့်တောင် ရောက်သွားလေရဲ့။

ကျန်တာကတော့ အသေးအမွှားကလေးတွေ ဖြစ်ကုန်ပြီ။

နိုင်ငံတကာမှာ ဒီမိုကရေစီပိုကျပြီး လူထုကိုပိုကိုယ်စားပြုနိုင်တဲ့စနစ်

ကိုယ့်နိုင်ငံမှာတော့ ပြည်ဖျက်မယ့်စနစ်။

 

အဲ့ဒီတော့လည်း ခင်ဗျားတို့လည်း ခင်ဗျားတို့မြင်တဲံအမြင်နဲ့ပြော၊

ကျွန်တော်တို့လည်း ကိုယ်မြင်တဲ့အတိုင်းပြော။

လူတစ်ယောက်ပြောသလို ပိုမြင်ကြည့်ပါ၊ ပိုတွေးကြည့်ပါဆိုတာကိုပဲ

ထပ်ပြောရမလို။

 

 

ဖြစ်နေတာ၊ ဖြစ်နိုင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်ချင်တာတွေက

နီးနီးလေးတွေနဲ့ ပေးတဲ့အဖြေတွေက တစ်ကမ္ဘာ့စီခြားနေတယ်။

 

ဒီတော့လည်း ပိုတွေးကြပေါ့ဗျာ။

အားကိုးရှိသူက အားကိုးနဲ့ပြောတယ်။ လုပ်တယ်။

အားကိုးမရှိသူကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး

ကိုယ်မြင်တာကို ပြောတယ်။လုပ်တယ်။ တွေးတယ်။ ဆင်ခြင်တယ်။

ပြီးတော့ အချင်းချင်း အမြင်ဖလှယ်တယ်။ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ညှိနိုင်းတယ်။

ပြီးမှသာ ဘာဆက်လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီး လုပ်ကိုင်ကြတယ်။

 

 

အဲ့ဒီတော့လည်း မြန်မာ့နိုင်ငံရေး တစ်ခေတ်ပြောင်းမယ့်အချိန်ကို

စောင့်လိုက်ဦးမယ်။

အဲ့ဒီတော့မှပဲ လုပ်ရကိုင်ရတာ လယ်ဗယ်တူသွားကြမယ်။

မိုးကုတ်ကိုတိုး( ၉-၁၀-၂၀၁၄)

#to be happy#

$$ kotoetoe $$

ပြောချင်သမျှ တိုတိုစိစိ

နိုင်ငံရေးပါတီအချို့က ပါတီ ခေါင်းဆောင်တွေနဲ့
ကာလုံအဖွဲ့ဝင်တွေ တွေ့ကြမယ်။
တစ်ဖက်ကစားကွက်တွေကလည်း လှမှလှ၊
ဒီဘက်က ကစားကွက်တွေကြတော့လည်း ဗရမ်းဗတာ
ဘယ်သူတွေက ထိထိရောက်ရောက်ပြောနိုင်ကြလဲဆိုတာလေး
မြင့်ခွင့်ရမယ်ထင်တယ်။
အေးချမ်းပါစေ မြန်မာပြည်
---------------------------------------

ကိုပါကြီး၊ကိုပါကြီး
ဒီနေ့တော့ ဖေစ်ဘုတ်ကမ္ဘာမှာ အရမ်းပြောနေရေးနေကြတယ်။
စကားမစပ်
ကော့ကရိတ်အလယ်ဗိုလ်တဲက လက်နက်ကြီးကျလို့ သေတဲ့လေးယောက်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကများ မှားပစ်လိုက်တာလဲင်္ဆိုတာ
သတင်းကလေးများ ကြားမိကြရဲ့လား။
သေသွားသူတွေက လေးယောက်နဲ့
ဒဏ်ရာရသူတွေလည်းရှိသေး။
ကျွန်တော်တို့ မှားပစ်မိလိုက်ပါတယ်လို့
ဘယ်အဖွဲ့ကများ ပြောမှာပါလိမ့်။
ကြည့်ရတာ
ဒီအတိုင်း လိမ်ဖယ်ဖယ်နဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမယ့်သဘောမျိုး။

------------------------
ပြောင်းပြန်ဖြစ်နေတဲ့အရေးအသား။
လုပ်စားသူကဘယ်သူ။
ဘာသာ သာသနာထိခိုက်နေမှုကို မီးမောင်းထိုးပေးသူ။
ကွာတော့ကွာတာပဲ။

--------------------------



ပြောချင်သမျှ တိုတိုစိစိ(၃)


နီုင်ငံအတွက် ပြောစရာရှိတာ ပြောမယ်ဆိုတယ်သူတွေနဲ့တော့ အတွေးတွေက ကွာပါ့။ ဒီတော့လည်း ဟိုလူတွေက သူ့နဲ့ အဝေးရောက်ကုန်ရော။
တံဆိပ်တွေကလည်း ကပ်ကြလေရော
---------------------------------------------------
သမိုင်းဟာ သမိုင်းပဲ။ဖြစ်ခဲ့တာကို ပြောင်းမရဘူး။
ကိုလိုနီရဲ့ ဆိုးမွေး၊ ဒုတိယကမ္ဘာစစ်ရဲ့ဆိုးမွေ၊ ကွန်မြူနစ်ဝါဒရဲ့ ဆိုးမွေ၊ စနစ်ကြီးနှစ်ရပ်ရဲ့အားပြိုင်မှုဆိုးတွေကို အမွေဆက်ခံလာရတာ အခုမျိုးဆက်တွေအထိပဲ။ အသားကျနေတဲ့ နာကျဉ်းမုန်းတီးမှုစိတ်ထားတွေက ပြင်ဆင်ဖို့ ခက်ခဲနေတယ်။
------------------------------------------------
သူများတော့ မသိဘူး။
သမ္မတအိမ်တော်မှာပြုလုပ်တဲ့ နိုင်ငံရေးထိပ်သီးစည်းဝေးပွဲမှာ
ပြောကြဆိုကြတာက ဘာတွေလဲဆိုတာ
တော်တော်လေးသိလိုက်ရတယ်။
ရှေ့အတွက် စဉ်းစားပြီးပြောနေကြသူတွေက ဘယ်သူ
ဘာတွေက ထိလို့ရတယ်။ ဘာတွေက ထိလို့မရသေးဘူး
သူတို့ရဲ့ရပ်တည်ချက်တွေက ဘာတွေလဲဆိုတာ ပြတာဆိုတော့
ဒီအပေါ်မှာကြည့်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာကို
တွေးပြီး လုပ်ကြရုံပဲ။
မြန်မာပြည်ကြီး ကံကောင်းပါစေ။
--------------------------------------------

အယူအဆအစားထိုးခြင်း(ဒုတိယပိုင်း)

အယူအဆအစားထိုးခြင်း(ဒုတိယပိုင်း)
November 4, 2014

ထို့ကြောင့် လူ့အဖွဲ့အစည်းအတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အတွေးအခေါ်အယူအဆများသည် ထို အဖွဲ့အစည်းအတွင်းရှိ ပကတိဘ၀အခြေအနေများ၊ လွှမ်းမိုးနေသော စံနှုန်းများကိုလိုက်၍ အားဖြည့်ခြင်း (သို့) ဖြို ခွင်းခြင်းကို အစဉ်ခံနေရသည်။ ကောင်းသောအတွေးအခေါ်များကို အားဖြည့်၍ မကောင်းသော အတွေးအခေါ် များကို ဖြိုခွင်းချေဖျက်နိုင်မည့် ပကတိအခြေအနေနှင့် စံနှုန်းများ ရှိပါက လူတို့၏အတွေးအခေါ်အယူအဆများ သည် လူ့အဖွဲ့အစည်း၏ စည်ပင်ဖွံ့ဖြိုးမှုကို ဧကန်ပင် ဖြစ်စေမည်ဖြစ်သည်။

လူတို့၏ အတွေးအခေါ်အယူအဆများက လက်တွေ့အလုပ်များကို ထိန်းကျောင်းလမ်းညွှန်နေသကဲ့သို့ လုပ်တွေ့အလုပ်များတွင်လည်း လူတို့၏အယူအဆများသည် ပေါ်လွင်ထင်ရှားနေသည် ။အတွေးအခ်ါများက လက်တွေ့ဘ၀ကို ထိန်းကျောင်းလမ်းညွှန်နေရာ အတွေးအခေါ်အယူအဆ ပြောင်းလဲလာသည်နှင့်တစ်ပြိုင်နက် အပြုအမှုနှင့် အလုပ်အကိုင်သည်လည်း ပြောင်းလဲလာတတ်သည်။ ကောင်းသောအတွေးအခေါ်ဝင်လာပါက ကောင်းသောအလုပ်ကို လူတို့ပိုလုပ်လာသလို ဆိုးသောအတွေးဝင်လာပါက ဆိုးသောအလုပ်များကို လုပ်ဆောင် လာတတ်သည်။

အယူအဆတစ်ခုသည် ရှေ့နောက်ညီညွတ်ပြီး ခိုင်မာအားကောင်းလာပါက ယုံကြည်မှုဖြစ်လာသည်။ သို့ဖြစ်၍ ယုံကြည်မှုသည်ပင် လေးနက်၍ ခိုင်မာအားကောင်းသော အယူအဆ ဖြစ်သည်။ ယုံကြည်မှုသည် သာ မန်အယူအဆထက် ပိုမိုအားကောင်းသဖြင့် အပြုအမှုနှင့်အလုပ်အကိုင်ပေါ်တွင်လည်း သာမန်အယူအဆထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ သာမန်အယူအဆသည် အပြုအမှုနှင့် အလုပ်အကိုင်အပေါ် ထိန်းကျောင်း လမ်းညွှန်ပေးနိုင်ပါက ယုံကြည်မှုသည် ယင်းတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။

ယုံကြည်မှုသည် လက်တွေ့အလုပ်ကို ကြီးမားစွာတွန်းအားပေးနိုင်သည်။ လေးနက်စွာယုံကြည်မှုသည် လက်တွေ့လုပ်ငန်းတွင် ကြီးမားသောစေ့ဆော်အားကို ဖြစ်စေသည်။ လူတို့တွင် ယုံကြည်မှုကြီးမားပါက မည်သူမျှ မတိုက်တွန်းရဘဲ မိမိယုံကြည်ချက်၏တွန်းအားဖြင့် လုပ်ငန်းကိစ္စကို မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။ ယုံ ကြည်ချက်အတွက် အသက်ပေးခဲ့ကြသော ဘာသာရေးခေါင်းဆောင်များ၊ မျိုးချစ်နိုင်ငံရေးခေါင်းဆောင်များသည် ကမ္ဘာ့သမိုင်းတွင် ဒုနှင့်ဒေးပင် ရှိခဲ့သည်။

နိုင်ငံတိုးတက်ရေးအတွက် ရုပ်ဝတ္ထုအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်နှင့် လူသားအရင်းအမြစ် သုံးခု တွင် လူသားအရင်းအမြစ်ကို ထိရောက်စွာအသုံးပြုနိုင်ပါမှ အခြားအရင်းအမြစ်များကို အသုံးပြုလာနိုင်စွမ်းရှိပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအရှိန်အဟုန်မှာလည်း မြင့်မားလာနိုင်မည်ဖြစ်သည်။

လူတို့အား အလုပ်ကြိုးစားလုပ်ရန် နိုးဆော်တိုက်တွန်းခြင်းသည် ထိရောက်မှုအားပျော့သော နည်းလမ်း သာဖြစ်ပြီး လုပ်အားကို အစွမ်းကုန်အသုံးချလာစေနိုင်မည့် အခြေအနေကို ဖန်တီးပေးရေးသည်သာ ထိရောက်မှု အားကောင်းသော နည်းလမ်းဖြစ်သည်။

အခြေအနေဖန်တီးပေးရေးတွင် လူတို့တီထွင်ကြံဆလုပ်ဆောင်လိုစိတ်နှင့် ကာယ၊ဥာဏစွမ်းအားများကို အစွမ်းကုန်ဖော်ထုတ်ပြသအသုံးချခွင့်ရစေမည့် အဆောက်အဦးပိုင်ဆိုင်ရာဖွဲ့စည်းမှုနှင့် နေရာချထားမှုရှိရေးသည် လွန်စွာအရေးကြီးသည်။ သို့သော အခြေအနေဖန်တီးပေးခြင်းသည် အားထုတ်လုပ်ဆောင်မှုများကို ပွင့်ကားလာ အောင် လမ်းဖွင့်ပေးနိုင်သည့် ဆွဲအားမျှသာ ဖြစ်သည်။

အခြေအနေပေးသည့်တိုင်း အရဖမ်းကာ မိမိအစွမ်းအစများကို အစွမ်းကုန်အသုံးချလာစေမည့် တွန်းအား များကား လူတို့၏ အတွေးအခေါ်အယူအဆနှင့် ယုံကြည်ချက်များပင် ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်စေမည့် အတွေးအခေါ်များက နိုင်ငံအတွက် လုပ်ဆောင်သင့်သည့် အလုပ်များကို ဖြစ်ပေါ်စေနိုင်သည်။ နိုင်ငံကို အကျိုးပြုမည်ဟူသော ယုံကြည်ချက်က နိုင်ငံအတွက် မိမိအကျိုးကို စွန့်လွှတ်၍ လုပ်ဆောင်သည့် အလုပ်များကို ဖြစ်ပေါ်စေနိုင်သည်။

ထိုအခြေအနေများကပင် အတွေးအခေါ်နှင့် ယုံကြည်မှုအားနည်းမှု၊ အားကောင်းမှုများကို ဖန်တီးပေး ပြန် သည်။ လူ့အဖွဲ့အစည်းအတွင်း လူတို့၏မှန်ကန်သော အတွေးအခေါ်အယူအဆများ (နိုင်ငံအကျိုးစီးပွားဖြစ်ထွန်း စေလိုသည့် အတွေးအခေါ်များ၊ အားပေးထေက်ကူသည့် အယူအဆများ၊ လူတို့၏လုပ်အားကို အစွမ်းကုန် အသုံး ချလာအောင်စေ့ဆော်ပေးနိုင်သည့်အယူအဆများ) ကို အားဖြည်ပေးနိုင်မည့် အခြေအနေများက ယင်းအယူအဆ များကို အားနည်းအောင် ဖြိုခွင်းမည့် အခြေအနေများထက် ပိုမိုလွှမ်းမိုးနေရမည်ဖြစ်သည်။

ဤသို့အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသောအယူအဆများက အားမပေးသော အယူအဆ များကို အစားထိုးနိုင်မည့် အခြေအနေများရှိနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှာ ပွင့်လင်းသွားပြီဟု ပြောနိုင်ပါမည်။

မိုးကုတ်ကိုတိုး

အယူအဆ အစားထိုးခြင်း

အယူအဆ အစားထိုးခြင်း
November 4, 2014 at 11:05pm

လက်ရှိမြန်မာပြည်မှာ သဘောထားတွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ ဘာကြောင့်များ အများစုမှာ မပြောင်းလဲနိုင်ကြတာလဲလို့ တွေးကြည့်မိရင် စာရေးဆရာ စိုးဝင်းတင်(ဘဏ်)ရေးတဲ့ ဖွံ့ဖြိုးတိုးတက်စေသောအကြောင်းတရားများ စာအုပ်ထဲက အယူအဆအစားထိုးခြင်း ဆောင်းပါးကို ပြန်ဖတ်မိပါတယ်။

ဒီဆောင်းပါးကလည်း ၁၉၈၆ ခုနှစ်လောက်က အတွေးအမြင်စာစောင်မှာ ပါလာတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးရှည်ကြီးကို ကိုယ်အတွေးနဲ့ကိုယ် အကျဉ်းချုပ်ပြီး ပြန်ရေးထားတာ ရှိပါတယ်။ ဒါကို အခု တင်ပြလိုက်ပါတယ်။ ဖတ်မိသူတွေလည်း အယူအဆ ပြောင်းဖို့ ဘာတွေလိုနေသလဲဆိုတာ ခေါင်းထဲမှာ ဦနှောက်မုန်တိုင်းဆင်နိုင်အောင်ပါ။

အယူအဆ အစားထိုးခြင်း(ပထမပိုင်း)

ရုပ်ဝတ္ထုပစ္စည်းများကို အစားထိုးခြင်းသည် အလွန်လွယ်ကူသည်။ သက်ရှိကိုယ်အင်္ဂါအစိတ်အပိုင်းများ ကို အစားထိုးထိုးရာတွင် ထင်သလောက်မလွယ်။ အစားထိုးအင်္ဂါအစိတ်အပိုင်းများကို မူလကိုယ်ခန္ဓာက တစ်ရှုးမတူ ညီမှုကြောင့် လက်မခံဘဲ ပယ်ထုတ်သည့် ပြဿနာရှိသည်။

အယူအဆနှင့် အတွေးအခေါ်များသည် လူတို့၏စိတ်ပိုင်းဆိုင်ရာအရည်အချင်းများ ဖြစ်နေ၍ ယင်းတို့ကို အစားထိုးရေးမှာ ပိုမိုရှုတ်ထွေးခက်ခဲ့သည့် သဘာဝ ရှိသည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အစားထိုးပြီးအခါမှသာ အင်္ဂါသစ်ကို ဖယ်ထုတ်သည့် ပြဿနာ ပေါ်လာတတ်သည်။

အတွေးအခေါ်အယူအဆကို အစားထိုးရာတွင် မူလအယူအဆသည် အစားထိုးခြင်းကိုလက်မခံချေ။ မူလအယူအဆကို အစားထိုးမည့်အယူအဆက ပထမအဆင့်အနေဖြင့် ချေဖျက်ရသည်။ အယူအဆဟောင်းကို အယူအဆသစ်ကလည်းကောင်း၊ မှားယွင်းသောအယူအဆကို မှန်ကန်သောအယူအဆကလည်းကောင်း၊ ပထမ ဦးစွာ ချေဖျက်ရသည်။ ထိုသို့ မချေဖျက်နိုင်မချင်း မူလအယူအဆသည် အယူအဆသစ်ကို နေရာမပေးပေ။ အယူအဆဟောင်းကျေပျက်သွားမှသာ အယူအဆသစ်သည် နေရာယူ၍ ရသည်။ ထိုကြောင့် အယူအဆ အစား ထိုးခြင်းသဘောထက် အယူအဆဟောင်းကို မူလနေရာမှ ဖယ်ထုတ်ခြင်း သဘောရှိသည်။

လူတို့၏စိတ်သဘာဝအရ အကြောင်းအရာတစ်ခုနှင့်စပ်လျဉ်း၍ ဆန့်ကျင်ဘက်အယူအဆနှစ်မျိုးကို တစ်ပြိုင်နက် ခံယူ၍ မရပေ။ လူတို့သည် တစ်ချိန်က ကမ္ဘာကြီးပြားသည်ဟု ယူဆခဲ့ကြသည်။ နောင်တွင် ကမ္ဘာ ကြီးလုံးသည်ဟု ဟူသော အယူအဆကို အထောက်အထားများဖြင့် ဖော်ထုတ်လာသောအခါ ကမ္ဘာကြီးသည် လုံးလည်းလုံးသည် ပြားလည်းပြားသည်ဟူ၍ ယူဆသူများ မရှိခဲ့ပါ။ လုံးသည့်အယူအဆက ပြားသည့်အယူအဆ ကို ချေဖျက်နိုင်လောက်အောင် အားကောင်းလာသည့်အခါမှသာ ပြားသည့်အယူအဆကို စွန့်လွှတ်ပြီး လုံးသည် ကိုလက်ခံလာကြသည်။ လုံးသည့်အယူအဆက ပြားသည့်အယူအဆကို ချေဖျက်နိုင်လောက်အောင် အားမ ကောင်းခဲ့ပါက မူလအယူအဆအတိုင်း ကမ္ဘာကြီးပြားသည်ဟူ၍ပင် ခံယူထားကြဦးမည်သာ ဖြစ်သည်။

ထို့ကြောင့် အယူအဆ အစားထိုးသည့်ဖြစ်စဉ်တွင် အယူအဆသစ် အားကောင်းမှသာ အယူအဆ ဟောင်း ကျေပျက်ပြီး အယူအဆဟောင်းကျေပျက်မှသာ အယူအဆသစ်သည် နေရာယူ၍ ရပေသည်။

အယူအဆတစ်ခုကို အခြားအယူအဆတစ်ခုဖြင့်သာ အစားထိုး၍ ရသည်။ မှားယွင်းသောအယူအဆကို ခံယူထားသောသူအား မှားသည်ဟုပြောရုံဖြင့် မူလအယူအဆသည် ပျက်ပျယ်မသွားပါ။ မှန်သောအယူအဆဖြင့် ချေဖျက်ပြီး အစားထိုးရသည်။ ခိုင်မာစွာဖွဲ့စည်းမိနေသော အယူအဆတစ်ခုကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်း၍ မရပေ။ မူလအယူအဆသည် သူ့အကြောင်းနှင့်သူ၊ သူ့အကျိုးနှင့်သူ ဖွဲ့စည်းမိနေခြင်းဖြစ်ရာ လွယ်လွယ်ကူကူနှင့် ကျေပျက်သွားရိုးမရှိ။ မူလအယူအဆ မကျေပျက်မခြင်း အယူအဆသစ်သည် နေရာယူ၍ မရနိုင်ပါ။ လူတစ်ဦး၏ အယူအဆကို အမိန့်အာဏာနှင့် မပြောင်းခိုင်းပါနှင့်။ ထိုသို့ပြောင်းခိုင်းသော်လည်း ထိုအယူအဆသည် သူ့နေရာ တွင်သာ ဆက်ရှိနေမည် ဖြစ်သည်။

လူတို့ခံယူထားသော အယူအဆများသည် မည်သည့်အခြေအနေတွင် ပြောင်းလဲသွားတတ်သနည်း အစားထိုးခံရတတ်သနည်း

၁။ လူတစ်ဦးတစ်ယောက်က စနစ်တကျ ခိုင်ခိုင်မာမာ ဝေဖန်ထောက်ပြမှုကြောင့် ထိုသူ၏အယူအဆသ်ည ကျေပျက်သွားနိုင်သည်။

၂။ လက်တွေ့ဘ၀အတွေ့အကြုံနှင့် အခြေအနေများကလည်း မူလအယူအဆကို ချေဖျက်ပစ်နိုင်သည်။

ဆရာကောင်းများနှင့် တွေ့ကြုံရပြီး ယင်းတို့၏သွန်သင်ဆုံးမမှုများကြောင့် မှားယွင်းသောအယူအဆများ ကိုစွန့်လွှတ်၍ မှန်ကန်သောအယူအဆများကို ခံယူပြိး လူကောင်းသူကောင်းဖြစ်လာသူများ ရှိသကဲ့သို့ ဘ၀အ တွေ့အကြုံနှင့် အခြေအနေသစ်များများကြောင့် မူလအယူအဆများ ပြောင်းလဲပြီး စိတ်သစ်ကိုယ်သစ် လူသစ်ဖြစ် လာသူများလည်း ရှိသည်။

ဟောပြောသွန်သင်ဆုံးမမှုကြောင့်ဖြစ်စေ၊ ဘ၀အတွေ့အကြုံအရဖြစ်စေ အယူအဆပြောင်းလဲရာတွင် မူလအယူအဆ မခိုင်မာကြောင်း မိမိကိုယ်တိုင်သိရှိလာခြင်းသည်သာ ပြောင်းလဲမှု၏ အရေးအပါဆုံးနှင့် နောက်ဆုံး အဆင့်ဖြစ်သည်။ ထိုသို့ အသိဝင်မလာမခြင်း မူလအယူအဆသည် မကျေပျက်ဘဲ အယူအဆသစ် သည်လည်း အစာထိုးနေရာမယူနိုင်ပါ။

အယူအဆပြောင်းလဲမှုနှစ်ခုအနက် ပကတိဘ၀အတွေ့အကြုံကို အခြေခံ၍ ဖြစ်ပေါ်သော ပြောင်းလဲမှုကို အဓိကထားကြည့်သင့်သည်။ အယူအဆတစ်ခုမှ တစ်ခုသို့ ပြောင်းလဲရာတွင် ရိုးသားမှုကို တန်ဖိုးမထားသော ပတ်ဝန်းကျင်အခြေအနေတွင် ရိုးသားမှုသည်ဂုဏ်ဟု ယူဆထားသူ၏အယူအဆသည် အမြဲတစ်စေ ချေဖျက်ခြင်း ခံနေရသည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစဟု ခံယူထားသူသည် လုပ်အားတန်ဖိုးကို အသိအမှတ်မြ့ပုသော အခြေ အနေများတွင် တော်ရုံတန်ရုံစိတ်ဓာတ်ခိုင်မာရုံဖြင့် မိမိအယူအဆကို ဆက်လက်ထိန်းထားနိုင်မည်မဟုတ်။ ကြာလေ မိမိအယူအဆ လုံးပါးပါးကာ ဆန့်ကျင်ဘက်အယူအဆသစ်ကို လက်ခံလာနိုင်သည့် အနေအထားပင် ဖြစ်ပေါ်လာနိုင်သည်။ လိမ်ညာလိုသော အယူအဆရှိသူများသည် လိမ်ညာခြင်းအတွက် အပြစ်ဒဏ်မခံရဘဲ ကောင်းကျိုးကိုသာ ခံစားနေရပါက ထိုအခြေအနေများသည် ထိုသူ၏မူလအယူအဆကို ခိုင်မာအောင် အားဖြည့် ပေးနေသည်


တိုတိုစိစိပြောချင်သမျှ (၂)

အာဃာတတွေ၊ ကိုယ်ကျိုးစီးပွားတွေနဲ့ အထပ်ထပ်ဖုံးနေတဲ့ ပြည်တွင်းစစ်ကနေ
 ငြိမ်းချမ်းရေးရဖို့ကတော့ ပြောတာလွယ်လိုက်တာဗျာ။ တရားမွ်ၽြတေရးတဲ့။ ပြောတာက အရမ်းလွယ်။ ကီးဘုတ်သုံးရိုက်လိုက်ရုံပဲ။ လက်တွေလောကထဲမှာတော့ ဘာမှ မလွယ်ဘူး။ မယုံသင်္ကာမှုတွေနဲ့ ပြည့်နင်္ှက်နေတဲ့ မြန်မာ့နိုင်ငံရေးကတော့ ဘာပြောပြော ဒရွတ်ဆွဲသွားနေဦးမှာပဲ။ လုပ်ပိုင်ခွင့်ရှိသူတွေက
သူတို့ဘောင်ထဲကနေ ရတောင်ဆွဲမယ်။
မရှိသူတွေကလည်း သူတို့ဖြစ်ချင်တာကို ထိပ်တင်မယ်။
 ကြားအဖြေတစ်ခုကို ရအောင်ရှာရုံပဲ။
--------------------------------------------------

ဒီမိုကရေစီဆိုတာ တစ်ဦးချင်းဆန္ဒကိုလည်း လေးစားရပါတယ်။.
ကိုယ်တို့က ကိုယ်ကြိုက်တာကို တင်ပြတယ်။
သူတို့က သူတို့မကြိုက်ကြောင်းပြောတယ်။
ပြသနာ မရှိပါ။
ပြသနာက အဆင့်ရှိရှိ မလုပ်မဆောင်ဘဲ အဆင့်နိမ့်တဲ့နည်းတွေနဲ့လုပ်လာရင်သာ
အခြားသူတွေအမြင်မှာ ပြသနာ

----------------------------------------------------------------------

အကြောင်းသိ၊ အကြောင်းသိ
သူ့အကြောင်းသိလွန်းတော့ ခက်နေတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့ တကယ့်အလုပ်ကြီး
သိလာကြတဲ့သူတွေအတွက်ကတော့ ရင်မောစရာ။

--------------------------


တိုတိုစိစိ ပြောချင်သမျှ

ဘာကြောက်နေတာလဲတဲ့။
ကြည့်ရတာ ကျွန်တော်တို့ဖြစ်ရပ်ကိုကြည့်ပြီး
ကြောက်နေပုံရတယ်။

-----------------------------------------------
လွှတ်တော်ကတော့ လွှတ်တော်ပါပဲ။သူ့ထုံးစံမပြောင်းပါ။
ကိုယ်အားသာရင် ကိုယ်လုပ်ချင်တာဖြစ်မယ်။
ကိုယ်အားနည်းနေရင်တော့ ကိုယ်ဖြစ်ချင်တာကို လုပ်ပေးချင်လာအောင် သူတို့ကို လော်ဘီလုပ်ရုံပဲ။
------------------------------

ဒီလိုပါပဲ။ ၂၀၁၀ ကို ၀င်ကြတဲ့သူတွေက စစ်အစိုးရလိုလားသူတွေ၊ ဘက်တော်သားတွေ၊
]တရားဝင်ဖြစ်အောင် လမ်းခင်းပေးသူတွေ။
အခုတော့ ပြောနိုင်ကြတာပေါ့ဗျာ။
၂၀၁၀ မှာ ဒီမိုကရက်တစ်တွေဘက်ကနေ ရှိသမျှအားနဲ့ ၀င်ပြိုင်ခဲ့ကြသူတွေကြောင့်သာ
လက်ရှိအခြေအနေမျိုးဖြစ်တဲ့လမ်းကြောင်းကလေး ပေါ်လာတာ။
လျှောက်စရာလမ်း မရှိတဲ့သူက ဒီလမ်းပေါ်ပြန်တက်လာတော့
၂၀၁၀ သမားတွေ အကုန်လုံး သစ္စာဖောက်တွေ။ ဖောက်ပြန်သူတွေ ဖြစ်ကုန်ရော။
၂၀၁၀တုန်းက ပြည်သူကို ပစ်ထားခဲ့ပြီး မဲပေးချင်ပေး၊ မပေးချင်နေဆိုတဲ့
NO VOTE သမားက အခုတော့ မဟာသူရဲကောင်းချည်းကိုဖြစ်လို့။
တရားရစရာကြီးပါလားနော်။
------------------------------
#to be happy#

$$ kotoetoe $$

၂၀၁၀ ကတော့ အဖြေတစ်ခုကို ပေးခဲ့တယ်။

၂၀၁၀ ကတော့ အဖြေတစ်ခုကို ပေးခဲ့တယ်။
အသေထိုင်ရပ်တတ်တဲ့သူတွေ
အားကိုးရှာတတ်တဲ့သူတွေ
ရေလိုက်ငါးလိုက်နေတတ်တဲ့သူတွေ
ခေါင်းရှေုာင်တတ်တဲ့သူတွေ
ဆွဲချတတ်တဲ့သူတွေ
ခေါင်းမရှောင်တတ်တဲ့သူတွေ
ရဲရင့်တဲ့သူတွေ
မနေတတ်လို့ သမိုင်းပေးတာဝန်ကို ရသမျှ ထမ်းဆောင်ကြမယ်ဆိုတဲ့သူတွေ
မြင်တတ်ကြည့်တတ်တဲ့သူတွေ
ကိုယ်ကလွဲလို့ အားကိုးအားထားမရှိလို့ ကိုယ့်စွမ်းရည်တွေကို ထုတ်သုံးလာတဲ့သူတွေ
..............တွေ..........တွေနဲ့
ကွာခြားချက်တစ်ရပ်ကို အဖြေထုတ်ပေးခဲ့ပါတယ်။
ဘယ်သူမှန်လဲ။ ဘယ်သူမှားလဲဆိုတာ
သမိုင်းတကွေ့မှာတော့ အဖြေပေးခဲ့ပါပြီ။
မိုးကုတ်ကိုတိုး ( ၅-၁၁-၂၀၁၄)
#to be happy#

$$ kotoetoe $$

ပြောင်းပြန်ဓာတ်ကျနေသော မြန်မာနိုင်ငံ

ကမ္ဘာမှာ မြန်မာတစ်ခုတည်းရှိတယ်
*************************************

မတရားလုပ်တတ် တဲ့သူတွေချည်း တရားသူကြီးတွေဖြစ်နေကြတာ ကမ္ဘာမှာ မြန်မာပြည်တစ်ခုပဲရှိတယ် ။

သူခိုးနဲ့ဂျပိုးတွေချည်း ရဲဖြစ်နေတာ ကမ္ဘာမှာ မြန်မာပြည်တစ်ခုထဲရှိတယ်..။

လူမျို မှလူမျိုးပြုတ်မယ်လို့ဆိုပြီး လ.၀.က ကိုယ်တိုင် လူမျိုးပြုတ်အောင်လုပ်တာလည်း
ကမ္ဘာမှာ မြန်မာပြည်တစ်ခုထဲ ရှိတယ် ။

မြည်းသတ္တ၀ါလို ငိုက်မြည်းတတ်တဲ့သူတွေချည်း လွှတ်တော်အမတ်ဖြစ်နေတာ ကမ္ဘာမှာ
မြန်မာပြည်တစ်ခုထဲမှာပဲရှိတယ် ..။

ပြည်သူ့ဝန်ကို မထမ်းပဲနဲ့ ပြည်သူ့ဝန်ကို တက်စီးနေကြတဲ့ ၀န်ထမ်းဆိုသူတွေ ရှိတာ
ကလည်းကမ္ဘာမှာ မြန်မာပြည်တစ်ခုထဲမှာပဲ...။

တစ်စက်ကလေးမှ မငြိမ်းချမ်းပဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တာလည်း ကမ္ဘာမှာ မြန်မာ
တစ်ခုထဲပဲရှိတယ်...။

လူ့အခွင့်အရေးကို တစ်စက်ကလေးမှ လေးစားမှု မရှိကြသူတွေက လူ့အခွင့်အရေးကို
အာပြဲအောင်တောင်းနေတာလည်းပဲ ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ...။

သောက်စည်းကမ်း တစ်စက်ကလေးမှ မရှိပဲနဲ့ ဒီမိုကရေစီဆိုပြီး တောင်းကြတာလည်း
ကမ္ဘာမှာ မြန်မာပြည်တစ်ခုပဲရှိတယ်... ။

သာကီမျိုးဟေ့ တို့မြန်မာ ဆိုပြီး ကြွေးကြော်ခဲ့လေသမျှ အမျိုးကို စောင့်ရှောက်ဖို့ ဥပဒေမရှိ
ပျက်ကွက်ခဲ့ကြတာကလည်း ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ်...။

တရားဟောတဲ့ ဘုန်းကြီးတွေပေါသလောက် တရားမသိတဲ့ ဒကာတွေ အပေါဆုံးကလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ။

မေတ္တာအကြောင်း အများဆုံးကြားရပြီး မေတ္တာတရား အခေါင်းပါးဆုံးကလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ...။

အကောင်းဆုံးတရားတွေနာကြားခွင့်ရပြီး ပေါက်တတ်ကရအလုပ်ဆုံးကလည်း ကမ္ဘာမှာ
မြန်မာတစ်ခုထဲရှိတယ် ...။

မွတ်ဆလင်တွေ အနှိမ်ခံရသလိုလိုနဲ့ မွတ်ဆလင်တွေ အခွင့်အရေးအရဆုံးတိုင်းပြည်ကလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ...။

တိုင်းပြည်သယံဇာတ ပေါများကြွယ်ဝသလောက် ပြည်သူတွေအဆင်းရဲဆုံးဖြစ်နေတာလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ။

မှတ်ချက် ။ ။ အထက်ပါအကြောင်းအရာတို့သည် (ယေဘုယျ ) အများအားဖြင့်
ကိုသာဆိုလိုခြင်းဖြစ်သည် ၊ခြွင်းချက်အနေဖြင့် ကောင်းသောသူများလည်း ရှိပေသည် ။

Posted By ;Law Ka Nat ....(05 -11 -2014)

#to be happy#

$$ kotoetoe $$

သူနဲ့ကျွန်တော့် အတွေး လွဲလွဲကလေးများ

နယ်စပ်ကလက်နက်ကိုင်အဖွဲ့တွေ့ရဲံ့အတွေးနဲ့
ပြည်တွင်းက ကျွန်တော်တို့ရဲ့အတွေး တော်တော်ဟနေပါလား။
အရင်းကျကျ အပြောင်းအလဲ ဘာများရှိလို့လဲ။
အပေါ်ယံအပြောင်းအလဲတွေတဲ့။
အာဏာခွဲဝေမှုလုပ်မှသာ တကယ့်အပြောင်းအလဲဆိုပဲ။
အင်း ၂၀၁၀ အရင်ဘက်နဲ့ ဒီဘက်
အတူတူများ ဖြစ်နေသလား။
အာဏာခွဲဝေမှုလုပ်ရအောင်ကလည်း သူကရှုံးနေတဲ့သူမှ မဟုတ်သလို
ကိုယ်ကလည်း နိုင်ထားတဲ့သူမှ မဟုတ်တာ။
သူ့လမ်းကြောင်း၊ သူ့အစီအစဉ်နဲ့ အပြောင်းအလဲကို လုပ်နေတော့
ဟနေတဲ့နေရာကနေ ၀င်တိုးရမှာက ကိုယ်တို့အလုပ်
အတွေးပြောင်းအောင် လုပ်ပေးရမှာကလည်း ကိုယ်တို့အလုပ်
အချိန်ယူရမယ်။ ကြာမယ်။
ချက်ခြင်းကြီးကို ဖြစ်စေချင်နေကြတော့လည်း
ဘာပြောရမှန်းတောင် မသိတော့ဘူး။
သူက ခင်ဗျားကို ယုံပြီလား။
သူယုံအောင် ခင်ဗျားတို့ လုပ်ပြနိုင်ပြီလား၊
ခင်ဗျားက သူ့ကိုယုံဖို့ထက်
သူက ခင်ဗျားကိုယုံဖို့ဆိုတဲ့နှစ်ခုမှာ ဘာက ပိုအရေးကြီးသလဲ။
ယုံကြည်မှုပျက်နေတဲ့ လောကကြီးမှာတော့
ဒရွတ်ဆွဲလို့ တရွေ့ရွေ့သွားနေရင်းနဲ့ပဲ
အခြေအနေ အပြောင်းအလဲက တဖြည်းဖြည်းဖြစ်လာမယ်ထင်တယ်။
ဒါကတော့ ကျွန်တော့်အတွေးပါ။
မိုးကုတ်ကိုတိုး( ၅-၁၁-၂၀၁၄)
#to be happy#

$$ kotoetoe $$

၂၀၁၀ က အဖြေပေခဲ့တယ်။

မိမိအကျိုးထက် ပါတီအကျိုးကိုဦးစားပေးရမည်။
ပါတီအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေးရမည်ဆိုတာ
မဆလခေတ်တင်မဟုတ်ပါဘူး။
ခေတ်တိုင်းမှာ မိမိအကျိုး၊ ပါတီအကျိုး။ နိုင်ငံအကျိုးဆိုတာ အရေးကြီးတာကို ရှေ့တန်းတင်ရမှာက ဓမ္မတာပါ။
ဘယ်သူက မိမိအကျိုး၊ ပါတီအကျိုးထက် နိုင်ငံအကျိုးကို ရှေ့တန်းတင်ခဲ့တယ်ဆိုတာ
၂၀၁၀ က ပြခဲ့ပြီးပြီ။
ဒီတော့လည်း ဟိုလူတွေပြန်စန်းပွင့်တဲ့အခါမှာ
တကယ်လူ့တွေက ဘေးတွေကိုရောက်၊
သစ္စာဖောက်တွေကိုဖြစ်နဲ့ စဉ်းစားကြည့်ရင် ရယ်စရာကြီးပဲ။
ပြီးတော့ ကိုယ့်အချင်းချင်းတောင် အငြိုးရယ်က မပြယ်နိုင်။
ဒီတော့ တစ်ဖက်က ယုံပါလိမ့်မယ် အားကြီးကြီး။

----------------------------------------------------------------------------------

အချို့ကတော့ ဒီလိုပြောနေကြတယ်။
ဒီလိုပြောရခြင်းရဲ့ အခြေခံကတော့ အကျယ်ချုပ်ကနေလွတ်ပြီးနောက်ပိုင်း ဒီမိုကရေစီအင်အားစုတွေရဲ့ ညီညွတ်မှုကို
မဖော်ဆောင်နိုင်ခဲ့ခြင်းရဲ့ရလာဒ်ကြောင့်။
ကွဲပြီးရင်းကွဲ။ ပြဲပြီးရင်ပြဲနေတဲ့အချိန်မှာ
အခုမှ မဟာမိတ်ဖွဲ့ဖို့ လုပ်နေတယ်ဆိုလား။
ဒါတောင် အခြားလူတွေမပါ၊ ကိုယ့်အသိုင်းအ၀ိုင်းလောက်နဲ့သာ။


--------------------------------------------
#to be happy#

$$ kotoetoe $$

Monday, November 3, 2014

ရက်စွဲ။ ၃-၁၁-၂၀၁၄ နိုင်ငံတော်သမ္မတနေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲအကြောင်း FDA အဖွဲ့ဝင်ပါတီများအား NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ရှင်းလင်းတင်ပြ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်( ၅၂/၂၀၁၄)

 

        ၃-၁၁-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ၅၂လမ်းရှိ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA ရုံးခန်းတွင် NDF ပါတီဥက္ကဌဦးခင်မောင်ဆွေမှ နိုင်ငံတော်သမ္မတနေအိမ်တွင် ၃၁-၁၀-၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သောနိုင်ငံရေးထိပ်သီးဆွေးနွေးပွဲအကြောင်းကို FDA အဖွဲ့ဝင်ပါတီများအား ရှင်းလင်းတင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

        ထိုရှင်းလင်းပြောကြားပွဲသို့  ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးလှမြင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးအောင်သန်းတင်၊ အမျိုးသားဒီိမိုကရေစီအင်အားစုပါတီမှ ဦးတိုးပို၊ ဦးစိန်လှဦးနှင့် ဦးတိုးတိုး တို့တက်ရောက်ခဲံ့ကြသည်။

        ရှင်းလင်းပွဲတွင် ဦးခင်မောင်ဆွေမှ ဖိတ်ကြားမှုပုံစံနှင့် ဖိတ်ကြားစာပါ အကြောင်းရင်းများကို  ပထမပြောကြားခဲ့ပြီး သမ္မတမှ FDA အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ရန်ဖိတ်ကြားထားကြောင်းကို FDA ရုံးတာဝန်ခံ ဒေါ်ဇင်နိုဘဲလ်မှတစ်ဆင့် ပါတီများသို့ အသိပေးအကြောင်းကြားပေးရန် ပြောကြားခဲ့ပြီး ဆွေးနွေးပွဲမှ ပြန်ရောက်လာသည့်အခါ ယခုရှင်းလင်းပွဲကို ပြုလုပ်မည်ဖြစ်ကြောင်းကိုပါ ထပ်မံ အသိပေးခဲ့ပါသည်။

        နိုင်ငံတော်သမ္မတနေအိမ်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ဆွေးနွေးပြောဆိုကြမှုများနှင့်  FDA အဖွဲ့ကို ကိုယ်စားပြု၍  တင်ပြဆွေးနွေးမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် တက်ရောက်လာသော ပါတီများမှ မိမိတို့ သိရှိလိုသည့်အချက်အလက်များကို မေးမြန်းကြရာတွင် ဦးခင်မောင်ဆွေမှ ရှင်းလင်းပြောကြား ခဲ့ပါသည်။

        FDA အဖွဲ့အနေဖြင့် အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသူ မရှိဘဲ သဘာပတိအဖွဲ့ဝင် ငါးဦး နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ၅ ဦးအလှည့်ကျလုပ်ကိုင်ရန် စည်းမျဉ်းစည်းကမ်း ချမှတ်ထားသည်။ ထို့ပြင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူနှစ်ဦးအဖြစ် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်ချင်းတိုးတက်ရေးပါတီဥက္ကဌ ဦးနိုထန်ကပ် တို့အား တာဝန်ပေးအပ်ထားသည်။

        ဦးခင်မောင်ဆွေအနေဖြင့် အမည်တပ်၍ ဖိတ်ကြားခံရခြင်းကြောင့် NDFပါတီဥက္ကဌအနေဖြင့် တက်ရောက်ခဲ့ပြီး ဆွေးနွေးရာတွင် FDA အဖွဲ့အနေဖြင့် အဖွဲ့ဘောင်အတွင်းမှ ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

နောင်အခါ FDA အဖွဲ့ကို ကိုယ်စားပြု၍ တက်ရောက်ရန် ဖိတ်ကြားလာပါက  မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့၏ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပပြီး ဆုံးဖြတ်ရန် လိုအပ် ကြောင်းကို တက်ရောက်လာသော ပါတီများမှ သဘောထားပေးခဲ့ကြသဖြင့်  ၁၁-၁၁-၂၀၁၄ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်မည် ဖြစ်သည်။

        ထို့နောက် ရှင်းလင်းပြောကြားပွဲကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 



NDF ပါတီဥက္ကဌမှ  နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် တင်ပြခဲ့သော အချက်များကို ပြန်လည်တင်ပြခြင်း၊

       

        ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီခေါင်းဆောင်များခင်ဗျား၊

        သမ္မတ၏ ဖိတ်ကြားချက်အရ အောက်ပါအချက်များကို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီများကို ကိုယ်စားပြုအဖြစ် ဆွေးနွေးတင်ပြနိုင်ခဲ့ပါသည်။

 

        အပိုင်း(၁)

 

၁။     နိုင်ငံရေးပြောင်းလဲရာတွင် စီးပွားရေးအခြေခံများကိုပါ ချမှတ်ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည် ဖြစ် ကြောင်း၊ သို့ဖြစ်ပါ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် လူမှုစီးပွားရေးဘ၀များကိုပါ ပြောင်းလဲနိုင်ရေး လိုအပ် ကြောင်း၊

 

၂။     အချက်(၁)သဘောအရ ပီပြင်တိကျသော လယ်ယာမူဝါဒများကို အမြန်ဆုံးချမှတ်၍ အခြေခံလူတန်းစား တောင်သူလယ်သမားများကို လူလတ်တန်းစားအလွှာအတွင်း ရောက်ရှိစေရန်(ဥပမာ) မိသားစုလယ်ယာစနစ် ကို  အမြန်ဆုံးစက်မှုတပ်ဆင်ပေးပါရန်နှင့် ပို့ကုန်စီးပွားရေးအဖြစ် အမှန်တကယ်ထူထောင်ပေးနိုင်ရန်၊

 

၃။     နိုင်ငံခြားရင်းနှီးမြှတ်နှံမှုမျာကို ဆွဲဆောင်ရာတွင် ယင်းတို့အတွက် စိတ်ချလုံခြုံသော အာမခံချက် ရှိစေသော ဘဏ်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှုအနေအထားနှင့် ငှားရမ်းခကြီးမြင့်နေသော မြေနှင့်အဆောက်အဦ ဌားရမ်းခများ လျော့ချနိုင်ရန်၊

 

၎။     Property Tax ကောက်ယူ၍ အခွန်ဘဏ္ဍာပိုမိုရရှိပြီး ပြည်သူ့အတွက် ၀န်ဆောင်မှုများ ပိုမိုပေးနိုင်ရေးနှင့် ယခုကျင့်သုံးနေသော Revenue Sharing အစား၊ တိုင်းဒေသကြီးများနှင့်ပြည်နယ်များတွင် စက်မှုလုပ်ငန်းများ ပေါ်ပေါက်ရေးနှင့်အတူ Tax Sharing သို့ တစ်စတစ်စကူးပြောင်း၍ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရောက်ရှိ စေရန်၊

 

               အပိုင်း(၂)

 

၁။     ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သော အပစ်အခတ်ရပ်စဲရေးနှင့်ဆက်လျှက်ရှိသော နိုင်ငံရေးဆွေးနွေးပွဲ စသည်တို့သည် ယခင်ခေတ်အုပ်ချုပ်ရေးကာလများထက် ရှေ့သို့ရောက်ရှိနေကြောင်း၊ ထို့ငြင် ယခင်ကကဲ့သို့ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆွေးနွေးခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်၊ တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ထို့ထက်မက ပြည်သူများ၊ နိုင်ငံရေး ပါတီများကပါ နိုင်ငံရေးပြဿနာကို နိုင်ငံရေးဖြင့် ဖြေရှင်းရေးတွင် တက်ကြွစွာပါဝင်၍ သဘောထားဆန္ဒများ ထုတ်ဖော်ပြသနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ အပစ်အခတ်ရပ်စဲရေးညှိနိုင်းမှုတွင် ကျန်ရှိသောအချက်အလက် အနည်းငယ်ကို နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန်ချန်လှပ်၍ (NCA) အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ၂၀၁၄ နှစ်မကုန်မီ ပြုလုပ်သင့်ကြောင်း တင်ပြခဲ့သည်။

၂။     အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကို နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားအတွက် တည်ဆဲဥပဒေတစ်ခုဖြစ် သော ပုဒ်မ ၁၇(၁) ပါ ပြဋ္ဌာန်းချက်များကို နားလည်မှုရှိစွာကိုင်တွယ်၍ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ထိုအစဉ်အလာကောင်းကို ဆက်လက်သယ်ဆောင်၍ ဥပဒေပြဋ္ဌာန်းချက်များကြားမှ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးနိုင်စေရန် နိုင်ငံရေးယုံကြည်မှုအား အာမခံချက်အဖြစ်ထား၍ ဆွေးနွေးပွဲများပြုလုပ်ရန် တောင်းဆိုခဲ့သည်။

 

၃။     နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် KNU ထိပ်သီးခေါင်းဆောင်များကို နေပြည်တော်တွင် တွေ့ဆုံခဲ့သကဲ့သို့ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ပေးရန် တောင်းဆိုတင်ပြခဲ့သည်။

 

၎။     ယခုကဲ့သို့တွေ့ဆုံမှုများမှ မတူညီသည့်အချက်များကို ဆက်လက်ဆွေးနွေးဖော်ထုတ်နိုင်ရန် Dialogue Mechanism တစ်ရပ် ဆက်၍ရှိဖို့လိုအပ်ကြောင်း စသည်တို့ကို တင်ပြခဲ့ပါသည်။

 

လေးစားစွာဖြင့်

 

 

ဦးခင်မောင်ဆွေ

     ဥက္ကဌ

     အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 


Sunday, November 2, 2014

NDF ပါတီဥက္ကဌမှ နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် တင်ပြခဲ့သော အချက်များကို ပြန်လည်တင်ပြခြင်း၊

NDF ပါတီဥက္ကဌမှ နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် တင်ပြခဲ့သော
အချက်များကို ပြန်လည်တင်ပြခြင်း၊


သမ္မတ၏ ဖိတ်ကြားချက်အရ အောက်ပါအချက်များကို
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီများကို ကိုယ်စားပြုအဖြစ်
ဆွေးနွေးတင်ပြနိုင်ခဲ့ပါသည်။
အပိုင်း(၁)
၁။ နိုင်ငံရေးပြောင်းလဲရာတွင် စီးပွားရေးအခြေခံများကိုပါ
ချမှတ်ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည် ဖြစ် ကြောင်း၊ သို့ဖြစ်ပါ၍
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် လူမှုစီးပွားရေးဘ၀များကိုပါ
ပြောင်းလဲနိုင်ရေး လိုအပ် ကြောင်း၊
၂။ အချက်(၁)သဘောအရ ပီပြင်တိကျသော လယ်ယာမူဝါဒများကို အမြန်ဆုံးချမှတ်၍
အခြေခံလူတန်းစား တောင်သူလယ်သမားများကို လူလတ်တန်းစားအလွှာအတွင်း
ရောက်ရှိစေရန်(ဥပမာ) မိသားစုလယ်ယာစနစ် ကို
အမြန်ဆုံးစက်မှုတပ်ဆင်ပေးပါရန်နှင့် ပို့ကုန်စီးပွားရေးအဖြစ်
အမှန်တကယ်ထူထောင်ပေးနိုင်ရန်၊
၃။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုမျာကို ဆွဲဆောင်ရာတွင် ယင်းတို့အတွက်
စိတ်ချလုံခြုံသော အာမခံချက် ရှိစေသော ဘဏ်စနစ်၊
နိုင်ငံရေးတည်ငြိမ်မှုအနေအထားနှင့် ငှားရမ်းခကြီးမြင့်နေသော
မြေနှင့်အဆောက်အဦ ဌားရမ်းခများ လျော့ချနိုင်ရန်၊
၎။ Property Tax ကောက်ယူ၍ အခွန်ဘဏ္ဍာပိုမိုရရှိပြီး ပြည်သူ့အတွက်
ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရေးနှင့် ယခုကျင့်သုံးနေသော Revenue
Sharing အစား၊ တိုင်းဒေသကြီးများနှင့်ပြည်နယ်များတွင် စက်မှုလုပ်ငန်းများ
ပေါ်ပေါက်ရေးနှင့်အတူ Tax Sharing သို့ တစ်စတစ်စကူးပြောင်း၍
ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရောက်ရှိ စေရန်၊

အပိုင်း(၂)
၁။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သော
အပစ်အခတ်ရပ်စဲရေးနှင့်ဆက်လျှက်ရှိသော နိုင်ငံရေးဆွေးနွေးပွဲ စသည်တို့သည်
ယခင်ခေတ်အုပ်ချုပ်ရေးကာလများထက် ရှေ့သို့ရောက်ရှိနေကြောင်း၊ ထို့ငြင်
ယခင်ကကဲ့သို့ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား
ဆွေးနွေးခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်၊ တပ်မတော်၊ အစိုးရ နှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊
ထို့ထက်မက ပြည်သူများ၊ နိုင်ငံရေး ပါတီများကပါ နိုင်ငံရေးပြဿနာကို
နိုင်ငံရေးဖြင့် ဖြေရှင်းရေးတွင် တက်ကြွစွာပါဝင်၍ သဘောထားဆန္ဒများ
ထုတ်ဖော်ပြသနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ အပစ်အခတ်ရပ်စဲရေးညှိနိုင်းမှုတွင်
ကျန်ရှိသောအချက်အလက် အနည်းငယ်ကို နိုင်ငံရေးဆွေးနွေးပွဲတွင်
ထည့်သွင်းဆွေးနွေးရန်ချန်လှပ်၍ (NCA) အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးမှုကို ၂၀၁၄ နှစ်မကုန်မီ ပြုလုပ်သင့်ကြောင်း တင်ပြခဲ့သည်။
၂။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကို
နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားအတွက် တည်ဆဲဥပဒေတစ်ခုဖြစ် သော ပုဒ်မ
၁၇(၁) ပါ ပြဋ္ဌာန်းချက်များကို နားလည်မှုရှိစွာကိုင်တွယ်၍ ဆွေးနွေးပွဲများ
ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ထိုအစဉ်အလာကောင်းကို ဆက်လက်သယ်ဆောင်၍
ဥပဒေပြဋ္ဌာန်းချက်များကြားမှ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးနိုင်စေရန်
နိုင်ငံရေးယုံကြည်မှုအား အာမခံချက်အဖြစ်ထား၍ ဆွေးနွေးပွဲများပြုလုပ်ရန်
တောင်းဆိုခဲ့သည်။
၃။ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် KNU
ထိပ်သီးခေါင်းဆောင်များကို နေပြည်တော်တွင် တွေ့ဆုံခဲ့သကဲ့သို့
ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များနှင့်
တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ပေးရန် တောင်းဆိုတင်ပြခဲ့သည်။
၎။ ယခုကဲ့သို့တွေ့ဆုံမှုများမှ မတူညီသည့်အချက်များကို
ဆက်လက်ဆွေးနွေးဖော်ထုတ်နိုင်ရန် Dialogue Mechanism တစ်ရပ်
ဆက်၍ရှိဖို့လိုအပ်ကြောင်း စသည်တို့ကို တင်ပြခဲ့ပါသည်။

လေးစားစွာဖြင့်
ဦးခင်မောင်ဆွေ
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ