Thursday, September 24, 2015

NDF PRESS RELEASE 37 NDFပါတီ ထန်းတပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ ပါတီခေါင်းဆောင်များ တက်ရောက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်(၃၇/၂၀၁၅)

ရက်စွဲ။ ၂၄-၉-၂၀၁၅

 

NDFပါတီ ထန်းတပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ

ပါတီခေါင်းဆောင်များ တက်ရောက်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်များသည် ၂၄-၉-၂၀၁၅ ရက်နေ့ ၊ နံနက် ၁၀း၀၀နာရီတွင် ကျင်းပပြုလုပ်သော  ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ အောင်နိုင်ရေးရုံးဖွင့်ပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

         ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းများမိတ်ဆက်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသာဆိုင်နှင့် ဦးတိုးတိုး၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထန်းတပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ဦးစိုးလင်းနိုင်၊ ဦးသိန်းလွင်နှင့်ဦးထွန်းဗိုလ်၊ ရေတွင်းကုန်းကျေးရွာမှ ပါတီဝင်များ စုစုပေါင်း ၁၅၀ခန့် တက်ရောက် ခဲ့ကြသည်။

         သဘာပတိ ဦးမြ(ထန်းတပင်ဥက္ကဌ )မှအဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား ပါတီခေါင်းဆောင်များ၊ ထန်းတပင်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်  မိတ်ဆက်ပေးပါသည်။ ထို့နောက်

ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်သော်တာဆိုင်၊ ထန်းတပင်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးစိုးလင်းနိုင်၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦးတို့မှ ပါတီနှင့်သက်ဆိုင်သည့်မူဝါဒများနှင့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဟောပြောဆွေးနွေးခဲ့ကြသည်။

         ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ပါတီ၏မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့် မျှော်မှန်းချက်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများကို ဟောပြောဆွေးနွေးခဲ့ပြီး နေ့လည် ၁၂း၀၀နာရီတွင် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Monday, September 14, 2015

နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်နေမှုများအကြောင်း( 14-9-2015)

         နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်နေမှုများအကြောင်း( 14-9-2015)

ဒီနေ့  အင်းလျားလိတ်ဟော်တယ်မှာ ပြုလုပ်တဲ့ Informal Multi-Stakeholders Discussions on the Framework for Political Dialogue -  အစုအဖွဲ့အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဆိုင်ရာ အစည်းအဝေးကို ပါတီကိုယ်စား သွားတက်ဖြစ်တယ်။  အရင်က တက်နေကျ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက နေပြည်တော်ကို ရုပ်မြင်သံကြားမိန့်ခွန်းပြောဖို့သွားနေရတာရယ်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်ကလည်း ပြည်ထောင်စုကော်မရှင်ကခေါ်တဲ့ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာကော်မတီမှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် အစည်း အဝေး သွားတက်ရတာကြောင့် ဒီအစည်းအဝေးကို လာရခြင်း ဖြစ်ပါတယ်။

         နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဆိုတဲ့ Framework for Political Dialogue -ကို NDF ပါတီက ၂၀၁၃က တည်းက စပြီးလုပ်လာတယ်။ ပါတီရဲ့ Framework for Political Dialogue -ဖြစ်လာတော့ ဒါကို ဖက်ဒရယ်ဒီမို ကရေစီမဟာမိတ်FDA အဖွဲ့မှာတင်ပြပြီး FDA ရဲ့ မူဘောင်အဖြစ် ချဲ့ထွင့်တယ်။ နောက်တော့ အခြားမူဘောင် ရေးထားတဲ့ NBF အဖွဲ့နဲ့ပူးပေါင်းပြီး နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကာ မူဘောင်ရေးဆွဲဖို့ လုပ်တယ်။ တက်လာကြ တဲ့နိုင်ငံရေးပါတီ ၅၆ပါတီရဲ့ သဘောထားကို ယူပြီး မူဘောင်ရေးဆွဲရေး ၁၅ဦးကော်မတီကို ဖွဲ့ပြီး ဆက်ရေးတယ်။ ဒီကနေ ၅၆ပါတီမူဘောင်ထွက်လာတယ်။

         ၉-၅-၂၀၁၅ မှာ အင်းလျားလိတ်ဟော်တယ်မှာပဲ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လှယ်သင့်မြတ်ရေးဖိုရမ်ကို ကျင်းပပြီး တက်ရောက်လာကြတဲ့ကိုယ်စားလှယ်တွေ( လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCCTအဖွဲ့၊ UNA NLD MPCနဲ့ ၅၆ပါတီက ကိုယ်စားလှယ်များ)  ဆွေးနွေးကြရာမှာ နိုင်ငံရေးဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ဖို့  မူဘောင်တစ် ရပ်လိုတယ်ဆိုတာကို သဘောတူခဲ့ကြပြီး ၁၆-၅-၂၀၁၅ ရက်နေ့မှာ စပြီးတော့ ဆွေးနွေးခဲ့တာဟာ ဒီနေ့ (၁၄-၉-၂၀၁၅) ရက်နေ့မှာဆိုရင် ဆဌမအကြိမ်မြောက် အစည်းအဝေးဖြစ်သလို ဆွေးနွေးသဘောတူထားတဲ့ အခန်းတွေ ကလည်း ၁၃ခန်းရှိပါတယ်။

၁။      နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာရည်ရွယ်ချက်များ

၂။      နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ကျင့်သုံးမည့် အခြေခံမူများ၊

၃။      ဆွေးနွေးမည့်အကြောင်းအရာနှင့် ခေါင်းစဉ်များ

၎။      လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်လမ်းပြမြေပုံ

၅။      တရားဝင်လုပ်ပိုင်ခွင့်အာဏာရယူခြင်း၊ စီမံခန့်ခွဲခြင်း၊

၆။      အားလုံးပူးပေါင်းပါဝင်သော ဆုံးဖြတ်ချက်ချခြင်းနည်းစနစ်နှင့် ယန္တယားများ

၇။      ပါဝင်ရမည့်အစုအဖွဲ့ အချိုးအစားနှင့် စံနှုန်းသတ်မှတ်ချက်များ

၈။      ဖွဲ့စည်းတည်ဆောက်မှု၊ ယန္တယားနှင့် လုပ်ထုံးလုပ်နည်းများ

၉။      ဆွေးနွေးပွဲအထောက်အကူပြု အဆောက်အအုံများ

၁၀။    အကြောင်းအရာဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်အစီအစဉ်များ

၁၁။    လူထုပါဝင်မှု၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲများ ကျင်းပခြင်း၊

၁၂။    အချက်အလက်စီးဆင်းမှုနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ၊

၁၃။    လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းစဉ် တို့ဖြစ်ပါတယ်။

         အခန်းသုံးပါ ခေါင်းစဉ်ငယ်တွေကတော့ နိုင်ငံရေးကဏ္ဍမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းတည် ဆောက်ခြင်း၊နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အာဏာခွဲဝေရေး(ပြည်ထောင်စု၊ပြည်နယ်၊ ဒေသန္တရ)၊ အုပ်ချုပ် ရေးမဏ္ဍိုင်ပြုပြင်ပြောင်းလဲရေး၊ ဥပဒေပြုမဏ္ဍိုင်ပြုပြင်ပြောင်းလဲရေး၊ တရားစီရင်ရေးမဏ္ဍိုင်ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေ အကြောင်း၊

         စီးပွားရေးကဏ္ဍမှာတော့ အမျိုးသားစီးပွားရေးမူဝါဒ၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု၊ ပြည်ထောင်စုနှင့် ပြည်နယ် များ၏ အခွန်ကောက်ခံမှု၊ ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရအကြား၊ သယံဇာတခွဲဝေရေးဆိုင်ရာ၊    စီးပွား ရေးအတွက်အခြေခံအဆောက်အဦများ၊ ဘဏ္ဍာရေးနဲ့ငွေကြေးမူဝါဒ၊ မြေယာကိစ္စ၊ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ ပြည်နယ်ပြည်မတန်းတူဖွံ့ဖြိုးရေး၊ ကျေးလက်မြို့ပြစီမံခန့်ခွဲရေးတွေအကြောင်း၊

         လူမှုရေးကဏ္ဍမှာ ပညာရေး၊ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ဘာသာရေးလွတ်လပ် ခွင့် များ၊ ပြန်လည်နေရာချထားရေးနဲ့ပြန်လှယ်ထူထောင်ရေး၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအခြေခံအဆောက်အဦ၊ မူးယစ်ဆေးဝါးကိစ္စ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးတွေအကြောင်း၊

         ပြုပြင်ပြောင်းလဲရေးကာလဆောင်ရွက်ရမည့်ကိစ္စများမှာတော့ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ပညာရေး၊လူ မှုရေး၊စီးပွားရေးဆိုင်ရာအခြေခံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ၊ တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာစကား၊ စာပေနဲ့ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာတည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းပြည်ပအလျူရှင်များ အကူအညီရယူရေးဆိုင်ရာတွေအကြော်င်း၊

         လုံခြုံရေးကဏ္ဍမှာတော့ လုံခြုံရေးမူဝါဒပြုပြင်ပြောင်းလဲရေး၊ ပြည်ထောင်စုရဲ့ တခုတည်းသောတပ်မ တော်ဖွဲ့စည်းရေးဆိုင်ရာ၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စ၊ ပြည်နယ်/တိုင်းများရဲ့ လုံခြုံရေးတပ် များရဲ့အခန်းကဏ္ဍ စတာတွေဖြစ်ပါတယ်။

         အခြေခံလူ့အခွင့်အရေးဆိုင်ရာမှာတော့ နိုင်ငံသားဖြစ်ခြင်၊ တိုင်းရင်းသားအခွင့်အရေး၊ တိုင်းရင်းသား လူနည်းစုအခွင့်အရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်းနဲ့ မီဒီယာကဏ္ဍမှာတော့ သတင်းမီဒီယာလွတ် လပ်ခွင့်ဆိုင်ရာကိစ္စ၊ ပင်မမီဒီယာနဲ့တိုင်းရင်းသားမီဒီယာကိစ္စတွေအကြောင်း၊  နောက်ဆုံးကတော့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးမှာ နိုင်ငံရေးပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားသော အသက်၊ အိုးအိမ်စည်းစိမ်နဲ့ ဂုဏ်သိက္ခာများကို အသိအမှတ်ပြုခြင်းနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စတွေအကြောင်း။

         ဒါကတော့ အခန်း၁၃ခန်းရဲ့ အဓိကကျတဲ့အခန်း၃မှာ ပါမယ့်အကြောင်းအရာ ခေါင်းစဉ်တွေပါ။ ဒီခေါင်းစဉ် ငယ်တွေကို ထပ်အသေးစိတ်ရင်လည်း အများကြီး ထွက်လာပါဦးမယ်။ အခြားအခန်းတွေကလည်း ဒီလိုနည်းတူ ပါ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ စားပွဲဝိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ ပစ်ပေါက် ကြပြီး ညှိနှိုင်းယူကြရတဲ့ မာရသွန်ခရီးရှည်ခြင်း။ကိုယ်ရချင်တာနဲ့ ကိုယ်ရနိုင်တာတွေအကြား ဖြစ်သင့်တဲ့ ပမာဏ ကို ညှိယူကြရတဲ့ပွဲတစ်ခု။

         ဒီနေ့ပွဲကတော့ လူစုံပါတယ်။ အစိုးရအဖွဲ့က၀န်ကြီး၊ တပ်မတော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက် ကိုင်ကိုယ်စားလှယ်တွေ၊ NCCTအဖွဲ့ဝင်တွေ၊ ၅၆ပါတီကိုယ်စားလှယ်တွေ(ကိုယ်အပါအ၀င်)၊ UNA NLD USDP က ကိုယ်စားလှယ်တွေ၊ အထောက်အကူပြုအဖွဲ့တွေက ကိုယ်စားလှယ်တွေပါတော့ ပွဲက ပိုမြိုင်ပါတယ်။ ၀န်ကြီး ကတော့ NCA နောက်ဆုံးအခြေအနေအကြောင်းနဲ့ သမ္မတက ခွဲထွက်မယ့်ကိစ္စနဲ့ အချုပ်အခြာအာဏာ ထိပါးမယ့်ကိစ္စနှစ်ခုကလွဲလို့ ကျန်တာအားလုံး ကြိုက်သလိုဆွေးနွေးလို့ရတဲ့အကြောင်းပြောထားတယ်ဆိုတာ ပြောပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ ဒီစာချုပ်ကို လက်မှတ်ထိုးကြမယ့်အနေအထားလို့ မြင်ရပါတယ်။ တစ်နေ့ကရေးခဲ့သလို NCA လက်မှတ်ထိုးပြီး အကောင်အထည်ဖော်ရမယ့်အချက်တွေကိုလည်း ထပ်မံရှင်းလင်း တယ်။ ဒီမှာဆွေးနွေးရင် NCA စာချုပ်အတိုင်း လိုက်နာဖော်ဆောင်ရင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲတဲ့ ကိစ္စမှာ အကျပ်အတည်းတစ်ခု ဖြစ်လာတယ်။ စာချုပ်ပါအချက်အရ နိုင်ငံရေးပါတီတွေက နောက်မှ ပါရမယ်။ မူဘောင်ရေးဆွဲရာမှာလည်း နိုင်ငံရေးပါတီတွေက မရှိမဖြစ်။ စပြီးရေးမယ်လုပ်တဲ့အချိန်မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုပေးကြမလဲဆိုတာကို ၀ိုင်းဝန်းထောက်ပြဆွေးနွေးတာနဲ့ နေ့လည်ပိုင်းအထိ ရောက်သွားတယ်။ ၁၂း၄၅မှ ထမင်းစားချိန် ရပ်နားရတယ်။

         ပြန်စတော့လည်း ဒီကိစ္စမှာပဲ တန့်နေလို့ နောက်ဆုံး NCA လက်မှတ်ထိုးကြမယ့်နှစ်ဖက်အကြား ပြန်ညှိ နှိုင်းကြပါလို့နဲ့ အဆုံးသတ်သွားတယ်။ တစ်ခါတစ်လေလည်း လွယ်မလိုနဲ့ခက်။ စာရွက်ပေါ်ရေးတော့အလွယ်၊ လက်တွေ့လုပ်ကြည့်မယ်ဆိုတော့ မလွယ်တာနဲ့ လာတွေ့နေတယ်။

         ဒီအစည်းအဝေးတွေမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်ပြုဖို့ အမျိုးသမီးအဖွဲ့တွေက တင်လာတယ်။ ရာခိုင်နှုန်းအားဖြင့် ၃၀%အထိပေးဖို့ဆိုလား။ မြန်မာပြည်မှာ ဒီလိုအဆင့်မှာလုပ်နိုင်မယ့် အမျိုးသမီးတွေ ၃၀% လောလောဆယ်ရှိနိုင်ပါ့မလား။ ပေးရမှာကလည်း တက်လာတဲ့အဖွဲ့တိုင်းကနေ သူတို့ထဲကနေ ထည့်ပေးရမယ့် သဘော။ များများရှာတွေ့နိုင်ပါစေဗျာ။

         ဆွေးနွေးရင်းနဲ့ Framework for Political Dialogue -  ကော်မတီဖွဲ့စည်းရေးမှာ နိုင်ငံရေးပါတီကိုယ်စား လှယ်တွေ ပါဝင်ရေးက တန့်နေတယ်။ ဒီကော်မတီကလည်း ဘယ်သူတွေ တက်ရမယ်၊ ဘယ်လောက်တက် ရမယ်၊ ဆပ်ကော်မတီတွေ  ဘယ်လောက်ဖွဲ့မယ်၊ ဘာတွေဆွေးနွေးကြမယ်ဆိုပြီး ဆုံးဖြတ်ရမယ့်ကော်မတီ ဆိုတော့ NCA လက်မှတ်ထိုးကြတဲ့ နှစ်ဖွဲ့တည်းက ဆုံးဖြတ်ရင် နိုင်ငံရေးပါတီတွေက လက်ခံနိုင်ဖို့ ခဲယဉ်းတော့ ဒါကို အဖြေရှာကြဖို့လိုတယ်ဆိုတာ ဆက်ပြီးတင်ပြကြရုံပဲ။ နောက်တစ်ကြိမ် အစည်းအဝေးမှာ စဉ်းစားကြဖို့။

ဒီကြားထဲမှာ တိုင်းရင်းသားတွေကလည်း အစည်းအဝေးခေါ်ကြဦးမယ်။ SDနဲ့UPWC နဲ့လည်း တွေ့ကြဦးမယ်။ ဒါပြီးမှ အစည်းအဝေးလုပ်ကြဖို့။

         ဟိုပါတီကြီးကလည်း ဘောင်တော့ရှိပါရဲ့။ သူုတို့လည်း ညီလာခံခေါ်ပြီး အတည်ပြုရဦးမယ်ဆိုလား။ ကိုယ်သိတဲ့ဘောင်ကတော့ NDF  ၊FDA ၊NBFနဲ့ ၅၆ပါတီဘောင်၊ NCCT ဟာက နည်းနည်းသိ။ ကျန်တာတွေက မသိ။ အစိုးရဖက်ကတော့ တင်လာတဲ့ဘောင်ကို အတတ်နိုင်ဆုံးလိုက်လျောမယ့်သဘောတော့ ရှိတယ်။

နိုင်ငံရေးဆွေးနွေးပွဲအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများဆိုပြီး အဓိကအုပ်စုကြီးငါးခုနဲ့ လုပ်ဖြစ်ဖို့များနေတယ်။

         ဒါကတော့ ဘယ်သူတွေ ဘာတွေပြောနေပြောနေ မြန်မာနိုင်ငံအနာဂတ်အတွက် လုပ်နေကြသူတွေက လုပ်နေကြတယ်ဆိုတာလေးကို တစိတ်တပိုင်းသိလိုက်ရခြင်းပါပဲခင်ဗျား။

မိုးကုတ်ကိုတိုး( ၁၄-၉-၂၀၁၅)


ဂျာနယ်တွင်ဖော်ပြလိုပါက ၀၉၄၅၀၀၅၇၀၈၈  ကို ဆက်သွယ်ရန်

 

#to be happy#

$$ kotoetoe $$

Saturday, September 12, 2015

NDF ပါတီ၊ လူငယ်အကြိုညီလာခံကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်အမှတ်(၃၅/၂၀၁၅)

ရက်စွဲ။ ၁၂-၉-၂၀၁၅

NDF ပါတီ၊ လူငယ်အကြိုညီလာခံကျင်းပ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လူငယ်လုပ်ငန်းအဖွဲ့၏ လူငယ်အကြိုညီလာခံကို  ၁၂-၉-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းများမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ လူငယ်ကိုယ်စားလှယ်များ၊  စုစုပေါ်င်း ၁၅၀ကျော်တက်ရောက်ခဲ့ကြသည်။

         ထိုလူငယ်အကြိုညီလာခံတွင် ပထမဦးစွာ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက လူငယ်ညီလာခံ ကျင်းပရ မည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် ၀ိုင်းကြည်က ရွေးကောက်ပွဲနှင့် လွှတ်တော်ဆိုင်ရာသိကောင်းစရာအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ လူငယ်လုပ်ငန်းဖော်ဆောင်ရေးကိစ္စနှင့်ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ ရှင်းလင်း ပြောကြားခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များအနေဖြင့် ပါဝင်လုပ်ဆောင်ရမည့် ကဏ္ဍများကို ပြောကြားခဲ့ သည်။ထို့နောက် ဗဟိုလူငယ်ဖွဲ့စည်းရေးတာဝန်ခံ ဦးကျော်သူရက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ လူငယ်လုပ်ငန်းအဖွဲ့(ဗဟို)ကို ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်မှုများနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များပါဝင်ရ မည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး  ဆွေးနွေးပွဲကို ခေတ္တရပ်နားကာ နေ့လည်စာဖြင့်ဧည့်ခံခဲ့သည်။

နေ့လည် ၁း၀၀နာရီတွင် ညီလာခံဆွေးနွေးပွဲ ပြန်လည်စတင်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် လူငယ်ခေါင်း ဆောင်များက လူငယ်ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ရေး ကိစ္စ  နှင့်ပတ်သက်၍ အဖွဲ့များခွဲကာ ပန်းဖလက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြင်ပတွင် လက်တွေ့လုပ်ကိုင် ခဲ့ ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲတွင် ပြောဆိုရမည့် ပါတီ၏အဓိကမဲဆွယ်စကားများကို တစ်ဦးချင်းပြောကြားကြပြီးနောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ လိုအပ်ချက်များကို ပြောကြားခဲ့သည်။ အလုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လူငယ်နှင့်ပတ်သက်၍ အမြင်သဘောထားများကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ နိဂုံးချုပ်အမှာစကား လူငယ်ညီလာခံကို ညနေ   ၃း၀၀နာရီတွင် အမှတ်တရ ဓာတ်ပုံမှတ်တမ်းများရိုက်ကူးပြီး အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။

Friday, September 11, 2015

NDF PRESS RELEASE 35-2015 NDF ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများတွေ့ဆုံပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်အမှတ်(၃၅/၂၀၁၅)

ရက်စွဲ။ ၁၁-၉-၂၀၁၅

NDF ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများတွေ့ဆုံပွဲကျင်းပ

         ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် NDF ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲကို ၁၁-၉-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန် တိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ လေ့လာသူလူငယ်ညီလာခံ ကိုယ်စားလှယ်များ စုစုပေါ်င်း ၉၀ခန့် တက်ရောက်ခဲ့ကြသည်။

         ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ဤဆွေးနွေးပွဲကျင်းပရမည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီး  ပထမဦးစွာ နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လှုပ်ရှားမှုများ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး  တက်ရောက်လာသူများ၏မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ နေ့လည်ပိုင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာMPCမှ ဒါရိုက်တာဦးအောင်နိုင်ဦးက ရွေးကောက်ပွဲနှင်သက် ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ ညနေ ၃း၀၀နာရီတွင် အမှတ်တရ ဓာတ်ပုံမှတ်တမ်းများရိုက်ကူးပြီး ဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။

         NDF ပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၆၀ဦး ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး အမျိုးသမီးကိုယ်စားလှယ် ၁၄ ဦးပါရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် မြို့နယ် ၉၅ မြို့နယ်တွင် ကိုယ်စားလှယ်လောင်းပေါင်း ၂၇၄ ယောက်ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ ထိုထဲတွင် အမျိုးသမီးကိုယ်စားလှယ် ၆၀ဦး ပါဝင်ကြောင်း သိရှိရပါသည်။

Thursday, September 10, 2015

NDF ပါတီလတ်တော် ကိုယ်စားလှယ်လောင်းများတွေ့ဆုံပွဲနှင့် လူငယ်တွေ့ဆုံပွဲများ ကျင်းပမည့်အကြောင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့်

NDF ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက်

ရွေးကောက်ပွဲဆိုင်ရာသင်တန်း

ကျင်းပမည့်နေ့ရက်။ ၂၀၁၅ခုနှစ်၊ စက်တင်္ဘာ(၁၁)ရက်(သောကြာနေ့)

ကျင်းပမည့်အချိန်။       နံနက်(၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီထိ

ကျင်းပမည့်နေရာ။ YWCAခန်းမ၊ဘိုကလေးဈေးလမ်း၊      ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြို့။




အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ပါတီဝင်လူငယ်များတွေ့ဆုံပွဲ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ပါတီဝင်လူငယ်များ၏  ၂၀၁၅ ရွေး ကောက်ပွဲတွင် ဆောင်ရွက်ကြရမည့် လုပ်ငန်းအစီအစဉ်များ တွေ့ဆုံဆွေးနွေး ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။

ကျင်းပမည့်နေ့ရက်။ ၂၀၁၅ခုနှစ်၊ စက်တင်္ဘာ(၁၂)ရက်(စနေနေ့)

ကျင်းပမည့်အချိန်။       နံနက်(၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီထိ

ကျင်းပမည့်နေရာ။ YWCAခန်းမ၊ဘိုကလေးဈေးလမ်း၊      ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြို့။

Wednesday, September 9, 2015

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် NDF ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့်

NDF ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက်

ရွေးကောက်ပွဲဆိုင်ရာသင်တန်း

ကျင်းပမည့်နေ့ရက်။ ၂၀၁၅ခုနှစ်၊ စက်တင်္ဘာ(၁၀)ရက်(ကြာသာပတေးနေ့)

ကျင်းပမည့်အချိန်။       နံနက်(၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီထိ

ကျင်းပမည့်နေရာ။ YWCAခန်းမ၊ဘိုကလေးဈေးလမ်း၊      ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြို့။

Monday, September 7, 2015

ထိပ်သီးတွေ့ဆုံပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်

ထိပ်သီးတွေ့ဆုံပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

သဘောထားကြေညာချက်

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ စက်တင်္ဘာလ(၈)ရက်

 

၂၀၁၅ခုနှစ်၊စက်တင်္ဘာလ(၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်မျးသည် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြတော့မည် ဖြစ်ပါသည်။

         ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် သဘောတူ ညီမှုများ ရရှိရေးအတွက် ဆွေးနွေးကြမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤတွေ့ဆုံပွဲသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ်တည်ဆောက်ရေးအတွက် ကြီးစွာသောအထောက်အပံ့ကို လက်တွေစိုက်ထူရေးဟူသည့် နိုင်ငံရေးလို အပ်ချက်ကြီး ဖြစ်ပါသည်။

         ညှိနှိုင်းခြင်းဟူသမျှသည် နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွား၊ ဘုံရည်မှန်းချက်တို့ကို ရှေ့ရှုရမြဲ ဖြစ်ပါသည်။ ထို့ကြောင့် အဖွဲ့အစည်းအကျိုးနှင့် ပုဂ္ဂလိကအကျိုးစီးပွားတို့အပေါ် တရားသေဆုပ်ကိုင်ခြင်းမပြုဘဲ အလျော့ အတင်းပြုလုပ်ကြရမည်မှာ နိုင်ငံရေးညှိနှိုင်းမှု၏ လက်တွေ့သဘာဝများပင် ဖြစ်သည်ဟု ကျွန်ုပ်တို့NDF ပါတီမှ ရှုမြင်ပါသည်။ ထိုသို့ ကိုယ်ကျိုးမဖက်ဘဲ နိုင်ငံ့အနာဂတ်ရေးအတွက် ဦးစားပေးဆွေးနွေးကြရန်  လိုအပ်လှပါ သည်။

         ယခု စက်တင်္ဘာ(၉)ရက်နေ့ ထိပ်သီးဆွေးနွေးပွဲသည် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းသစ်တွင် အထင်ကရ အရေးပါမည့်တွေ့ဆုံပွဲတစ်ခုဟု မှတ်ယူပါသည်။ ဆိုခဲ့ပါ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွားတို့ကို ဖြတ်ကျော်ရှုမြင့်၍ နှစ်ကာလရှည်ကြာ ပစ်ခတ်တိုက်ခိုက်မှုများကို အပြီးတိုင်ရပ်စဲနိုင်ရေး စိတ်ကူးစိတ်သန်းများ သည် လွန်စွာရဲရင့်သော အတွေးအခေါ်များဟု ပြောကြားလိုပါသည်။

         ထိုမျှရဲရင့်သော ငြိမ်းချမ်းရေးစိတ်စေစားမှုများကို သယ်ဆောင်၍ နေပြည်တော်၌ တွေ့ဆုံပွဲသည် အမှန် တကယ် ပြည်သူ့အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားတို့အတွက် ဖြစ်မြောက်စေရန် NDF ပါတီက တောင်းဆိုအပ် ပါသည်။ အကယ်၍ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို ဆောင်ကျဉ်းနိုင်သော တွေ့ဆုံပွဲဖြစ်လာပါက ကိုယ်ကျိုးစီး ပွားများကို ပဓာနမထားသော၊ ပြည်သူ့အတွက် ရဲရင့်ဝံ့စားသော သဘောတူဆုံးဖြတ်ချက်များ ဖြစ်လာမည့်အပြင် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် သမိုင်းမော်ကွန်းတွင်ရစ်နိုင်ပါလိမ့်မည်ဟု ကျွန်ုပ်တို့ NDF ပါတီမှ ခံယူ ပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်အပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

မြောက်ဒဂုန်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပထမဆုံးအကြိမ်မဲဆွယ်ဟောပြောပွဲ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပထမဆုံးအကြိမ်မဲဆွယ်ဟောပြောပွဲ

ယနေ့ ၈-၉-၂၀၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် မြောက်ဒဂုန်မြို့နယ်၊ ဗိုလ်ဗထူးလမ်းနှင့် ဗညားဒလလမ်းထောင့်၊ ဗညားဒလလမ်းအတွင်း၊ ဓမ္မနီတိဓမ္မာရုံတွင်မြောက်ဒဂုန်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း၊ ဦးကြီးမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း၊ တိုင်းဒေသကြီးကိုယ်စား လှယ် လောင်းများဖြစ်ကြသော  ဦးကျော်မြင့်၊ ဦးကျော်ငွေတို့ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ပါမည်။

ထိုပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်မည် ဖြစ်သည်။

တွေ့ဆုံပွဲမှာ နေ့လည် ၂း၀၀နာရီတွင် ဖြစ်ပါသည်။

ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Sunday, September 6, 2015

NCA လက်မှတ်ထိုးပြီးနောက်ပိုင်းကာလစိန်ခေါ်မှုများ မိုးကုတ်ကိုတိုး

NCA လက်မှတ်ထိုးပြီးနောက်ပိုင်းကာလစိန်ခေါ်မှုများ

         NCA တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အခုပဲထိုးထိုး၊ နောက်အစိုးလက်ထက်ကျမှပဲထိုးထိုး  ပြေးမလွတ်ပဲ ကြုံရမှာက သူ့အစီအစဉ်အတိုင်းပါပဲ။ ကျော်သွားလို့ မရပါဘူး။

         NCA စာချုပ်ထဲမှာ စစ်ဖက်ဆိုင်ရာက ၅၅ချက်၊ နိုင်ငံရေးဆိုင်ရာက ၃၃ချက်နဲ့ ရောနေတာက ၂၅ ချက် ရှိနေတယ်။

         စာချုပ်လက်မှတ်ရေးထိုးပြီးတာနဲ့ ၂၄နာရီအတွင်း ၂ဖက်သက်ဆိုင်ရာတပ်မှူးတွေကို အကြောင်းကြားရ မယ်။ ငါးရက်အတွင်း အောက်ခြေအထိ ဒီစာချုပ်အကြောင်း ရှင်းလင်းအသိပေးရမယ်။

         ၁၄ရက်ကြာရင် NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM ကို နှစ်ဖက် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးပြီး လိုအပ်တဲ့အဖွဲ့တွေကို ဖွဲ့စည်းရမယ်။

၁။      ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီJMC

၂။      ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ         UPDJC ကို ဖွဲ့စည်းပြီးတော့ တိကျတဲ့ အချိန်ဇယားတွေကို သတ်မှတ်ရေးဆွဲရေး၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို ရေးဆွဲရေးတွေကို လုပ်ရပါမယ်။

ဒါကတော့ နှစ်ဖက်လက်နက်ကိုင်တပ်တွေအကြားမှာ လုပ်ရမယ့်အလုပ်တွေ ဖြစ်ပါတယ်။

         ရက် ၃၀ ကြာရင်တော့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရေးတို့၊လိုအပ်တဲ့လုပ်ငန်းလမ်းညွန်တို့၊

အစီအစဉ်တွေနဲ့ အောက်ခြေအထိ စောင့်ကြည့်ရမယ့် အဖွဲ့တွေ ဖွဲ့စည်းရေးအတွက် လုပ်ပြိး ဖြစ်ရပါမယ်။

ဒီအထိ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရပိုင်းက လုပ်ဆောင်ပေးရမယ့်အခြေအနေပါ။ အောက်ခြေ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်အဖွဲ့မှာတော့ အရပ်သားတွေ၊ နိုင်ငံရေးပါတီတွေကလူတွေ ပါလို့ရနိုင်လောက်ပါ တယ်။

         NCA စာချုပ် လက်မှတ်ရေးထိုးပြီးလို့ ရက်၆၀ ကြာရင်တော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ၀င်လာပါပြီ။ ဘာလုပ်ဖို့လဲဆိုတော့ နိုငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးအချိန်ကို ရောက်လာပါပြီ ။ Political frame work. ဒီကဏ္ဍတွေအတွက် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပြီးပါပြီ။    NDF ပါတီအနေနဲ့လည်း ၂၀၁၃ လောက် ကတည်း ပါတီရဲ့နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲခဲ့တယ်။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA မှာ တင်ပြ ပြီး FDA ရဲ့မူဘောင်အဖြစ် ထုတ်ပြန်ခဲ့တယ်။ NBF က ရေးဆွဲတဲ့နိုင်ငံရေးမူဘောင်နဲ့ညှိပြီး ၅၆ ပါတီဆွေးနွေးပွဲ ဖိတ်ခေါ်ကာ အဖွဲ့နှစ်ခုရဲ့မူဘောင်ကို အခြေခံပြီး ၅၆ပါတီရဲ့ နိုင်ငံရေးမူဘောင်ကို ချမှတ်နိုင်ခဲ့တယ်။ တစ်ဖက်မှာ လည်း NLDနဲ့ UNA တို့ကလည်း သူတို့မူဘောင်တွေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။

         အဖွဲ့အစည်းအားလုံးရဲ့ မူဘောင်တွေကို စုစည်းပြီး single text တစ်ခုတည်းတော့ မူဘောင်ဖြစ်အောင် ရေးဆွဲကြရမှာပါ။ လောလောဆယ်တော့ ဒီကဏ္ဍအတွက် ကြိုတင်ဆွေးနွေးပွဲတွေ လေးကြိမ်လောက် လုပ်ထားပြီး ဖြစ်ပါတယ်။  တကယ့်ဆွေးနွေးပွဲကြရင်တော့ ဒီမူဘောင်တွေကို ဘယ်လိုဆွေးနွေးပြီးယူကြမယ် ဆိုတာကိုတော့  မသိတတ်ပါ။ ကောင်းဖို့ လမ်းစတော့ ဖြစ်လာပါလိမ့်မယ်။ အားလုံးဟာ နိုင်ငံအနာဂတ်အ တွက် စဉ်းစားနေကြတာကတော့ ၀မ်းသာစရာ တစ်ခုပါ။ ဒိအတွက် အချိန်ကတော့ တစ်လလောက်ပေးထားပါတယ်။

ဒီဆွေးနွေးပွဲကို ဘယ်သူတွေတက်မယ်၊ ဘယ်သူတွေကို ဖိတ်မယ်ဆိုတာကတော့ ဟို့အပေါ်က ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ        UPDJC က ဆုံးဖြတ်ပါလိမ့်မယ်။

         Single text လည်းရပြီဆိုရင်တော့  ပိုအလုပ်များပါတော့မယ်။ ဒါက ဘာလဲဆိုတော့ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး  စတော့မှာ ဖြစ်ပါတယ်။ သူကလည်း နိုင်ငံရေးမူဘောင်က ချမှတ်ထားတဲ့အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမူဘောင်မှာက ဘယ်သူတွေကိုဖိတ်မယ်၊ ဘယ်လောက်ဖိတ်မယ်။ ဘယ်လိုအဖွဲ့တွေကို ဖွဲ့မယ်။ တစ်ဖွဲ့မှာ ဘယ်နှစ်ယောက်ပါရမယ်။ ဒီအဖွဲ့တွေက ဘာတွေကို အထူးပြုဆွေးနွေးရမယ်။ ဒီဆွေးနွေးချက်တွေကို အားလုံးပါဝင်တဲ့ ညီလာခံမှာ ဘယ်လိုဆုံးဖြတ်မယ်။ ဘယ်လောက်ရာခိုနှုန်းနဲ့ အတည်ပြုမယ်။ တကယ်လို့ သဘောမတူနိုင်တဲ့အချက်တွေ ပါနေရင် ဘယ်လိုပြန်ဆွေး နွေးကြရမယ်။ တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ စတာ စတာတွေ ပါနေပါတယ်။

         ဒီအတွက် အချိန်ပေးရမယ်။ ကြာမယ်။ အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ဒါမှမဟုတ် အသစ်တစ်ခု ရေးဆွဲ ရေး အဆင့်ထိလည်း ရောက်သွားနိုင်ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကတော့ အနည်းဆုံး ၁၀နှစ်လောက် ကြာနိုင်တယ်ဆိုတော့ ပါဝင်ကြမယ့်သူတွေ၊ ပါတီတွေကတော့ အားမွေးထားကြဖို့ လိုပါတယ်။  တစ်ခါတက်ပြီး ပြီးသွားမှာမဟုတ်တော့ ကြာပါလိမ့်မယ်။

         မြန်မာပြည်မှာ နိုင်ငံေ၇းပါတီတွေက ၁၀၀လောက်နဲ့ဆိုတော့ နိုင်ငံရေးပါတီပိုင်းကို ဘယ်လိုဖိတ်ကြမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ။

         ပိုစိတ်ဝင်စားတာက အရင်အမျိုးသားညီလာခံမှာ အစိုးရဘက်ကပဲ ခြယ်လှယ်သွားတာမျိုး မဖြစ်စေဖို့ နှစ်ဖက်ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ     UPDJC က ဦးဆောင်ကျင်းပသွား  မယ် ဆိုတာပါပဲ။

         တကယ့်နိုင်ငံရေးကစားပွဲတော့ NCA စာချုပ် လက်မှတ်ထိုးပြီးရင် လာတော့မယ်။  တောထဲတောင်ထဲမှာ လက်နက်ကိုယ်စီနဲ့ အပြန်အလှန်ပစ်ခိုက်တိုက်ခိုက်နေကြတဲ့ဖြစ်စဉ်ကနေ စားပွဲဝိုင်းဆွေးနွေးပွဲတွေမှာ စကားလုံးတွေနဲ့အပြန်အလှန်ပစ်ပေါက်၊ ညှိနှိုင်း၊  ဆွဲဆောင်သိမ်းသွင်း၊ အပေးအယူတွေနဲ့ လုပ်ကြမယ့် နိုင်ငံရေး ပွဲကြီးကတော့ တဖြည်းဖြည်းနီးလာပါပြီ။

ဒါပေမယ့် ဒီပွဲက ကြာပါဦးမည်။ အနည်းဆုံး ၁၀နှစ်ဆိုလား။

ဒါတောင် ကြားထဲက ဖောက်မထွက်သွားဖို့ လိုသေးတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှစ်ခုနဲ့တောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ကြာတတ်တာ

လက်နက်ကိုင်အဖွဲ့တွေ များလွန်းတဲ့ မြန်မာပြည်ကတော့ ကြာရင်လည်း ကြာနိုင်ပါတယ်။

ဒါပေမယ့် အားလုံးသဘောထားတွေ ညီသွားခဲ့ကြရင်တော့ မြန်နိုင်ပါတယ်။

မြန်မာပြည်ကြီး ကံကောင်းပါစေဗျာ။

မိုးကုတ်ကိုတိုး(၆-၉-၂၀၁၅)

#to be happy#

$$ kotoetoe $$

Saturday, September 5, 2015

ndf pressrelease 35

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၄/၂၀၁၅

ရက်စွဲ။ ၁-၉-၂၀၁၅

MPC တွင် ကျင်းပပြုလုပ်သော လပတ်ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ တက်ရောက်ဆွေးနွေး

         မြန်မာ့ငြိမ်းချမ်းရေးစင်တာMPC တွင် ယနေ့နံနက် ၉း၀၀နာရီတွင် ကျင်းပပြုလုပ်သော community Forum on nation building အစည်းအဝေးသို့  NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။  ဆွေးနွေးပွဲခေါင်းစဉ်မှာ NCA စာချုပ် ချုပ်ဆိုခြင်းနှင့် ချက်ခြင်းလုပ်ဆောင်ရမည့် သဘောတူညီချက်များအကြောင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ MPC မှ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ ဦးအောင်နိုင်ဦးတို့ NCA အကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး တက်ရောက်လာခဲ့ကြသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် သတင်းစာဆရာများက မိမိတို့ ထင်မြင်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

NDF ပါတီမြောက်ဥက္ကလာပနှင့် မြောက်ဒဂုန်တွင် ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်ချက်များအကြောင်း ပန်းဖလက်ဖြန့်ဝေ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်ရုံးရေးကော်မတီမှ ဦးစီး၍ မြောက်ဥက္ကလာပ မြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီလွှတ်တော်ကိုယ်စား လှယ်များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ၅-၉-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် စတင်ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများတွင်မြောက်ဒဂုန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်စည်းဝင်များ ပါဝင်ခဲ့ကြကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

Tuesday, September 1, 2015

NDFသတင်းထုတ်ပြန်ချက်အမှတ် ၃၄/၂၀၁၅ရန်ကုန်တိုင်းလေးမြို့နယ် NDF ပါတီစည်းရုံးရေးလှုပ်ရှားမှုပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၄/၂၀၁၅

ရက်စွဲ။ ၁-၉-၂၀၁၅

ရန်ကုန်တိုင်းလေးမြို့နယ် NDF ပါတီစည်းရုံးရေးလှုပ်ရှားမှုပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီမှ ဦးစီး၍ (၁-၈-၂၀၁၅)ရက်နေ့တွင် ရန်ကုန်တိုင်း အတွင်းရှိ ကမာရွတ်၊ ကြည့်မြင့်တိုင်၊ အလုံနှင့် လမ်းမတော်မြို့နယ်များသို့ NDF ပါတီလွှတ်တော်ကိုယ်စားလှယ် များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များပြည်သူ့သို့အသိပေးရန်အတွက် လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

         ထိုစည်းရုံးရေးလှုပ်ရှားမှုသို့ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထိုလေးမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် NDF ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး မနက် ၈း၀၀နာရီမှ စတင်ခဲ့ပြီး ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

         မကြာမီ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် မြောက်ဥက္ကလာပမြို့နယ်များသို့ ပါတီလွှတ်တော်ကိုယ်စားလှယ်များ၏ဆောင်ရွက်ချက်များ အသိပေးဖြန့်ဝေခြင်းများကို ဆက်လက်ပြုလုပ်သွား ရန် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။