Saturday, September 12, 2015

NDF ပါတီ၊ လူငယ်အကြိုညီလာခံကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်အမှတ်(၃၅/၂၀၁၅)

ရက်စွဲ။ ၁၂-၉-၂၀၁၅

NDF ပါတီ၊ လူငယ်အကြိုညီလာခံကျင်းပ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လူငယ်လုပ်ငန်းအဖွဲ့၏ လူငယ်အကြိုညီလာခံကို  ၁၂-၉-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းများမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ လူငယ်ကိုယ်စားလှယ်များ၊  စုစုပေါ်င်း ၁၅၀ကျော်တက်ရောက်ခဲ့ကြသည်။

         ထိုလူငယ်အကြိုညီလာခံတွင် ပထမဦးစွာ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက လူငယ်ညီလာခံ ကျင်းပရ မည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် ၀ိုင်းကြည်က ရွေးကောက်ပွဲနှင့် လွှတ်တော်ဆိုင်ရာသိကောင်းစရာအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ လူငယ်လုပ်ငန်းဖော်ဆောင်ရေးကိစ္စနှင့်ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ ရှင်းလင်း ပြောကြားခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များအနေဖြင့် ပါဝင်လုပ်ဆောင်ရမည့် ကဏ္ဍများကို ပြောကြားခဲ့ သည်။ထို့နောက် ဗဟိုလူငယ်ဖွဲ့စည်းရေးတာဝန်ခံ ဦးကျော်သူရက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ လူငယ်လုပ်ငန်းအဖွဲ့(ဗဟို)ကို ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်မှုများနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များပါဝင်ရ မည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး  ဆွေးနွေးပွဲကို ခေတ္တရပ်နားကာ နေ့လည်စာဖြင့်ဧည့်ခံခဲ့သည်။

နေ့လည် ၁း၀၀နာရီတွင် ညီလာခံဆွေးနွေးပွဲ ပြန်လည်စတင်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် လူငယ်ခေါင်း ဆောင်များက လူငယ်ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ရေး ကိစ္စ  နှင့်ပတ်သက်၍ အဖွဲ့များခွဲကာ ပန်းဖလက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြင်ပတွင် လက်တွေ့လုပ်ကိုင် ခဲ့ ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲတွင် ပြောဆိုရမည့် ပါတီ၏အဓိကမဲဆွယ်စကားများကို တစ်ဦးချင်းပြောကြားကြပြီးနောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ လိုအပ်ချက်များကို ပြောကြားခဲ့သည်။ အလုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လူငယ်နှင့်ပတ်သက်၍ အမြင်သဘောထားများကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ နိဂုံးချုပ်အမှာစကား လူငယ်ညီလာခံကို ညနေ   ၃း၀၀နာရီတွင် အမှတ်တရ ဓာတ်ပုံမှတ်တမ်းများရိုက်ကူးပြီး အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။

No comments:

Post a Comment