Tuesday, March 10, 2015

NDF PRESS RELAESE 11-2015NDF NDF ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တွံတေးမြို့နယ်ပါတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၁/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊မတ်လ(၁၀)ရက်

 

NDF ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တွံတေးမြို့နယ်ပါတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

         ၁၀-၃-၂၀၁၅ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များနှင့် တွံတေးမြို့နယ် NDF ပါတီဝင်များတွေ့ဆုံပွဲကို  တွံတေးမြို့နယ်၊ သ၀န်းတော စံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။  ထိုတွေ့ဆုံပွဲ သို့ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဒုဥက္ကဌ ဦစိန်လှဦး၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးကြီးမြင့်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင် များ၊ တွံတေးမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

         ထိုတွေ့ဆုံပွဲတွင် သဘာပတီအဖြစ် တွံတေးမြို့နယ်ဥက္ကဌ ဦးဟန်သောင်း၊ အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်းလူငယ် ကိုကျော်ထက်တို့က ဆောင်ရွက်ခဲ့ကြသည်။ တက်ရောက်လာကြသူများနှင့် ပါတီခေါင်း ဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ ပါတီဒုခေါင်း ဆောင်ဦးတိုးပိုမှ NDF ပါတီဖြစ်ပေါ်လာပုံနှင့် ပါတီ၏လုပ်ဆောင်ချက်များအကြောင်း၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်း မောင်မှ လွှတ်တော်အတွေ့အကြုံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ဆောင်ရွက်ချက်များအကြောင်း၊ ပါတီ ဒုဥက္ကဌ ဦးစိန်လှဦးမှ ပါတီတစ်ခုဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာကြသော တွံတေးမြို့နယ် သ၀န်းတောကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ကျောင်းကျေးရွာ၊ နတ်စဉ် ကုန်းကျေးရွာနှင့် သိုက်မောင်းကြီးကျေးရွာများမှ လယ်သမားများ မိမိတို့ကြုံတွေ့နေရသော လယ်ယာမြေပြဿနာ များအကြောင်းကို အကူအညီပေးရန် တင်ပြခဲ့ကြသည်။

         ထိုတင်ပြချက်များကို ဗဟိုဥပေဒရေးရာတာဝန်ခံ ဦးကြီးမြင့်၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုတို့က ဆောင် ရွက်သင့်သည့် အခြေအနေများကို အကြံပြုပြောကြားခဲ့သည်။ ထို့နောက် ပါတီဝင်ကဒ်များကို ပေးအပ်ပြီးနောက် တွေ့ဆုံပွဲကို နေ့လည် ၁း၀၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Monday, March 2, 2015

NDF PR 10-2015NDF CEC MEETING ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၀/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊မတ်လ(၂)ရက်

 

NDF ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး ကျင်းပပြုလုပ်

        ၂-၃-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ 

ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်း နှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဒေါ်ခင်ဝိုင်းကြည်၊ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်၊ ဦးထက်အောင်ကျော်နှင့် အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်မော်တို့ တက်ရောက် ခဲ့ကြသည်။

        အစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းရေး  ကိစ္စ၊ ဆပ်ကော်မတီများဖွဲ့စည်းရေး၊ ပြည်နယ်နှင့်တိုင်းများသို့ စည်ရုံးရေးသွားရောက်ခဲ့မှု အခြေအနေများ၊  ပါတီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့် မဲဆန္ဒနယ်မြေများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိရေး ဆောင်ရွက်ထားမှုများ၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒ နယ်မြေများ၊ ပါတီစည်းရုံးရေးကိစ္စ လိုအပ်ချက်များ အကြောင်းကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၃း၃၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

ကြေညာချက်အမှတ် ( ၆ /၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ မတ်လ(၂) ရက်နေ့

 

၁။     အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ၂၀၁၅ခုနှစ်၊ နိုဝင်္ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင်   ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  ထိုရွေးကောက်ပွဲကိစ္စရပ်များကို ကြီးကြပ် ဆောင်ရွက်ရန်အတွက် (၂-၃-၂၀၁၅ )ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးမှ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော  ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်။

 

၁။     ဦးခင်မောင်ဆွေ               ဥက္ကဌ                  ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ

၂။     ဦးတိုးပို

၃။     ဦးစိုးဝင်း

၎။     ဦးစိန်လှဦး

၅။     ဒေါက်တာဝင်းနိုင်

၆။     ဦးကြည်သန်း

၇။     ဦးနေမင်းကျော်

၈။     ဦးသက်ထွန်းမောင်

၉။     ဦးကျော်အောင်

၁၀။    ဦးသာဆိုင်

၁၁။    ဒေါ်ခင်ဝိုင်းကြည်

၁၂။    ဦးတိုးတိုး

၁၃။    ဦးမြင့်ဌေး

၁၄။    ဦင်္းအောင်ဇင်

၁၅။    ဦးအောင်ဆန်း

၁၆။    ဦးကြီးမြင့်

၁၇။    ဦးထက်အောင်ကျော်

၁၈။    ဦးအေးမင်းထွန်း

၁၉။    ဒေါ်မြင့်မြင့်မော်

 

၂။     ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိင်ဦးဆောင်သော အတွင်းရေးမှူးအဖွဲ့နှင့် တိုင်းနှင့်ပြည် နယ်ဥက္ကဌများပါဝင်သော ရွေးကောက်ပွဲအောင်နိုင်ရေးဗဟိုအလုပ်ကော်မတီကို ထပ်မံဖွဲ့စည်းမည် ဖြစ်သည်။ ဗဟို အလုပ်ကော်မတီအနေဖြင့်  ဘဏ္ဍာရေးကော်မတီ၊ စည်းရုံးရေးကော်မတီနှင့် ပြန်ကြားရေးကော်မတီ စသည့် ကော်မတီများနှင့် လိုအပ်သည့်ကော်မတီများကို တိုးချဲ့ဖွဲ့စည်းသွားမည်။

 

၃။     အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရွေးကောက်ပွဲအောင် နိုင်ရေးကော်မတီများ၊ ခရိုင်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော် မတီများကို အဆင့်ဆင့်ဖွဲ့စည်းနိုင်ရေးအတွက်  ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ လိုအပ်သော ညွှန်ကြားချက် များကို ထုတ်ပြန်သွားမည် ဖြစ်သည်။

( ၂-၃-၂၀၁၅-ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအအစည်း အဝေးဆုံး ဖြတ်ချက်အရ)

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

      အမျိုးသားဒီမိုကရေစီအင်အားစုပါတီ