Tuesday, March 10, 2015

NDF PRESS RELAESE 11-2015NDF NDF ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တွံတေးမြို့နယ်ပါတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၁/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊မတ်လ(၁၀)ရက်

 

NDF ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် တွံတေးမြို့နယ်ပါတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

         ၁၀-၃-၂၀၁၅ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များနှင့် တွံတေးမြို့နယ် NDF ပါတီဝင်များတွေ့ဆုံပွဲကို  တွံတေးမြို့နယ်၊ သ၀န်းတော စံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။  ထိုတွေ့ဆုံပွဲ သို့ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဒုဥက္ကဌ ဦစိန်လှဦး၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးကြီးမြင့်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင် များ၊ တွံတေးမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

         ထိုတွေ့ဆုံပွဲတွင် သဘာပတီအဖြစ် တွံတေးမြို့နယ်ဥက္ကဌ ဦးဟန်သောင်း၊ အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်းလူငယ် ကိုကျော်ထက်တို့က ဆောင်ရွက်ခဲ့ကြသည်။ တက်ရောက်လာကြသူများနှင့် ပါတီခေါင်း ဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ ပါတီဒုခေါင်း ဆောင်ဦးတိုးပိုမှ NDF ပါတီဖြစ်ပေါ်လာပုံနှင့် ပါတီ၏လုပ်ဆောင်ချက်များအကြောင်း၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်း မောင်မှ လွှတ်တော်အတွေ့အကြုံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ဆောင်ရွက်ချက်များအကြောင်း၊ ပါတီ ဒုဥက္ကဌ ဦးစိန်လှဦးမှ ပါတီတစ်ခုဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာကြသော တွံတေးမြို့နယ် သ၀န်းတောကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ကျောင်းကျေးရွာ၊ နတ်စဉ် ကုန်းကျေးရွာနှင့် သိုက်မောင်းကြီးကျေးရွာများမှ လယ်သမားများ မိမိတို့ကြုံတွေ့နေရသော လယ်ယာမြေပြဿနာ များအကြောင်းကို အကူအညီပေးရန် တင်ပြခဲ့ကြသည်။

         ထိုတင်ပြချက်များကို ဗဟိုဥပေဒရေးရာတာဝန်ခံ ဦးကြီးမြင့်၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုတို့က ဆောင် ရွက်သင့်သည့် အခြေအနေများကို အကြံပြုပြောကြားခဲ့သည်။ ထို့နောက် ပါတီဝင်ကဒ်များကို ပေးအပ်ပြီးနောက် တွေ့ဆုံပွဲကို နေ့လည် ၁း၀၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment