Friday, July 29, 2016

NDF ပါတီ၏ ငြိမ်းချမ်းရေးနှင့် စစ်ရှောင်ဒုက္ခသည်ပြည်သူများအရေးနှင့်ပတ်သက်၍ သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ငြိမ်းချမ်းရေးနှင့် စစ်ရှောင်ဒုက္ခသည်ပြည်သူများအရေးနှင့်ပတ်သက်၍

သဘောထားကြေညာချက်

ရက်စွဲ။ ၂၀၁၆ခုနှစ် ဇူလိုင်လ(၃၀)ရက်

 

         ဤပြည်ထောင်စုမြန်မာနိုင်ငံတွင် ၂၁ရာစု ပင်လုံညီလာခံဖြင့် ငြိမ်းချမ်းရေးအတွက် ခရီးဆက်ရန် ပြင်ဆင် နေပြီ ဖြစ်သည်။ ဤသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေး၏ရှေ့ပြေးနိမိတ်ဟု ဆိုနိုင်ပါသည်။ တစ်ဘက်တွင်မှု အမျိုးသားညီညွတ်ရေးကို ပွန်းပဲ့စေသည့် လက္ခဏာတစ်ရပ်မှာ  စစ်ရှောင်ဒုက္ခသည်ပြည်သူများ အရေးပင် ဖြစ်ပါ သည်။

         ဤစစ်ဘေးရှောင်ဒုက္ခသည်ပြည်သူတို့ ခံစားနေရသည့် ဘ၀အနိဌာရုံများသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များ ဆုံးရှုံးမှု၏ အရင်းခံအကျိုးဆက်များ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ပယောဂ၊ မည် သို့မျှ မပါရှိဘဲ မိမိတို့နေုထိုင်ရာဒေသများမှ စွန့်ခွာထွက်ပြေးရသည့် လူမှုဒုက္ခများ ခံစားနေကြရ၍ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၌ ယင်းစစ်ရှောင်ဒုက္ခသည်ပြည်သူ များ (၁၇၀၀၀၀) ကျော် ရှိကြောင်းသိရပြီး လတ်တလော ကချင်ပြည်နယ်တွင် (၆၀၀၀၀)ကျော် ရှိနေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFPထုတ်ပြန်ချက်များအရ သိရပါသည်။

         ယင်းစစ်ရှောင်ဒုက္ခသည်ပြည်သူများသည် မိမိတို့မူရင်းဒေသကို စွန့်ခွာထွက်ပြေးရ၍ စားဝတ်နေရေး အခက်တွေ့ရခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စုစာရင်းမရှိပါက နေခွင့်မရရှိခြင်း၊ နေခွင့်မရသူများ အတွက် မည်သည့်မြို့နယ်တွင်မျှ နေထိုင်ရန် တရားဝင်အသိအမှတ်ပြု မခံရခြင်း၊ စခန်းတွင်နေထိုင်ခွင့်ရရှိသူများ ၏ နေ့စဉ်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာမခံချက်မရှိခြင်း၊ ဥပမာ အချို့သောစခန်းများ တွင် ရိက္ခာထောက်ပံ့မှုအစား တစ်ဦးစီကို တစ်လစာအတွက် ငွေကြေး၉၀၀၀ိ/-ထောက်ပံ့ပေ့းနေခြင်း၊ နိုင်ငံတကာ အကူအညီများ လျော့ပါးလာနေခြင်းနှင့် စစ်ရှောင်ပြည်သူများဦးရေသည် ကာကွယ်စောင့်ရှောက်နိုင်သည်ထက် ဆက်လက်တိုးပွား များပြားလာနေခြင်း စသည်တို့ ဖြစ်ပါသည်။

         သို့ပါ၍ လာမည့် ၂၁ရာစုပင်လုံညီလာခံတွင် အောက်ပါအချက်များကိုပါ ထည်သွင်းစဉ်းစားပေးရန် တိုက်တွန်းတောင်းဆိုပါသည်။

၁။      စစ်ရှောင်ဒုက္ခသည်ပြည်သူများဦးရေ တိုးပွားများပြားလာသည်နှင့်အမျှ ပြည်တွင်းနှင့် နိုင်ငံတကာအကူ အညီများ ယခုထက်ပိုမိုတိုးတက်ရရှိရေး စဉ်းစားဆောင်ရွက်ပေးရန်၊

၂။      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အရေးကိစ္စသာမက  ၄င်းတို့နေထိုင်ရာ သက်ဆိုင်ရာပြည်နယ် အတွင်းရှိ လက်နက်မကိုင်ထားသော တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏အရေးကိုပါ ထည့်သွင်းဆွေးနွေး စဉ်းစားပေးရန်၊

၃။      တိုင်းရင်းသားမျိုးနွယ်စုများအကြား စီးပွားရေး၊လူမှုရေးနှင့် လွတ်လပ်စွာအသက်မွေးမှု၊ လုံခြုံရေးအတွက် အာမခံချက်ရှိစေရေးတို့ကိုပါ ဆွေးနွေးစဉ်းစားပေးရန်၊

၎။      တိုင်းရင်းသားမျိုးနွယ်စုအကြား လူမျိုးကြီး/ငယ်မဟူ  မခွဲခြားဘဲ တန်းတူညီမျှရပိုင်ခွင့်များ ရှိသည်ဟူသည့် အချက်ကို ဗဟိုပြုဆွေးနွေးပေးရန်၊

၅။      တိုင်းရင်းသားများဖြစ်ကြသည့် အဆိုပါစစ်ရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကဒ်များကို ၂၁ရာစုပင်လုံညီလာခံ စတင်ကျင်းပသည့်ကာလအတွင်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းများက စိစစ်၍အမြန်ဆုံး ထုတ်ပေးရန် စသည့်အချက်များကို  ထည့်သွင်းဆွေးနွေးကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အမျိုးသားညီညွတ်ရေးအကျိုး မျှော်းကိုး၍ အလေးအနက် တောင်းဆိုအပ်ပါသည်။

 

   ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Sunday, July 17, 2016

NDFပါတီ၏သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီး ကော်မတီအစည်းအဝေး နှစ်ရက်တာအောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၁၂/၂၀၁၆)

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ဇူလိုင်လ(၁၇)ရက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီး

ကော်မတီအစည်းအဝေး နှစ်ရက်တာအောင်မြင်စွာကျင်းပပြီးစီး

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမတွင် ဇူလိုင်လ(၁၆)ရက်နှင့် (၁၇) ရက်နေ့ များတွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းများမှ ဗဟိုဦးစီး ကော်မတီဝင်များ၊ ဧည့်သည်တော်များနှင့်လေ့လာသူများ စုစုပေါင်း ၁၅၀ဦးကျော် တက်ရောက်ခဲ့ ပါသည်။

         ပထမနေ့ နံနက်ပိုင်းအစည်းအဝေးတွင် သဘာပတိအဖြစ် ဦးခင်မောင်ဆွေက တာဝန်ယူဆောင်ရွက်ပြီး

သဘာပတိအဖွင့်မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ပြည်နယ်နှင့်တိုင်းများမှ ဗဟိုဦးစီးကော်မတီဝင်များကို တိုင်းနှင့်ပြည်နယ်အလိုက် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့သည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာကို ပါတီအထွေထွေအတွင်းရေးမှူ ဒေါက်တာဝင်းနိုင်၊ ဦးကျော်အောင်နှင့် ဦးဝင်းဇော်(ခ)ဦးဇော်ကြီးတို့မှ တင်သွင်းဖတ်ကြားခဲ့သည်။ ကျွန်ုပ်တို့မျှော် မှန်းသောဖက်ဒရယ်ပြည်ထောင်စုစာတမ်းအကျဉ်းကို အတွင်းရေးမှူး ဦးနေမင်းကျော်မှ တင်သွင်းဖတ်ကြားခဲ့ပြီး နေ့လည် ၁၂း၀၀နာရီတွင် အစည်းအဝေးကို ခေတ္တခဏ ရပ်နားခဲ့သည်။

         နေ့လည်ပိုင်းအစည်းအဝေးကို မွန်းလွဲ(၁)နာရီတွင် ပြန်လည်စတင်ပြီး သဘာပတိအဖြစ် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ ဆောင်ရွက်ခဲ့သည်။ ပါတီ ၂၀၁၅ရွေးကောက်ပွဲရလာဒ်သုံးသပ်ချက်ကို ဦးခိုင်မောင်ရည်နှင့် ဦးအေး မင်းထွန်းတို့မှ ဖတ်ကြားတင်သွင်းခဲ့သည်။ လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးအောင်ဇင်မှ ဆွေးနွေးတင်ပြခဲ့သည်။

         ထို့နောက် တိုင်းနှင့်ပြည်နယ်များမှ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များအလိုက် အစီရင်ခံစာများကို တင်ကြားဖတ်ကြားခဲ့ကြပြီး ညနေ (၄း၀၀)နာရီတွင် ပထမနေ့အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

         ၁၇-၇-၂၀၁၆ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ဒုတိယနေ့အစည်းအဝေးကို ပြန်လည်စတင်ကျင်းပခဲ့ သည်။ မနက်ပိုင်းသဘာပတိအဖြစ် ပါတီဒုခေါ်င်းဆောင် ဦးတိုးပိုမှ ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှတင်သွင်းသည့်စာတမ်းသုံးစောင်နှင့်ပတ်သက်၍ တိုင်းနှင့်ပြည်နယ်များအလိုက် ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးတင်ပြခဲ့ကြသည်။ ထိုဆွေးနွေးချက်များနှင့် ပတ်သက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကိုယ်စား ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် အထွေထွေအ တွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ပြီး မနက်ပိုင်းအစီအစဉ်များကို ရပ်နားခဲ့ပါသည်။

         နေ့လည်(၁း၀၀)နာရီတွင် နေ့လည်ပိုင်းအစည်းအဝေးအစီအစဉ်များကို စတင်ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် ဦးခင်မောင်ဆွေမှ ဆောင်ရွက်ခဲ့ပါသည်။ ပါတီနာယကအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပါတီဖွဲ့စည်းပုံနှင့်အညီ ဗဟိုအလုပ်အမှုဆောင်ကော်မတီရွေးချယ်ပုံစနစ်များနှင့်ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

         အစည်းအဝေးအစီအစဉ်အရ ၂၀၁၁-၂၀၁၆ တာဝန်ထမ်းဆောင်ခဲ့သော ဗဟိုအလုပ်အမှုဆောင်ကော်မ တီနှုတ်ထွက်ခြင်းကို  အစည်းအဝေးကြီးမှ လက်ခံခဲ့ပြီးနောက် ပါတီနာယကအဖွဲ့ ဖွဲ့စည်းရန်အတွက် သတ်မှတ် ထားသော နာယကအရည်အချင်းများနှင့်ညီညွတ်သူများကို  စာရင်းတင်သွင်းခဲ့ပါသည်။ ထိုနာယကအဖွဲ့ဝင်များ မှာ ဦးတိုးပို၊ဦးစိုးဝင်း၊ဦးစိန်လှဦး၊ဦးမြင့်ဖေ၊ဦးအောင်ဆန်း၊ဦးကြည်ဟန်(ပဲခူးတိုင်း)၊ဦးအောင်ထွန်း(မွန်ပြည်နယ်)၊ ဦးအောင်(မကွေးတိုင်း)နှင့်ဒေါ်တင်နွယ်ဦးတို့ကို အစည်းအဝေးကြီးမှ အတည်ပြုခဲ့ပါသည်။

         နာယကအဖွဲ့ဝင်အဖြစ် စာရင်းတင်သွင်းထားသူ ဦးခင်မောင်ဆွေအား ပါတီကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးဦးဆောင်မှုပေးရန်အတွက် ပါတီဥက္ကဌအဖြစ် တာဝန်ယူပေးပါရန်ကို မန္တလေးတိုင်းမှ ဦးကျော်အောင်က အဆိုတင်သွင်းခဲ့သည်။ ထို့အဆိုကိုတနင်္သာရီ တိုင်းမှ ဦးတိုးပို၊ ရန်ကုန်တိုင်းမှ ဦးအောင်ဇင်၊ ဦးခိုင်မောင်ရည်၊ ဦးမြင့်သိန်း၊ ဧရာဝတီတိုင်းမှ ဦးတင်ဝင်း၊ မွန်ပြည်နယ်မှ ဦးတိုးဝင်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသဖြင့် နာယကအဖြစ် ဆောင်ရွက်ရန်ခွင့်မပြုဘဲ ပါတီဥက္ကဌအဖြစ်ဦးခင်မောင်ဆွေကို တာဝန်ပေးအပ်ကြောင်းကို အစည်းအဝေးကြီးမှ အတည်ပြုခဲ့ကြပါသည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌက မိမိနှင့်လက်တွဲလုပ်ကိုင်မည့် ဗဟိုအလုပ်အမှုဆောင်ကော်မ တီနှင့် အရံဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်အဆိုပြုရန်နည်းလမ်းကို တက်ရောက်လာသော ဗဟိုဦးစီးကော်မတီဝင်များက ထောက်ခံကြသဖြင့် ထိုနည်းလမ်းအတိုင်း ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် စင်ပြိုင်စာရင်းတင်သွင်းခြင်းမရှိသဖြင့် ဦးခင်မောင်ဆွေ အား ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် အစည်းအဝေးကြီးမှ အတည်ပြုခဲ့သည်။

         အတည်ပြုထားသော ရွေးချယ်ရေးနည်းလမ်းအရ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ရွေးချယ်ထားသော ဗဟိုအလုပ်အမှုဆောင်ကော်မတီစာရင်းကို တင်သွင်းခဲ့သည်။ ထိုသူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်း နိုင်၊ ဦးသက်ထွန်းမောင်၊ ဦးနေမင်းကျော်၊ ဦးကျော်အောင်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်၊ ဦးအေးမင်းထွန်း၊ဦး ထက်အောင်ကျော်၊ ဦးကြီးမြင့်၊ ဦးမောင်မောင်လှသောင်း၊ ဦးဝင်းဇော်၊ ဦးခိုင်မောင်ရည်ဈဦးနန်းထိုက်ဇော်

ဒေါ်မြင့်မြင့်မော်တို့ ဖြစ်ကြပါသည်။ ထိုဗဟိုအလုပ်အမှုဆောင်ကော်မတီစာရင်းကို အစည်းအဝေးကြီးမှ အတည်ပြု   ခဲ့ပါသည်။

အရံဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ်ဦးမြတ်မိုး(ပဲခူးတိုင်း)၊ဒေါ်နန်းကြူသန်းဝင်း(ပဲခူးတိုင်း)ဦးခင်မောင်သန်း( မန္တလေးတိုင်း)၊ဦးမင်းမင်းထွန်း(ရန်ကုန်တိုင်း)၊ဦးမြတ်မိုးမြင့်(ကချင်ပြည်နယ်)၊ဦးရဲညွန့် (မကွေးတိုင်း)၊ဦးနေ၀င်း (မကွေးတိုင်း)၊ဒေါ်သော်တာဆိုင် ( အမျိုးသမီး)၊ဦးကျော်သူရ (လူငယ်)၊ဦးကြည်အေး( မွန်ပြည်နယ်)၊ဦးလှခိုင်         (ရန်ကုန်တိုင်း)၊ဦးစိန်ထွန်း(မန္တလေးတိုင်း)၊ဦးကျော်ဆန်းဝင်း(မန္တလေးတိုင်း) တို့ကို စာရင်းတင်သွင်းပြီး အစည်းအဝေးကြီးမှ အတည်ပြုခဲ့ပါသည်။

         ရွေးချယ်ခံရသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ သီးသန့်အစည်းအဝေးပြုလုပ်၍ တာဝန်များ ခွဲဝေထမ်းဆောင်မှုကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက်  အောက်ပါအတိုင်း တာဝန်ခွဲဝေယူခဲ့ကြသည်။

၁။      ဦးခင်မောင်ဆွေ                 ဥက္ကဌ

၂။      ဒေါက်တာဝင်းနိုင်       ဒုဥက္ကဌ(၁)

၃။      ဦးသက်ထွန်းမောင်     ဒုဥက္ကဌ(၂)

၎။      ဦးနေမင်းကျော်                 အထွေထွေအတွင်းရေးမှူး

၅။      ဦးကျော်အောင်         အတွင်းရေးမှူး

၆။      ဦးတိုးတိုး               အတွင်းရေးမှူး

၇။      ဦးအောင်ဇင်            အတွင်းရေးမှူး

၈။      ဒေါ်မြင့်မြင့်မော်                 ဘဏ္ဍာရေးမှူး

၉။      ဦးသာဆိုင်              အဖွဲ့ဝင်

၁၀။    ဦးအေးမင်းထွန်း                အဖွဲ့ဝင်

၁၁။    ဦးထက်အောင်ကျော်   အဖွဲ့ဝင်

၁၂။    ဦးကြီးမြင့်               အဖွဲ့ဝင်

၁၃။    ဦးမောင်မောင်လှသောင်း  အဖွဲ့ဝင်

၁၄။    ဦးဝင်းဇော်              အဖွဲ့ဝင်

၁၅။    ဦးခိုင်မောင်ရည်                 အဖွဲ့ဝင်

၁၆။    ဦးနန်းထိုက်ဇော်                 အဖွဲ့ဝင်

         ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတိစာရင်းကို အစည်းအဝေးကြီးမှ တခဲနက်အတည်ပြုသည်။

အစည်းအဝေးအစီအစဉ်အရ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး၏ ဆုံးဖြတ် ချက်များကို ဒုဥက္ကဌ(၁) ဒေါက်တာဝင်းနိုင်မှ ဖတ်ကြားရာတွင် နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်(၅)ချက်နှင့် ပါတီဆိုင် ရာဆုံးဖြတ်ချက်(၁၁)ချက်တို့ကို ပါဝင်ခဲ့သည်။

         သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် သတ္တမအကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကို ညနေ(၄း၀၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Saturday, July 16, 2016

💜 Naghihintay makipag-chat sa 'yo ang mga taong ito!

Tingnan ang aktibidad sa profile mo sa Twoo

Mga bagong user
Kakasali lang ni/nina Badr Rajawi, 34,
Mag-hello - Magpunta sa profile
Kakasali lang ni/nina Amir, 38,
Mag-hello - Magpunta sa profile
Kakasali lang ni/nina Blake, 41,
Mag-hello - Magpunta sa profile
Kakasali lang ni/nina Gurdish Daliwal, 41,
Mag-hello - Magpunta sa profile
Makita kaagad kung sino ang may like sa iyo sa totoong buhay gamit ang app ng Twoo
Kunin ang app ng Twoo
Twoo
Natanggap mo ang notipikasyong ito dahil nakarehistro ka bilang Mogokkotoe Ndf (mogokkotoe.ndf2013@blogger.com) sa Twoo - Itigil ang subskripsyon. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-tl@twoo.com

Thursday, July 14, 2016

✅ Naghihintay makipag-chat sa 'yo ang mga taong ito!

Tingnan ang aktibidad sa profile mo sa Twoo

Mga bagong user
Kakasali lang ni/nina Leigh Selina, 21,
Mag-hello - Magpunta sa profile
Kakasali lang ni/nina Nancy, 25,
Mag-hello - Magpunta sa profile
Kakasali lang ni/nina Ruby, 37,
Mag-hello - Magpunta sa profile
Kakasali lang ni/nina Hellen, 31,
Mag-hello - Magpunta sa profile
Makita kaagad kung sino ang may like sa iyo sa totoong buhay gamit ang app ng Twoo
Kunin ang app ng Twoo
Twoo
Natanggap mo ang notipikasyong ito dahil nakarehistro ka bilang Mogokkotoe Ndf (mogokkotoe.ndf2013@blogger.com) sa Twoo - Itigil ang subskripsyon. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-tl@twoo.com

Wednesday, July 13, 2016

NDFပါတီ၏ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကျင်းပပြုလုပ်မည့်ကိစ္စ

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ (၈)ရက်

သို့

         အယ်ဒီတာချုပ်

         ………………….သတင်းစာ/ဂျာနယ်

         ရန်ကုန်မြို့

 

အကြောင်းအရာ။               NDF ပါတီညီလာခံသို့ တက်ရောက်သတင်းရယူနိုင်ရန်အတွက် ဖိတ်ကြားခြင်း။

 

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သတ္တမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးကို လာမည့် ဇူလိုင်လ (၁၆)ရက်နှင့် (၁၇)ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထိုအစည်းအဝေးများတွင် ပါတီ၏ ကျွန်ုပ်တို့မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုစာတမ်းတင် သွင်းခြင်း နှင့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် ရွေးချယ်မှုများကို ပြုလုပ်သွားရန် ရှိပါသည်။

         ဇူလိုင်လ(၁၆)ရက်နေ့ နံနက် (၉း၃၀)နာရီတွင်ပြုလုပ်မည့် အစည်းအဝေးဖွင့်ပွဲနှင့်  ဇူလိုင်လ(၁၇)ရက်နေ့ ညနေ(၄း၀၀)နာရီတွင် ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့  တက်ရောက်သတင်းယူနိုင်ရန်အတွက် လူကြီးမင်း၏ သတင်းစာ/ ဂျာနယ်တိုက်မှ ကိုယ်စားလှယ်များကို စေလွှတ်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြား အပ်ပါသည်။

 

 

လေးစားစွာဖြင့်

 

 

  (ဦးတိုးတိုး)

            တာဝန်ခံ

 သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

            ရန်ကုန်မြို့

Tuesday, July 12, 2016

NDF PRESS 11-2016၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ဆွေးနွေးမည့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် NDF ပါတီမှ ဦးဆောင် ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၁၁/၂၀၁၆)

ရက်စွဲ။         ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၂) ရက်

 

၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ဆွေးနွေးမည့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်

NDF ပါတီမှ ဦးဆောင် ပြုလုပ်မည်

         မကြာမီကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံတွင် နိုင်ငံရေးပါတီများကို ၂၀၁၅ ရွေးကောက်ပွဲနိုင် ပါတီများ နှင့် အနိုင်မရရှိခဲ့သောပါတီများဟူ၍ ခွဲခြားပြီး ဖိတ်ကြားရန်စီစဉ်နေကြောင်း သတင်းများကြားသိရပါသည်။ ထိုသတင်းများအရ ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနိုင်မရရှိခဲ့သည့် ပါတီများအနေ ဖြင့် ကိုယ်စားလှယ်ငါးဦး တက်ရောက်ရမည်ဖြစ်ကြောင်းကိုပါ သိရှိရပါသည်။

         ထို့ကြောင့် ၂၁ ရာစုပင်လုံညီလာခံသို့ ကိုယ်စားလှယ်စေလွှတ်တက်ရောက်နိုင်ရေးအတွက်  အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF မှဦးဆောင်ပြီး ၂၀၁၅ရွေးကောက်ပွဲဝင်ခဲ့သည့် ကိုယ်စားလှယ်မရရှိခဲ့သည့် ပါတီများကို ဖိတ်ကြားပြီး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် စီစဉ်ဆောင်ရွက်နေပါသည်။ ထိုဆွေးနွေးပွဲတွင် ကိုယ်စားပြုနိုင်မည့်ကိုယ်စားလှယ်များအား ရွေးချယ်ရေးကိစ္စ၊ ညီလာခံတွင် တင်ပြရန်ကိစ္စမျာကို အပြန်အလှန် သဘောထားခြင်းဖလှယ်ကြရန် ဖြစ်ပါသည်။ 

         ထို့ပြင် ထိုညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်အခြေစိုက်ပါတီများသာမက  ပြည်နယ်နှင့်တိုင်းအသီးသီးတွင် အခြေစိုက်ထားသော ပါတီများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပြီး တစ်ပါတီလျှင် တစ်ဦးကျစီ(အဆုံးအဖြတ်ပေး နိုင်မည့်ပုဂ္ဂိုလ်) တက်ရောက်ရန် ဖြစ်ကြောင်း သိရှိရပါသည်။

         ဆက်သွယ်ဆောင်ရွက်ရန်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဗဟိုဌာနချုပ်၊ အမှတ် ၄၇၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ ဗိုလ်စိန်မှန်ရပ်၊ ဗဟန်ုးမြို့နယ်ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံပတ်မှာ ၀၉၄၅၀၀၅၇၀၈၈ နှင့် ၀၉၅၂၃၆၀၅၄၅၊ အီးမေးလ်မှာ ndfmyanmar.hq@gmail.com  ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

Friday, July 1, 2016

NDFပါတီ၏ ကျွနု်ပ်တို့မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုစာတမ်း မကြာမီထုတ်ပြန်မည်

 
 

အမျိုးသားဒီမိုကရေစီအင်အားစု

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၁၀/ ၂၀၁၆)

ရက်စွဲ။         ၁-၇-၂၀၁၆

NDFပါတီ၏ ကျွန်ုပ်တို့မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုစာတမ်း မကြာမီထုတ်ပြန်မည်

         လာမည့် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ကျင်းပမည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သတ္တမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် ပါတီ၏ မူဝါဒသဘော ထား ဖြစ်သည့်  ကျွန်ုပ်တို့မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စု ဆိုသည့်စာတမ်းကို တင်သွင်းအတည်ပြုမည် ဖြစ်သည်။

         ထိုစာတမ်းတွင် ဖက်ဒရယ်စနစ်အတွက် အဓိကစဉ်းစားရမည့် အချက်နှစ်ချက်နှင့် ပြည်ထောင်စုစနစ်နှင့် ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် ထားရှိရမည့်သဘောထားများ၊ ဖက်ဒရယ်ယူနစ်များ သတ်မှတ်ခြင်း၊  လုပ်ပိုင်ခွင့်အာဏာသတ်မှတ်ခြင်းများပါဝင်သည်။ ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးအတွက်  ကဏ္ဍအသီးသီးတွင် ထည့်သွင်းစဉ်းစားရန် NDF ပါတီ၏အဆိုပြုချက်တွင် အခန်းလေးခန်းပါဝင်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊သယံဇာတထုတ်ယူရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ များ ပါဝင်သည်။ စာတမ်းမှာ စာမျက်နှာ(၂၀) ပါရှိကြောင်း သိရှိရပါသည်။

         ထိုစာတမ်းကို နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် ဖြန့်ဝေမည်ဖြစ်ပြီး နိုင်ငံရေးပါတီ များသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။