Tuesday, July 12, 2016

NDF PRESS 11-2016၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ဆွေးနွေးမည့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် NDF ပါတီမှ ဦးဆောင် ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၁၁/၂၀၁၆)

ရက်စွဲ။         ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၂) ရက်

 

၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ဆွေးနွေးမည့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်

NDF ပါတီမှ ဦးဆောင် ပြုလုပ်မည်

         မကြာမီကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံတွင် နိုင်ငံရေးပါတီများကို ၂၀၁၅ ရွေးကောက်ပွဲနိုင် ပါတီများ နှင့် အနိုင်မရရှိခဲ့သောပါတီများဟူ၍ ခွဲခြားပြီး ဖိတ်ကြားရန်စီစဉ်နေကြောင်း သတင်းများကြားသိရပါသည်။ ထိုသတင်းများအရ ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနိုင်မရရှိခဲ့သည့် ပါတီများအနေ ဖြင့် ကိုယ်စားလှယ်ငါးဦး တက်ရောက်ရမည်ဖြစ်ကြောင်းကိုပါ သိရှိရပါသည်။

         ထို့ကြောင့် ၂၁ ရာစုပင်လုံညီလာခံသို့ ကိုယ်စားလှယ်စေလွှတ်တက်ရောက်နိုင်ရေးအတွက်  အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF မှဦးဆောင်ပြီး ၂၀၁၅ရွေးကောက်ပွဲဝင်ခဲ့သည့် ကိုယ်စားလှယ်မရရှိခဲ့သည့် ပါတီများကို ဖိတ်ကြားပြီး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် စီစဉ်ဆောင်ရွက်နေပါသည်။ ထိုဆွေးနွေးပွဲတွင် ကိုယ်စားပြုနိုင်မည့်ကိုယ်စားလှယ်များအား ရွေးချယ်ရေးကိစ္စ၊ ညီလာခံတွင် တင်ပြရန်ကိစ္စမျာကို အပြန်အလှန် သဘောထားခြင်းဖလှယ်ကြရန် ဖြစ်ပါသည်။ 

         ထို့ပြင် ထိုညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်အခြေစိုက်ပါတီများသာမက  ပြည်နယ်နှင့်တိုင်းအသီးသီးတွင် အခြေစိုက်ထားသော ပါတီများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပြီး တစ်ပါတီလျှင် တစ်ဦးကျစီ(အဆုံးအဖြတ်ပေး နိုင်မည့်ပုဂ္ဂိုလ်) တက်ရောက်ရန် ဖြစ်ကြောင်း သိရှိရပါသည်။

         ဆက်သွယ်ဆောင်ရွက်ရန်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဗဟိုဌာနချုပ်၊ အမှတ် ၄၇၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ ဗိုလ်စိန်မှန်ရပ်၊ ဗဟန်ုးမြို့နယ်ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံပတ်မှာ ၀၉၄၅၀၀၅၇၀၈၈ နှင့် ၀၉၅၂၃၆၀၅၄၅၊ အီးမေးလ်မှာ ndfmyanmar.hq@gmail.com  ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

No comments:

Post a Comment