NDF ပါတီခေါင်းဆောင်များနှင့် ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများတွေ့ဆုံ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီခေါင်းဆောင်များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံပွဲကို ၂၈-၈-၂၀၁၅ ရက်နေ့ နံနက်၁၀း၀၀နာရီတွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ ပဲခူးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီရုံးတွင် ကျင်းပပြု လုပ်ခဲ့သည်။
ထို့တွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ဗဟိုလူငယ်ဖွဲ့စည်းရေးတာဝန်ခံ ဦးကျော်သူုရ၊ ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဦးမြတ်မိုးနှင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် အခမ်းအနားမှူး ဦးနေမင်းကျော်မှဆောင်ရွက်ပြီး ပဲခူးတိုင်းဥက္ကဌဦးမြတ်မိုးမှ ပဲခူးတိုင်း အတွင်းပါတီစည်ရုံးရေးအခြေအနေများနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော်အမတ်လောင်းများအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ NDF ပါတီဖြစ်ပေါ်လာရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီ၏ဆောင်ရွက်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်အခြေအနေများနှင့် ရွေးကောက်ပွဲကမ်းပိန်းလုပ်ဆောင်ရန် ပြင်ဆင်ထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွေ့အကြုံများကို ဆက်လက်ရှင်းပြခဲ့ပြီး အတွင်းရေးမှူးဦးနေမင်းကျော်မှ ပါတီမှ ဆောင်ရွက်ရန်စီစဉ်ထားရှိမှုများကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးက မိမိတို့သိရှိလိုသည် များကို မေးမြန်းရာတွင် ပါတီခေါင်းဆောင်များက ပြန်လှယ်ဖြေကြားခဲ့ကြသည်။ အစည်းအဝေးကို နေ့လည် ၁၂း၀၀နာရီတွင် ရုပ်သိမ်းခဲ့သည်။
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်များက လက်ရှိနိုင်ငံရေးအနေအထားများ၊ ပါတီစည်းရုံးရေးကိစ္စနှင့်ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များအကြောင်းနှင့် လူငယ်ဖွဲ့စည်းရးကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပဲခူးတိုင်းဒေသကြီး မြို့နယ်များဖြစ်သော ပဲခူး၊ ဝေါ ၊ဒိုက်ဦး၊ ဖြူး၊ကျောက်တံခါး၊ တောင်ငူ၊ ရေတာရှည်၊ လက်ပံတန်းနှင့်အုတ်ဖို ၉မြို့နယ်တွင် အမျိုးသားလွှတ်တော် ၂နေရာ၊ ပြည်သူ့လွှတ်တော် ၈နေရာနှင့် တိုင်းဒေသကြီးကိုယ်စားလှယ် ၁၅နေရာ၊ စုစုပေါင်း ၂၅နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်မှတ်ပုံတင်ထားပါသည်။ တစ်ပြည်လုံးတွင် မြို့နယ် ၉၅ မြို့နယ်တွင် ကိုယ်စားလှယ် လောင်းပေါင်း ၂၇၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။