အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၃၂/၂၀၁၅
ရက်စွဲ။ ၂၀-၈-၂၀၁၅
Right of Recall နှင့် ပတ်သက်၍ NDF ပါတီ၏ ရပ်တည်ချက်ထုတ်ပြန်ခြင်း
၁၈-၈-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် နိုင်ငံရေးပါတီ ၁၉ ပါတီမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ရာတွင် ပါတီခြောက်ခုမှ အခြေခံဥပဒေအတိုင်း ရပ်တည်ရန်တင်ပြခဲ့ကြောင်း နှင့် ကျန်ပါတီများမှ အချိန်ယူဆွေးနွေးရန် တင်ပြခဲ့ကြောင်း ကြားသိရပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပါတီ၏ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထံ
၁၅-၈-၂၀၁၅ ရက်စွဲဖြင့် အထူးညွန်ကြားချက်တစ်ရပ်ကို ပေးပို့ထားပြီးဖြစ်ပါသည်။ ထိုညွှန်ကြားချက်တွင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စတုတ္ထအကြိမ်မြောက်တင်ပြထားသော လွှတ်တော်ကိုယ်စားလှယ်တာ ၀န်မှပြန်လှယ်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေသည် မဲဆန္ဒရှင်ပြည်သူလူထုကို အခြေခံဥပဒေက ပေးအပ် ထားသော ဒီမိုကရေစီကျသော ရပိုင်ခွင့်ဖြစ်သဖြင့် ထိုဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် လာပါက ထောက်ခံသည့်ဘက်မှ ရပ်တည်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်ဟု ပါရှိပါသည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လှယ်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေသည် အခြေခံဥပဒေ နှင့်အညီ ပြဋ္ဌာန်းရမည်ဖြစ်ပြီး ထိုအခွင့်အရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးမဟုတ်ဘဲ မဲဆန္ဒရှင်ပြည်သူလူထု၏ ရရှိသင့်မည့် အခြေခံဥပဒေပါ အခွင့်အရေးဖြစ်ပါသည်။ အခြေခံဥပေဒပါ ပြဋ္ဌာန်းချက်ကို မပြင်မဆင်နိုင်မီ ထိုဥပဒေပါပြဋ္ဌာန်းချက်အတိုင်း လိုက်နာရန် တာဝန်ရှိပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုက ရေစီ အင်အားစုပါတီအနေဖြင့် ပြည်သူလူထု၏ ရရှိထိုက်သည့် ထိုအခြေခံဥပဒေပါအခွင့်အရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် တိုက်တွန်းပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment