Thursday, July 31, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် အစည်းအဝေးပြုလုပ်ရန် ရှိခြင်း

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ဝင်ပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲကို
အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသည်။
နေ့ရက်။   ၁-၈-၂၀၁၄
အချိန်      နေ့လည် ၁း၀၀ နာရီ
နေရာ။    NDF ပါတီဌာနချုပ်၊ အမှတ် ၄၇၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊
              တာမွေအ၀ိုင်းအနီ၊ဗဟနုးမြို့နယ်။

သတင်းမီဒီယာများအနေဖြင့် ညနေ ၃း၀၀ နောက်ပိုင်းတွင်မှ လာရောက်ကြပါရန်နှင့်  မီဒီယာတွေ့ဆုံရှင်းလင်းပွဲကို အစည်းအဝေးအပြီးတွင် ပြုလုပ်ပါမည်

Monday, July 21, 2014

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ်   ၃၄/ ၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်

 

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

         ၂၁-၇-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဌာနချုပ် အစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများ  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါး နှင့်ပတ်သက်၍ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

         ထို ညှိနှီုင်းဆွေးနွေးပွဲသို့ NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်း(မ်)ဂျာနယ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းခိုင်နှင့် အယ်ဒီတာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော NDF ပါတီ၏နိဂုံး ဆောင်းပါးနှင့်ပတ်သက်၍ နှစ်ဖက်အမြင် သဘောထားများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး  တွေ့ဆုံပွဲကို နေ့လည် ၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

         နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်များကို နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံပြီးသည့်အခါမှ သတင်း အကျယ်ထုတ်ပြန်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ်   ၃၄/ ၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်

 

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

         ၂၁-၇-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဌာနချုပ် အစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများ  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါး နှင့်ပတ်သက်၍ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

         ထို ညှိနှီုင်းဆွေးနွေးပွဲသို့ NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်း(မ်)ဂျာနယ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းခိုင်နှင့် အယ်ဒီတာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော NDF ပါတီ၏နိဂုံး ဆောင်းပါးနှင့်ပတ်သက်၍ နှစ်ဖက်အမြင် သဘောထားများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး  တွေ့ဆုံပွဲကို နေ့လည် ၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

         နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်များကို နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံပြီးသည့်အခါမှ သတင်း အကျယ်ထုတ်ပြန်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ်   ၃၄/ ၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်

 

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

         ၂၁-၇-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဌာနချုပ် အစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများ  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါး နှင့်ပတ်သက်၍ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

         ထို ညှိနှီုင်းဆွေးနွေးပွဲသို့ NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်း(မ်)ဂျာနယ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းခိုင်နှင့် အယ်ဒီတာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော NDF ပါတီ၏နိဂုံး ဆောင်းပါးနှင့်ပတ်သက်၍ နှစ်ဖက်အမြင် သဘောထားများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး  တွေ့ဆုံပွဲကို နေ့လည် ၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

         နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်များကို နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံပြီးသည့်အခါမှ သတင်း အကျယ်ထုတ်ပြန်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Saturday, July 12, 2014

NDF ပါတီနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတွေ့ဆုံ

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၃၃/ ၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်

NDF ပါတီနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတွေ့ဆုံ

         ရန်ကုန်တိုင်းဂျာနယ်တွင် ဆောင်းပါးရှင် စည်သူအောင်မြင့်ရေးသားသော NDF ပါတီ၏ နိဂုံး ဆောင်းပါး နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ တိုင်ကြားထားခဲ့ ပါသည်။ ထိုတိုင်ကြားချက်အရ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်း ရေးကော်မတီမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌအား ကောင်စီနှင့်တွေ့ဆုံဆွေး နွေးရန် ဖိတ်ကြားခဲ့ပါ သည်။  ထိုဖိတ်ကြားချက်အရ  ၁၂-၇-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းဆုံ၊ ယုဇနတာဝါ၊ ၉ထပ်ရှိ စာနယ်ဇင်းကောင်စီရုံးခန်းတွင် NDF ပါတီနှင့် စာနယ်ဇင်းကောင်စီတွေ့ဆုံဆွေးနွေးပွဲ  ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များ နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

         ဆွေးနွေးပွဲအစတွင် စာနယ်ဇင်းကောင်စီညှိနှိုင်းဖြေရှင်းရေးကော်မတီ တာဝန်ခံ ဦးဖေမြင့်မှ NDF ပါတီ်၏ တိုင်ကြားချက်အရ ရန်ကုန်တိုင်းဂျာနယ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးထားမှုများကို ရှင်းလင်းပြောကြား ခဲ့ပြီး  ထိုဆောင်ပါး၏ မမှန်မကန်ဖော်ပြမှုများကြောင့်ပါတီအနေဖြင့် နစ်နာရမှုများကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်တို့က တင်ပြခဲ့သည်။ တင်ပြချက်များတွင်-

 ၁။     မလျှော်ကန်သောဖော်ပြချက်ဖြစ်သည့် နိဂုံးဆိုသော စာစုသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉(ဃ)ပါ မလျှော်ကန်သောပြုလုပ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယင်းသို့ပြုလုပ်မှုမျိုးကို ရှောင်ကြဉ်ရမည်ဟု ဖော်ပြထားချက်အား  ရုပ်ဆိုးစွာချိုးဖောက်ထားသည့်အတွက် NDF ပါတီမှ နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူအ တွက်အားကျိုးမာန်တက်ဆောင်ရွက်နေမှုများအား သေးသိမ်စရာအဖြစ် ဖော်ပြခြင်းသည် ကျွနုပ်တို့ NDF ပါတီ အတွက် လွန်စွာနစ်နာရခြင်း၊

၂။      ယင်းသို့တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်ကို ရန်ကုန်တိုင်းဂျာနယ်မှ သတင်းမီဒီယာဥပဒေပုဒ်မ ၂(ဈ)အရ စိစစ်ခြင်း၊ ပုံနှိပ်ခြင်းမပြုမိ ဖြတ်တောက်ဖယ်ရှားတားမြစ်ခြင်း မပြုတော့ဘဲ အများပြည်သူသိစေရန် နေ့စဉ်ထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင် ကြော်ငြာထည့်ခြင်း၊ ရန်ကုန်တိုင်းဂျာနယ်တွင် ဖော်ပြခြင်း မှာ နှစ်ဦးနှစ်ဖက်အကြံတူစွာဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ကို ကျူးလွန်ရာ ရောက်နေပါကြောင်း၊

၃။      သတင်းမီဒီယာဥပဒေပုဒ်မ ၉(ဆ)နှင့်ပြောင်းပြန်ပြု၍ ပီအာစနစ်အကြောင်းရေးသားချက်မှ အခြေခံဥပ ဒေ ပုဒ်မ ၅၉(စ) နှင့် မဆီမဆိုင်တွဲစပ်ပြီး ပြည်သူတွေကို လိမ်လည်လှည့်ဖျားနေတာဟု ရေးသားခြင်းသည် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) ကို  ကျူးလွန်ရာ ရောက်နေကြောင်း၊

၎။      လက်ကျန် NDF ပါတီဝင်များ လုပ်သမျှဟာ အာဏာရပြည်ခိုင်ဖြိုးအကြိုက်ချည်းပဲဟုလည်းကောင်း၊  ပြည်သူအတွက် အလုပ်မလုပ်လို့၊  ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး လုပ်နေလို့  ရွေးကောက်ပွဲမှာ အရှုံးကြီးမယ့် ပါတီ တစ်ခုရဲ့ သွေးရှုးသွေးတန်းလုပ်ရပ်ဟု မှတ်ယူနိုင်သည်ဟုလည်းကောင်း၊  NLD၊ ပြည်ခိုင်ဖြိုးပါတီတို့နဲ့ ခြားနားတဲ့ ကိုယ်ပိုင်နိုင်ငံရေးမရှိတဲ့ပါတီတစ်ခု အဖြစ်လည်းကောင်း၊  ပြည်သူတွေမကြိုက်တဲ့  ပီအာတို့၊ မျိုးစောင့်ဥပဒေ ထောက်ခံတာတို့၊ ၅၉(စ) မပြင်ရေး စသဖြင့် ဝေဖန်ထားခြင်းများသည် NDF ပါတီအား စာဖတ်သူပြည်သူများအား အမြင်စောင်းစေနိုင်သည့်လုပ်ရပ်များ ဖြစ်ပေါ်စေနိုင်ပါသည်ဟု ပါတီဥက္ကဌမှ တင်ပြခဲ့ပြီး ပါတီအနေဖြင့် မျိုးစောင့် ဥပဒေကို ထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိသကဲ့သို့ ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေပုဒ်မ(၆၅)ချက်ကို ပြင်ဆင်ရန်နှင့် အသစ်ထပ်မံထည့်သွင်းရန် ၂၀၁၃ ခုနှစ် ဇွန်လကပင် အများပြည်သူသိအောင် ထုတ်ပြန်ကြေညာထားသကဲ့သို့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ လည်း ပေးပို့ထားပြီး ဖြစ်ကြောင်းဖြင့် ထပ်မံရှင်းလင်းပြောကြားခဲ့ပါသည်။

         ထို့နောက် စာနယ်ဇင်းကောင်စီအနေဖြင့် မိမိတို့လုပ်ပေးနိုင်သည့် အနေအထားများကို ရှင်းလင်းပြော ကြား ခဲ့ပြီး  NDF ပါတီအနေဖြင့် မိမိတို့၏ ဖြစ်စေလိုသော အနေအထားများကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဆွေးနွေးဆုံးဖြတ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့  အမြန်ဆုံးပြန်လည် အကြောင်းကြား ပေးရန် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို နေ့လည် ၁၂း၂၀ နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Friday, July 11, 2014

၂၀၁၀ ရွေးကောက်ပွဲသမိုင်းအမှားကို ထုဆစ်နေကြသူများ

၂၀၁၀ ရွေးကောက်ပွဲသမိုင်းအမှားကို ထုဆစ်နေကြသူများ

         ဒီနေ့ မီဒီယာမှာ HOT ဖြစ်နေတာက NDF ၊ ဒေါ်ခင်ဝိုင်းကြည်နဲ့ ပီအာအကြောင်း။

         ရေးလိုက်ကြတာမှ ပက်ပက်စက်စက် ၊ ရက်ရက်စက်စက်

         ပေးလိုက်တဲ့အမည်နာမတွေကလည်း ပေါင်းစုံ၊

         တင်လိုက်တဲ့စွဲချက်တွေကလည်း သမိုင်းတလျှောက် နာမည်ပျက်ခဲ့တဲ့သူတွေတောင်မှ ကိုယ့်လောက် မဆိုး။ ကိုယ်ကသာ နာမည်ဆိုးနဲ့လူ ဖြစ်နေတယ်။

         ခေတ်သစ်ဒေ၀ဒတ်များ၊

         လူထုဆန္ဒမခံယူရဲသော အချောင်သမား

         တိုင်းပြည်ကို ချောက်ကမ်းပါးတဲ့ ဆွဲချသူများ

         သမိုင်းတရားခံများ စတဲ့..စတဲ့ ..စတဲ့ အမည်နာမများ။

 

ဒီနေ့ထုတ် NEWS WATCH ဂျာနယ်က ဆောင်းပါးရှင် သရ၀ဏ်(ပြည်)ရဲ့ မြို့နှစ်မြိုနဲ့ ခမောက်မျက်နှာဆောင်ပါး မှာ ၂၀၁၀တုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးရေးထားတာက-

         ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရာ ထိုစဉ်က NLDပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ စစ်အစိုးရလွှတ်မပေးသည်ကို အကြောင်းပြု၍ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ NLDပါတီအတွင်း  ရွေးကောက်ပွဲဝင်လိုသူများနှင့် ရွေးကောက်ပွဲသပိတ်မှောက်လိုသူဟူ၍ နှစ်ဖွဲ့ကွဲသွားပြီး  ရွေးကောက်ပွဲဝင်လိုသူများမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF အဖြစ် ပါတီခွဲထောင်ကြခြင်းဖြစ်သည် လို့ ရေးထားပါတယ်။

         ဒီဂျာနယ်ထဲမှာပဲ ခေတ်ဟောင်းနိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွေကိုရေးနေတဲ့ ကိုသန်း(ကြည့်မြင့်တိုင်)က ပီအာနဲ့ပတ်သက်ပြီးရေးထားတာကလည်း မှတ်သားချင်စရာ။

         ယင်းအချိုးကျကိုယ်စားပြုစနစ်ဆိုသော ပီအာစနစ်ဖြင့်  ရွေးကောက်ပွဲတွင် မဲအများစုနှင့် အနိုင်ရရှိမည့် ပါတီကို  အနှောင့်အယှက် အဟန့်အတားပြုရန် လမ်းထွင်ပေးသည့်စနစ်ဖြစ်၍ ယင်းစနစ်ကို အသုံးပြုသည့် နိုင်ငံ  မရှိသလောက် နည်းလှသည် လို့ ဆိုလိုက်ပါသေးတယ်။

 

         ၂၀၁၀ မတ်လက စခဲ့တဲ့ဖြစ်ရပ်တွေနဲပတ်သက်ပြီးပြောရရင်တော့  NLDပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာက အရင်လား။ ဒါမှမဟုတ် ပါတီကို ထပ်မံမှတ်ပုံမတင်ဖို့ဆုံးဖြတ်ပြီး ပါတီကို အဖျက်ခံလိုက်ကြ တာက အရင်လားဆိုတာပါပဲ။ ကျွန်တော်ပြောချင်တာက ဒီအကြောင်းတွေကိုပါ။

         ၂၀၁၀ခု၊        မတ်လ ပထမပတ်မှာ အဲ့ဒီအချိန်က စစ်အစိုးရက  ၂၀၁၀မှာကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီဥပဒေမှာ ပါလာတာက ထောင်ကျနေတဲ့ နိုင်ငံရေးပါတီဝင်တွေကို ထုတ်ပစ်ရမယ်ဆိုတာရယ်၊ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်  အရင်မှတ်ပုံတင်ထားတဲ့ပါတီ(၁၀)ပါတီ ထပ်ပြီးမှတ်ပုံတင်ရမယ်ဆိုတာရယ် ပါလာတယ်။ အားလုံး မြင်နေကြတာက   ဒီပြဋ္ဌာန်းချက်တွေအရ ပါတီမှတ်ပုံပြန်တင်မယ်ဆိုရင် တရားဝင်ပြစ်ဒဏ်ကျခံနေရတဲ့ နေအိမ် အကျယ်ချုပ်ဖြစ်နေတဲ့ ဒေါ်စုကို ပါတီကနေ ထုတ်ထားရမယ်ဆိုတာရယ်၊။ သူကိုမထုတ်ရင် ပါတီက မှတ်ပုံတင်လို့ မရသလို လာမယ့်ရွေးကောက်ပွဲကိုလည်း ၀င်ပြိုင်လို့ရတော့မှာ မဟုတ်ဘူး။

         ဒီကိစ္စကို NLD CEC အစည်းအဝေးမှာ စစဉ်းစားတော့ ဥက္ကဌ ဦးအောင်ရွှေက မှတ်ပုံတင်သင့်တယ်လို့  စပြောတဲ့အခါ ဦးဝင်းတင်က ခင်ဗျားတို့က စစ်ဖိနပ်ပြေးနမ်းဖို့လုပ်နေတာ၊ အမဲရိုးပစ်ချပေးတာကို ၀င်ဟပ်တာ၊ ခွေးတိုးပေါက်ကနေ ၀င်ချင်တာ စသဖြင့် ပြောဆိုကန့်ကွက်တော့တာပါပဲ။ ဦးဥာဏ်ဝင်းကလည်း ဒေါ်စုခြံထဲက နေ ပါးလိုက်တဲ့အမှာစကားကို ထပြောတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ကြပါ။ ဘာဆုံးဖြတ်ဖြတ် ကျမ လက်ခံမယ်။ ၀င်လည်း ညီညီညွတ် ညွတ်၊ မ၀င်လည်း ညီညီညွတ်ညွတ်ဖြစ်စေချင်ပါတယ်ဆိုလား။ ဒီအခါ ဒေါက်တာသန်းငြိမ်းက လက်ရှိအနေ အထားအရ သဘောထားတွေတူညီဖို့ မဖြစ်နိုင်တော့။ အခုတောင် လူတွေက ကွဲနေပြီ။ ဆုံးဖြတ်ချက်ကလည်း မချ မဖြစ်ချရမှာမို့  ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်သာမက ဗဟိုဦးစီးကော်မတီတွေကိုပါခေါ်ပြီးဆုံးဖြတ် သင့်တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗဟိုဦးစီးကော်မတီအစည်း အဝေးကို ခေါ်ပြီးဆုံးဖြတ်မယ် ဖြစ်လာပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးခေါ်ဖို့ လုပ်ထားပါတယ်။

         ဒေါက်တာသန်းငြိမ်းတို့ နောက်ပိုင်းပြောစကားအရ အမှန်က ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ တစ်ခါတည်း မဲခွဲ ပြီးဆုံးဖြတ်ရမှာ ။ ဥက္ကဌက သူပဲ အဆိုစတင်ပြီး နောက်တွန့်သွားတော့ မဲခွဲတဲ့အဆင့် မရောက်တော့ဘူး။ မဲခွဲရင် လည်း  မှတ်ပုံတင်မယ့်အဖွဲ့က ၁၀မဲနဲ့ မတင်တဲ့အဖွဲ့က ၅ မဲပဲ ရှိမှာလို့ ဆိုပါတယ်။

         ဒီလိုနဲ့  ပါတီထပ်မံမှတ်ပုံတင်သင့် မတင်သင့်ကိစ္စကိုပဲ နိုင်ငံနဲ့အ၀ှမ်း  ဆွေးနွေးနေခဲ့တာက ၁၈-၃-၂၀၁၀ မှာလုပ်တဲ့ ဗွီအိုအေအင်တာဗျူးမှာ ဦးဝင်းတင်ပြောကြားတဲ့စကားက အဲ့ဒီအချိန်ရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တယ်။ သူဘာပြောလဲဆိုတော့ ….

"အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေး လည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး" ဟု  NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။   ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ပါက သူ့အနေဖြင့် ပါတီမှ အနားယူဖွယ် ရှိကြောင်း ဦးဝင်းတင်က ပြောသည်။ သီးခြား ပါတီ ထောင်ခြင်း၊ တခြားသော နိုင်ငံရေး အဖွဲ့များနှင့် ပူးပေါင်းခြင်း တို့ကို ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်၍  ဝေဖန်သွားမည်ဟု ဆိုသည်။   

 

         ဦးဝင်းတင်တောင် ဒီလို စဉ်းစားနေရတဲ့အနေအထားက နောက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ မတ်လ ၂၂ ရက်နေ့ကလုပ်တဲ့ CEC ဆုံးဖြတ်ချက်က ပါတီတွင်းကိစ္စတွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဦးအောင်ရွှေ နဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဘာတွေဆုံးဖြတ်ဆုံးဖြတ် ပါတီအနေနဲ့ လက်ခံမယ်ဆိုတာ ကို ဆုံးဖြတ်ချက် အဖြစ် ချမှတ်ခဲ့တယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ ရှေ့နေဦးဥာဏ်ဝင်းတစ်ယောက်   ဒေါ်စုခြံဝင်းထဲကို ၀င်ခွင့် ရသွားတယ်။ ဘာကြောင့် အာဏာပိုင်တွေက ၀င်ခွင့်ပေးသလဲဆိုတာကိုတော့ တွေးကြည့်ရုံပဲ။ စီအီးစီအစည်းအ ဝေးမှာလည်း မနက်ဖြန်ဒေါ်စုနဲ့တွေ့ဖို့ရှိတယ်ဆိုတာကိုလည်း ပြောမသွား။ ၀င်သွားပြီး ပြန်ထွက်လာတော့ ပြည်ပအသံလွှင့်ဌာနတွေကနေ  ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်မှာကို သူမအနေနဲ့လက်မခံနိုင်ဘူးလို့ ပြောတဲ့အကြောင်း အင်တာဗျူးလုပ်ခဲ့တယ်။

         ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်တစ်နေ့ စီအီးစီ အစည်းအဝေးမှာ စီအီးစီအစည်းအဝေးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘာကြောင့်မပြောရတာလဲဆိုတာကို မေးကြတော့ ဦးဥာဏ်ဝင်းဖြေပုံက ရှင်းတယ်။ သူ ၀င်သွား ကတည်းက ဒေါ်စုကချည်းပဲပြောတာ။ သူဘာမှပြန်ပြောခွင့်မရလိုက်ဘူးဆိုပဲ။ မနက် ၁၀နာရီလောက်က ၀င်သွားပြီး ညနေ ၄း၀၀ နာရီလောက်မှ ပြန်ထွက်လာတဲ့သူက နားထောင်ပြီး ပြန်လာခဲ့တယ်ဆိုတဲ့ အဖြေကိုကြား တော့ ဦးခင်မောင်ဆွေက ခင်ဗျားလူလိမ်ပဲဆိုပြီး ဆွဲထိုးမယ်လုပ်လို့ အားလုံးဝိုင်းဆွဲကြပြီး ဆွေးနွေးတဲ့ အကြောင်းအရာကလည်း ဦးဥာဏ်ဝင်းကိစ္စကနေ ဦးခင်မောင်ဆွေတို့အလွန်ကိစ္စဖြစ်သွားပြီး အစည်းအဝေးကရပ် သွားတယ်။ သိရတာကတော့ ဥက္ကဌ ဦးအောင်ရွှေတို့ကိုလည်း ပြောမပြဘဲ ဦးတင်ဦး၊ ဦးဝင်းတင်တို့အုပ်စုနဲ့ တိုင်ပင်ပြီးလုပ်သွားပုံရတယ်။ ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာရဲ့ အဖြေကတော့ သူတို့ဆီမှာနဲ့ ဒေါ်အောင်ဆန်း စုကြည် ဆီမှာ။   

 

         ဗဟိုဦးစီးကော်မတီအစည်းအဝေးကို စလုပ်မယ့်အစီအစဉ်က ဒီလို။ ဗဟိုဦးစီး ၁၀၀ကျော်မို့ တစ်ယောက် ကို  ၁၀မိနစ်ဆီပြောခိုင်းရင် သုံးရက်ကြာမယ်။ အစည်းအဝေးကိုသုံးရက်လုပ်ဖို့ စရိတ်ထုတ်ပြီး ပြင်ဆင်ထားဖို့ လုပ် ထားတယ်။  ဖြစ်လာတဲ့အစည်းအဝေးက ပြောင်းပြန်။ တစ်တိုင်းကို နှစ်ယောက်ပဲပြောရမယ်ဖြစ်သွားရော။ စီစဉ်တဲ့ ဗဟိုအလုပ်အမှုဆောင်တွေတောင် အစီအစဉ်ပြောင်းသွားတာ မသိလိုက်ရတဲ့အပြင် အစည်းအဝေးမှာ ပြောခွင့်တောင် မရလိုက်ဘူး။ နောက်မှ မကြားတကြားပြောသံကြားလို့ နောက်တိုးအစီအစဉ်အဖြစ် အားလုံးပြောပြီးမှ စီအီးစီတွေ ပြောဖို့ထပ်ထည့် ပေးတယ်။   

         ဒီလိုဖြစ်အောင် ဘယ်သူတွေက ဦးဆောင်လုပ်ကြသလဲဆိုတော့ ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းတို့ အုပ်စုက တိုင်းနဲ့ပြည်နယ်တွေက ရောက်လာကြတဲ့ ဗဟိုဦးစီးကော်မတီဝင်တွေကို ခေါ်တွေ့ကြပြီး ဒေါ်စုက ဒီလို မှာလိုက်တယ်ဆိုတာမျိုး ပြောတော့ ခေါင်းဆောင်ကြီးမှာတယ်ဆိုတော့ ဘယ်သူကငြင်းဆန်ရဲတော့မလဲ။ အားလုံး အတွေးတွေ ပြောင်းကုန်တာပေါ့။ ဒါကြောင့် အစည်းအဝေးမတိုင်မီ ၂၆-၃-၂၀၁၀ ရက်နေ့မှာ လုပ်တဲ့ မိုးမခက ဦးဝင်းတင်နဲ့အင်တာဗျူးမှာ ၁၈ ရက်နေ့ကလုပ်တဲ့ မှတ်ပုံတင်ဖို့များလို့ နိုင်ငံရေးကနေ နားတော့မယ်ဆိုတဲ့ စကားပြောခဲ့သူက   ဒီလိုပြောနိုင်တဲ့အဆင့် ဖြစ်သွားတယ်။

ပါတီတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို စံနမူနာယူပြီးတော့ အတူတကွ တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆုံးဖြတ်ချက်အနေနဲ့ကတော့ ပါတီကို မှတ်ပုံမတင်နိုင်ဘူး။ ထို့အတူ ပါတီရဲ့ ဆုံးဖြတ်ချက်ကိုတော့  လိုက်နာမယ်လို့ ပြောလိုက်ပါတယ်။ အခုအရေးကိစ္စကို အားလုံးက ဆွေးနွေးဆုံးဖြတ်ကြတဲ့နေရာမှာ လူနည်းစုကလည်း ကိုယ်လုပ်ချင်တာကို အတင်းဆုပ်ကိုင်ထားလို့ မရဘူး။ ဇွတ်လုပ်ကြဖို့ မလိုဘူး။ အများစုအနေနဲ့ကလည်း အားလုံးကို စည်းရုံးပြီးတော့ လက်တွဲပြီး ရပ်တည်ကြဖို့ လိုပါတယ်။ လူများစုပဲ ဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် ခွဲကြ၊ ထွက်ကြ လုပ်ကြမယ် ဆိုရင် အခုဟာက ဟိုတုန်းက ခေတ်နဲ့ မတူတော့ဘူး။ သည်အတိုင်း ဘေးမှာ၊ အပြင်မှာ ရပ်တည်ခွင့်ရှိမှာ မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ဖယ်ရှား ရှင်းလင်းခြင်း ခံရမှာ ဖြစ်တယ်။ အားလုံးက ခုချိန်မှာ ပါတီနဲ့ တွဲလုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်စုကို စံပြုပြီးတော့ ပါတီနဲ့ တွဲလုပ်ကြပါလို့ …ဟု ဆိုပြီး ဖြေကြားပါတယ်။

 

ကျွန်တော်တို့လူကြီးတွေက ဒီလိုခြေပုန်းခုတ်နေမှန်းမသိတော့ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို ပုံမှန်အတိုင်းလုပ်မယ်လို့ထင်နေကြတာ။ နောက်မှထပ်ကြားရတာကလည်း နားဝက မသက်သာ။ တကယ်လို့ ပါတီမှတ်ပုံတင်ဖို့ ဆွေးနွေးရင်၊ ဖြစ်လာရင် ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ကို ၀ိုင်းရိုက်ဖို့ လူငယ်တွေကို စုထားပြီးပြီဆိုလား။ ဒီသတင်းကို ကြားတဲ့။သိတဲ့သူတွေ ရှိနေပါတယ်။ မေးမြန်းလို့ ရပါသေးတယ်။

 

         အစည်းအဝေးကတော့ နဂို ဆုံးဖြတ်ထားတဲ့အတိုင်း မဟုတ်တော့ဘဲ အစီအစဉ်သစ်နဲ့ ကျင်းပတယ်။ ကျွန်တော်ရေးတဲ့NLDCECနှင့်ဗဟိုဦးစီးအဖွဲ့ဝင်များသို့မြို့နယ်အဆင့်စည်းရုံးရေးကော်မတီဝင်တစ်ဦး၏အိတ်ဖွင့်                                      ပေးစာထဲမှာ ဖော်ပြတဲ့အတိုင်း ဖော်ပြရရင်-…

မတ်လ(၂၉)ရက်နေ့ ရန်ကုန်ရွှေဂုံတိုင်လမ်းNLDဗဟိုရုံးချုပ်မှာကျင်းပပြုလုပ်ခဲ့တဲ့NLDCECနှင့်ဗဟိုဦးစီးအဖွဲ့ဝင်များ အစည်းအဝေးက ပါတီကို ထပ်မံမှတ်ပုံမတင်ရန် တညီတညွတ်တည်းထောက်ခံအတည် ပြုဆုံးဖြတ်ခဲ့ ကြသည်ဟု  ညပိုင်း သတင်းတွေမှာ ပါလာပါတယ်။ ဒီနေ့အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ဥက္ကဌဦးအောင်ရွှေက ဒေါ်အောင်ဆန်း စုကြည်ဟာ ပါတီရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် သူမရဲ့ဆန္ဒကို အားလုံးက လိုက်နာကြဖို့လိုတဲ့အကြောင်းနဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မြှာ ကားချက် ၆ချက်ဆိုတာကို အစည်းအဝေးအစမှာ ဖတ်ကြားပြပါတယ်။.

၁။       ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး။ရွှေဂုံတိုင်ကြေညာစာတမ်းကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်တယ်

၂။       မတရားတဲ့ရွှေးကောက်ပွဲဥပဒေဖြစ်လို့ပါတိီကို မှတ်ပုံတင်ဖို့သူမအနေနဲ့လက်မခံနိုင်။

၃။       NLDဟာ သူမရဲ့ကိုယ်ပိုင်ပါတီမဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ပိုင်မျှမဟုတ်။

၎။       ပါတီတွင်းအုပ်စုဖွဲ့တဲ့လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့လက်မခံနိုင်။

၅။       ပြည်သူလူထုကိုလည်း ဒီမိုကရေစီရရှီရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း

၆။       ပါတီဖျက်သိမ်းခံရရုံနဲ့ ပါတီပျက်စီးသွားမှာ မဟုတ်ကြောင်း။                             

 ဒီလိုရှေ့ကနေ ပြောကြားပြီးမှ တိုင်းတစ်တိုင်းစီက ဗဟိုဦးစီး၂ဦးစီက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားနဲ့အညီ ပါတီကိုမှတ်ပုံတင်ရန် မသင့်ကြောင်း ထောက်ခံဆွေးနွေးကြပြီး တညီတညွတ်တည်းသဘောထားနဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အစည်းအဝေးကို ညနေ ၅း၀၀ နာရီမှာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်လို့ ဆိုပါတယ်။

       NLDဗဟိုဦးစီးအဖွဲ့ဝင်တွေက လေးနာရီကြာမျှအစည်းအဝေးကျင်းပကြပြီးနောက် ပါတီရဲ့အနာဂတ်ကို တညီ တညွတ်တည်းဆုံးဖြတ်ချက် ချလိုက်ကြပါပြီ။ ဒီလိုဆုံးဖြတ်ချက်ချတဲ့အစည်းအဝေးကိုတက်ရောက်ခွင့်မရှိကြတဲ့ နယ်ကမြို့နယ်အဆင့်အဖွဲ့ဝင်များကိုယ်စား ကျုနော်ရဲ့ ကိုယ်ပိုင်အမြင်ကိုဆွေးနွေးချင်ပါတယ်။

          ၁=ပါတီရဲ့သေရေးရှင်ရေးကိစ္စ
        
နိုင်ငံနဲ့ပြည်သူတွေအတွက်အလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာတာဝန်ရှိကြတဲ့ဗဟိုဦးစီး၁၂၀ကရှေ့ကခေါင်းဆောင်ကြီးရဲ့မှာကြားချက်နဲ့အညီတစ်တိုင်းကို၂ဦးထောက်ခံဆွေးနွေးကြပြီးအားလုံးသဘောတူဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်ဆိုတဲ့လေးနာရီကြာအစည်းအဝေးကြီးကအများအမြင်မှာရယ်စရာကြီးဖြစ်နေပါပြီ။ကျနော်ထင်ထားတာက ဒီအစည်းအဝေးကြီးမှာဝင်သင့်တယ်ဆိုတဲ့အုပ်စုကဘာကြောင့်ဝင်သင့်တယ်ဆိုတာကို အကျိုးအကြောင်း၊အထောက်အထားတွေနဲ့ခိုင်ခိုင်လုံလုံတင်ပြကြမယ်။မ၀င်သင့်ဘူးဆိုတဲ့အုပ်စုကလည်းဘာကြောင့်မ၀င်သင့် ဘူး။မ၀င်ရင်ဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ကြရမယ်။ဘယ်လိုရှေ့ဆက်လုပ်ဖို့အစီအစဉ်တွေရှိတယ်ဆိုတာတွေကိုအချက်အလက်တွေနဲ့တင်ပြကြပြီးတက်ရောက်လာသူတွေစဉ်းစားဆုံးဖြတ်နိုင်အောင်ရှင်းလင်းဆွေးနွေးပြကြရလိမ့်မယ်။ဒါကြောင့် အစည်းအဝေးကြီးက၂ရက်လောက်ကြာအောင် ကျင်းပရလိမ့်မယ်။ တစ်ရက်တည်းနဲ့ပြီးမှာမဟုတ်ဘူး။             ပိုပြီးဆိုးတာက၀င်သင့်တယ်ဆိုတဲ့သူတွေရဲ့သဘောထားကိုအစည်းအဝေးမှာရှင်းလင်းဆွေးနွေးခွင့်မပြုနိုင်တာဟာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ကြိုးစားနေပါတယ်ဆိုတဲ့ကျနော်တို့ပါတီကအစည်းအဝေးကြီးမှာဒီမိုကရေစီကျင့်ထုံးတွေကို မကျင့်သုံးနိုင်ခဲ့ တာဟာရာဇ၀င်ရိုင်းလှပါတယ်လို့ပြောချင်ပါတယ်။ ဒီမိုကရေစီဆိုတာဟာမတူတဲ့ သဘောထားတွေကိုထုတ်ဖော်တင်ပြခွင့်ရှိရပါမယ်။သဘောထားမတူတာကိုရန်သူလို့သတ်မှတ်တဲ့ကွန်မြူနစ်စနစ်မှမဟုတ်တာ။ပါတီရဲ့သေရေးရှင်ရေးအစည်းအဝေးကြီးမှာဒီအခွင့်အရေးကြီးကို အသုံးပြုခွင့် မပေးခဲ့သလိုပါပဲ။ အပြန်အလှန်ညှိနိုင်းဆွေးနွေးကြရမယ့်အစားရှေ့ကဒေါ်အောင်ဆန်းစုကြည်ရဲ့မှာကြားချက်ကိုပဲ ထောက်ခံ ဆွေးနွေးကြတာ။ဒီသဘောတရားနဲ့တစ်ထပ်တည်းပါပဲဆိုပြီးဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေကြတာဟာပါတီခေါင်း ဆောင်ကြီးရဲ့မိန့်မှာချက်ကိုမျက်စိမှိတ်နာခံလိုက်ကြတာပါပဲလို့ပြောချင်ပါတယ်။
          ဥက္ကဌဦးအောင်ရွှေကိုယ်တိုင်ကဒေါ်စုစကားကိုလိုက်နာနားထောင်ကြပါဆိုတော့ဘာများတတ်နိုင်ကြမှာလဲ။ခေါင်းဆောင်စကားကိုပဲနားထောင်၊ဘာထင်မြင်ချက်၊ဝေဖန်ချက်မှမပေးကြနဲ့။ထောက်ခံဆွေးနွေးတင်ပြကြပြီး

ဖြစ်ပေါ်လာတဲ့ဆုံးဖြတ်ချက်ကလည်းဒေါ်စုရဲ့သဘောထားကိုပဲထင်ဟပ်နေတာကဘာမှမဆန်းတော့ပါဘူး။ကျနော်တို့ဟာကိုယ်ကြိုက်တာကိုကြိုက်တဲ့အကြောင်းပြောခွင့်ရှီသလို၊မကြိုက်ရင်လည်းမကြိုက်တဲ့အကြောင်းအထောက်အထားနဲ့ဝေဖန်တင်ပြနိုင်ခွင့်ရှိရပါမယ်။ ဒီလိုအခွင့်အရေးမျိုးတွေရဖို့အတွက်ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
             ပါတီသမိုင်းမှာအလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်လို့လျှိှု့ဝှက်မဲနဲ့မဲခွဲ့ဆုံးဖြတ်သင့်ပါတယ်။ထောက်ခံမဲဘယ်လောက်၊ကန့်ကွက်မဲဘယ်လောက်၊ကြားနေမဲဘယ်လောက်ဆိုပြီးမဲနဲ့ဆုံးဖြတ်အတည်ပြုလိုက်တာကဒီမိုကရေစီပိုဆန်ပါတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ပါတီကြီးက တကယ့်အရေးင်္ကြီးတဲ့ ကိစ္စတစ်ရပ်ကို ဒီမိုကရေစီသဘောတရားများနဲ့အညီ  ဘာကြောင့်များမလုပ်ဆောင် နိုင်ရတာလဲ။ လျွှိုဝှက်မဲဆိုတာက ကိုယ်ရဲ့ကိုယ်ပိုင်ရပ်တည်ချက်ကို ဘယ်သူမှမသိအောင်လုပ်ဆောင်တာမို့  ဒါမျိုးကို မကျင့်သုံးနိုင်ခဲ့တဲ့ ပါတီရဲ့အရေးအကြီးဆုံးအစည်းအဝေးက မဆလပါတီအစည်းအဝေး၊ ကွန်မြူနစ်ပါတ်ီတွေရဲ့ အစည်းအဝေးတွေနဲ့ဘာများ ကွာခြားသွားလို့လဲ။ ဦးအောင်ကြိးကိစ္စတုန်းကတောင်မဲနဲ့ဆုံးဖြတ်ခဲ့နိုင်ပါသေးတယ်။
            ကျနော်တို့ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာကလည်းပါတီအတွင်းသက်ရောက်မှု အလွန်ကြီးမားတာကြောင့် သူနဲ့ဆန့်ကျင်ပြီးဘယ်သူမှမပြောရဲတာ၊ထောက်ပြဝေဖန်ခြင်းမပြုရဲကြတာဟာ မှန်နေတဲ့လုပ်ရပ်တွေအတွက် ဘာမှပြဿနာမဟုတ်ပေမယ့် မှားနိုင်တဲ့ကိစ္စတွေမှာကတော့ တကယ့်ပြဿနာ ကြီး ပါပဲ။ပါတီကိုမှတ်ပုံမတင်ရဘူးဆိုလို့မတင်တော့ဘူး။ ပါတီဗဟိုမှာလည်းဒီအတွက် ဘာမှစဉ်းစားထားတာ မရှိဘူး။ဘာဆက်လုပ်မလဲဆိုတဲ့အစီအစဉ်မရှိဘူး။ဗဟိုဦးစီးတွေကလဲဘာအကြံမှမပေးတတ်ဘူး။ပါတီရှေ့ဆက်ပြီးဘာလုပ်မှာလဲဆိုတာကိုလည်းဒေါ်စုကိုယ်တိုင်အတွင်းကနေမပြောနိုင်ဘူး။     ဒီမိုကရေစီအရေးဆက်လုပ်မယ် ဆိုတာလောက်၊ ပါတီကအစိုးရဖျက်ပေမယ့် မပျက်ပါဘူးဆိုတာလောက်ပဲပြောနိုင်တယ်။ ပါတီခေါင်းဆောင်တွေ ကလဲနိုင်ငံရေးမလုပ်ရရင်လူမှုရေးလုပ်ငန်းတွေလုပ်မယ်။ပြည်သူကြားထဲမှာ နေပြီးလုပ်မယ်ဆိုတာလောက်ပဲ ပြောနေရတယ်။
           ပါတီကတော့တရားဝင်ပါတီကနေစုတေသွားရတော့မယ်။ကျနော်တို့မြင်တာကတော့ပါတီတရားဝင်ရှိနေမှသာ တရားဝင်နိုင်ငံရေး၊ဥပဒေဘောင်ထဲကနိုင်ငံရေးကိုလုပ်လို့ရမယ်။ဒီမိုကရေစီသဘောတရားတွေကို ဟောပြောဆွေးနွေးလို့၊ရှင်းပြလို့ရမယ်။ပြည်သူတွေရဲ့အကြပ်အတည်းတွေကိုဖော်ထုတ်တင်ပြလို့ရမယ်။ကျနော်တို့အားကောင်းရင်ကောင်းသလိုပြည်သူတွေအတွက် လုပ်ပေးနိုင်တာ တွေများပါတယ်။

ဒါတွေကတော့ အဲ့ဒီအချိန်က ကျွန်တော့်ရဲ တင်ပြချက်တွေပါ။ ဒီစာကို သူတို့ဖတ်ရ မဖတ်ရတော့ မသိဘူး။ရေးသင့်ရေးထိုက်တာတွေ ရေးလိုက်ပါတယ်။ နောက်မှကြားရတာက အဲ့ဒီအစည်းအဝေးမှ ကချင်က ကိုယ်စားလှယ်တစ်ဦးနဲ့ တနင်္သာရီတိုင်းက ဦးတိုးပိုတို့ပဲ မှတ်ပုံတင်သင့်တယ်လို့ ဆွေးနွေးခဲ့တယ်ဆိုတာ သိရ ပါ တယ်။

 

ကဲ။ လာပါပြီဗျာ။  အဲ့ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲသပိတ်မှောက်ရေးလား၊ ပါတီမှတ်ပုံမတင်ရေးလားဆိုတာ။

 NLD ပြန်ကြား ရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က "ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်" ဟု ပြောသည်။ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီး ထားသော အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒါတောင် ပထမဆုံးစာကြမ်းက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်သည်လို့ ရေးထားတာကို ဒေါက်တာ သန်းငြိမ်းတို့က ကျုပ်တို့က သဘောတူတာမဟုတ်ဘူး၊ ကျုပ်တို့သဘောထားက ပြပြီးသား။ အားလုံးဆုံးဖြတ်ချက် ကို ကျုပ်တို့က မကန့်ကွက်ဘူး။ ဒါကြောင့် ကန့်ကွက်သူမရှိ ဆုံးဖြတ်တာလို့ ပြင်ခိုင်းလို့ ပြင်ပြီး ထွက်လာတယ်။

 

ဒီနောက်ပိုင်း ဇာတ်လမ်းတွေက ရှင်းပါတယ်။ ပါတီတရားဝင်ပျက်ပျယ်သွားတဲ့အခါ ဘာလုပ်မလဲ မေးတော လူမူရေးလုပ်မယ်၊ အမှိုက်ကောက်မယ်ဆိုတာတွေ ဖြေကြတယ်။ လူမူရေးလုပ်မယ့်သူတွေနဲ့ နိုင်ငံရေးလုပ်မယ့်သူတွေ အကြားမှာ ဘယ်သူကပဲဖြစ်ဖြစ် ပါတီရဲ့ ခွပ်ဒေါင်းအလံနဲ့တံဆိပ်ကို မသုံးကြကြေးဆိုပြီး  နှစ်ဖက်အကြား သဘောတူညီထားခဲ့ကြတယ်။ ဒါကြောင့် NDF ဖြစ်လာမယ့်သူ့တွေက ခွပ်ဒေါင်းကို မသုံးဘဲ အခြားတံဆိပ်ကို ရွေးခဲ့ကြတယ်။

 

NLD တရားဝင်ပါတီအဖြစ် ပျက်တယ်၊ မပျက်ဘူးဆိုတာက အခုစကားများနေကြပေမယ့် အဲ့ဒီအချိန်က ပါတီခေါင်းဆောင်တွေအားလုံးဟာ မေလ(၆) ရက်နေ့ပြီးတာနဲ့ ပါတီက မရှိတော့ဘူးဆိုတာ အားလုံးနားလည် သဘောပေါက်ထားပြီးဖြစ်သလို ပါတီဖျက်သိမ်းရေးကော်မတီကို ဧပြီပထမပတ်မှာပဲ ဖွဲ့စည်းပြီး ပါတီစာရင်းအင်း တွေ၊ စာရွက်စာတမ်းတွေရှင်းလင်းဖျက်သိမ်းခဲ့တယ်။ အဲ့ဒီကော်မတီထဲကို NDF ပါတီခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေက သူတို့ကို မထည့်ဖို့ ပြောကြတယ်။ သူတို့စကားကလည်း ရှင်းတယ်။

 ကျုပ်တို့က ပါတီကို ဆက်လက်ရှင်သန်ပြိး ရှိစေချင်တဲ့သူတွေ။ ပါတီကိုဖျက်ချင်တဲ့သူတွေမဟုတ်ဘူး။ ဒါကြောင့် ပါတီဖျက်တဲ့အဖွဲ့ထဲမှာ ကျုပ်တို့နာမည်တွေ အပါမခံနိုင်ဘူး။ ဒါကြောင့်ကျူပ်တို့နာမည်တွေ ကို ဒီအဖွဲ့ထဲ မထည့်ပါနဲ့လို့ ပြောခဲ့ကြတယ်။

ဒါပေမယ့် အချို့စာရင်းအင်းတွေကို အများကြီးကိုင်ထားရတဲ့ ဒေါက်တာ ၀င်းနိုင်ကိုတော့ စာရင်းတွေရှင်းဖို့ ဒီအဖွဲ့ထဲကိုပါပေးပါဆိုလို့ ပါသွားတယ်။ စာရင်းတွေ၊စာရွက်စာတမ်းတွေ ဘယ်လိုရှင်းရသလဲ ဆိုတာကိုတော့ အဲ့ဒီအချိန်က ရုံးစောင့်လုပ်တဲ့ ဦးကျော်မြင့်ကိုပဲ မေးကြည့်ပေတော့။ တစ်ပတ်လောက် စာရွက်စာတမ်းတွေမီးရှို့၊ ပီနံအိတ်တွေနဲ့ထည့်ပြီး သွားပစ်ရတယ်။ဒါ့ပြင် ရုံးကပစ္စည်းတွေကို လည်း ပိုင်ရှင်တွေထံပြန်ပို့သင့်တာပို့၊ ပေးသင့်တာပေးလုပ်ရတယ်။ ဒါကတော့ NLD ပါတီဟာ ဥပဒေကြောင်းအရ ဘယ်လိုပဲပြောပြော တရားဝင်အဖြစ်ကနေ ရပ်စဲသွားပြီဆိုတာ  အဲ့ဒီအချိန်က ပါတီခေါင်းဆောင်တွေ အားလုံး  လက်ခံထားကြတယ်ဆိုတာပါပဲ။ 

 

နောက် အရေးကြီးတဲ့ ဘယ်သူမှမသိကြတဲ့ စီအီးစီထဲက အတွင်းရေးတစ်ခု။  ပါတီမှတ်ပုံထပ်မတင်လို့ ပါတီက သတ်မှတ်ထားတဲ့ရက်ပြီးရင် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲသွားတော့မယ်ဆိုတဲ့နောက်ပိုင်း ဘာဆက်လုပ်ကြမလဲလို့ စီအီးစီထဲမှာ စဉ်းစားနေချိန်မှာ စာတမ်းတစ်စောင် စီအီးစီအစည်းအဝေးမှာ စီအီးစီတွေ ဆီ ဝေလာတယ်။ အဲ့ဒီစာတမ်းက  ပါတီဖျက်သိမ်းခံရပြီးနောက်ပိုင်းမှာ ကွန်ယက်တွေအဖြစ် ပြန်လည်ဖွဲ့စည်းပြီး ဆက်သွယ်လုပ်ဆောင်ကြဖို့ အစီအစဉ်ပါတဲ့ စာတမ်း။ အောက်မှာ လက်မှတ်မထိုးပဲ ဝေထားတဲ့စာတမ်းဖြစ်လို့ ဒေါက်တာသန်းငြိမ်းက ဘယ်သူတင်တာလဲ၊ ဘယ်သူလုပ်ခိုင်းတာလဲလို့မေးတော့ ဦးအုန်းကြိုင်က သူဝေထား တာပါလို့ပြောပြီး စီအီးစီအစည်းအဝေးမှာ ဆွေးနွေးဖို့ စည်းကမ်းချက်နဲ့မညီလို့ ပြန်သိမ်းယူသွားတယ်။  ဒါဟာ ပါတီပျက်ပြီးနောက်ပိုင်း ပါတီဝင်တွေ ဒုက္ခတွေ့လာနိုင်တဲ့ကိစ္စဖြစ်လို့ NDF ပါတီကို အမြန်ဆုံးထူထောင်ရတဲ့ အချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။ ယူဂျီ-အိုဂျီကိစ္စတွေဟာ ပါတီဝင်ဟောင်းတွေအတွက် အန္တရာယ်ကြီး ဖြစ်လို့ အကာအကွယ်ပေးနိုင်ဖို့ NDF ကို အမြန်ဆုံးထူထောင်ကြခြင်းလည်း ဖြစ်ပါတယ်။

 

NDF ပါတီခေါင်းဆောင်တွေဟာ ပါတီသက်တမ်းကုန်တဲ့ မေလ(၆)ရက်နေ့ညနေ ရုံးပိတ်တဲ့အချိန်ထိ NLD ရုံးမှာနေခဲ့ကြတယ်။ ပါတီတရားဝင်ပျက်ပျယ်ပြီးတဲ့နောက် မေလကုန်မှသာ ပါတီတစ်ခုကို ထူထောင်ဖို့ လုံးပမ်းကြတာပါ။ ခွဲထောင်တာလည်းမဟုတ်သလို ခွဲထွက်တာလည်းမဟုတ်။ ပဲ့စင်တာလည်း မဟုတ်။ ပဲ့ထွက် တာလည်း မဟုတ်။ အထူးသဖြင့် ယူဂျီအိုဂျီရောဂါကူးချင်နေတဲ့အချိန်နဲ့ ဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိကြတဲ့ ပါတီဝင်ဟောင်းတွေအတွက်၊ ပြီးတော့ အကျယ်ချုပ်ကထွက်လာရင် နိုင်ငံရေးမှာ ခြေချနိုင်ဖို့အတွက် ပါတီတစ်ခု ရှိထားဖို့လိုတယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  NDFပါတီကို ထူထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။  ယုံတာ-မယုံတာက တကဏ္ဍ။ အဲ့ဒီတုန်းက ဒီလိုရည်ရွယ်ချက်တွေလည်း ရှိခဲ့ပါတယ်။  ဒါကြောင့် NDF ပါတီဟာ ဇူလိုင်(၉)ရက် ၊ ၂၀၁၀မှ ပါတီမှတ်ပုံတင်အမှတ် (၃၈)နဲ့ တရားဝင်ပါတီ ဖြစ်လာခဲ့တာပါ။

 

ဒေါက်တာသန်းငြိမ်းရဲ့ အမှန်ပြောကြေး(၁)ဆောင်းပါးက ကောက်နုတ်ချက်မှာ-

ဦးဝင်းတင်က "  ဒီလူတွေဟာ၊ ကိုခင်မောင်ဆွေတို့ ဘာတို့ဟာ၊ ပါတီမှာ သူတို့ မတ်လ (၂၉) ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်တော့၊ သူတို့က သဘောမတူဘူး။ ဒါပေမဲ့ သူတို့က ဘာမှမပြောဘူး၊ ဘာမှ ထူးထူးခြားခြားမပြောဘူး။ သူတို့ဘာမှ ကန့်ကွက်တာမရှိဘူး။ သူတို့က ပါတီမှာ ဆက်နေတယ်၊ မတ်လ ၂၉ရက် ကနေပြီးတော့၊ မေလ (၆)ရက်နေ့အထိနေတယ်။ (၆)ရက်နေ့ကျမှ ပါတီပျက်ပြယ်တယ်ဆိုတဲ့ သတ်မှတ်ချက်က အတည်ဖြစ်တော့မှ ပါတီခွဲထောင်တာလေ။ ပါတီတရားဝင်ဖြစ်တဲ့အချိန်မှာ သူတို့က အပြင်ထွက်ပြီးတော့ ပါတီခွဲတယ်ဆိုရင် ပါတီကိုဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ သူတို့ဟာ ပါတီရဲ့ လုပ်ငန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ဟာတွေ မလုပ်ခဲ့ဘူး၊ လုပ်ခဲ့မှပဲ အန်တီပါတီ (Anti-party ၊ ပါတီဆန့်ကျင်ရေးသမား) လို့ စဉ်းစားရမယ်' လို့ သူ့ရဲ့သဘောထားကို ရှင်းပြတယ်။

        အမှန်တွေလို့ပဲ ပြောလို့ရပါတယ်။ နည်းနည်းလွဲတာက မတ်လ(၂၉)ရက် ဗဟိုဦးစီးအစည်း အဝေးမှာ စဉ်းစားဆုံးဖြတ်တာဟာ၊ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးမဟုတ်ပဲ၊ NLD ပါတီကိုဆက်ပြီး တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေး ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆက်စပ်သွားတာက နောက်ပိုင်း ကျမှပါ။ နောက်တစ်ချက်က ရှင်းအောင်ပြောရရင် မေလ(၆)ရက်နေ့ဟာ NLD ပါတီရဲ့တရားဝင်ရပ်တည်မှု နောက်ဆုံးရက်ဖြစ်တော့၊ ဒီရက်နောက်ပိုင်း၊ NLD ပါတီ တရားဝင်မရှိတော့တဲ့နောက်ပိုင်းမှာ ပါတီထောင်တာဟာ ပါတီခွဲထောင်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ဒါကိုလည်း ဆရာဦးဝင်းတင်က တရားဝင်ပါတီဖြစ်နေတုံး၊ ခွဲထောင်တာမဟုတ်ဘူးလို့ ပြောထားပါတယ်။

 

NLD အနေနဲ့ရွေးကောက်ပွဲသပိတ်မှောက်ကြောင်း ကြေညာတာကလည်းဒီရက်တွေမှပါ။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ဒီမိုကရေစီရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့ အတွက် ဒီရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင် သပိတ်မှောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အောက်တိုဘာ ၂၆ ရက်နေ့ ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ကြေညာချက်မှာ ပြည်သူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပါဝင်တဲ့အချက်တွေကို RFA ကို ပြောပါတယ်။

"မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲတွင် မဲပေးခြင်း မပြုပဲ နေနိုင်သော အခွင့်အရေး ရှိပါသည်။ ထို့ပြင် တဦးဦးက အတင်းအဓမ္မ မဲပေးခိုင်းပါက သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားနိုင်ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေး ရှိသလို ဆန္ဒမရှိရင် မဲမပေးပါကလည်း ဥပဒေအရ အခွင့်အရေးပဲ ဟူ၍လည်းကောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ဟူ၍လည်းကောင်း၊ NLD မပါလို့ ဘယ်သူ့ကို မဲပေးရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟူ၍လည်းကောင်း၊ ၎င်း၏ သဘောထားများကို ထုတ်ဖော်ထားပြီး ဖြစ်ပါကြောင်း အများပြည်သူ သိစေရန် ကြေညာလိုက်သည်။"

စစ်အစိုးရရဲ့ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်တမ်းရှည်စေမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေး မပါဝင်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်မှာ ရှင်းပြထားပါတယ်။

 

ဒါတွေက သမိုင်းကြောင်းကို ရှင်းပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိစေချင်လို့ပါ။  ပါတီမှတ်ပုံမတင်တာနဲ့ ရွေးကောက်ပွဲသပိတ်မှောက်တာက ဘာမှမဆိုင်ဘူး၊တစ်ခြားစီဆိုတာ သိစေချင်လို့ပါ။

 

လာပါပြီ။ ကျွန်တော်ရဲ့ အဓိကမေးခွန်းတွေ။

၁။      ဦးဥာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်နေကုန်တွေ့တုန်းက သူတို့နှစ်ယောက် ဘာတွေ ဆွေးနွေးကြသလဲ။ ဦးဥာဏ်ဝင်းပြောသလို ဒေါ်စုချည်းကပဲ ပြောနေတာကတော့ မဖြစ်နိုင်။ ဦးဥာဏ်ဝင်းဆိုတာက လည်း မှတ်ပုံတင်ရေးကို ဆန့်ကျင်တဲ့ ဦးဝင်းတင်ဂိုဏ်းသား။

၂။      စီအီးစီကိုတောင် မတင်ပြဘဲ ဘာကြောင့် ဦးဥာဏ်ဝင်းက နိုင်ငံခြားက အသံလွှင့်မီဒီယာတွေနဲ့ တွေ့ပြီး တန်းပြောလိုက်တာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ခိုင်းလိုက်လို့လား။ သူတို့နှစ်ယောက်ဆွေးနွေးကြတဲ့ အခါ မှတ်ပုံတင်ရေးအဖွဲ့တွေ အားကောင်းနေလို့ ဦးဝင်းတင်တောင် နိုင်ငံရေးက အနားယူမယ်လို့ပြောနေတာ ကြောင့် ဒီအားသာချက်ကို မရရအောင် ဖျက်ဖို့ လုပ်လိုက်တာလား။

၃။      စီအီးစီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဒေါ်စု နှစ်ယောက်တည်းတွေ့ပြီးဆုံး ဖြတ်ဖို့ဆိုတာကို ဦးဥာဏ်ဝင်းက တကယ်မပြောခဲ့တာလား။ ရေဒီယိုနားထောင်တဲ့ဒေါ်စုကတော့ ဒီသတင်းကြားရ မှာပါ။

၎။      ၂၃ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်း ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းနဲ့ ဦးအုန်းကြိုင်တို့ရဲ့ တိုင်းနဲ့ပြည်နယ်က ဗဟိုဦးစီးတွေကို ဘယ်လိုတွေ့ဆုံမှာကြားကြသလဲ။ သူတို့ရဲ့ ဒီအချိန်အတွင်းလုပ်ဆောင်ချက် တွေက ပျောက်နေတဲ့ကွင်းဆက်တစ်ခုပါ။ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားတွေက ဘာတွေလဲ။ ဟိုဖတ်သွားတဲ့ ခြောက်ချက်ထက်မကတော့ ရှိပါလိမ့်မယ်။

၅။      ဗဟိုဦးစီးအစည်းအဝေးကိုတောင် နဂိုအစီအစဉ်ကနေ ပြောင်းသွားအောင် ဗဟိုအလုပ်အမှု ဆောင်ကော်မတီကိုတောင် အသိမပေးဘဲ လုပ်ခဲ့တာက ဘာကြောင့်လဲ။ ဘာကြောင့် အစီအစဉ်ပြောင်းသွားတာ ကို မတင်ပြတာလဲ။အသိမပေးတာလဲ။

၆။      ပါတီခေါင်းဆောင်တစ်ယောက်ဟာ ပထမ စီအီးစီဆုံးဖြတ်တာကို လက်ခံပါ့မယ်ဆိုပြီးမှ ဗဟိုဦးစီးအစည်းအဝေးမစတင်ခင်မှ ကျွန်မက မှတ်ပုံတင်တာကို လက်မခံနိုင်ဘူးလို့ အားလုံးအပေါ် လွှမ်းမိုးမှုရှိအောင် ပြောသွားခဲ့တာဟာ ခေါင်းဆောင်ပီသပါရဲ့လား။  ၂၀၁၁ခု မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ခေါင်းဆောင်က နောက်ဆုံးမှ သူအမြင်ပြောသင့်တယ်၊ ကြိုပြောရင် အားလုံးကိုလွှမ်းမိုးသလို ဖြစ်မယ်ဆိုပြီး ပြောခဲ့တာကို ကြည့်ပြီး အရင်က  သူမ မှားခဲ့တယ်ဆိုတာကို ပြောနိုင်ပါသလား။ ( ပထမတစ်ကြိမ်မှာ ဒီလူတွေကပဲ ပါတီကိုမှတ်ပုံမတင်သင့်ဘူး ဆုံးဖြတ်ခဲ့တယ်။ နောက်တစ်နှစ်အကြာမှာလည်း ဒီလူတွေကပဲ ပါတီမှတ်ပုံတင်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။)

၇။      ရွေးကောက်ပွဲကို  ပါတီအနေဖြင့် သပိတ်မှောက်တာက ကန့်ကွက်စရာမရှိပါ။ သို့သော် NO VOTE ကန်ပိန်းကို တစ်နိုင်ငံလုံး တက်တက်ကြွကြွလုပ်ကာ ဒီမိုကရက်တစ်တွေ မဲအရနည်းအောင်၊ သို့မဟုတ် ကြံ့ခိုင်ရေးကို မဲအသာရစေအောင် လုပ်ဆောင်ခဲ့တာက ဘယ်လိုရည်ရွှယ်ချက်မျိုး ပါလဲ။ ( အထူးသဖြင့် ခမောက်သူခိုး၊ ခမောက်အတု၊NLD အတု ဆိုတာမျိုးတွေ မိုးမွှန်နေအောင် ပြောဆိုရင်း ဒီမိုကရက်တစ်အင်အားစု တွေ   မဲတွေ အရနည်းအောင် လုပ်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်)

နံပါတ်(၇) အဖြေကတော့ နောက်ပိုင်းသိရသလောက် တော်တော်ဆိုးတာပဲ။ ငါတို့လုပ်မှသာ ဒီမိုကရေစီ ဆိုတာမျိုး ဖြစ်နေပြီ။

၈။      NDF  အနေနဲ့ ခမောက်တံဆိပ်ကို ဒီမိုကရက်တစ်အင်အားစုတစ်ခုအနေဖြင့် ကြံခိုင်ရေးကိုယှဉ် ပြိုင်ဖို့  ၂၀၁၀ရွေးကောက်ပွဲမှာ အသုံးပြုခဲခြင်းကို ဘာကြောင့်များ အမုန်းတရားပွားများနေကြရပါသလဲ။ ဒီမိုကရက်တစ်ပါတီဆိုတာကို တောင် လက်မခံနိုင်ကြဘူးလား။ မြန်မာပြည်မှာ ဒီမိုကရက်တစ်ပါတီဆိုတာ တစ်ခုတည်းများ ရှိနေတာလား။

မိုးကုတ်ကိုတိုး( ၂၇-၆-၂၀၁၄)

                                                                                                                            

                     

#to be happy#

$$ kotoetoe $$

ကျွန်တော်နှင့် ကိုးလိုးကန့်လန့်အန်စာတုံးအတွေး

ကျွန်တော်နှင့် ကိုးလိုးကန့်လန့်အန်စာတုံးအတွေး

 

အန်စာတုံးတစ်တုံးကို ဖြတ်ကနဲကြည့်ရင်

အပေါ်ဆုံးက ပေါ်နေတဲ့ ဂဏန်းကို အရင်မြင်။

ဒါက ကိုယ်စိတ်ဝင်စားတဲ့ နေရာဆိုတော့

တစ်လား၊နှစ်လား၊ ခြောက်လား ဆိုတာပေါ့။

စိတ်ဝင်တစားက ဒီပေါ်မှာရောက်။

ပြီးရင် ထပ်ကြည့်

 ၂ နဲ့ ၅ ဂဏန်းကိုမြင်။

ဒါက တစ်နေရာတည်းကနေ မရွေ့ပဲ ကြည့်လို့ရတဲ့အမြင်။

 

ဒီထက်ပိုမြင်ချင်သူတွေကတော့  ဒီလိုအသေထိုင်ကြည့်နေလို့မှမရ။

ကျန်တဲ့ဘက်မှာ ဘာတွေရှိသလဲဆိုတာ မြင်ချင်ရင်တော့

အသေထိုင်၊ အသေရပ်နေလို့မရ၊

ကိုယ်က  နေရာရွေ့ကြည့်ရတော့မှ မြင်ရမှာကိုး။

အဲ့ဒီတော့လည်း နေရာရွေ့ပေါ့။

ဒီတော့လည်း ကျန်တာတွေ မြင်ရတွေ့ရ။

၎လား ၆ လားနဲ့။

နေရာမရွေ့ အထိုင်မရွေ့ရင်တော့

၎ နဲ့ ၆ မမြင်။

မြင်နေတဲ့ ၁၊ ၂ ။၅ နဲ့ ကိုယ့်အမြင်ကို အဆုံးသတ်။

အားလုံးဒီလောက်ပါပဲလို့ ကိုယ့်ကိုယ်ကိုဘောင်ခတ်

အတွေးစက်ဝိုင်းကို အသေပိတ်နဲ့

ကျန်တာတွေ  ရှိမှန်းမသိတော့။

အဲ့ဒီတော့လည်း အတွေးက ၁။ ၂။ ၅ တင်ရပ်

ဒီထက်လည်း ပိုမတွေးနိုင်တော့

တွေးနိုင်သူတွေက ကိုယ့်ထက်ရှေ့ကို တလှမ်းသာ၊

 

ပုန်းနေတဲ့ နံပါတ် ၃ ကို ဘယ်လိုကြည့်ရပါ။

အသေထိုင်ကြည့်တော့့လည်း မတွေ့ရ

နေရာရွေ့ကြည့်တော့လည်း မမြင်ရ၊

ရှိတော့ရှိနေပေမယ့် မတွေ့ရ၊ မမြင်ရရင်တော့

မ-ပြီးသာ ကြည့်ပေတော့။

 

ပြောတော့တာ လွယ်လိုက်တာ၊

မ-ပြီးကြည့်လိုက်ပါလားဆိုတာ

မ-ပြီးကြည့်ရမယ်ဆိုတဲ့အတွေးလေးက ၀င်ဦးမှ။

မ-ကြည့်နိုင်ဖို့ကလည်း  အင်အားစိုက်ထုတ်နိုင်ဦးမှ၊

ဒီအင်အားကလည်း တော်ရုံတန်ရုံနဲ့မရ၊

စကားတစ်လုံးတည်းနဲ့ပြောရရင်တော့ WISDOM

ထပ်ချဲ့ကားပြောရရင်တော့  ကြည့်တတ်ဖို့လိုအပ်ချက်တွေက

အများသား။

ဘက်ပေါင်းစုံတွေးကြပါလို့ ပြောနေကြတာက နားနဲ့မဆန့်။

မြန်မာ့နိုင်ငံရေးမှာကတော့

အသေထိုင်၊ အသေရပ်တွေက အများစု။

ပြောတော့ပြောနေကြပေမယ့် တကယ်မလုပ်နိုင်ကြတာပဲ ရှိတယ်။

ကိုယ့်ဖက်၊သူ့ဖက်တင်မက

ကိုယ်နဲ့သူ မဟုတ်တဲ့ အခြားသူတွေဖက်လည်း

ရှိနေတာကို မေ့နေခဲ့ကြ ။

တွေးတောစဉ်းစားပြီး ထည့်သွင်းတွက်ချက်ပေးရမယ့်

အချက်အလက်တွေက သမိုင်းနဲ့ချီပြီး ရှိနေဆဲ။

ရန်-ငါ စည်းပြတ်တာကိုပဲ ဂုဏ်ယူနေကြတဲ့ကာလမှာ

ဘက်ပေါင်းစုံမြင်နိုင်အောင် တွေးကြည့်ကြပါဆိုတာက

သဲကန္တာရထဲကို မှောက်ကျသွားတဲ့ ရေတစ်ခွက်ပါလား။

 

အဲ့ဒီတော့လည်း အန်စာတုံးနံပတ် ၄ နဲ့ ၅ကိုမြင့်ဖို့

အထိုင်ရွေ့ကြည့်နိုင်ကြမယ့် နိုင်ငံရေးခေါင်းဆောင်များ

အန်စာတုံး နံပတ် ၃ ကို

မ-ပြီးကြည့်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ

များများနဲ့အမြန်ဆုံး ကျွန်တော်တို့နိုင်ငံမှာ

ပေါ်လာနိုင်ပါစေ။

မိုးကုတ်ကိုတိုး(၁၁-၇-၂၀၁၄)

#to be happy#

$$ kotoetoe $$

တိုင်းရင်းသားအရေးနဲ့ ကျွန်တော့်အတွေး( ၆-၇-၂၀၁၄)

တိုင်းရင်းသားအရေးနဲ့ ကျွန်တော့်အတွေး( ၆-၇-၂၀၁၄)

 

၂၇-၁၀-၁၉၈၈ ကနေ ၆-၅-၂၀၁၀ ထိ

ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့ရတဲ့

ဒီမိုကရေစီဦးဆောင်ပါတီကြီးရဲ့ မူလသမိုင်းဟောင်းမှာတော့

၁၉၈၉ က ၂၉ ပါတီလောက် စုစည်းထားတဲ့ တိုင်းရင်းသားတွေရဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးပြီး

ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ခဲ့တာကလွှဲလို့

နောက်ပိုင်းကာလတွေမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပါတီခေါင်းဆောင်ပိုင်ကလူတွေ

တိုင်းရင်းသားပါတီ တွေနဲ့ ထိရောက်တဲ့ဆွေးနွေးမှုတွေ မလုပ်ဖြစ်ခဲ့ကြပါ။

 

သူကြေညာချက်ထုတ် ကိုယ်က ထောက်ခံ

ကိုယ်ကကြေညာချက်ထုတ် သူကထောက်ခံ။

၁၉၉၇ မှာ လွှတ်တော်ခေါ်ယူရေးဆောင်ရွက်ရင်း

လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာကို

တိုင်းရင်းသားပါတီအချို့နဲ့ဖွဲ့စည်းပြီး

ကြေညာချက်တွေကို တစ်ခုပြီး ထုတ်လာခဲ့တယ်။

အကျေအလည်ဆွေးနွေးကြပြီးမှ

ကြေညာချက်တွေထုတ်ခဲ့တာလားဆိုတာတော့

သူတို့ပဲ သိလိမ့်မယ်။

 

နောက်တစ်ခါလာပြန်ပြီ

၂၀၁၀မှာ ကလေးမြို့ကြေညာချက်နဲ့

ဒုတိယပင်လုံ။

ထွက်လာတုန်းကတော့ နာမည်ကြီးကိုဟီးလို့

အတွင်းရော။ အပြင်ရော ထောက်ခံလိုက်ကြတာ

တရားဝင်မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီတွေ မပါ။

အကျယ်ချုပ်က လွှတ်လာသူလက်ထဲ

ဆက်လက်ဆောင်ရွက်ပေးဖို့ တာဝန်လက်ဆင့်ကမ်းပွဲ

အခမ်းအနားနဲ့ လုပ်လိုက်ပါတယ်။

အခုတော့ ဒုတိယပင်လုံ ဘယ်နားရောက်နေမှန်းမသိ။

 

ကိုယ့်ခေါင်းဆောင်တွေက တွေခဲ့တုန်းကပြောခဲ့ာကြပါတယ်

ဒီမိုကရက်တစ်တွေအားလုံးပါဝင်နိုင်တဲ့လမ်းကြောင်းကို

ဖော်ဆောင်ပြီး ဦးဆောင်မှုပေးပါ၊

တိုင်းရင်းသားပါတီတွေ ပါဝင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားတာဝန်ယူပါမယ်လို့၊

ပြောတုန်းကတော ဟုတ်သလိုလိုနဲ့ခဏ

နောက်တော့လည်းဒီအသံလေး ဘယ်ပျောက်သွားမှန်းမသိလိုက်။

အမျိုးသားရေးဦးဝင်းနိုင်ကြီးကို အားနာလိုက်တာ

သူ့ခဗျာ ညီညွတ်နိုင်ရေးအတွက်

အရွယ်ကိုမှအားမနားတမ်းကြိုးပမ်းလိုက်ရတာ

ထွက်လာတဲ့ရလာဒ်က သုည။

 

ကျွန်တော်တို့လည်း ကြိုးစားခဲ့ကြပါတယ်။

ဒီမိုကရေစီမိတ်ဆွေပါတီများမှ တိုင်းရင်းသားပါတီကြီးငါးခု ပါခဲ့ပါတယ်။

အစည်းအဝေးပေါင်းများစွာမှာ အကြေအလည် ဆွေးနွေးကြပြီးမှ

သဘောတူညီချက်တွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

သူတို့သဘော၊သူတို့ဆန္ဒနဲ့ သူတို့ဖြစ်ချင်တာကို

နားလည်ခဲ့သလို

ပြည်မပါတီတွေရဲ့ သဘောသဘာဝကိုလည်း

သူတို့သဘောပေါက်ခဲ့ကြပါတယ်။

 

၂၀၁၀ မှာ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့ကြသူတွေက

အတိတ်ဟောင်းက အတွေးဟောင်းတွေထက်

လာမယ့်အနာဂတ်အတွက် ၊ အိမ်မက်သစ်တွေအတွက်၊

မျှော်လင့်ချက်သစ်တွေအတွက်

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတာအတွက်

ဒီမိုကရေစီအခွင့်အရေးတွေနဲ့

တိုင်းရင်းသားအခွင့်အရေးတွေအတွက်

ကျွန်တော်တို့ အကြေအလည်ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

 

တိုင်းရင်းသားတွေကလည်း သူ့အစုနဲ့သူ

ညီနောင်တိုင်းရင်းသားပါတီများအဖွဲ့ NBF

တဖြည်းဖြည်းပါဝင်လိုက်ကြတာ

အားလုံး ၁၇ ပါတီဆိုလား။

တိုင်းရင်းသားတော့ တိုင်းရင်းသားတွေပဲ။

ဒါပေမယ့် ဗမာတော့ မပါ။

ကိုယ်ကခွဲခြားတာတော့ မဟုတ်။

 

သူတို့က ၂၀၁၀ အုပ်စုဆိုပါလား။

ဟော ၉၀အုပ်စုဆိုတာ ရှိသေး။

လွှတ်တော်ထဲ မရောက်လိုက်တဲ့အုပ်စု။

အခုလွှတ်တော်ထဲမှာလည်း သူတို့မရှိ

ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ UNA

လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP လည်း သူတို့။

ဒီမိုကရေစီဦးဆောင်ပါတီကြီးရဲ့ ရဲဘော်ရဲဖက်၊

မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ကြီး ဆိုပါလား။

 

လက်ရှိပါတီပေါင်းက ၇၀ နီးပါး

ဒီမိုကရက်တစ်ဆိုသူတွေက တစ်ဝက်နီးပါး

တိုင်းရင်းသားပါတီတွေက အများစု

စုစည်းလို့မရ

ကပ်လို့မရ

ခေါ်လို့မရ

ညှိနှိုင်းလို့မရ။

သူကြိုက်တာ သူလုပ်

ကိုယ်ကြိုက်တာ ကိုယ်လုပ်

ရောက်ချင်ရာရောက်

ပေါက်ချင်ရာပေါက်

ဖြစ်ချင်ရာဖြစ်။

 

ဘာ ..အားကြီးတဲ့သူက အနိုင်ရမှာတဲ့လား။

အချိန်တန်တော့လည်း သူတို့အားနည်းပြီး

ပျောက်သွားကြမှာပါတဲ့လား။

လုပ်လိုက်လေ ၊ ကြာသလားလို့၊

ခင်ဗျားလည်း ခင်ဗျားအား ရှိသလို

သူတို့မှာလည်း သူတို့အား ရှိတယ်။

လျှော့မတွက်လိုက်ပါနဲ့။

ခင်ဗျားတို့လူမျိုးအချင်းချင်းကြားတောင်

စေ့မရ၊ ပြုမရနဲ့ ကွဲပြဲနေကြရင်

တော်ကြာ ကြားထဲက အခြားသူ စားသွားလိမ့်ဦးမယ်။

 

လောလောဆယ်စင်ပေါ်မှာက သူတို့

စင်အောက်မှာက ခင်ဗျားတို့၊

လွှတ်တော်အမတ်တစ်ယောက်ရဲ့ လုပ်အားက

ပါတီကလုပ်ပေးနိုင်တာထက် ပိုစွမ်းနေတယ်ဆိုတာ

သတိပြုလိုက်ဦး။

ပြည်သူအတွက် များများလုပ်ပေးလေ

ပြည်သူက များများသတိပြုမိလေပဲဆိုတာက အမှန်တရား။

 

အကြံပေးချင်တာကတော့

အချင်းချင်းကိုလည်း စုလည်းစုကြည့်၊

အပေးအယူအလျှော့အတင်း လုပ်နိုင်သမျှလုပ်။

ပြည်သူအတွက် ရှေ့ကရပ်ပြီး များများလုပ်ပေး၊ ပြောပေးပါ။

 

ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေရဲ့ ပြောနေကြစကား။

မြန်မာပြည်အရေး ကောင်းစေချင်ရင်တော့

ဖက်ဒရယ်ပြည်ထောင်စုရေးနဲ့ ဒီမိုကရေစီရေးကို

အားလုံးပါဝင်ပြီး တပြိုင်နက်ယှဉ်တွဲလုပ်မှ

ဖြစ်ပါမယ်ဆိုတာ ပြောပြရင်း။

မိုးကုတ်ကိုတိုး( ၆-၇-၂၀၁၄)

#to be happy#

$$ kotoetoe $$

ရေတွင်းထဲကဖားသူငယ်လေးကျွန်တော် ( နွားခြေရာခွက်ကသေးနေလို့)

ရေတွင်းထဲကဖားသူငယ်လေးကျွန်တော်

( နွားခြေရာခွက်ကသေးနေလို့)

 

ကိုယ်နေတဲ့ရေတွင်းကလေးတုန်းက

အပြင်ကမ္ဘာကြီး ဘယ်လောက်ကျယ်မှန်းမသိ

ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် အပျော်ကြီးပျော်၊

အဟုတ်ကြီးဟုတ်နဲ့

အလုပ်ကိုဖြစ်လို့။

ဟိုလိုကလေးလုပ်လိုက်

ဒိလိုကလေးလုပ်လိုက်နဲ့

တကယ့်အလုပ်ကြီးလုပ်နေရသလို။

 

ကံအကြောင်းမသင့်တော့လည်း

ဘတ်ကနဲ ရေတွင်းအပြင် ရောက်သွားမိလိုက်တယ်။

ကိုယ်မြင်တဲ့ ကမ္ဘာက ကျယ်လှချည်လား

ကိုယ်တွေ့ရတဲ့ အတွေးရောင်စုံကမ္ဘာက

ရောင်ခြယ်တွေ များမှ များ၊

 

မြင်ရကြုံရ လုပ်ရကိုင်ရတာတွေက

ရေတွင်းထဲတုန်းကနဲ့မတူ

များမှများ၊ ပေါမှပေါ၊

ဦးနှောက်စားမှစား။

 

အရင်က ဖြစ်ချင်တာတွေ အရမ်းများခဲ့။

တစ်ဖက်အနေအထား၊

အခြားသူတွေအနေအထား

ကိုယ့်အနေအထားတွေ မစဉ်းစားမိခဲ့။

သူပြောတာအမှန်၊

သူလုပ်တာအမှန်

အပေါ်ကလာမယ့် ညွှန်ကြားချက်ကိုစောင့်နေတာတို့

သူထွက်လာရင် လုပ်ပြပါလိမ့်မယ်ဆိုတဲ့

မျှော်လင့်ချက်အတွေးတွေနဲ့

ကိုယ့်ကမ္ဘာကြီးထဲမှာ ပျော်နေမိခဲ့တယ်။

 

အပြင်ကမ္ဘာရောက်လာတော့မှ

ကိုယ့်တစ်ဖက်ထဲတင် ကြည့်ရမှာမဟုတ်ပါလား။

ထည့်သွင်းစဉ်းစားရမှာတွေက အများကြီး

မြန်မာ့နိုင်ငံရေးရှုတ်ထွေးသလောက်

ထည့်သွင်းတွက်ချက်ရမှာတွေကလည်း

များမှများ။ ပေါမှပေါ။

 

လူတစ်ယောက်နဲ့ငြင်းဖူးခဲ့တာ ပြန်အမှတ်ရမိ။

အန်စာတုံးမှာ မျက်နှာခြောက်ဖက်ရှိတာကို

မြင်အောင်ကြည့်ဖို့လိုတယ်၊

ပေါ်နေတဲ့တစ်မျက်နှာတည်းကို အာရုံမစိုက်ပါနဲ့ဆိုတော့

အောက်မျက်နှာပြင်ကို ဘယ်လိုကြည့်မလဲတဲ့။

လွယ်လိုက်သမျှ လွယ်၊

မြင်အောင် မပြီးကြည့်ပေါ့။

မလွယ်တာကတော့

ဒီလို မြင်အောင်မပြီးကြည့်ဖို့အတွက်

စိုက်ထုတ်ရမယ့်အား လိုနေတာပါ။

မှန်မှန်ကန်ကန်မြင်နိုင်တဲ့အားနဲ့ဆိုရင်

မြင်နိုင်ပေမယ့်

အရောင်ဖက်တဲ့ အားနဲ့ကြည့်မယ်ဆိုရင်တော့

မဖို့တောင် မလွယ်၊မြင်ဖို့ဆိုဝေးသေး။

 

အဲ့ဒီတော့လည်း

ရေတွင်းထဲက ထွက်လာမိတဲ့ ဖားသူငယ်လေး

ခေါင်းထဲဆန့်သလောက်၊

ဥာဏ်လေးမှီသလောက်

မြင်နေမိတဲ့ ကမ္ဘာလောကရဲ့မြင်ကွင်းလေးကို

ပြောနိုင်သလောက်လေး ပြောနေပါကြောင်း။

မိုးကုတ်ကိုတိုး( ၈-၇-၂၀၁၄)

#to be happy#

$$ kotoetoe $$

ကျွန်တော်ပြောချင်တာလေးတွေ(၁၀-၇-၂၀၁၄)


ကျွန်တော်ပြောချင်တာလေးတွေ(၁၀-၇-၂၀၁၄)

 

အချိုကလူတွေများအကဲဖြတ်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတာ မြန်မှမြန်

သူ့ကိုမှမထောက်ခံရင်ဟိုလူတွေရဲ့ တပည့်နောက်လိုက်သြဇာခံဆိုလား။

 

ခေါင်းဆောင်ကြီးက၂၀၁၀မှာ  ဘေးထွက်နေလိုက်တော့

လူ၊ ပါတီ နဲ့ပြည်သူ

ဘယ်သူ့ကို ထိပ်ထားရမလဲဆိုတာကို

မြင်တတ်၊ အကဲဖြတ်တတ်၊

ဆုံးဖြတ်တတ်၊ ဆုံးဖြတ်ရဲတဲ့

ကျွန်တော်တို့ နိုင်ငံရေး ရေဆန်လေထန် ခရီးကြမ်းမှာ

ပါတီတစ်ခုကို ထူထောင်ရင်း တစ်ဖက်လူတွေကို

 အန်တုနိုင်သမျှ အန်တုပြခဲ့နိုင်တယ်။

 

အင်အားလေးက ရှိမဲ့စုမဲ့

ရဲဘော်ရဲဘက်၊ သေဖော်သေဖက်

၊ ထောင်ကျဖော်ထောင်ကျဖက်တွေများအကြား

ပြောလိုက်တာကလည်း ရစရာကို မရှိ။

နောက်ကလိုက်ဆွဲချတာကလည်း ဟိုဘက်ကလူတွေကအနေသာ

သူတို့က ကဲမှကဲ။ ရဲမှရဲ

ပြီးတော့ မုန်းမှလည်းမုန်း၊

တသက်လုံးနှိပ်စက်လာတဲ့သူတွေထက်ကို

ကျွန်တော်တို့ကို ပိုမုန်းသေး။

လမ်းတွေ့လို့တောင် မခေါ်နိုင်၊ မပြောနိုင်၊ ပြုံးမပြနိုင်ခဲ့ကြတဲ့သူတွေ

သူတို့ညီလာခံကြီးမှာ ဆိုလိုက်ပါသေး။

သစ္စာဖောက်ကြီးတွေဆိုပါလား။

နိုင်ငံရေးပါရာဇိကကျသူတွေလို့တောင် ကမ္ဗည်းတပ်လိုက်သေး။

 

ရလိုက်တဲ့ကျွန်တော်တို့အတွက် ဘွဲ့တွေက များမှများ။

ရေတွက်လို့တောင် မနိုင်။

တစ်သက်လုံးပြိုင်လာတဲ့ ရန်သူဆိုသူတွေကများ

ပေးလိုက်တဲ့ဘွဲ့ဆိုရင် ခံသာသေး။

အချင်းချင်းပြန်ပေးတဲ့ဘွဲ့ဆိုတော့လည်း

ပြောချင်သလိုသာ ပြောပေတော့။

ခင်ဗျားတို့သာ အမှန်။

 

၂၀၁၀ တုန်းက ပြောခဲ့ပြီးပြီ။

ကျုပ်တို့က ပါတီကို ဆက်ရှိစေချင်တဲ့သူတွေ၊

ပါတီကို ပျက်စေချင်တဲ့သူတွေမဟုတ်။

ကျုပ်တို့က နိုင်ငံရေးကို ဆက်လုပ်မယ့်သူတွေ၊

အမှိုက်ကောက်၊ သစ်ပင်စိုက်မယ့် လူတွေမဟုတ်။

ပြောတဲ့အတိုင်းလုပ်ခဲ့တယ်။

လူပ်တဲ့အတိုင်းပြောခဲ့တယ်။

 

လွှတ်တော်ကိုလည်း ရှိတဲ့သူတွေနဲ့ ကိုင်လှုပ်ခဲ့တယ်။

လုပ်နိုင်သမျှ အခွင့်အရေးရနိုင်သမျှ

ပြည်သူအတွက်

နိုင်ငံအတွက်

ပြောလည်းပြောခဲ့ပြီးပြီ။

ပြောလည်းပြောနေဆဲ။

ဆက်လည်းပြောနေဦးမှာ။

 

ခင်ဗျားတို့ ဘာပြောပြော

ဘယ်လိုထင်ထင်

ယုံကြည်မှုရှိရှိနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ကြဦးမှာ။

ပါတီစထောင်ကတည်းက

ကိုယ့်ယုံကြည်ချက်ကို ကိုယ်ထိပ်တင်ပြီး

ယုံကြည်ချက်တူကြသူတွေ စုပေါင်းပြီး

ကိုယ့်အားကိုယ်ကိုးနဲ့ စပြီးလျှောက်ခဲ့ကြတာ။

အားကိုးစရာ  အားထားစရာ လူလည်း မရှိ၊

အခုလည်း ကိုယ့်အားကိုယ်ကိုးပဲ။

ဘာကိုမှ ထိတ်လန့်စရာမရှိ၊

ဘာကိုမှလည်း မျက်နှာထောက်စရာမရှိ။

 

အဲ့ဒီတော့လည်း သမိုင်းမသိ၊ သမိုင်းမရှိကြတဲ့

လက်သစ်နိုင်ငံရေးသမားတွေက

(တံတားကျိုးသခင်များလို့တော့ မပြောလိုပါ)

ပြောချင်သလိုပြော

 ထင်ချင်သလိုသာထင်၊

ရေးချင်သလိုသာရေးကြဗျာ။

 

ကျွန်တော်တို့လည်း လုပ်နိုင်တာတွေကို

လုပ်နိုင်သမျှ ဆက်လုပ်သွားဦးမှာပါ။

နေမင်းကြီးမရှိတုန်းကတော့

ကြယ်ကလေးတွေ လင်းလက်ခဲ့ပါတယ်။

သူတို့တာဝန်တွေ ကျေခဲ့ပါတယ်။

နေမင်းကြီးသာနေပြီဆိုတော့

သူသာနေသမျှကတော့

ကြယ်ကလေးတွေရဲ့အရောင်လေးတွေ

ဆက်မှိန်နေကြဦးမှာပါ။

ဒါက အမှန်တရားပါ။

မိုးကုတ်ကိုတိုး ( ၁၀-၇-၂၀၁၄)

be happy#

$$ kotoetoe $$

Thursday, July 10, 2014

ယူနတီသတင်းဂျာနယ်နှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၂/၂၀၁၄ )

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်

 

ယူနတီသတင်းဂျာနယ်နှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

ယနေ (၁၀-၇-၂၀၁၄)ရက်နေ့တွင် ပခုက္ကူတရားရုံးမှ ယူနတီဂျာနယ်မှ ဦးတင့်ဆန်း၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုး၊ ဦးလူမော်နိုင် တို့ကို လျှို့ဝှက်လက်နက်စက်ရုံအကြောင်း ရေးသားခဲ့မှုဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ် ယနေ့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကြားသိရပါသည်။

ထိုသတင်းကို ကြားသိရသဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဂျာနယ်အယ်ဒီတာနှင့်  သတင်းထောက်များအတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ထိုသူများအား  ယခုကဲ့သို့ မြင့်မားသော ပြစ်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့ခြင်းကိုလည်း လွန်စွာစိုးရိမ်မိပါသည်။ ကြီးလေးသောပုဒ်မများတပ်၍ အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းသည် လက်ရှိပွင့်လန်းလာနေသည့်မြန်မာ့မီဒီယာလောကအတွက်  သတိပေးခေါင်း လောင်းသံသဖွယ် ဖြစ်နေပါသည်။ ယခုအသစ်ပြဋ္ဌာန်းထားသော သတင်း မီဒီယာဥပဒေများအရ အရေးယူ ဆောင်ရွက်သင့်ပြီး ထိုက်သင့်သော ငွေဒဏ်၊ထောင်ဒဏ်များကိုသာ ချမှတ်သင့်ကြောင်း ပါတီအနေဖြင့် သဘော ရရှိပါသည်။

         ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသော ယနေ့အချိန် တွင် သတင်းမီဒီယာများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Friday, July 4, 2014

ဘယ်ပါတီ နိဂုံးချုပ်မလဲ

ဘယ်ပါတီ နိဂုံးချုပ်မလဲ

 ဦးကျော်အောင် (NDF)

 

ပြည်သူ့အကျိုးနဲ့ ပြည်သူ့အကြိုက် ဘယ်ဟာလိုက်မလဲ

                 ပြည်သူမကြိုက်တဲ့ ပါတီ နိဂုံးချုပ်မယ်လို့ပြောရင်မပြည့်စုံသေးပါ။

                 ကနေ့မြန်မာနိုင်ငံရေးမှာအခြေခံဥပဒေပြင်ဆင်ရး၊ တပ်မတော်သား ၂၅ရာခိုင်နှုန်း၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ပီအာ စနစ်၊မျိုးစောင့်ဥပဒေစတာတွေကို ဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဒီအရေး များအတွက် နိုင်ငံရေးပါတီများရဲ့ ဆုံးဖြတ်ချက်တွေဟာ သိပ်အရေးကြီးပါတယ်။ မဟာဗျူဟာ သေတွင်းကျဆုံးဖြတ်ချက်တွေ လို့လည်း ဆိုနိုင်ပါတယ်။ တစ်ချက်ကလေးမှားယုံမျှနဲ့ နိုင်ငံရဲ့ အနာဂတ်ေ၀၀ါးသွားနိုင်သလို မှားယွင်းဆုံးဖြတ်တဲ့ နိုင်ငံရေးပါတီလည်း လူမမာလို အားနည်းသွားနိုင် ပါတယ်။နိဂုံးလည်းချုပ်သွားနိုင်ပါတယ်။

                 အခြေခံဥပဒေပြင်ဆင်ရေးကို အခုပြင်၊အဖုံးချန်ပြီးကျန်တာအကုန်ပြင်၊အဖုံးပါပြင်လုပ်ကြ မှာလား။ မဟာဗျူဟာကျကျဘယ်ပုဒ်မကိုအရင်ပြင်၊ဘယ်ပုဒ်မတွေကိုနောက်တစ်ဆင့်ပြင် စသဖြင့် ညှိညှိ နှိုင်းနှိုင်းဆောင်ရွက်ကြမှာလား။ တပ်မတော်သား ၂၅ရာခိုင်နှုန်းကိစ္စကိုပြည်သူ့အားနဲ့ပြင်ဖို့ကြိုးစားမှာ လား။ အမျိုးသားသင့်မြတ်ရေးမူဘောင်အတွင်းကနေကြိုးပမ်းမှာလား။ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး ကို မိမိအဖွဲ့ အစည်းလိုလားချက်တစ်ခုကိုအသေဆုပ်ကိုင်ပြီးကြိုးစားမှာလား။ တစ်ဆင့်ပြီးတစ်ဆင့် အပေး အယူအလျှော့ အတင်း နဲ့ ညီအောင်ညှိကြမှာလား ။ ပီအာ ရွှေးကောက်ပွဲစနစ်ကို ငြင်းဆန်ကျားကန်တဲ့ နည်းနဲ့ရင်ဆိုင်မှာလား။ အကောင်းဆုံးအဖြေတစ်ခုရအောင်အကျိုးသင့်အကြောင်းသင့် ဆွေးနွေး အဖြေရှာမှာလား။မျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးအမြင်နဲ့ငြင်းပယ်မှာလား၊ အမျိုးသားရေးကို ပြီးပြည့်စုံမှုရှိအောင် ပြင်ဆင်ဖြည့်စွက်မှာ လား။ဘက်ပေါင်းစုံက ပြည့်ပြည့်စုံစုံ စဉ်းစားဆုံးဖြတ်ကြဖို့ လိုပါတယ်။

                 ဒီကနေ့မြန်မာ့အရေးတွေအပေါ်မှာ အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ပြုရမှာဖြစ်ပါတယ်။ သဘောထားကွဲလွဲကြခြင်းရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ တန်ဖိုးနဲ့ အကျိုးစီးပွားတွေရှိတက်ကြတာကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ ဘယ်အစွန်း ရောက်မှုပဲဖြစ်ဖြစ်၊ အတ္တအကျိုးစီးပွားနဲ့ ယှဉ်ပြီးပေါက်ဖွားတက်ကြတာကိုလည်း နှလုံးသွင်းကြရမှာဖြစ် ပါတယ်။

                 မြန်မာစကားမှာ အရေးပါအရာရောက်ဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။ ဖြေရှင်းကြရမယ့် မြန်မာ့အရေးတွေကို အရာရောက်အောင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဒီလိုဖြေရှင်းကြတဲ့အခါမှာ လွှတ် တော်တွင်းလွတ်တော်ပြင်ပ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ ဖြေရှင်းကြမှာလား၊လူထုအားနဲ့ထိပ်တိုက်ရင် ဆိုင်မှာလားဆိုတဲ့ နည်းလမ်းနှစ်သွယ်ကို စဉ်းစားကြရမယ့်အနေအထားဖြစ်ပါတယ်။ ဘယ်နည်းလမ်း က အရာရောက်မယ်၊ ရလာဒ်ကောင်း ထွက်နိုင်မယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံရေးပါတီ တွေ စဉ်းစားကြရမယ့် ကိစ္စဖြစ်ပါတယ်။အများပြည်သူရဲ့ ဘ၀အသီးသီးအတွက် အရာရောက်အောင် ရလာဒ်ကောင်း ထွက်အောင် ဘာတစ်ခုမှစွမ်းဆောင်မပေးနိုင်ရင် ဘာမှမဟုတ်တဲ့နိုင်ငံရေးပါတီဖြစ်သွား မှာသေချာပါတယ်။

                 ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးမှာ နိုင်ငံရေးပါတီမှန်ရင် ရွေးကောက်ပွဲဝင်ကြရမှာ ပါပဲ။ ပြည်သူ့အဆုံးအဖြတ်ကို ခံရမှာဖြစ်လို့ ပြည်သူကြိုက် မကြိုက်ဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်ဟာ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်များများ ရွှေး ကောက်တင်မြှောက်ခံရဖို့အရေးဟာလည်း အရေးပါ ပါတယ်။ အဲဒါတွေထက်အရေးပါအရာရောက် တာကတော့ နိုင်ငံရေးပါတီများရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူ့အကျိုးစီးပွားအတွက် အဆိုတွေ၊မေးခွန်းတွေ ၊ဥပဒေကြမ်းတင်သွင်းတာတွေနဲ့ ပြည့်သူ့အကျိုးကို ထိထိရောက်ရောက်ဆောင် ရွက်သွားကြပြီလား၊  မဆောင်ရွက်နိုင်သေးဘူးလား။ ဒီဆောင်ရွက်မှုတွေနဲ့နိုင်ငံရေးပါတီတစ်ရပ်ရဲ့တန်ဖိုးကို အဲဒီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာ လွှတ်တော်ထဲမှာ ပြည်သူ့အကျိုးဘယ်လောက်သယ်ပိုးနိုင်ခဲ့ပြီလဲဆိုတာနဲ့ တိုင်းတာရမှာဖြစ် ပါတယ်။

                 နိုင်ငံရေးပါတီတစ်ရပ်အတွက် ပြည်သူကြိုက် မကြိုက်ဆိုတဲ့အချက်ဟာ အလွန်အမင်း အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ပြည်သူ့အကျိုးနဲ့ပြည်သူ့အကြိုက်ထပ်တူမကျတဲ့ အခါမျိုးမှာ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်တဲ့ နိုင်ငံရေးပါတီဟာပြည်သူကြိုက်မဖြစ်တဲ့ ဆုံးဖြတ်ချက်မျိုး ကိုလည်း ရဲရဲကြီးချရဲရပေလိမ့်မယ်။ တကယ်တော့လည်း နိုင်ငံရေးပါတီဆိုတာ ပြည်သူနောက်မြှီးဆွဲ မဟုတ်ပဲ ပြည်သူကို ရှေ့ဆောင်ကြရမယ်ဆိုတာ ခပ်ပြတ်ပြတ်ပြောရပေလိမ့်မယ်။ လက်ခုတ်သံထက် ပြည်သူ့အတွက် အဆိုခံအဆဲခံ လုပ်တန်လုပ်ရပါမယ်။ ပြည်သူ့အတွက် နိုင်ငံရေးနဲ့ အဲ့ဒီပါတီရဲ့  နိုင်ငံရေးတန်ဖိုးပါပဲ။

                 နောက်တစ်ခုက နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ အကြောင်းအရာကိုလိုက် ပြီး တစ်ခြားနိုင်ငံရေးပါတီတွေနဲ့ သဘောထားချင်းတူချင်လည်းတူမယ်။ တူချင်မှလည်းတူမယ်။ နိုင်ငံ ရေးပါတီတစ်ရပ်စဉ်းစားရမှာက ဒီပါတီနဲ့ တူသွားလိမ့်မယ်။ ဟိုပါတီနဲ့မတူသွားလိမ့်မယ်လို့ စဉ်းစား ရမှာမဟုတ်ပဲ အကြောင်းအရာအလိုက်ကိုယ့်ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ်ချမှတ်ရမှာဖြစ်တယ်။ ဒီလိုဆုံးဖြတ်လိုက်လို့ ဘယ်သူဘယ်ဝါ အထင်လွဲချင်လွဲပါစေ ကိုယ်လိပ်ပြာကိုယ်သန့်သန့်နဲ့ ဆောင် ရွက်နိုင်ဖို့သာ လိုရင်းဖြစ်ပါတယ်။

                 မြန်မာနိုင်ငံမှာရှိတဲ့ ကြီးကြီးငယ်ငယ်၊ရွယ်ရွယ်လတ်လတ် ဘယ်နိုင်ငံရေးပါတီမဆို  ပြည်သူ့ ထောက်ခံမှုနဲ့ ထိုက်တန်တဲ့ ပြည်သူ့အကျိုးလက်တွေ့ဖော်ဆောင် နိုင်မယ့် မူဝါဒတွေချမှတ်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ် မူဝါဒကောင်းရင် နိုင်ငံအတွက်ကောင်းမှာ ဖြစ်ပြီး အဲ့ဒီပါတီလည်း အောင်မြင် မှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်မူဝါဒညံ့ရင် နိုင်ငံအတွက် မကောင်းနိုင် သလိုအဲဒီပါတီ ကျဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့နိုင်ငံရေးအတွက် မှန်ကန်ကောင်းမွန်တဲ့ မူဝါဒတွေ  ရှိပြီလား၊ မရှိဘူးလား။ ချမှတ်ထားသလား။ မချမှတ်ထားဘူးလားဆိုတာ ဘယ်နိုင်ငံရေးပါတီမဆို နိဂုံးချုပ်သွားနိုင် တယ်ဆိုတာ ထဲ့သွင်းစဉ်းစားဖို့လိုမှာဖြစ်ပါတယ်။

Tuesday, July 1, 2014

မန္တလေးတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့်ပတ်သက်၍ NDF ပါတီ၏ သဘောထားကြညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၃၁/ ၂၀၁၄

ရက်စွဲ။  ၂၀၁၄ခုနှစ် ၊ ဇူလိုင်လ(၂)ရက်

 

မန္တလေးတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့်ပတ်သက်၍

NDF ပါတီ၏ သဘောထားကြညာချက်

 

ယမန်နေ့( ၁-၇-၂၀၁၄) ညပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည့်သတင်း များကို ၀မ်းနည်းဘွယ်ရာ ကြားသိရပါသည်။  အွန်လိုင်းသတင်းရင်မြစ်တစ်ခုအပေါ် အခြေခံ၍ ထိုသို့ လူအုပ်စုဖွဲ၍ အဓိဂရုံးဆန်ဆန် ဖြစ်စေရန် တမင်ဖန်တီးစေ့ဆော်မှုသည် မြန်မာ့လူ့အဖွဲ့အစည်းပေါ်တွင် ရေရှည် တည်ငြိမ်ရေးအတွက် ကောင်းကျိုးလော၊ ဆိုးကျိုးလော ဆိုသည်ကို နှစ်ဖက်သော အဖွဲ့အစည်းများက စဉ်းစား ပြီးမှ တရားနည်းလမ်းကျစွာ ဆောင်ရွက်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် တိုက်တွန်း လိုပါသည်။

 ယခုဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင်သာမက မြန်မာပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာ ဖြစ်ရပ်များနှင့် ယဉ်၍ထည့်သွင်းစဉ်းစားပါက စိုးရိမ်ဘွယ်ရာ ဖြစ်ဆဲဟု ဆိုရပါမည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတစ်ဝှမ်းရှိ နယ်မြေဒေသအချို့နှင့် ရခိုင်ပြည်နယ်အပါအ၀င်တွင် လူအုပ်စုနှစ်စုအကြား တင်းမာမှုသည် လွန်စွာအကဲဆတ်လျက်ပင် ရှိနေသည်ကို တွေ့နေရဆဲကြောင့် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ဤသို့သောဖြစ်ရပ်တွင် နောက်ခံပယောဂများ ပါ-မပါဆိုသည်ကို ဝေခွဲရန် ခက်သည့် တိုင် လူ့အဖွဲ့အစည်းအချင်းချင်းအကြား သဟဇာတဖြစ်ရေးကို ရှေ့ရှုကြဖို့လိုအပ်ပါသည်။ ထိုနေ့ ညနေခင်းမှစ၍ အွန်လိုင်းပါသတင်းများကြောင့် လှုပ်ရွလှုပ်ရွဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ သက်ဆိုင် ရာ အာဏာပိုင်များက အခြေအနေများကို ထိန်းသိမ်းရန်အတွက် အစီအမံများ ချမှတ်သည်ဆိုသော်လည်း အကဲဆတ်မှုများ ရှိနိုင်သည့်အတွက်  လုံခြုံရေးအစီအမံများ ယခုထက်ပို၍ အထူးပင် ဂရုပြုဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်ပါသည်။  ထို့ပြင် မြန်မာ့လူမှုအကျိုးစီးပွားကို မျှော်တွေး၍ ပြစ်မှုကျူးလွန်သူများကို တရား ဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းကြပါရန် အလေးအနက်တိုက်တွန်းလိုပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်လျှက်ရှိသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ကိုးကွယ်သူဖြစ်စေ၊  ၄င်းတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့အား  နိုင်ငံတော်အနေဖြင့် ကာကွယ်စောင့်ရှောက်ပေးရမည်သာ ဖြစ်သည်။ ယခုကဲ့သို့ ဆုံးရှုံး နစ်နာမှုများအတွက် လူ့အခွင့်အရေးရှု့ဒေါင့်နှင့် လူသားဝါဒရှုဒေါင့်တို့မှနေ၍ ၀မ်းနည်းဖွယ်ရာ ဖြစ်ပါကြောင်း ကျွန်ုပ်တို့ NDF  ခမောက်ပါတီမှ ပြောကြားလိုပါသည်။ ထို့အတူ စိတ်လိုက်မာန်ပါပြုမူမှုများကိုလည်း နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအရ ထိန်းသိမ်းဆောင်ရွက်ကြပါရန် ပြည်သူများသို့ အထူးမေတ္တာရပ်ခံပန်ကြားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

NDF ပါတီရဲ့နိဂုံးဆောင်းပါးအား တရားဝင်တုန့်ပြန်ကြောင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၃၀/ ၂၀၁၄

ရက်စွဲ။  ၂၀၁၄ခုနှစ် ၊ ဇူလိုင်လ(၂)ရက်

 

          NDF ပါတီရဲ့နိဂုံးဆောင်းပါးအား တရားဝင်တုန့်ပြန်ကြောင်း သတင်းထုတ်ပြန်ခြင်း

 

         " NDF ပါတီရဲ့ နိဂုံး" ဆောင်းပါးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအတွင်းရှိ ပါတီစည်းရုံးရေးကော်မတီအဆင့်ဆင့်တို့မှ ပါတီဌာနချုပ်သို့ တောင်းဆိုချက်များအရလည်း ကောင်း၊ အဆိုပါ တောင်းဆိုချက်များအပါအ၀င် ပါတီ၏နိုင်ငံရေးဂုဏ်သိက္ခာကို မမှန်မကန်ဝေဖန်ပုတ်ခတ်မှုအား တရားမျှတစွာ ပြန်လည်တုန့်ပြန်ရန်ဟူသည့် နိုင်ငံရေးတာဝန်အရလည်းကောင်း၊  အမျိုးသားဒီမိုကရေစီအင်အားစု NDF (ခမောက်)ပါတီမှ အောက်ပါအတိုင်း သတင်းထုတ် ပြန်လိုက်သည်။

         ရန်ကုန်တိုင်းဂျာနယ်တွင် ဆောင်းပါးရှင် စည်သူအောင်မြင့်ရေးသားသော "NDF ပါတီရဲ့နိဂုံး" အမည်ရှိ ဆောင်းပါးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ မြို့နယ်စည်းများနှင့် တိုင်းနှင့်ပြည်နယ်စည်း များက အရေးယူဆောင်ရွက်ပေးရန် တင်ပြလာခြင်းများနှင့်အတူ၊ ထိုဆောင်းပါးပါ ရေးသားချက်များသည် NDF ပါတီ ၏ လက်ရှိလုပ်ဆောင်နေသော ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် ပြည်သူများအတွက် လုပ်ဆောင်နေမှု များအပေါ် အဆိုးမြင်စေသည့်သဘောထားများ စာဖတ်သူများအတွင်း ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေဖြင့် ထိုကိစ္စအပေါ် အရေးယူဆောင်ရွက် ပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားထားပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ