Monday, July 21, 2014

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ်   ၃၄/ ၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်

 

NDF ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများတွေ့ဆုံ

         ၂၁-၇-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဌာနချုပ် အစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ် တာဝန်ရှိသူများ  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါး နှင့်ပတ်သက်၍ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

         ထို ညှိနှီုင်းဆွေးနွေးပွဲသို့ NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်း(မ်)ဂျာနယ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းခိုင်နှင့် အယ်ဒီတာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။  ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြခဲ့သော NDF ပါတီ၏နိဂုံး ဆောင်းပါးနှင့်ပတ်သက်၍ နှစ်ဖက်အမြင် သဘောထားများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး  တွေ့ဆုံပွဲကို နေ့လည် ၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

         နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်များကို နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံပြီးသည့်အခါမှ သတင်း အကျယ်ထုတ်ပြန်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment