Friday, July 11, 2014

တိုင်းရင်းသားအရေးနဲ့ ကျွန်တော့်အတွေး( ၆-၇-၂၀၁၄)

တိုင်းရင်းသားအရေးနဲ့ ကျွန်တော့်အတွေး( ၆-၇-၂၀၁၄)

 

၂၇-၁၀-၁၉၈၈ ကနေ ၆-၅-၂၀၁၀ ထိ

ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့ရတဲ့

ဒီမိုကရေစီဦးဆောင်ပါတီကြီးရဲ့ မူလသမိုင်းဟောင်းမှာတော့

၁၉၈၉ က ၂၉ ပါတီလောက် စုစည်းထားတဲ့ တိုင်းရင်းသားတွေရဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးပြီး

ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ခဲ့တာကလွှဲလို့

နောက်ပိုင်းကာလတွေမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပါတီခေါင်းဆောင်ပိုင်ကလူတွေ

တိုင်းရင်းသားပါတီ တွေနဲ့ ထိရောက်တဲ့ဆွေးနွေးမှုတွေ မလုပ်ဖြစ်ခဲ့ကြပါ။

 

သူကြေညာချက်ထုတ် ကိုယ်က ထောက်ခံ

ကိုယ်ကကြေညာချက်ထုတ် သူကထောက်ခံ။

၁၉၉၇ မှာ လွှတ်တော်ခေါ်ယူရေးဆောင်ရွက်ရင်း

လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာကို

တိုင်းရင်းသားပါတီအချို့နဲ့ဖွဲ့စည်းပြီး

ကြေညာချက်တွေကို တစ်ခုပြီး ထုတ်လာခဲ့တယ်။

အကျေအလည်ဆွေးနွေးကြပြီးမှ

ကြေညာချက်တွေထုတ်ခဲ့တာလားဆိုတာတော့

သူတို့ပဲ သိလိမ့်မယ်။

 

နောက်တစ်ခါလာပြန်ပြီ

၂၀၁၀မှာ ကလေးမြို့ကြေညာချက်နဲ့

ဒုတိယပင်လုံ။

ထွက်လာတုန်းကတော့ နာမည်ကြီးကိုဟီးလို့

အတွင်းရော။ အပြင်ရော ထောက်ခံလိုက်ကြတာ

တရားဝင်မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီတွေ မပါ။

အကျယ်ချုပ်က လွှတ်လာသူလက်ထဲ

ဆက်လက်ဆောင်ရွက်ပေးဖို့ တာဝန်လက်ဆင့်ကမ်းပွဲ

အခမ်းအနားနဲ့ လုပ်လိုက်ပါတယ်။

အခုတော့ ဒုတိယပင်လုံ ဘယ်နားရောက်နေမှန်းမသိ။

 

ကိုယ့်ခေါင်းဆောင်တွေက တွေခဲ့တုန်းကပြောခဲ့ာကြပါတယ်

ဒီမိုကရက်တစ်တွေအားလုံးပါဝင်နိုင်တဲ့လမ်းကြောင်းကို

ဖော်ဆောင်ပြီး ဦးဆောင်မှုပေးပါ၊

တိုင်းရင်းသားပါတီတွေ ပါဝင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားတာဝန်ယူပါမယ်လို့၊

ပြောတုန်းကတော ဟုတ်သလိုလိုနဲ့ခဏ

နောက်တော့လည်းဒီအသံလေး ဘယ်ပျောက်သွားမှန်းမသိလိုက်။

အမျိုးသားရေးဦးဝင်းနိုင်ကြီးကို အားနာလိုက်တာ

သူ့ခဗျာ ညီညွတ်နိုင်ရေးအတွက်

အရွယ်ကိုမှအားမနားတမ်းကြိုးပမ်းလိုက်ရတာ

ထွက်လာတဲ့ရလာဒ်က သုည။

 

ကျွန်တော်တို့လည်း ကြိုးစားခဲ့ကြပါတယ်။

ဒီမိုကရေစီမိတ်ဆွေပါတီများမှ တိုင်းရင်းသားပါတီကြီးငါးခု ပါခဲ့ပါတယ်။

အစည်းအဝေးပေါင်းများစွာမှာ အကြေအလည် ဆွေးနွေးကြပြီးမှ

သဘောတူညီချက်တွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

သူတို့သဘော၊သူတို့ဆန္ဒနဲ့ သူတို့ဖြစ်ချင်တာကို

နားလည်ခဲ့သလို

ပြည်မပါတီတွေရဲ့ သဘောသဘာဝကိုလည်း

သူတို့သဘောပေါက်ခဲ့ကြပါတယ်။

 

၂၀၁၀ မှာ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့ကြသူတွေက

အတိတ်ဟောင်းက အတွေးဟောင်းတွေထက်

လာမယ့်အနာဂတ်အတွက် ၊ အိမ်မက်သစ်တွေအတွက်၊

မျှော်လင့်ချက်သစ်တွေအတွက်

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတာအတွက်

ဒီမိုကရေစီအခွင့်အရေးတွေနဲ့

တိုင်းရင်းသားအခွင့်အရေးတွေအတွက်

ကျွန်တော်တို့ အကြေအလည်ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

 

တိုင်းရင်းသားတွေကလည်း သူ့အစုနဲ့သူ

ညီနောင်တိုင်းရင်းသားပါတီများအဖွဲ့ NBF

တဖြည်းဖြည်းပါဝင်လိုက်ကြတာ

အားလုံး ၁၇ ပါတီဆိုလား။

တိုင်းရင်းသားတော့ တိုင်းရင်းသားတွေပဲ။

ဒါပေမယ့် ဗမာတော့ မပါ။

ကိုယ်ကခွဲခြားတာတော့ မဟုတ်။

 

သူတို့က ၂၀၁၀ အုပ်စုဆိုပါလား။

ဟော ၉၀အုပ်စုဆိုတာ ရှိသေး။

လွှတ်တော်ထဲ မရောက်လိုက်တဲ့အုပ်စု။

အခုလွှတ်တော်ထဲမှာလည်း သူတို့မရှိ

ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ UNA

လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP လည်း သူတို့။

ဒီမိုကရေစီဦးဆောင်ပါတီကြီးရဲ့ ရဲဘော်ရဲဖက်၊

မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ကြီး ဆိုပါလား။

 

လက်ရှိပါတီပေါင်းက ၇၀ နီးပါး

ဒီမိုကရက်တစ်ဆိုသူတွေက တစ်ဝက်နီးပါး

တိုင်းရင်းသားပါတီတွေက အများစု

စုစည်းလို့မရ

ကပ်လို့မရ

ခေါ်လို့မရ

ညှိနှိုင်းလို့မရ။

သူကြိုက်တာ သူလုပ်

ကိုယ်ကြိုက်တာ ကိုယ်လုပ်

ရောက်ချင်ရာရောက်

ပေါက်ချင်ရာပေါက်

ဖြစ်ချင်ရာဖြစ်။

 

ဘာ ..အားကြီးတဲ့သူက အနိုင်ရမှာတဲ့လား။

အချိန်တန်တော့လည်း သူတို့အားနည်းပြီး

ပျောက်သွားကြမှာပါတဲ့လား။

လုပ်လိုက်လေ ၊ ကြာသလားလို့၊

ခင်ဗျားလည်း ခင်ဗျားအား ရှိသလို

သူတို့မှာလည်း သူတို့အား ရှိတယ်။

လျှော့မတွက်လိုက်ပါနဲ့။

ခင်ဗျားတို့လူမျိုးအချင်းချင်းကြားတောင်

စေ့မရ၊ ပြုမရနဲ့ ကွဲပြဲနေကြရင်

တော်ကြာ ကြားထဲက အခြားသူ စားသွားလိမ့်ဦးမယ်။

 

လောလောဆယ်စင်ပေါ်မှာက သူတို့

စင်အောက်မှာက ခင်ဗျားတို့၊

လွှတ်တော်အမတ်တစ်ယောက်ရဲ့ လုပ်အားက

ပါတီကလုပ်ပေးနိုင်တာထက် ပိုစွမ်းနေတယ်ဆိုတာ

သတိပြုလိုက်ဦး။

ပြည်သူအတွက် များများလုပ်ပေးလေ

ပြည်သူက များများသတိပြုမိလေပဲဆိုတာက အမှန်တရား။

 

အကြံပေးချင်တာကတော့

အချင်းချင်းကိုလည်း စုလည်းစုကြည့်၊

အပေးအယူအလျှော့အတင်း လုပ်နိုင်သမျှလုပ်။

ပြည်သူအတွက် ရှေ့ကရပ်ပြီး များများလုပ်ပေး၊ ပြောပေးပါ။

 

ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေရဲ့ ပြောနေကြစကား။

မြန်မာပြည်အရေး ကောင်းစေချင်ရင်တော့

ဖက်ဒရယ်ပြည်ထောင်စုရေးနဲ့ ဒီမိုကရေစီရေးကို

အားလုံးပါဝင်ပြီး တပြိုင်နက်ယှဉ်တွဲလုပ်မှ

ဖြစ်ပါမယ်ဆိုတာ ပြောပြရင်း။

မိုးကုတ်ကိုတိုး( ၆-၇-၂၀၁၄)

#to be happy#

$$ kotoetoe $$

No comments:

Post a Comment