Friday, July 11, 2014

ကျွန်တော်ပြောချင်တာလေးတွေ(၁၀-၇-၂၀၁၄)


ကျွန်တော်ပြောချင်တာလေးတွေ(၁၀-၇-၂၀၁၄)

 

အချိုကလူတွေများအကဲဖြတ်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတာ မြန်မှမြန်

သူ့ကိုမှမထောက်ခံရင်ဟိုလူတွေရဲ့ တပည့်နောက်လိုက်သြဇာခံဆိုလား။

 

ခေါင်းဆောင်ကြီးက၂၀၁၀မှာ  ဘေးထွက်နေလိုက်တော့

လူ၊ ပါတီ နဲ့ပြည်သူ

ဘယ်သူ့ကို ထိပ်ထားရမလဲဆိုတာကို

မြင်တတ်၊ အကဲဖြတ်တတ်၊

ဆုံးဖြတ်တတ်၊ ဆုံးဖြတ်ရဲတဲ့

ကျွန်တော်တို့ နိုင်ငံရေး ရေဆန်လေထန် ခရီးကြမ်းမှာ

ပါတီတစ်ခုကို ထူထောင်ရင်း တစ်ဖက်လူတွေကို

 အန်တုနိုင်သမျှ အန်တုပြခဲ့နိုင်တယ်။

 

အင်အားလေးက ရှိမဲ့စုမဲ့

ရဲဘော်ရဲဘက်၊ သေဖော်သေဖက်

၊ ထောင်ကျဖော်ထောင်ကျဖက်တွေများအကြား

ပြောလိုက်တာကလည်း ရစရာကို မရှိ။

နောက်ကလိုက်ဆွဲချတာကလည်း ဟိုဘက်ကလူတွေကအနေသာ

သူတို့က ကဲမှကဲ။ ရဲမှရဲ

ပြီးတော့ မုန်းမှလည်းမုန်း၊

တသက်လုံးနှိပ်စက်လာတဲ့သူတွေထက်ကို

ကျွန်တော်တို့ကို ပိုမုန်းသေး။

လမ်းတွေ့လို့တောင် မခေါ်နိုင်၊ မပြောနိုင်၊ ပြုံးမပြနိုင်ခဲ့ကြတဲ့သူတွေ

သူတို့ညီလာခံကြီးမှာ ဆိုလိုက်ပါသေး။

သစ္စာဖောက်ကြီးတွေဆိုပါလား။

နိုင်ငံရေးပါရာဇိကကျသူတွေလို့တောင် ကမ္ဗည်းတပ်လိုက်သေး။

 

ရလိုက်တဲ့ကျွန်တော်တို့အတွက် ဘွဲ့တွေက များမှများ။

ရေတွက်လို့တောင် မနိုင်။

တစ်သက်လုံးပြိုင်လာတဲ့ ရန်သူဆိုသူတွေကများ

ပေးလိုက်တဲ့ဘွဲ့ဆိုရင် ခံသာသေး။

အချင်းချင်းပြန်ပေးတဲ့ဘွဲ့ဆိုတော့လည်း

ပြောချင်သလိုသာ ပြောပေတော့။

ခင်ဗျားတို့သာ အမှန်။

 

၂၀၁၀ တုန်းက ပြောခဲ့ပြီးပြီ။

ကျုပ်တို့က ပါတီကို ဆက်ရှိစေချင်တဲ့သူတွေ၊

ပါတီကို ပျက်စေချင်တဲ့သူတွေမဟုတ်။

ကျုပ်တို့က နိုင်ငံရေးကို ဆက်လုပ်မယ့်သူတွေ၊

အမှိုက်ကောက်၊ သစ်ပင်စိုက်မယ့် လူတွေမဟုတ်။

ပြောတဲ့အတိုင်းလုပ်ခဲ့တယ်။

လူပ်တဲ့အတိုင်းပြောခဲ့တယ်။

 

လွှတ်တော်ကိုလည်း ရှိတဲ့သူတွေနဲ့ ကိုင်လှုပ်ခဲ့တယ်။

လုပ်နိုင်သမျှ အခွင့်အရေးရနိုင်သမျှ

ပြည်သူအတွက်

နိုင်ငံအတွက်

ပြောလည်းပြောခဲ့ပြီးပြီ။

ပြောလည်းပြောနေဆဲ။

ဆက်လည်းပြောနေဦးမှာ။

 

ခင်ဗျားတို့ ဘာပြောပြော

ဘယ်လိုထင်ထင်

ယုံကြည်မှုရှိရှိနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ကြဦးမှာ။

ပါတီစထောင်ကတည်းက

ကိုယ့်ယုံကြည်ချက်ကို ကိုယ်ထိပ်တင်ပြီး

ယုံကြည်ချက်တူကြသူတွေ စုပေါင်းပြီး

ကိုယ့်အားကိုယ်ကိုးနဲ့ စပြီးလျှောက်ခဲ့ကြတာ။

အားကိုးစရာ  အားထားစရာ လူလည်း မရှိ၊

အခုလည်း ကိုယ့်အားကိုယ်ကိုးပဲ။

ဘာကိုမှ ထိတ်လန့်စရာမရှိ၊

ဘာကိုမှလည်း မျက်နှာထောက်စရာမရှိ။

 

အဲ့ဒီတော့လည်း သမိုင်းမသိ၊ သမိုင်းမရှိကြတဲ့

လက်သစ်နိုင်ငံရေးသမားတွေက

(တံတားကျိုးသခင်များလို့တော့ မပြောလိုပါ)

ပြောချင်သလိုပြော

 ထင်ချင်သလိုသာထင်၊

ရေးချင်သလိုသာရေးကြဗျာ။

 

ကျွန်တော်တို့လည်း လုပ်နိုင်တာတွေကို

လုပ်နိုင်သမျှ ဆက်လုပ်သွားဦးမှာပါ။

နေမင်းကြီးမရှိတုန်းကတော့

ကြယ်ကလေးတွေ လင်းလက်ခဲ့ပါတယ်။

သူတို့တာဝန်တွေ ကျေခဲ့ပါတယ်။

နေမင်းကြီးသာနေပြီဆိုတော့

သူသာနေသမျှကတော့

ကြယ်ကလေးတွေရဲ့အရောင်လေးတွေ

ဆက်မှိန်နေကြဦးမှာပါ။

ဒါက အမှန်တရားပါ။

မိုးကုတ်ကိုတိုး ( ၁၀-၇-၂၀၁၄)

be happy#

$$ kotoetoe $$

No comments:

Post a Comment