| ||||||||||||||||||||||
| ||||||||||||||||||||||
| ||||||||||||||||||||||
Natanggap mo ang notipikasyong ito dahil nakarehistro ka bilang Mogokkotoe Ndf (mogokkotoe.ndf2013@blogger.com) sa Twoo - Itigil ang subskripsyon. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-tl@twoo.com | ||||||||||||||||||||||
Sunday, May 29, 2016
⚡️ Naghihintay makipag-chat sa 'yo ang mga taong ito!
Friday, May 27, 2016
NDFပါတီ၏ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စအယူခံတင်ထားမှုနှင့်ပတ်သက်သည့် သဘောထားကြေညာချက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စအယူခံတင်ထားမှုနှင့်ပတ်သက်သည့်
သဘောထားကြေညာချက်
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ မေလ (၂၇)ရက်
ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တရားခံများအဖြစ် စွပ်စွဲခံ ထားရသူ မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသော ရှေ့နေကြီး ဦးအောင်မျိုးသန့်( လက်ရှိ ထိုင်းနိုင်ငံ မြန်မာသံရုံးမှ ဖွဲ့စည်း ပေးထားသော အထူးစုံစမ်းရေးကောမတီ၏ ဥပဒေအကြံပေး)အား NDF ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ မှ ပါတီဌာနချုပ်သို့ ဖိတ်ကြားဆွေးနွေးခဲ့ပါသည်။
ယခုအခါ လိပ်ကျွန်းလူသတ်မှုကိစ္စတွင် စွပ်စွဲခံနေရသော မြန်မာလူငယ်နှစ်ဦးအား အယူခံလက်ခံရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်ကို သိရှိရပါသည်။
ဤသို့ မြန်မာလူငယ်များ၏ မတရားသဖြင့် စွပ်စွဲခံနေရသည်ကို တရားသဖြင့်ဖြေရှင်းရန်မှာ လွန်စွာ အရေးကြီးသည်ဟု ရှုမြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ NDF ပါတီအနေဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား(၃)သန်းခန့်တို့အတွက် အနာဂတ် တွင် မှန်ကန်သော တရားဥပဒေဆိုင်ရာ လုံခြုံသောအခွင့်အရေးများ ရရှိနိုင်ရေးနှင့်ပါ အကြုံးဝင်နေသည်ဟု ယူဆပါသည်။
သို့ပါ၍ ဤလိပ်ကျွန်းလူသတ်မှုတွင် အမှုမှန်ပေါ်ပေါက်ရေးသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားမ များအရေးနှင့် တဆက်စပ်တည်းရှိသည်ဟု ရှုမြင်ပါသဖြင့် အဆိုပါလိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံ မြန်မာလူငယ် များ၏ အမှုရင်ဆိုင်ရေးတွင် ဥပဒေဆိုင်ရာအထောက်အပံ့များကို နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိအဖွဲ့အစည်း အဆင့်ဆင့်တို့မှ ဆောလျင်စွာ အကူအညီပေးရန်ကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အထူး မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
Wednesday, May 25, 2016
NDF ပါတီ၏ဖားကန့်မြေပြိုကျမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
ဖားကန့်မြေပြိုကျမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ မေလ (၂၅)ရက်
ဖားကန့်မြို့နယ် ဝှေ့ခါ-မှော်သစ်ကုန်းကျေးရွာ၊ ရတနာကြယ်လုပ်ကွက်တွင် (၂၃-၅-၂၀၁၆ )ရက်နေ့ ည ရှစ်နာရီခန့်တွင် မြေကမ်းပါးပြိုကျမှုကြောင့် တွင်းအောက်ခြေတွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြသူများ ရာချီ၍ ပျောက်ဆုံးနေကြောင်း ကြားသိရပါသည်။ လောလောဆယ် တူးဖော်ရရှိပြီးသောအလောင်းပေါင်းမှာ (၁၃) လောင်းကျော်ခန့် ရှိနေပြီဖြစ်သော်လည်း ကျန်သူများကို တူးဖော်ရှာဖွေနိုင်ခြင်း မရှိသေးကြောင်းကိုလည်း ကြားသိရပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီနှင့် ဖားကန့်မြို့နယ်စည်း ရုံးရေးကော်မတီတို့မှ ကျန်ရှိနေသေးသည့်သူများကို အမြန်ဆုံးကယ်တင်နိုင်ရန်အတွက် တူးဖော်မှုကို ဆက်လက် လုပ်ဆောင်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ကုမ္ပဏီများထံသို့ စာတင်၍ တောင်းဆိုထားကြောင်း ဗဟိုဌာနချုပ်သို့ အကြောင်းကြားလာပါသည်။
မြေကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသော ရာနှင့်ချီသည့် လူများကို တူးဖော်ရှာဖွေပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုဌာနချုပ်အနေဖြင့် အထူးတိုက်တွန်းတောင်းဆို ပါသည်။
ထို့အပြင် တစ်ပိုင်တစ်နိုင်တူးဖော်လုပ်ကိုင်နေသူများတွင် မြန်မာပြည်အနှံအပြားမှ လာရောက်ကြသော ပြည်သူများလည်း ပါဝင်နေပါသည်။ သို့ပါ၍ လူသားချင်းစာနာမှုရှုဒေါင့်မှနေ၍လည်းကောင်း၊ ရပ်ဝေးနေ မိသားစု ၀င်များ၏စိုးရိမ်သောကများကို စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ သေဆုံးသူစာရင်းများကို တတ်နိုင်သမျှပြုစုပေးရန်နှင့် အထောက်အပံ့အကူအညီများ ပေးကြပါရန်ကိုလည်း တိုက်တွန်းပါသည်။
တဆက်တည်းတွင် ယင်းသို့နေရာအနှံ့ တစ်နိုင်တစ်ပိုင်တူးဖော်နေမှုများကို စည်းကမ်းသတ်မှတ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ဆောင်နိုင်ရန်အတွက် နေရာသတ်မှတ်ရေး၊ လုံခြုံမှုရရှိရေးတို့ကို ပြည်နယ် အာဏာပိုင်များက ဆောလျင်စွာ လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
Thursday, May 19, 2016
✅ Naghihintay makipag-chat sa 'yo ang mga taong ito!
| |||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||
Natanggap mo ang notipikasyong ito dahil nakarehistro ka bilang Mogokkotoe Ndf (mogokkotoe.ndf2013@blogger.com) sa Twoo - Itigil ang subskripsyon. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-tl@twoo.com | |||||||||||||||||||||||||||||||||||||
Monday, May 9, 2016
💘 Naghihintay makipag-chat sa 'yo ang mga taong ito!
| ||||||||||||||||||||||
| ||||||||||||||||||||||
| ||||||||||||||||||||||
Natanggap mo ang notipikasyong ito dahil nakarehistro ka bilang Mogokkotoe Ndf (mogokkotoe.ndf2013@blogger.com) sa Twoo - Itigil ang subscription. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-tl@twoo.com | ||||||||||||||||||||||