Friday, May 27, 2016

NDFပါတီ၏ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စအယူခံတင်ထားမှုနှင့်ပတ်သက်သည့် သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စအယူခံတင်ထားမှုနှင့်ပတ်သက်သည့်

သဘောထားကြေညာချက်

ရက်စွဲ။  ၂၀၁၆ခုနှစ်၊ မေလ (၂၇)ရက်

        

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တရားခံများအဖြစ် စွပ်စွဲခံ ထားရသူ မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသော ရှေ့နေကြီး ဦးအောင်မျိုးသန့်( လက်ရှိ ထိုင်းနိုင်ငံ မြန်မာသံရုံးမှ ဖွဲ့စည်း ပေးထားသော အထူးစုံစမ်းရေးကောမတီ၏ ဥပဒေအကြံပေး)အား NDF ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ မှ ပါတီဌာနချုပ်သို့ ဖိတ်ကြားဆွေးနွေးခဲ့ပါသည်။

         ယခုအခါ လိပ်ကျွန်းလူသတ်မှုကိစ္စတွင် စွပ်စွဲခံနေရသော မြန်မာလူငယ်နှစ်ဦးအား အယူခံလက်ခံရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီ  ဖြစ်သည်ကို သိရှိရပါသည်။

         ဤသို့ မြန်မာလူငယ်များ၏ မတရားသဖြင့် စွပ်စွဲခံနေရသည်ကို တရားသဖြင့်ဖြေရှင်းရန်မှာ လွန်စွာ အရေးကြီးသည်ဟု ရှုမြင်ပါသည်။ အဘယ်ကြောင့်ဆိုသော်  ကျွန်ုပ်တို့ NDF ပါတီအနေဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား(၃)သန်းခန့်တို့အတွက်  အနာဂတ် တွင် မှန်ကန်သော တရားဥပဒေဆိုင်ရာ လုံခြုံသောအခွင့်အရေးများ ရရှိနိုင်ရေးနှင့်ပါ အကြုံးဝင်နေသည်ဟု ယူဆပါသည်။

         သို့ပါ၍ ဤလိပ်ကျွန်းလူသတ်မှုတွင် အမှုမှန်ပေါ်ပေါက်ရေးသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားမ များအရေးနှင့် တဆက်စပ်တည်းရှိသည်ဟု ရှုမြင်ပါသဖြင့် အဆိုပါလိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံ မြန်မာလူငယ် များ၏ အမှုရင်ဆိုင်ရေးတွင် ဥပဒေဆိုင်ရာအထောက်အပံ့များကို နိုင်ငံတော်အစိုးရနှင့်  တာဝန်ရှိအဖွဲ့အစည်း အဆင့်ဆင့်တို့မှ ဆောလျင်စွာ အကူအညီပေးရန်ကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အထူး မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment