မရှင်းလို့ မေးကြည့်တာပါ။
၄၃၆ ပြင်ဖို့လက်မှတ်က ငါးသန်း။
အနည်းဆုံး စာရွက်တစ်ရွက်မှာ ၁၅ ယောက်ပဲ လက်မှတ်ထိုးတယ်ထား။
စာရွက်ပေါင်း ၃၃၃၃၃၃ ။သုံးသိန်းသုံးသောင်းကျော်။
ဒါကိုစာရွက် ၅၀၀ တစ်ထုတ်ဆိုပြီး လုပ်ရင် အထုပ်ပေါင်း ၆၆၆ထုပ်။
ဒီခြောက်ရာကျော်ကို ငါးထုပ်တစ်ပုံးဆိုပြီးလုပ်ရင် ပုံးပေါင်း ၁၃၃ပုံး။
ူဒီလက်မှတ်ပုံးတွေကို လွှတ်တော်ကို ဘယ်လိုပို့လိုက်သလဲ။
လွှတ်တော်က ဒီစက္ကူပုံး တစ်ရာကျော်ကို ဘယ်သူက လက်ခံသလဲ။
လက်ခံပြေစာတွေ ပေးသလား။
ဒါမှမဟုတ် လက်မှတ်ဒီလောက်ရပါတယ်ဆိုပြီး စာရေးပို့လိုက်တာလား။
ဒီလက်မှတ်ပုံးလွှတ်တော်ကို ပေးပို့တဲ့ပွဲလည်း မလုပ်ဘူးလား။
ဒီဘက်ကပေး၊ လွှတ်တော်က လက်ခံ
ဓာတ်ပုံနဲ့ သတင်းတွေများ ရောင်းကောင်းလိုက်မယ်ဖြစ်ခြင်း။
ဒါက မေးကြည့်တာပါ။
လက်မှတ်တွေ လွှတ်တော်ကို ရောက်တယ်၊မရောက်ဘူး ငြင်းသံတွေကြားနေရလို့ပါ။
မိုးကုတ်ကိုတိုး( ၇-၉-၂၀၁၄)
No comments:
Post a Comment