Thursday, November 6, 2014

ပြောင်းပြန်ဓာတ်ကျနေသော မြန်မာနိုင်ငံ

ကမ္ဘာမှာ မြန်မာတစ်ခုတည်းရှိတယ်
*************************************

မတရားလုပ်တတ် တဲ့သူတွေချည်း တရားသူကြီးတွေဖြစ်နေကြတာ ကမ္ဘာမှာ မြန်မာပြည်တစ်ခုပဲရှိတယ် ။

သူခိုးနဲ့ဂျပိုးတွေချည်း ရဲဖြစ်နေတာ ကမ္ဘာမှာ မြန်မာပြည်တစ်ခုထဲရှိတယ်..။

လူမျို မှလူမျိုးပြုတ်မယ်လို့ဆိုပြီး လ.၀.က ကိုယ်တိုင် လူမျိုးပြုတ်အောင်လုပ်တာလည်း
ကမ္ဘာမှာ မြန်မာပြည်တစ်ခုထဲ ရှိတယ် ။

မြည်းသတ္တ၀ါလို ငိုက်မြည်းတတ်တဲ့သူတွေချည်း လွှတ်တော်အမတ်ဖြစ်နေတာ ကမ္ဘာမှာ
မြန်မာပြည်တစ်ခုထဲမှာပဲရှိတယ် ..။

ပြည်သူ့ဝန်ကို မထမ်းပဲနဲ့ ပြည်သူ့ဝန်ကို တက်စီးနေကြတဲ့ ၀န်ထမ်းဆိုသူတွေ ရှိတာ
ကလည်းကမ္ဘာမှာ မြန်မာပြည်တစ်ခုထဲမှာပဲ...။

တစ်စက်ကလေးမှ မငြိမ်းချမ်းပဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တာလည်း ကမ္ဘာမှာ မြန်မာ
တစ်ခုထဲပဲရှိတယ်...။

လူ့အခွင့်အရေးကို တစ်စက်ကလေးမှ လေးစားမှု မရှိကြသူတွေက လူ့အခွင့်အရေးကို
အာပြဲအောင်တောင်းနေတာလည်းပဲ ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ...။

သောက်စည်းကမ်း တစ်စက်ကလေးမှ မရှိပဲနဲ့ ဒီမိုကရေစီဆိုပြီး တောင်းကြတာလည်း
ကမ္ဘာမှာ မြန်မာပြည်တစ်ခုပဲရှိတယ်... ။

သာကီမျိုးဟေ့ တို့မြန်မာ ဆိုပြီး ကြွေးကြော်ခဲ့လေသမျှ အမျိုးကို စောင့်ရှောက်ဖို့ ဥပဒေမရှိ
ပျက်ကွက်ခဲ့ကြတာကလည်း ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ်...။

တရားဟောတဲ့ ဘုန်းကြီးတွေပေါသလောက် တရားမသိတဲ့ ဒကာတွေ အပေါဆုံးကလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ။

မေတ္တာအကြောင်း အများဆုံးကြားရပြီး မေတ္တာတရား အခေါင်းပါးဆုံးကလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ...။

အကောင်းဆုံးတရားတွေနာကြားခွင့်ရပြီး ပေါက်တတ်ကရအလုပ်ဆုံးကလည်း ကမ္ဘာမှာ
မြန်မာတစ်ခုထဲရှိတယ် ...။

မွတ်ဆလင်တွေ အနှိမ်ခံရသလိုလိုနဲ့ မွတ်ဆလင်တွေ အခွင့်အရေးအရဆုံးတိုင်းပြည်ကလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ...။

တိုင်းပြည်သယံဇာတ ပေါများကြွယ်ဝသလောက် ပြည်သူတွေအဆင်းရဲဆုံးဖြစ်နေတာလည်း
ကမ္ဘာမှာ မြန်မာတစ်ခုထဲရှိတယ် ။

မှတ်ချက် ။ ။ အထက်ပါအကြောင်းအရာတို့သည် (ယေဘုယျ ) အများအားဖြင့်
ကိုသာဆိုလိုခြင်းဖြစ်သည် ၊ခြွင်းချက်အနေဖြင့် ကောင်းသောသူများလည်း ရှိပေသည် ။

Posted By ;Law Ka Nat ....(05 -11 -2014)

#to be happy#

$$ kotoetoe $$

No comments:

Post a Comment