ကိုအောင်ဇင်နဲ့ အတွေးတစ်ချက် ( ၂၈-၉-၂၀၁၄)
ဒီနေ့တော့ အွန်လိုင်းပေါ်မှာ ကိုအောင်ဇင်ရဲ့ပွဲပဲ။
ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ လူတွေနဲ့ပုံတွေ
တက်လာမှ တက်။
နာမည်ကလေးကတော့ သုံးပါရဲ့၊
ဒါပေမယ့်ဓာတ်ပုံလေးတောင် မဖော်ပြကြဘူး။
နာမည်ကလေးနဲ့ပဲ ပြီးသွားရော။
နောက်ပွဲတွေ လာပါဦးမည်။
ဒီတော့လည်း
NDF ပါတီမှာ နာမည်ကြီးသူတွေ များသထက် များလာနေပြီ။
ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်တို့က
ပါတီခွဲထောင်လို့ဆိုပြီး သစ္စာဖောက်အဖြစ် ၂၀၁၀ ကတည်းက
မီဒီယာမှာ ၀ိုင်းဖွဲ့ပြီး ပုံဖော်ထားခဲ့ကြတယ်။
ဒေါ်ခင်ဝိုင်းကြည်ကတော့ သမ္မတဖြစ်ဖို့နှစ်ယောက်ထဲက တစ်ယောက်ကို
မဲပေးရမယ်ဆိုရင်အခြားသူကိုပဲ ပေးမယ်ဆိုလို့
ဝိုင်းဖွဲှ့ပြီး ဆော်ပြန်ေ၇ာ။
ပီအာလည်း ထပ်တင်ရော
ရေးလိုက်ကြ၊ ပေးစားလိုက်ကြတာများ
ဟိုဘက်ကမ္ဘာထိ။
လာပြန်ပြီ ဦးအောင်ဇင်
လူမသိ၊သူမသိလည်း
ပီအားလည် အဆိုတင်လိုက်ရော
အုံးအုံးကြွက်ကြွကို ဖြစ်လို့။
အခုတော့ မီးစီမ်းပြလိုက်ပြီဖို့
ဆန္ဒပြကြ၊ ရှုံချကြနဲ့
နာမည်ကြီး အမတ်မင်းဖြစ်လာပြီ။
ဒီတော့လည်း အများကောင်းမှု၊ မီဒီယာကောင်းမှုနဲ့
ကျွန်တော်တို့ပါတီမှာ တိုင်းပြည်တစ်ခွင်သိကြတဲ့
လူတွေ နည်းနည်းများလာပြီ။
မကြာမီ ပါတီကြီးပါ
ပိုမိုလူသိများတော့မယ်ထင်တယ်။
မိုးကုတ်ကိုတိုး( ၂၈-၉-၂၀၁၄)
No comments:
Post a Comment