Monday, November 10, 2014

NDF ပါတီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

NDF ပါတီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

 

၁။     ရွေးကောက်ပွဲစနစ်တစ်ခုကို ရွေးချယ်ရာတွင် လက်ရှိလူမှုစီးပွားရေးဘ၀၊ နိုင်ငံရေး အပြောင်း အလဲနှင့် နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ကြမည့် နိုင်ငံတစ်ခုနှင့် လိုက်ဖက်ညီမည့် စနစ်ကို ရွေးချယ်မိကြဖို့ လွန်စွာပင် အရေးကြီးပါသည်။

 

၂။     နိုင်ငံရေးအဆောက်အဦကို ပြောင်းလဲရာတွင်လည်း ပြောင်းလဲရမည့်စနစ်၊ နိုင်ငံတည်ဆောက်ပုံ၊ လူမျိုးအားလုံးကို ကိုယ်စားပြုနိုင်မှုကို ကျယ်ပြန့်စွာ ရနိုင်၊ မရနိုင် စသည်တို့ကိုပါ ထည့်သွင်း၍ အနာဂတ် နိင်ငံနှင့် နိုင်ငံသားများ၏  နိုင်ငံရေးဘ၀အတွက်ပါ စဉ်းစား၍ ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရမည် ဖြစ်ပါသည်။

 

၃။     ဤသို့ရွေးကောက်ပွဲစနစ်ပြောင်းလဲစေခြင်းသည် ရွေးကောက်ပွဲအတွက် သူ့ချည်းသက်သက် ပြောင်းလဲသည်ဟု ကျဉ်းမြောင်းစွာ မရှုမြင်စေလိုဘဲ ပြည်ထောင်စုစနစ်ပီပြင်ရေးအတွက် နိုင်ငံ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲကိုလည်းကောင်း၊  အထောက်အကူဖြစ်စေရန်အတွက်ကိုပါ ရည်ရွယ်ချက်ထားရှိရပါမည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ဖြစ်တည် ရေးတွင် ဤရွေးကောက်ပွဲစနစ်ပြောင်းလဲရေးသည် မြန်မာ့နိုင်ငံနှင့် နိုင်ငံသားများ၏နိုင်ငံရေးဘ၀ အပေါ် တွင်  နက်နက်ရှိုင်းရှိုင်း ပါဝင်သက်ရောက်မှုရှိနေရမည်ဟု ကျွန်ုပ်တို့ NDF ပါတီက ရှုမြင်လက်ခံ ထားပေသည်။

 

ရက်စွဲ။        ၇-၁၁-၂၀၁၄

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

      အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment