အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၃၉/၂၀၁၅
ရက်စွဲ။ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်
NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်အဖွဲ့ ကချင်ပြည်နယ်ပူတာအိုမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးရောက်ရှိနေ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ ပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့မှ ၂၇-၁၀-၂၀၁၅ ရက်နေ့ နံနက် ၁၁း၀၀နာရီက လေကြောင်းခရီးဖြင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သွားရောက်ခဲ့ရာ ပူတာအိုမြို့သို့ ညနေ ၃း၁၅ နာရီတွင် ရောက်ရှိခဲ့ပါသည်။
ပူတာအိုမြို့တွင်ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဝင် ဒေါ်လီလီထုနှင့် NDF ပူတာအိုမြို့နယ်လွှတ် တော်ကိုယ်စားလှယ်လောင်းများ၊ ပူတာအိုမြို့နယ်စည်းရုံးရေး ကော်မတီဝင်များနှင့် ပါတီဝင်များက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။ လီဆူတိုင်းရင်းသားများကလည်း ၀တ်စုံပြည်ကြိုဆိုခဲ့ကြပါသည်။ ပူတာအိုမြို့နယ်စည်းများက စီစဉ်ပေးထားသော တည်းခိုခန်းတွင် တည်းခိုပြီး ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပူတာအိုမြို့နယ် စည်းများနှင့် ညနေပိုင်းတွင် တွေ့ဆုံ၍ အောင်နိုင်ရေးကိစ္စများကို ဆွေးနွေးမည် ဖြစ်သည်။
၂၈-၁၀-၂၀၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့နယ်ဘော်လုံးကွင်းတွင် NDF ပါတီခေါင်းဆောင်များ က လူထုနှင့်တွေ့ဆုံ၍ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ကချင်ပြည်နယ် ၁၅မြို့နယ်တွင် လွှတ်တော်ကိုယ်စား လှယ်လောင်း ၄၉ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
No comments:
Post a Comment