အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ၃-၁၂-၂၀၁၆
NDFပါတီကချင်ပြည်နယ်စည်းရုံးရေးကော်မတီရုံးဖွင့်ပွဲကျင်းပပြုလုပ်
ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကချင်ပြည်နယ်ရုံးဖွင့်ပွဲကို ယနေ့(၃-၁၂-၂၀၁၆) ရက်နေ့
နံနက်(၁၀း၀၀)နာရီတွင် အိမ်အမှတ် ၁၂၀၊ အင်ဂျန်ဒုံမြောက်၊တပ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုပြည်နယ်ရုံးဖွင့်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုဥက္ကဌ(၂) ဦးသက်ထွန်းမောင်၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်နှင့် ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များဖြစ်ကြသည့် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ ယခင်ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားအခြေစိုက်နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ NDFပါတီမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။
ပါတီပြည်နယ်ရုံးဖွင့်ပွဲ ကျင်းပပြီးနောက် ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းသည့် အစည်းအဝေးကို နေ့လည်ပိုင်းတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတက်ရောက်လာသူများ၏ သဘောဆန္ဒနှင့်အညီ ကချင်ပြည်နယ် စည်းရုံးရေးကော်မတီကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ဦးရော်ဘင် ကချင်ပြည်နယ်နာယက
၁။ ဒေါ်လီလီထု ဥက္ကဌ
၂။ ဦးမြတ်မိုးမြင့် ဒုဥက္ကဌ(၁)
၃။ ဦးရဲဝင်း ဒုဥက္ကဌ(၂)
၎။ ဦးမိုးကျော် အထွေထွေအတွင်းရေးမှူး
၅။ ဒေါ်ထွယ်နန် အတွင်းရေးမှူးအဖွဲ့ဝင်
၆။ ဦးဝင်းထူး အတွင်းရေးမှူးအဖွဲ့ဝင်
၇။ ဦးနော်အောင်ဂျာ အတွင်းရေးမှူးအဖွဲ့ဝင်
၈။ ဦးအင်ဖုန်တန် အတွင်းရေးမှူးအဖွဲ့ဝင်
၉။ ဒေါ်ထွယ်နန် ဘဏ္ဍာရေးမှူးနှင့် အမျိုးသမီးအဖွဲ့တာဝန်ခံ
၁၀။ ဦးအိုက်ဇက် စာရင်းစစ်
၁၁။ ဒေါ်ဒိုင်ဆေး ဘဏ္ဍာငွေရှာဖွေရေး၊
၁၂။ ကိုဘရန်ရှောင် လူငယ်တာဝန်ခံ
No comments:
Post a Comment