Friday, August 1, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ကြေညာချက်အမှတ် ( ၆ /၂၀၁၄)

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA

ကြေညာချက်အမှတ် (   ၆ /၂၀၁၄)

ရက်စွဲ။         ၂၀၁၄ခုနှစ်၊ သြဂုတ်လ(၁)ရက်

 

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA၏  ၁-၈-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးမှ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

၁။      ပုဇွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၏ အဆိုကြောင့်  ပြည်သူ့လွှတ်တော် တွင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်စေရန်  လေ့လာသုံး သပ်ရေးကော်မရှင် ဖွဲ့စည်းခြင်းကို ကြိုဆိုထောက်ခံကြောင်း၊

 

၂။      အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ NLD ၊ NCCTထိပ်သီးခေါင်းဆောင်များ၊ NBF ၊  FDA ၊ တစညပါတီနှင့်   UNA အဖွဲ့များ ပါဝင်သည့် ၉ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းကြောင်း၊

 

၃။      အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ Political Dialogue Time Frame သဘောထားစာတမ်းမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA၏ သဘောထားစာတမ်းဖြစ်ပေါ် လာရန်အတွက် အဖွဲ့ဝင်ပါတီများအကြား ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်။

No comments:

Post a Comment