Wednesday, August 27, 2014

fda ကြေညာချက် ၉-၂၀၁၄

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA )
အမှတ် ၁၇၊ အခန်း ၈၀၂၊ ၈လွှာ၊ ၅၂လမ်း၊အောက်ဘလောက်
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။

ကျေညာချက်အမှတ် ၉/၂၀၁၄
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ သြဂုတ်လ(၂၇)ရက်

၁။ ကျွန်ုပ်တို့ နိုင်ငံရေးရေးပါတီ(၁၁)ပါတီသည် ၂၀၁၄ခုနှစ်၊
ဇန်န၀ါရီလ(၇)ရက်နေ့တွင် ပါတီအသီးသီး၏ သဘောဆန္ဒအရ
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် Federal Democracy Alliance (FDA )ကို ပူး
ပေါင်းဖွဲ့စည်းခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ဖက်ဒရယ်စနစ်ဖြင့်
ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး တွင်
ဝိုင်းဝန်းပါဝင်ကြိုးပမ်းကြရန် ဖြစ်သည်။ ယခုအခါ ကျွန်ုပ်တို့
(၁၁)ပါတီပေါင်းစု ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ်(FDA)အဖွဲ့ရုံးခန်းကို အမှတ်
၁၇၊ အခန်း ၈၀၂၊ ၈လွှာ၊ ၅၂လမ်း၊ အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီးတွင် ( ၂၇-၈-၂၀၁၄)ရက်နေ့၌ တရားဝင်
ဖွင့်လှစ်လိုက်ပြီ ဖြစ် ပါ သည်။
၂။ ဤ FDA ရုံး ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ်
အောက်ပါနိုင်ငံရေးသဘောထားများကို တစ်ညီတစ် ညွတ်တည်း
တောင်းဆိုထုတ်ပြန်လိုက်သည်။
၃။ ယခုအခါ အပစ်အခတ်ရပ်စဲရေး အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ရန်
တစနှင့်တစ အချိန်နီးကပ်လာပြီ ဟု ဆိုရပါမည်။ ယင်းသို့ နီးကပ်လာသော
အခြေအနေနှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးသည်လည်း
တစ်ဆက်စပ်တည်း ပေါ်ပေါက်လာရတော့မည် ဖြစ်ပါသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးချိန်နှင့် တစ်ပြေးညီ နိုင်ငံရေး
ဆွေးနွေးရေးမူဘောင်များ ချမှတ်နိုင်ရေးအတွက် အစိုးရဘက်မှ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေးကော်မတီ( NCCT) နှင့်
နိုင်ငံရေးပါတီများ ပထမ အကြိမ် (၃)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ
ဖြစ်မြောက်ခဲ့သည်ကို FDAမှ ၀မ်းမြောက်စွာကြိုဆိုခဲ့ပါသည်။
ယခုအခါ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
(UPWC)၊နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေးကော်မတီ(
NCCT) အကြား အပြီး သတ်ညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူကြောင်း
ထပ်မံသိရှိရပါသည်။ သို့ပါ၍ ယင်းအပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းပွဲ
ပြီးမြောက်သည်နှင့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်များကို
ပိုမိုပွင့်လင်းမြင်သာစွာ အဖွဲ့အစည်းအသီးသီး တို့မှ သိရှိနိုင်ရန်
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ
ဒုတိယအကြိမ်(၃)ပွင့်ဆိုင် တွေ့ ဆုံ၍ သဘောထားရယူရေး
ဆွေးနွေးပွဲပြုလုပ်ရန်အတွက် ကျွန်ုပ်တို့ (၁၁)ပါတီစုပေါင်း
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် (FDA) အဖွဲ့မှ ပြည်သူတို့၏
ငြိမ်းချမ်းရေးရလိုမှုဆန္ဒကို အလေးထား၍ လေးနက်စွာတိုက်တွန်း တောင်းဆို
လိုက်ပါသည်။


ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

ဆက်သွယ်ရန် ဖုံးနံပါတ်- ၀၉၃၂၁၆၁၃၃၁


--
#to be happy#

$$ kotoetoe $$

No comments:

Post a Comment