Wednesday, August 27, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့ အစည်းအဝေးနှင့် ရုံးခန်းဖွင့်ပွဲပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစု

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၈-၂၀၁၄)

ရက်စွဲ။ ၂၇-၈-၂၀၁၄

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့  အစည်းအဝေးနှင့် ရုံးခန်းဖွင့်ပွဲပြုလုပ်

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)အဖွဲ့၏ အစည်းအဝေးနှင့် ရုံးခန်းဖွင့်လှစ်ပွဲကို  ၂၇-၈-၂၀၁၄ ရက်နေ့ နေ့လည် ( ၁း၀၀ )နာရီက (FDA)ရုံးခန်းတည်ရှိရာ အမှတ် ၁၇၊ အခန်း ၈၀၂၊ ရှစ်လွှာ၊ ၅၂လမ်း၊ ဗိုလ် တထောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ (FDA)အဖွဲ့ဝင် ပါတီများမှ ဥက္ကဌများ၊ ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

         မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများကို အကူအညီပေးရန်အတွက် ရောက်ရှိနေသော Euro Burma အဖွဲ့မှ ကိုယ်စားလှယ် ဦးဗစ်တာနှင့် (FDA)အဖွဲ့ဝင်ပါတီများ ပထမဦးစွာ  နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။ political Dialogue အတွက် ပါတီများနှင့်အဖွဲ့အစည်းများ၏ မူဝါဒများကို အချင်းချင်းအပြန်အလှန် ဖလှယ်နိုင်ကြ ရန်အတွက် တွေ့ဆုံကြရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့ကြပြီး ထိုကိစ္စကို မကြာမီ အကောင်အထည် ဖော်ဆောင် ရွက်မည် ဖြစ်သည်။

         တက်ရောက်လာကြသော ပါတီများမှ (FDA) သဘာပတိအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အတွင်းရေးမှူးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် (FDA) လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးကြရာတွင် ကရင်ပြည် သူ့ပါတီမှ ဦးဦးစောဆေးဝါး၊ ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးအောင်သန်း တင်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွှန့်၊ ဒီမိုကရက်တစ်ပါတီမှ ဦးတင့်ဆွေနှင့်ဦးအောင်သန်းမြ့င်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်ကြီး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဦးခင်မောင်ဆွေ၊ ဦးနေမင်းကျော်၊ ဦးတိုးတိုး တို့က ဆွေးနွေးခဲ့ကြသည်။

         သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးစောဆေးဝါး၊ ဦးအောင်သန်းတင်၊ ဦးအောင်သန်းမြင့်၊ ဦးစိုးမောင် (ဒီငြိမ်း)၊ ဦးစိန်လှဦး( NDF)။ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးထောင်ကိုခုတ်(ချင်းတိုးတက်ရေးပါတီ)၊ ဦးမျိုး ညွန့်၊ ဦးလှမြင့်( ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဦးအောင်ကြီး၊ ဦးနေမင်းကျော်( NDF) တို့ကို တာဝန်ပေးခဲ့သည်။

ရုံးအုပ်ချုပ်ရေးမှူးအဖြစ် မဇင်နိုဘဲလ်ဝင်း ကို တာဝန်ပေးအပ်ပြီး ဆက်သွယ်ရန်FDA ရုံးဖုံးနံပါတ်မှာ                          ၀၉ ၃၂၁၆၁၃၃၁  ဖြစ်သည်။

         ထို့နောက် FDA အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ရာတွင်  (FDA) အဖွဲ့၏ အဖွဲ့သုံးဖွဲ့ပါဝင်သော ဒုတိယအကြိမ်(၃)ပွင့်ဆိုင် တွေ့ ဆုံ၍ သဘောထားရယူရေး ဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးနှင့် ရုံးခန်းဖွင့်လှစ်ပွဲကို ညနေ ၃း၃၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းထုတ်ပြန်လိုက်သည်။

 

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် NDF ရုံးဖွင့်ပွဲ ကျင်းပ

         NDF ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးညှင်းမြို့နယ် NDF ပါတီရုံးဖွင့်ပွဲကို ၂၇-၈-၂၀၁၄ ရက်နေ့ နံနက် ၈း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထက်အောင်ကျော်နှင့် ဦးအေးမင်းထွန်း ၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်သူရ၊ ဦးမြင့်ဦး၊ ဦးနန်းထိုက်ဇော်၊ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဒေါ်ဘောက်ဂျာနှင့် ပြည်နယ်စည်းရုံးရေးကော်မတီဝင်များ၊ မိုးညှင်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ ၊ ဖိတ်ကြား ထားသော ပါတီများနှင့် ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment