အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ်( ၁၅/၂၀၁၄ )
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဒီဇင်္ဘာလ(၁၀)ရက်
မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသည်
ငြိမ်းချမ်းသာယာ၍ လူမှုဒုက္ခတို့မှ ကင်းဝေးသော
ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိရေးအပေါ်
ပြင်းပြသောဆန္ဒများ ရှိနေကြပါသည်။ သို့ပါ၍ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လူနေမှု ဘ၀များ
ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စဉ်ဆက်မပြတ်သော
နိုင်ငံရေးတွေ့ဆုံအဖြေရှာမှုများသည် ယခုကဲ့သို့ သော ငြိမ်းချမ်းရေးဆီသို့
ခရီးနှင်နေဆဲကာလတွင် အထူးပင်လိုအပ်သည်ဟု ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီ အင်အားစုNDF ပါတီမှ ရှုမြင်သဘောရပါသည်။ ထို့ကြောင့် -
(က) KNU/ RCSSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
နိုင်ငံရေးပါတီများအကြား တွေ့ဆုံ၍ အမြင် ချင်းဖလှယ်ကြရန်
ဖြစ်နိုင်ချေရှိနေကြောင်း ကြားသိရပါသည်။ သို့ပါ၍ အဆိုပါ
တွေ့ဆုံပွဲများကို မကြာမီ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကို NDF
ပါတီမှ ကြိုဆိုပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
(ခ) နိုင်ငံတော်အစိုးရ၏
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) သို့လည်း
ကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီ( NCCT)သို့လည်းကောင်း၊
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးပွဲများကို နှစ်ဖက် စလုံးမှ
နိုင်ငံနှင့်ပြည်သူ့ အကျိုးကိုမျှော်ကိုး၍ အမြန်ဆုံးစတင်နိုင်ရေး
ကြိုးပမ်းကြပါရန် ကျွန်ုပ်တို့ အမျိုး သားဒီမိုကရေစီအင်အားစုNDFပါတီမှ
အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။
( ၈-၁၂-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊
အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ )
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment