ပဲ့တင်သံဂျာနယ် ( ၃-၁၂-၂၀၁၄)
NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်တွေ့ဆုံခြင်း
လွှတ်တော်တစ်ရပ်ရဲ့လုပ်ဆောင်သွားပုံဟာ ပြည်သူ့အကျိုးကို တည့်တည့်ကြည့်တာ မဟုတ်ဘဲနဲ့
ဥပဒေရှု့ထောင့်တစ်ခုတည်းက ဆုံးဖြတ်တာဟာ မလျော်ကန်ပါဘူး။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၂၀၁၅ရွေးကောက်ပွဲတွင် PRစနစ်ကို မကျင့်သုံးတော့ဘဲ FPTPစနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာမှုနှင့်လွှတ်တော်၏ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးအတည်ပြုချက်အပေါ် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံဆွေးမေးမြန်းခဲ့ခြင်းမှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
မေး။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၂၀၁၅ရွေးကောက်ပွဲမှာ PRစနစ်ကို မကျင့်သုံးတော့ဘဲ FPTP စနစ်ကိုသာကျင့်သုံးမယ်လို့ ကြေညာလိုက်တော့ လွှတ်တော်နှစ်ရပ်စလုံးမှာ PRစနစ်ကို အဆိုတင်သွင်းခဲ့တဲ့ NDF ပါတီအနေနဲ့ ဒီProcess ပေါ်မှာ ကျေနပ်ဖွယ်ဖြစ်ရဲ့လား။
ဖြေ။ ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တို့အဆိုတင်တုန်းက အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံတဲ့ ရွေး ကောက်ပွဲစနစ်တစ်ခုကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်က စဉ်းစားပေးပါလို့ ကျွန်တော်တို့ပါတီက ဦးအောင် ဇင် တင်တဲ့အခါမှာ ပြည်သူ့လွှတ်တော်က လက်ခံလိုက်တယ်။ အဆိုကိုလက်ခံလိုက်တယ်ဆိုကတည်းက အဆိုအ တိုင်းကျင့်သုံးဖို့ လိုတာပေါ့ဗျာ။ ဒါပေမယ့် ဘာဖြစ်သွားသလဲဆိုတော့ ဦးရွှေမန်းက ဒီအဆိုကိုလက်ခံ လိုက်တဲ့ အပေါ်မှာ တည့်တည့်မရှုဘဲနဲ့ စဉ်းစားလို့ရအောင် ပတ်သက်တဲ့ဟာတွေရှစ်မျိုးလောက်ကို ကော်မတီဖွဲ့ပြီး တင် ခိုင်းတယ်။ စုံစမ်းလေ့လာရေးကော်မတီပေါ့။ အဆိုက အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံတဲ့ ရွေးကောက်ပွဲ စနစ် ကိုစဉ်းစားပေးပါလို့ အဆိုတင်တာကို ဒီရှစ်မျိုးထဲမှာ FPTP ပြန်ထည့်ထားတာတွေ့ရတယ်။ FPTPကို မကျင့်သုံး စေချင်လို့ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးချင်လို့ တင်ပါတယ်ဆိုကာမှ FPTPစနစ်ကို ပြန်ထည့်ထား တဲ့ အချက်က ဘ၀င်မကျစရာဖြစ်သွားတယ်။ အများစုကတော့ အရောများတယ်။ ဒါပေမယ့် FPTPကို အခြေခံ ထား တဲ့စနစ်တွေပဲ စနစ်၇ခုမှာ တွေ့ရတယ်။ ပီအာသန့်သန့် အပါအ၀င်ပေါ့။ အစကတည်းက ပီအာကိုအခြေခံထား တဲ့စနစ်ဟာ ကျင့်သုံးဖို့မှာ FPTP ကို အခြေခံတဲ့ စနစ်ခြောက်မျိုးတင်လာတာ အစကတည်းကယဉ်သကို ဆိုသလို။ ဒီကော်မတီကို လုပ်ခိုင်းတဲ့ဟာမှာကိုက အဆိုတင်သွင်းတာနဲ့ လွှတ်တော်ဥက္ကဌခိုင်းတာနဲ့က တစ်ခြား စီဖြစ်နေတယ်။ ဒါ ဘ၀မကျစရာပဲ။
နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ်တွေ မသိလိုက်ဘဲနဲ့ သူကအခြေခံဥပဒေခုံရုံးကိုပို့ထားတာ တွေ့ ရတယ်။ ခုံရုံးကလည်း သူ့ဆီကိုစာနဲ့ပြန်ထားတာ တွေ့ရတယ်။ အခြေခံဥပဒေခုံရုံးကို မေးမယ်ဆိုရင်လည်း လွှတ်တော်မှာကြေညာပြီးမှ မေးသင့်တာ။ ဒီအချက်ကို ကျော်လွှားခဲ့တာကိုတွေ့ရတယ်။ နောက်တစ်ခါ စနစ် ရှစ်မျိုးကို စဉ်းစားတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေဆုံးအောင်စဉ်းစားပြီးတော့ မဲခွဲဆုံးဖြတ်တဲ့အထိ ရောက်အောင်မသွားခဲ့ဘူး။ သွားခွင့်လည်း မပေးခဲ့ဘူး။ ဒါကလည်းပဲ procedure အတိုင်းသွားတာ မဟုတ်ဘူး လို့တွေ့ရတယ်။
နောက်ဆုံးအချက်က ဒီဟာကို ခုံရုံးအဖွဲ့က ဆုံးဖြတ်ပေးလို့မရဘူး။ ခုံရုံးက အခြေခံဥပဒေနဲ့ ညီတယ်၊ မညီဘူးဆိုတာကိုပဲ အကြံပေးလို့ရတယ်။ အဲ့ဒီအချက်ကိုအပိုင်ထုတ်ယူပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို မယူဘဲ အခြေခံဥပဒေခုံရုံးရဲ့ပြန်လည်ဖြေကြားချက်ကို အတည်ယူပြီး ကျင့်သုံးလို့မရဘူးလို့ ဥက္ကဌရဲ့အခွင့်အာဏာနဲ့ ကန့်ကွက်သူမရှိပယ်ချတယ်ဆိုပြီး ထုတ်ပြန်လိုက်တယ်။ Procedure အားဖြင့် လစ်ဟာနေတယ်။ procedure အားဖြင့် ပြည့်စုံ့အောင်မသွားဘူး။ ခုံရုံးက ဘယ်လောက်ပဲအခြေခံဥပဒေနဲ့မညီပါဘူးဆိုသည့်တိုင်အောင် လွှတ်တော်သာပင် ထိပ်ဆုံးမှာရှိရမယ်။ ဥပဒေပြုရေးက ထိပ်ဆုံးကိုး။ ကော်မတီကတင်ပြတဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဖြူသည်မည်းသည် ဆုံးဖြတ်ဖို့ အခွင့်အရေးမပေးဘူး။ ဆုံးဖြတ်ပြီးတဲ့အခါမှ အဲ့ဒီစနစ်က အခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုရင်တောင်မှ လွှတ်တော်ဆုံးဖြတ်ချက်က အတည်ဖြစ်ရမယ်။ မကိုက်ညီဘူး ဆိုရင် ကိုက်ညီအောင်ဘယ်လိုပြင်မလဲဆိုတာကို ဆက်ဆွေးနွေးခွင့်ရှိရမယ်။ မဆွေးနွေးဘဲနဲ့ ဦးရွှေမန်းက ပိတ်ချ လိုက်တယ်။ နံပါတ်တစ်- လုပ်ထုံးလုပ်နည်းအရ ပြည့်စုံမှုမရှိဘူး။ နံပါတ်နှစ် သူ့အခွင့်အာဏာကို သုံးပြီးတော့ ဆုံးဖြတ်သွားတယ်။ နံပါတ်သုံး ဥပဒေရှုထောင့်တစ်ခုတည်းကကြည့်ပြီးတော့ နိုင်ငံရေးရှုထောင့်က မကြည့်ဘဲနဲ့ နိုင်ငံရေးအပြောင်းအလဲကာလ၊ တိုင်းရင်းသားပါတီငယ်တွေပါ အပါအ၀င် ပါတီအများစုလွှတ်တော်ထဲကို ရောက် ပြီးတော့ အမျိုးသားညီညွတ်ရေးကိုရှေ့ရှုတဲ့ နိုင်ငံရေးဖြစ်စဉ်ကို မစဉ်းစာတော့ဘဲ ဆုံးဖြတ်သွားတဲ့ အတွက် ကျွန်တော်တို့ပါတီက ဒါကိုလုံးဝသဘောကျခြင်း မရှိပါဘူး။
မကန့်ကွက်တာက ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကို ကန့်ကွက်ဖို့လည်း ပါတီအနေနဲ့ ကန့်ကွက်လို့ မရဘူး။ ဒါကြောင့် မကန့်ကွက်ဘဲနေတာဖြစ်တယ်။ ဒါပေမယ့် ကြိုက်လားဆိုတော့ မကြိုက်ဘူး။ လွှတ်တော်တစ် ရပ်ရဲ့လုပ်ဆောင်သွားပုံက ပြည်သူ့အကျိုးကို တည့်တည့်ကြည့်တာမဟုတ်ဘဲနဲ့ ဥပဒေရှု့ထောင့်တစ်ခုတည်းက ဆုံးဖြတ်တာဟာ မလျော်ကန်ပါဘူးလို့ ပြောချင်တယ်။
မေး။ လွှတ်တော်ဥက္ကဌတစ်ယောက်က သူ့ရဲ့အခွင့်အာဏာကို အသုံးပြုပြီး ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ကို ဥပေက္ခာပြုလိုက်တဲံအခါမှာ ကိုယ်စားလှယ်တွေအနေနဲ့ တစ်စုံတစ်ရာ တုံပြန်အရေးယူမှုမျိုး လုပ်နိုင်ပါ သလား။
ဖြေ။ အဲ့ဒါက ဘာနဲ့ပတ်သက်လဲဆိုတော့ ဥက္ကဌက ပြောထားတာရှိတယ်ဗျ။ ဥက္ကဌအရည်အချင်း ပျက်ယွင်း တယ်ဆိုရ်င ကျွန်တော်တို့က သပ်သပ်အဆိုတင်သွင်းလို့ရတယ်။ ဒီကိစ္မမှာတော့ ဥက္ကဌရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်သွားတာမို့ ပြန်လည်ပြင်ဆင်ဖို့ အတော်ခက်တယ်။ လွှတ်တော်နည်းဥပဒေပုဒ်မ ၁၉မှာ ဥက္ကဌရဲ့ ဆုံးဖြတ်ချက် ဟာ အတည်ဖြစ်ရမယ်။ ဥက္ကဌရဲ့လုပ်ပို်င်ခွင့်ဟာ အမိန့်အာဏာနဲ့ ညွှန်ကြားတဲ့အတိုင်း လုပ်ရမယ်ဆိုပြီး ပြဋ္ဌာန်း ထားတာ ရှိတယ်။ ကျွန်တော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်များဟာ အဲ့ဒီအချိန်တုန်းက ကန့်ကွက်သော် လည်းပဲ မရခဲ့ဘူး။ မရတဲ့အတွက်ကြောင့် ဥက္ကဌဟာ နည်းဥပဒေ၁၉ပါအတိုင်း အမိန့်အာဏာနဲ့ ညွှန်ကြား လုပ် ဆောင်နိုင်တယ်ဆိုတဲ့ ဘောင်ထဲကဆွဲခေါ်သွားတယ်။
မေး။ PR စနစ်ကို NDFပါတီက အဆိုတင်သွင်းစဉ်က ကန့်ကွက်ဆန္ဒပြမှုတွေ၊ အချို့သောတိုင်းရင်းသားပါတီ တွေ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ NDF အနေနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြိုးစားလုပ်ဆောင်ခဲ့ပြီး နောက် ဆုံးမှာ မျှမျှတတဆုံးဖြတ်တဲ့အဆင့်ကို မရောက်ဘဲ ပြီးဆုံးသွားတယ်ဆိုတော့ ပါတီအနေနဲ့ ပြည်သူလူထုရဲ့ ငြိုငြင် မှုကိုပဲ ခံလိုက်ရတယ်လို့ မမြင်မိဘူးလား။
ဖြေ။ ကျွန်တော်တို့ကတော့ အဆိုအဆဲခံပြီး မှန်ရာကိုပြောတဲ့ပါတီပဲ။ ပြည်သူလူထုအတွက် နိုင်ငံရေးအနာ ဂတ်ကောင်းဖို့သာလျှင် ရှေ့ရှုတယ်။ ဆဲရင်ဆဲပါစေ။ ဆိုရင်ဆိုပါစေ။ ဒါတွေကို ကျော်လွှားပြီးတော့ ပြည်သူ့ အတွက် NDF ဆိုတဲ့အတိုင်းပဲ လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ ငြိုငြင်ရင်လည်းပဲ ကျွန်တော်တို့ မတတ် နိုင်ဘူး။ ပြီးသွားတဲ့အခါကျရင် ပြေလည်သွားလိမ့်မယ်လို့ပဲ ယူဆပါတယ်။ နောက်ပြီးတော့ ကန့်ကွက်တယ်ဆိုတဲ့ ပြည်သူကလည်းပဲ ခင်ဗျားတို့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာ ကြည့်လို့ရှိရင် အနောက်က NLD ကားကြီးပါပြီးတော့ အရှုးတွေ၊ အရှုးမတွေဆိုပြီး NLD အဖွဲ့ဝင်တွေက ပြောဆိုတာ ကျွန်တော့်မှာ ဗီဒီယိုမှတ်တမ်းတွေ ရှိပါ တယ်။ ဒီလူတွေရဲ့မျက်နှာတွေဟာ ပုဇွန်တောင်မှာလည်းသူတို့ပါပဲ။ ရွှေပြည်သာမှာလည်း သူတို့ပဲဆိုတော့ ပြည်သူလူထုက ကန့်ကွက်တယ်လို့ NLD ကနေပြီး လုပ်သွားတဲ့ဟာအတွက်ကတော့ ကျွန်တော်တို့အတွက် သိပ် ပြဿနာ မရှိပါဘူး။
NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ပဲတင့်သံဂျာနယ်အင်တာဗျူး ဒုတိယပိုင်း( ၃-၁၂-၂၀၁၄)
မေး။ လွှတ်တော်ရဲ့ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆုံးဖြတ်ချက်ကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ငြင်းပယ်လိုက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ထိပ်သီး၁၄ဦးတွေ့ဆုံဆွေးနွေးရေးကို က နှောင့်နှေးစေတယ်လို့ ပြောလိုက်တဲ့အပေါ် ဦးခင်မောင်ဆွေရဲ့သဘောထား။
ဖြေ။ အခုတော့ ကျွန်တော်သိပ်စိတ်မ၀င်စားတော့ဘူး။ ၁၄ပွင့်ဆိုင်ကိုလည်း ကျွန်တော်က သိပ်စိတ်မ၀င်စား လှဘူး။ ထိပ်သီးဆိုတဲ့နာမည်လည်း စိတ်မ၀င်စားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိပ်သီးမှမဟုတ်ဘဲကိုး။ ထိပ်သီးဆို တာက နိုင်ငံတကာအဆင့် ၀န်ကြီးချုပ်တွေ၊ သမ္မတတွေ တွေ့တဲ့ပွဲဟာ ထိပ်သီးဆွေးနွေးပွဲလို့ ခေါ်တာပေါ့။ ထိပ်သီးအစစ်တွေပေါ့။ အခုဟာက သမ္မတကြောင့်သာလျှင် သမ္မတရဲ့အဆင့်အတန်းနဲကိုက်ညီအောင် ထိပ်သီး ဆွေးနွေးပွဲလို့ ခေါ်တာဖြစ်တယ်။ ကျွန်တော်လိုလူမျိုးက ထိပ်သီးမှမဟုတ်တာ။ ဘယ်သူမှ ကျွန်တော့်ကို ထိပ်သီးလို့ ရွေးထားတာ မဟုတ်ဘဲ။ ၁၄ဦးထပ်ပြီးဆွေးနွေးဖို့ ဆိုတာလည်း မမျှော်လင့်ထားပါဘူး။ ဆွေးနွေးပွဲတွေဟာလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတော့ ကျွန်တော်ထိပ်မထင်ဘူး။ အခြေခံဥပဒေ ကို လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ၁၄ပွင့်ဆိုင်ဖြေရှင်းမယ်ဆိုရင်လည်း ကျွန်တော်ထင်တာက အဓိကကျတာက တပ်ချုပ်ရယ်၊ သမ္မတရယ်၊ ဦးရွှေမန်းရယ်၊ ဒေါ်စုရယ်ပေါ့။ ဒီလေးယောက်ပဲ အဓိကကျတာပဲ။ အဲ့ဒီလေးယောက် နှစ်ဖက်ဟာ တကယ်ရော အခြေခံဥပဒေပြင်ဖို့အတွက် ဆွေးနွေးဖို့ ပြတ်ပါ့မလားဆိုရင် ကျွန်တော်တော့ မထင်ဘူး ဘာလို့လဲဆိုတော့ အစကတည်းက တစ်ဖက်နဲ့တစ်ဖက်ဟာ တစ်ဖက်ကဒါ၊ တစ်ဖက်ကဒါ ပြောနေကြတာဆို တော့ အယူအဆမတူတော့ပါဘူးဆိုတဲ့ဟာကို ဆွေးနွေးဖို့အတွက်လည်း အရာထင်မယ်တော့ မထင်ဘူး။ သူတို့နှစ်ဖက်ဟာ ကြားထဲကအဖြေတစ်ခုရှာဖို့အတွက်လည်း အသင့်ဖြစ်နေပုံ မတွေ့ရဘူး။ ဒါကြောင့်ငြင်းနေ တာ ပေါ့။ တပ်ချု့ပ်ကလည်း KNUနဲ့တွေ့ဆုံပွဲမှာငြင်းသွားပြီလေ။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လည်း ငြင်းတယ်ဆိုတာက မတွေ့နိုင်ဘူးဆိုတာကို ငြ်းတဲ့သဘောပဲလေ။ အကောင်းဆုံးကတော့ ဒီလို FORMAL တရားဝင်တောင်းဆိုနေမယ့်အစား တရားမ၀င်တွေ့ဆုံပြီးတဲ့အခါကျတော့မှ အပေးအယူလုပ်ပြီးခါကျမှ တရာူးဝင်တွေ့ဆုံပွဲကို တောင်းဆို တွေ့ကြမယ်ဆိုလို့ရှိရင် ပိုလွယ်လိမ့်မယ်လို့ ထင်ပါတယ်။
မေး။ သမ္မတနဲ့ ကာချုပ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်လိုက်တယ်ဆိုတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ အခြေခံဥပဒေပြင်ရေးမှာ သမ္မတနဲ့ကာချုပ်ပဲ ပတ်သက်တယ်။ သမ္မတတို့ကလည်း သူတို့နဲ့ မပတ်သက် ဘူး။ သွယ်ဝိုက်ပြီးပတ်သက်နေတာပဲ ဖြစ်တယ်။ လွှတ်တော်ကပဲပြင်ရမယ်ဆိုပြီး သူတို့ကကျယ်ကျယ် လောင် လောင်ပြောထားတာ။ တကယ်တန်းပြန်ကြည့်ရင် ဥပဒေပြုရေး၊ ပြင်ရေးဟာ လွှတ်တော်နဲ့ပဲ ဆိုင်တယ်။ဒါပေမယ့် သမ္မတနဲ့ကာချုပ်က သူတို့ကိုင်စွဲထားတဲ့ပြင်ချင်တဲ့အရာတွေ၊ မပြင်ချင်တဲ့အရာတွေကတော့ ကျန်နေသေး တာ ပေါ့။ ၁၄ပွင့်ဆိုင်တုန်းက ကာချုပ်က ပုဒ်မ ၄၃၆ကို မပြင်ချင်ပါဘူးဆိုပြိးတော့ ပြောခဲ့ပေမယ့်လည်း နောက်တစ်ခါ ထပ်ပြောတာက လွှတ်တော်ထဲမှာ အများကလုပ်ကြမယ်ဆိုရင် သူက ကန့်ကွက်စရာမရှိဘူးလို့ ပြောခဲ့ပြန်တယ်။ အဲံ့ဒီတော့ သူကလွှတ်တော်ကိုပဲ ပြန်ထည့်တာကိုး။ ကျွန်တော်တို့က လွှတ်တော်ထဲမှာ မထည့်ပါနဲ့။ အပြင်မှာ ဆွေးနွေးပါလို့ပြောလည်း တွေ့ချင်မှတွေ့မှာပေါ့။ ဒီလိုပြောဖို့လည်း ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ်လို့ မယူဆဘူးလေ။ သူတို့ကာယကံရှင်တွေ လုပ်ရမယ့်ကိစ္စ။
မေး။ တွေ့ဆုံညှိနှိုင်းရေးဆိုတာကလည်း ပြဿနာတွေအားလုံးကို တစ်ထိုင်တည်း ပြေလည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုံသဘောတူညီချက်တစ်ခုရဖို့ တွေ့ကြတယ်ဆိုတဲ့နေရာမှာ ဟိုလူလည်းပါ၊ ဒီလူလည်းပါ၊ လူပေါင်းစုံပါတဲ့တွေ့ဆုံမှုဟာ အပြသက်သက်ပဲ ဖြစ်မနေဘူးလား။
ဖြေ။ လူများရင်တော့ ပွဲမစည်တာအမှန်ပဲပေါ့ဗျာ။ သို့သော်လည်း ဒီနိုင်ငံက တိုင်းရင်းသားလူမျိုး၈မျိုးဟာ သူတို့ကိုယ်တိုင်ပါရမှဖြစ်မယ်။ သူတို့ကိုယ်တိုင် ရွေးပါရစေ။ အပေါ်ကမရွေးပါနဲ့ဆိုပြီးတော့ တိုင်းရင်းသား၃၊၄ ယောက်က ပြောကြတယ်လေ။ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ IDENTITY ပေါ့။ ကိုယ်ပိုင်အမှတ်အသား၊ ဥပဓိ ရုပ်တွေဟာလည်းပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ပါသင့်တယ်လို့ တောင်းဆိုတဲ့အခါမှာ ကျွန်တော်တိုပက တစ်ယောက်တည်းနဲ့ပဲတွေ့ပါလို့ ပြောတဲ့အခါကျတော့ သူတို့အထဲမှာလည်း လှုပ်လှုပ်ခါခါတွေ ဖြစ်ကုန်ကျတယ်။ ထိပ်သီးဘယ်လိုရွေးမလဲဆိုတဲ့ဟာ သူတို့ထဲက နိုင်ငံရေးကစားကွင်းထဲမှာလည်း ပွစိပွစိတွေ ဖြစ်လာကြ တာ ပေါ့။ ဒါတွေက ၆ပွင့်ဆိုင်။ ၆ပွင့်ဆိုင်+တိုင်းရင်းသားတွေအကုန်အပါအ၀င်ဆိုရင် ၁၂ပွင့်ဆိုင်တွေ့တယ်ထားဦး တော့ ဒုတ်ဒုတ်ထိဖြေရှင်းနိုင်မလားဆိုတော့ ကျွန်တော်က သိပ်မထင်ဘူး။ ဘာလို့လဲင်္ဆိုတော့ ကျွန်တော်တို့သွား နေတာက ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ကို သွားနေတာကိုး။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပေါ်လာတဲ့သဘောတူညီမှုတွေ ရတဲ့အခါကျမှ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီးတဲ့အခါကျမှ ရှေ့နိုင်ငံရေးကို ဘယ်လိုသွားကြမလဲဆိုတဲ့ လမ်းပြမြေပုံကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ ထိပ်သီးဆွေးနွေးပွဲတ်စခု တွေ့မယ်ဆိုရင်တော့ တစ်ခါတည်းပြတ်ထွက် သွား လိမ့်မယ်။ အခြေခံဥ့ပဒေပြင်ဖို့ပါ တစ်ခါတည်းပါသွားမယ်။ မြေပေါ်ကပုဂ္ဂိုလ်တွေပွဲဆွေးနွေးပြီးတော့ မြေအောက်ကပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကျန်နေမယ်ဆိုရင်လည်း ထိပ်သီး အကြောင်းအရာတွေ ဆွေးနွေးဖို့အတွက် အဲ့ဒီပုဂ္ဂိုလ်တွေ ကျန်နေဦးမှာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးပြီးတဲ့ အခါကျရင်တော့ အနာဂတ်နိုင်ငံအတွက် ကောင်းလိမ့်မယ်လို့ ထင်တယ်။အဲ့ဒီအခါကျမှ ပိုပြီးတော့ ပီပြင်ထိ ရောက်မယ်လို့ ကျွန်တော်ယူဆတယ်။
မေး။ သမ္မတနဲ့တပ်ချုပ်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရေးအတွက်မှာ ခွဲခြားဆက်ဆံမှု ရှိတယ်လို့ ဝေဖန်ကြတာတွေရှိတယ်။ ဥပမာ KNU ကို သီးခြားတွေ့ဆုံတာမျိုးပေါ့။ အခုဆိုရင် ၆ပွင့်ဆိုင်ကို ငြင်းဆို လိုက်ပေမယ့် KNU နဲ့တပ်ချုပ်နဲ့ တွေ့သွားကြတယ်။ အဲ့ဒီမှာ အစိုးရရဲ့ ကိုယ်တွယ်ဖြေရှင်းပုံကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ တပ်ချုပ်နဲ့ KNU တွေ့ကြတယ်ဆိုတာက ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုနဲ့ မဆိုင်ဘူးလေ။ mpc မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ကြတော့ သတင်းမီဒီယာလောကက အယ်ဒီတာချုပ် တွေ၊ သတင်းစာဆရာတွေပါတဲ့ပွဲမှာ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘာတွေပြောလဲဆိုတော့ လိုင်ဇာမှာ နောက်ဆုံးအ ကြိမ်ဆွေးနွေးပွဲတုန်းက သမ္မတက လိုင်ဇာမှာ ဆွေးနွေးပြီး မြစ်ကြီးနားဆင်းလာတဲ့အခါမှာ သူကိုယ်တိုင် တွေ့ဖို့ လာမယ်ဆိုတော့ KIA ခေါင်းဆောင်တွေရော၊ တကယ့်ခေါင်းဆောင်ကြီးတွေပေါ့။ ဗိုလ်ချုပ်ဂွန်မော်တို့ထက် မြင့်တဲ့ တကယ့်ခေါင်းဆောင်ကြီးတွေ အပါအ၀င် တွေ့မယ်ဆိုပြီးသတင်းပို့လိုက်တဲ့အခါမှာ တွေ့ဆုံဖို့ ပြင်ပြီး ပြီလို့ ပြောတယ်။ သမ္မတကတွေ့ဖို့ပြင်ဆင်ပြီးခါမှ ဟိုကမြစ်ကြီးနားမဆင်းတော့ပဲ လိုင်ဇာကနေပြန်သွားကြတယ်ဆို တော့ သမ္မတ မသွားလိုက်ရဘူး။ သမ္မတမှာတွေ့ချင်တဲ့သဘောထားရှိနေတယ်ဆိုတာကို တာဝန်ရှိတဲ့သူက ထုတ်ပြောလိုက်တယ်။ ဒါပေမယ့် အဲ့ဒီအကြောင်း သတင်းမီဒီယာလောနယ်ပယ်ထဲ ရောက်မသွားတော့ ပြည်သူ က သို့လောသို့လော ဖြစ်ရတယ်။ ၁၄ပွင့်ဆိုင်မှာ သမ္မတအနေနဲ့လိုင်ဇာက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ မယ်ဆိုရင် နိုင်ငံရေးယုံကြည်မှုပိုရမယ်လို့ ကျွန်တော်အကြံပြုခဲ့တယ်။
နောက်တစ်ချက်က KNU ဥက္ကဌ ဘာကြောင့်လာတွေ့လဲဆိုတော့KNU တွေက ငြိမ်းချမ်းရေး အရမ်းရချင် နေပြီ။ သူတို့ကတော့ တအားရချင်တဲ့စိတ်နဲ့ လာလာတွေ့နေတာရှိတယ်။ သူတို့ကိုလည်း ဖွင့်ထားတယ်။ ဟိုပုဂ္ဂိုလ်တွေကိုလည်း ဖွင့်ထားတယ်။ လာတာ မလာတာက သူတို့ကိစ္စပဲ ဖြစ်မယ်လို့ထင်တယ်လေ။
ရှမ်းတွေ၊ကယားတွေက သူတို့နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတာကို မလိုလားတော့ဘူးတဲ့။ ငြိမ်းချမ်းရေး လိုချင်နေပြီတဲ့။တကယ်လို့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးလို့ရှိရင်လည်း မထိုးတဲ့လူတွေကို ချန်ထားခဲ့။ ကိုယ့်ဟာကိုထိုးပြီး ယူလိုက်ကြရအောင်ဆိုပြီး ကျယ်ကျယ်လောင်လောင်အော်သွားတာလည်း သတင်းစာ၊ ဂျာနယ်တွေမှာ ပါမလာဘူး။ အဲ့ဒီပွဲမှာ တာဝန်ရှိတဲ့သူပြောတာက ဒေါ်အောင်ဆန်းစုကြည်ဟာ လိုင်ဇာဆွေးနွေးပွဲ ကို တက်ပြီးအားပေးချင်တယ်။ သွားချင်တယ်ဆိုတော့ ဦးအောင်မင်းတို့က လိုင်ဇာကိုသတင်းပို့တယ်။ ဟိုဘက်က လည်းတွေ့ချင်ပါတယ်၊ ပြောချင်ပါတယ်လို့ ပြန်ပြောတော့ ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး ပြောပြီးပြီ။ အဲံဒီမှာ ဒေါ်စုက အဲ့ဒီလိုဆိုရင် KIA ကနေ ဖိတ်စာပေးပါလို့ တောင်းတဲ့အခါကျတော့ KIA ခေါင်း ဆောင်တွေက ဒီနေ့အထိမပေးပါဘူးလို့ အဲ့ဒီပွဲမှာ ရှင်းသွားတာလည်း သတင်းစာ၊ ဂျာနယ်တွေမှာ မပါဘူး။ သို့လော သို့လော ဖြစ်ကြတာ ဒါကြောင့် ဖြစ်တာပါ။
မေး။ ပုဒ်မ ၄၃၆ ကိ ပြေလည်အောင်မဖြေရှင်းနိုင်ရင် အနာဂတ်နိုင်ငံရေးအကျပ်အတည်းဟာ ဘာတွေဖြစ်သွားနိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ။ တပ်က ၂၅% လိုချင်နေသေးတယ်။ မနေလို့မရဘူးလို့ သူတို့စဉ်းစားတယ်။ နံပါတ်တစ်က ငြိမ်းချမ်းရေး မရသေးဘူး။ငြိမ်းချမ်းရေးမရသေးလို့ တိုက်ကြခိုက်ကြမယ်ဆိုရင် သူတို့ခေါင်းပေါ်ရောက်မယ်။ ခင်ဗျားတို့ နိုင်ငံ ရေးသမားတွေကရော ဒီကိစ္စကို အာမခံနိုင်လားဆိုရင် ကျွန်တော်တို့လည်း အာမ မခံနင်္ိုင်ဘူး။ တိုက်တာ၊ ခိုက်တာတွေရပ်သွားလို့ တပ်ကဆက်နေမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က အပြတ်အသတ်စဥင်္းစားရမှာ ပေါ့။ ငြိမ်းချမ်းရေးရပြီးသည့်တိုင်အောင် တပ်ကလွှတ်တော်ထဲမှာ နေချင်ပါသေးတယ်ဆိုပြီး ကျွန်တော်တို့ ဒီမိုကရက် တစ်အင်အားစုအားလုံးက တူညီတဲ့ဆန္ဒတွေနဲ့ ကြိုးစားရမှာပေါ့။ အဲံ့ဒီတော့ ၂၅%ဆ က်မရှိဖို့အတွက် ၄၃၆ဟာ ဆက်ရှိဖို့လိုနေတယ်။ ၄၃၅ကိုပြင်တယ်၊ ဖျက်တယ်၊ အားလုံးပယ်တယ်ဆိုလို့ရှိရင် သူတို့က ၂၅%နဲ့ ဆုံးဖြတ်ချက် တွေကို ကာကွယ်လို့မရတော့ဘူးလေ။ ဥပမာဆိုပါတော့ တပ်တွေရဲ့လှုပ်ရှားမှုတွေ၊ ဘဏ္ဍာဘတ်ဂျက်တွေကို ဟိုလိုမလုပ်ရဘူး၊ ဒီလိုမလုပ်ရဘူးဆိုပြီးတော့ ပိတ်ပင်မယ်ဆိုလို့ရှိရင် ၄၃၆မရှိတဲ့အခါ သူတို့ကာကွယ်လို့ မရဘူး။ အဲ့ဒါကြောင့် ကာနေတာပါ။ ရှင်းရှင်းလေးပဲ။
မေး။ ဒါဆိုရင် PEACE PROCESS က အဓိကကျတဲ့အစိတ်အပိုင်းမှာ ရှိနေတာပေါ့။
ဖြေ။ ကျွန်တော့်အမြင်ကတော့ PEACE PROCESS ကလည်း အဓိကကျတဲ့အချက်ထဲမှာ တစ်ချက်ပါတယ်။ နောက်တစ်ချက်ကလည်းပဲ ခင်ဗျားတို့မေးချင်နေတဲ့ ၅၉(စ) ဖြစ်မှာပေါ့။ အဲ့ဒါကိုလည်း သူတို့ကမပြင်ချင်ဘူးလေ။ ဒါကြောင့် ၄၃၆ကို မပြင်ချင်ဘူးလို့ ပြောတောပေါ့။ ခံခ



No comments:
Post a Comment