စည်ပင်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထိန်ချန်သည့်ကိစ္စ မြောက်ဥက္ကလာပတွင်ဖြစ်ပွား
လာမည့်စည်ပင်ရွေးကောက်ပွဲတွင် မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ကော်မတီ ရပ်မိရပ်ဖတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးအေးမော်က သူမအား ထောက်ခံမဲပေးကြမည့်သူများ မဲပေးနိုင်သူစာရင်းတွင် ချန်ထားပြီး အမည်နှစ်ခါထပ်စာရင်းများ၊ သေဆုံးသူများ၊ နိုင်ငံခြားခရီးသွားနေသူများ၊ ဘုန်းကြီးဝတ်နေသူများ စာရင်းကို ထည့်သွင်းထားသဖြင့် မဲပေးနိုင်သူများစာရင်းသည် မသမာမှုများကို ပြုလုပ်ရန် ကြိုတင်ကြံစည်မှုတစ်ခု ဖြစ်နေကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထိုကိစ္စကို မြို့နယ်ကော်မရှင်သို့ တင်ပြ၍ သွားရောက်ဆွေးနွေးခဲ့သော်လည်း မြို့နယ်ကော်မရှင် အနေဖြင့် စာရင်းပိတ်ပြီးဖြစ်သဖြင့် မဲပေးခွင့်မရတော့ကြောင်းဖြင့် ပြန်လည်ရှင်းပြခဲ့ပါသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ လာမည့် ၂၃-၁၂-၂၀၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ဒေါ်အေးအေးမော်အား ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်မှာ 09250113435 ဖြစ်ပါသည်။
$$ kotoetoe $$



No comments:
Post a Comment