Sunday, April 16, 2017

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ မြန်မာနှစ်သစ်ကူးသ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

မြန်မာနှစ်သစ်ကူးသ၀ဏ်လွှာ

ရက်စွဲ။ ဧပြီလ(၁၇)ရက်၊ ၂၀၁၇

 

         ဤ ၂၀၁၇ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၉ခု၊ နှစ်ဆန်းတစ်ရက်၊ တနင်္လာနေ့ မြန်မာနှစ်သစ်ကူး နေ့တွင် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီမှ ပြည်သူအပေါင်း ကိုယ်စိတ်နှလုံးသုံးပါးစလုံး ချမ်းမြေ့စေကြောင်း ဆုမွန်ကောင်းတောင်း၍ မေတ္တာပို့သပါသည်။

         ကျွန်ုပ်တို့ NDFပါတီသည် ပြည်သူ့အတွက် ဖြစ်ပါသည်။  မြန်မာပြည်သူများ လိုလားနေကြသည့် ဖက်ဒ ရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာရေးအတွက်  နိုင်ငံရေးတာဝန်ကို အခြားသော ဒီမိုကရေ စီအင်အားစုများနှင့်အတူ လက်တွဲ၍ ဦးလည်မသုန် ဆက်လက်ထမ်းရွက်သွားပါမည်။

         နိုင်ငံရေးအခက်အခဲများ၊ ရွေးကောက်ပွဲအရှုံးအနိုင်များကို ပဓာနမထားပဲ ရဲရင့်ဝံ့စားသော နိုင်ငံရေးနှလုံး သားများဖြင့် ပြည်သူ့အတွက် နိုင်ငံရေးတောင်တက်ခရီးကို  ကျွန်ုပ်တို့ဆက်လက်ချီတက်နေဦးမည်သာ ဖြစ်သည်။

         သို့ဖြစ်ရာ ဤမြန်မာတို့၏ ယဉ်ကျေးမှုလက္ခဏာအထင်ကရစိုက်ထူရာ သင်္ကြန်ကာလတွင်  ကောင်းမြတ် သောစေတနာဖြင့် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားလက္ခဏာနှင့် မြန်မာပြည်သူတစ်ရပ်လုံး၏ အမျိုးသားအကျိုး စီးပွားများ မှေးမှိတ်လျော့ပါးခြင်း မရှိစေရန် ၀ိုင်းဝန်းထိန်းသိမ်းကြပါစို့ဟူ၍ တိုက်တွန်းရင်း သ၀ဏ်လွှာပါးအပ် ပါသည်။

        

     ဗဟိုအလုပ်အမှုဆောင်ကော်မတီ

            အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment