Tuesday, September 9, 2014

FDA အဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်(၄၃-၂၀၁၄)

ရက်စွဲ။ ၉-၉-၂၀၁၄

FDA အဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲပြုလုပ်

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDAအဖွဲ့၏ Political Dialogue နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောတူညီချက်စာတမ်းထုတ်ပြန်နိုင်ရေးအတွက် အစည်းအဝေးကို ၉-၉-၂၀၁၄ရက်နေ့ နေ့လည် ၁း၀၀ နာရီ တွင် အမှတ် ၁၇၊ ၁၅၂လမ်းရှိ၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA သဘာပတိအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ ၀င်များ၊ အဖွဲ့ဝင်ပါတီများမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

         ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးစာချူပ် လက်မှတ်ရေးထိုးခဲ့ကြသော် ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDAအဖွဲ့အနေဖြင့် ဆွေးနွေးပွဲဆိုင်ရာ သဘောထား စာတမ်းတစ်ရပ်ကို ပြုစုထုတ်ပြန်ရန် လိုအပ်ကြောင်းနှင့် ယခုပြုစုထားခဲ့သော စာတမ်းများကို လိုအပ်သည်များကို ထပ်မံဖြည့်စွက်ကြရန် ဆွေးနွေးခဲ့ကြသည်။

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ CEC  ဦးတိုးတိုး၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဥက္ကဌ ဦးအောင်သန်းတင်၊ အတွင်းရေးမှူး ဦးသက်ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒုဥက္ကဌဦးတင့်ဆွေ၊ CEC မဦးအောင်သန်းမြင့်၊ ချင်းတိုးတက်ရေးပါတီမှ ဦးထောင် ကိုခုတ်၊ မြန်မာ့လူ့ဘောင်သစ်ပါတီဥက္ကဌ ဦးဇင်အောင်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးမျိုးညွန့်တို့က မိမိတို့၏ အမြင်သဘောထားများကို တင်ပြဆွေးနွေးခဲ့ကြသည်။  ထို့နောက် လာမည့် စက်တင်္ဘလ-၁၃  ရက်နေ့တွင်  ပြုလုပ်မည့် မြန်မာ့နိုင်ငံရေးပါတီများ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်FDAအဖွဲ့၏ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာစာတမ်းကို အတည်ပြုခဲ့သည်။

         နိုင်ငံရေးပါတီများကိုယ်စားပြုသည့်အဖွဲ့တွင် တစ်ပါတီလျှင် အနည်းဆုံး ၂ ဦးစီ ပါဝင်သင့်ကြောင်းကို လည်း တက်ရောက်လာသောပါတီများမှ သဘောထားပေးခဲ့ကြသည်။ နိုင်ငံရေးပါတီများအစုတွင် ဖြစ်သင့်ဖြစ် ထိုက်သည့် အနေအထားများကို ဆွေးနွေးခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment