Saturday, September 13, 2014

မြန်မာ့နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ ပထမနေ့ကျင်းပပြုလုပ်

မြန်မာ့နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ ပထမနေ့ကျင်းပပြုလုပ်

         ၁၃-၉-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် တာမွေမြို့နယ်၊ ဦးဖိုးစိန်လမ်းရှိ Green Hill Hotelတွင်  မြန်မာ့နိုင်ငံရေးပါတီများစုပေါင်း၍  ငြိမ်းချမ်းရေးဖြစ်တည်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တူညီသော သဘောထားများ နိုင်ငံရေးပါတီများမှ ပေးအပ်နိုင်ရေးအတွက် မှတ်ပုံတင်ထားသော တရားဝင်နိုင်ငံရေးပါတီ များ၏ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ တရားဝင်ပါတီ(၆၇)ပါတီကို ဖိတ်ကြားခဲ့ရာ တက်ရောက်လာသော ပါတီ (၅၂) ပါတီနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသော ပါတီ(၄) ပါတီ ရှိကြောင်း သိရှိရသည်။

         ဆွေးနွေးပွဲအစတွင် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကမထကပြုဆောင်ရွက်သော ညီနောင်တိုင်းရင်း သားပါတီများဖက်ဒရေးရှင်းNBF မှ ဒါရိုက်တာ ဒေါ်ချင်းချင်းက အစည်းအဝေးခေါ်ယူကျင်းပရခြင်းအကြောင်း၊ မိတ်ဆက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  ရှမ်းတိုင်းသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီခေါင်းဆောင်းများ၊ ပါတီကိုယ်စားလှယ်များက  တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။

         ပြီးနောက် ပါတီတစ်ခုချင်းအလိုက် မိမိတို့၏သဘောထားအမြင်များကို တင်ပြကြခဲ့ကြသည်။ တက် ရောက လာသောပါတီ ၅၂ပါတီမှ မိမိတို့သဘောထားများကို တင်ပြကြပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏  Political Dialogue frame work ကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်မှ တင်ပြခဲ့ပြီး ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရယ်ရေးရှင်း NBF ၏ Political Dialogue ကို ချင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဇိုဇမ်က တင်ပြရှင်းလင်းခဲ့သည်။ ထိုနောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ ထိုတင်ပြချက်စာတမ်းများကို လေ့လာပြီး မိမိတို့ယူဆချက်များကို ၁၄-၉-၂၀၁၄ ရက်နေ့တွင် ထပ်မံကျင်းပမည့် အစည်းအဝေးများတွင် ဆွေးနွေးကြရန် ဖြစ်သည်။  ထိုဆွေးနွေးချက်များကို အခြေပြု၍ အများသဘောတူ ထုတ်ပြန်ချက်ပြုလုပ်မည် ဖြစ်သည်။ ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအောက်ပေါင်းမှ နိဂုံးချုပ်အမှာစကားပြောကြားက အစည်းအဝေးပထမနေ့ကို ညနေ ၄း၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။  

 

ယနေ့တက်ရောက်လာကြသော ပါတီများမှာ


၁။ မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစု

၂။ ကမန်အမျိုးသားတိုးတက်ရေးပါတီ

၃။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၎။ မြို တိုင်းရင်းသားပါတီ

၅။ ရခိုင်အမျိုးသားပါတီ

၆။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၇။ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်

၈။ "ဝ"အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ

၉။ တအောင်း(ပလောင်)အမျိုးသားပါတီ

၁၀။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

၁၁။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၁၂။ "ဝ"ဒီမိုကရက်တစ်ပါတီ

၁၃။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး

ပါတီ

၁၄။ ဓနု တိုင်းရင်းသားများ ဒီမိုကရေစီပါတီ

၁၅။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ

၁၆။ပြည်ထောင်စုပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (ပအမဖ)

၁၇။ ကယန်းအမျိုးသားပါတီ

၁၈။ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)

၁၉။ ကယားလူမျိုးစု ဒီမိုကရေစီပါတီ

၂၀။ ဖက်ဒရယ်ပြည်ထောင်စုပါတီ

၂၁။ ကရင်ပြည်သူ့ပါတီ

၂၂။ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ

၂၃။ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ

၂၄။ ကရင်ဒီမိုကရက်တစ်ပါတီ

၂၅။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ

၂၆။ ချင်းအမျိုးသားဒီမိုကရေစီပါတီ

၂၇။ ချင်းတိုးတက်ရေးပါတီ

၂၈။ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ

၂၉။ အရှိုချင်း အမျိုးသားပါတီ

၃၀။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၃၁။ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ

(ကချင်ပြည်နယ်)

၃၂။ ကချင်အမျိုသားများဒီမိုကရေစီကွန်ဂရက်

၃၃။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

(ဒူးလေးပါတီ)

၃၄။ကချင်ဒီမိုကရက်တစ်ပါတီ

၃၅။ ထားဝယ်တိုင်းရင်းသားများပါတီ

၃၆။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၃၇။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)

၃၈။ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ

၃၉။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ

၄၀။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ

(ပြည်ထောင်စုမြန်မာနိုင်ငံ)

၄၁။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ

၄၂။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ

၄၃။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ

(ပြည်ထောင်စုမြန်မာနိုင်ငံ)

၄၄။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်

၄၅။ ခေတ်သစ်ပြည်သူ့ပါတီ

၄၆။ အမျိုးသားဒီမိုကရေစီအင်အားစု

၄၇။ အမျိုးသားညီညွှတ်ရေးကွန်ဂရက်ပါတီ

၄၈။ ပြည်သူ့ဒီမိုကရေစီပါတီ

၄၉။ မြန်မာလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

၅၀။ မြန်မာအမျိုးသားကွန်ဂရက်

၅၁။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး

တိုးတက်ရေးပါတီ

၅၂။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ

 

တယ်လီဖုန်းဖြင့်ဆန္ဒပြုသောပါတီများ

၁။ ကချင်ပြည်နယ်ဒီုမိကရေစီပါတီ

၂။ပြည်ထောင်စုဒီမိုကရေစီပါတီ

၃။ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ

၎။မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

No comments:

Post a Comment