Saturday, September 6, 2014

NDF သတင်းထုတ်ပြန်ချက်အမှတ် (၄၁-၂၀၁၄)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၄၁-၂၀၁၄)

 

ပဲခူးတိုင်းထန်းတပင်မြို့နယ်လယ်ယာမြေကိစ္စ NDF မှ ၀င်ရောက်ကူညီ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပဲခူးတိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးမြတ်မိုးဦးဆောင်သော တိုင်းစည်းရုံးရေးကော်မတီဝင်များသည် တောင်သူလယ်သမားများ၏ အကူအညီတောင်းခံမှုကြောင့် ကျောက်တံခါးမြို့နယ်၊ ထန်းတပင်မြိ့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ သွားရောက်ခဲ့ကြသည်။  ထန်းတပင်မြိုနယ် မြေစာရင်းဦးစီးဌာနတွင်  တောင်သူလယ်သမားများ၏ မြေသိမ်းခံကိစ္စများကို ( ၂-၉-၂၀၁၄ ) ရက်နေ့ကဆွေးနွေး ခဲ့သည်။

         အဆိုပါ မြေများမှာ ဧက (၇၁၉) ကျော်ရှိပြီး  တပ်သိမ်းမြေများမှ တောင်သူလယ်သမားများကို ပြန်လည် ပေးအပ်ရာတွင် -

(က)   မြေစာရင်းအတိအကျ ပြန်လည်တိုင်းတာရန်နှင့်

(ခ)     သိမ်းဆည်းခံမြေဧရိယာအချို့မှာ KNU နယ်မြေအတွင်းကျရောက်လျှက် ရှိနေခြင်းကိုပါ ထည့်သွင်းတိုင်း တာရန် တို့ကို  ဆောင်ရွက်ပေးမှသာ  တောင်သူလယ်သမားများထံသို့၎င်းတို့၏လက်ငုတ်လယ်မြေများကို တရား

ဝင်ပြန်လည်ပေးအပ်နိုင်မည် ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

         ထို့ကြောင့် NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီအနေဖြင့် သက်ဆိုင်ရာKNU နယ်မြေခံအဖွဲ့အား ဆက်သွယ်၍  သိမ်းဆည်းခံလယ်ယာမြေများ တိုင်းတာရေးကို ညှိနှိုင်းနိုင်ခဲ့ပါသည်။ နယ်မြေခံ KNU တပ်ဖွဲ့အနေဖြင့် လယ်မြေများပြန်လည်တိုင်းတာရာတွင် လိုအပ်သလို အကူအညီပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယခုအခါ လယ်ဧက ၇၁၉ ကျော်အား အပြည့်အ၀တိုင်းတာနိုင်ရေးကို NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီမှ  မြို့နယ်မြေစာရင်းဌာနအား ကူညီပံ့ပိုး၍ တောင်သူများမြေယာပြန်လည် ရရှိရေးကို ဆောင်ရွက်ပေးလျှက်ရှိနေကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

         ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဦးမြတ်မိုး  ပဲခူးတိုင်းဥက္ကဌ၊ ဖုန်း-၀၉၃၁၄၂၇၀၆၉  အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

ပဲခူးတိုင်းအုတ်ဖိုမြို့နယ်တွင် NDF ရပ်ကျေးရုံးများ ဆက်လက်ဖွင့်လှစ်

       ၆-၈-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ငါးရှည့်ရိုးကျေးရွာအုပ်စုရုံး၊ ကြပ်ချောင်းကျေးရွာအုပ်စုရုံး၊ အုတ်တွင်းကုန်းကျေးရွာအုပ်စုရုံးဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။ ထိုရုံးဖွင့်ပွဲများသို့ ပဲခူးတိုင်းစည်းရုံးရေးဗဟိုအားဖြည့် ဒု တာဝန်ခံ၊ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်နန်းကြူသန်းဝင်း၊ ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့မှ  ဒေါ်အေးအေးမော်နှင့် ဒေါ်ခင်ဖြူဖြူငြိမ်း၊  အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်များမှ မြို့နယ် စည်းရုံးရေးကော်မတီဝင်များ ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

         ၁၁-၉-၂၀၁၄ ရက်နေ့တွင်လည်း  အုတ်ဖိုမြို့နယ်တွင် NDF သာယာဝတီခရိုင်စည်းရုံးရေးကော်မတီရုံးကို ဖွင့်လှစ်ရန်ရှိကြောင်းသတင်းရရှိပါသည်။

 

 

 

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်/ရပ်ကျေးရုံးများ ဖွင့်လှစ်ရန်ရှိ။

          အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်များတွင် ပါတီရုံးဖွင့်ပွဲများကို  ဖွင့်လှစ်ရန် ရှိနေပါသည်။ ၂၀-၉-၂၀၁၄ ရက်နေ့တွင် ပဲခူးတိုင်း၊တောင်ငူမြို့တွင် တောင်ငူခရိုင်ရုံးနှင့် တောင်ငူမြို့နယ်ရုံးများကို ဖွင့်လှစ်မည် ဖြစ်သည်။ ၂၁-၉-၂၀၁၄ရက်နေ့တွင် နေပြည်တော ဇမ္ဗူသီရီမြို့နယ်တွင် မြို့နယ်ရုံးဖွင့်လှစ်မည် ဖြစ်သည်။ ပဲခူးတိုင်း ကျောက်တံခါးမြိုနယ်တွင်လည်း ရပ်ကျေးရုံးများ စက်တင်္ဘာလ အတွင်း ဖွင့်လှစ်ရန် အစိအစဉ် ပြုလုပ်နေပြီ ဖြစ်သည်။  ထို့ပြင် မန္တလေးတိုင်းတွင်လည်း မန္တလေးတိုင်းရုံး နေရာသစ်ဖွင့်ပွဲနှင့် မန္တလေး ခရိုင်ရုံးဖွင့်ပွဲများ ပြုလုပ်ရန်ရှိပြီး ပုသိမ်ကြီးမြို့နယ်တွင်လည်း ရပ်ကျေးရုံးများ ဖွင့်လှစ်မည် ဖြစ်သည်။

 

ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ တက်ရောက်မည်

         မနက်ဖြန် ၇-၉-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် MPC တွင် ပြုလုပ်မည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့် ရန်ကုန်အခြေစိုက်နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ တက်ရောက်မည် ဖြစ်သည်။

No comments:

Post a Comment