Friday, September 12, 2014

67 PARTY MEETING

      ၃-၉-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီမှာ တာမွေ ဦးဖိုးစိန်လမ်းက

Green Hill hotel မှာ မြန်မာပြည်နိုင်ငံရေးပါတီတွေအားလုံးကိုဖိတ်ပြီး သဘောထား ဆွေးနွေးကြမယ့်ပွဲ လုပ်ပါလိမ့်မယ်။

   ဦးဆောင်သူတွေကတော့ NBF ဆိုတဲ့ ညီနောင်သားချင်းတိုင်းရင်းသားပါတီများ အဖွဲ့နဲ့  FDA ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့တို့ ဖြစ်ပါတယ်။

  လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ Political Dialogue ဆိုတာ ဖြစ်လာရင် နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ သဘောထားတွေ အပြန်အလှန်ဖလှယ်ကြဖို့ ဖြစ်ပါတယ်။

  ဘယ်ပါတီတွေလာမလဲ၊ ဘယ်ပါတီတွေ မလာဘူးလဲဆိုတာကိုတော့ မနက်ဖြန်ကြမှပဲ သိရတော့မယ်။

   ဒါမျိုးဆွေးနွေးပွဲတွေကို ပါတီပေါင်းစုံပါဝင်ဆွေးနွေးကြပြီး ဆက်လက်လုပ်ဆောင်နိုင်ပါစေဗျာ။

သေးတာလည်းသေးတာအလျှောက်

အလတ်လည်း အလတ်အလျှောက်

အကြီးစားတွေလည်း အကြီးစားအလိုက်

နိုင်ငံရှေ့ရေးအတွက် အကြံကောင်း၊ ဥာဏ်ကောင်းတွေ 

ထွက်လာနိုင်ကြပါစေဗျာ။

မိုးကုတ်ကိုတိုး( ၁၂-၉-၂၀၁၄)

 

#to be happy#

$$ kotoetoe $$

No comments:

Post a Comment