Wednesday, September 10, 2014

သတင်းထုတ်ပြန်ချက်အမှတ်(၄၄-၂၀၁၄)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်(၄၄-၂၀၁၄)

ရက်စွဲ။ ၁၀-၉-၂၀၁၄

NDF မွန်ပြည်နယ် ပေါင်မြို့နယ် ရပ်ကျေးရုံးဖွင့်လှစ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မွန်ပြည်နယ်စည်းရုံးရေးမှူးများ၏ ဦးဆောင်မှုဖြင့် ပေါင်မြို့နယ် ကော့ကရင်ကျေးရွာ NDF ရုံးဖွင့်ပွဲကို ၃၁-၈-၂၀၁၄ ရက်နေ့က ကော့ကရင်ကျေးရွာ  ဦးမြင့်အောင်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုရုံးဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် မွန်ပြည်နယ်အားဖြည့်စည်းရုံးရေးတာဝန်ခံ ဦးကြီးမြင့်၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင် ဦးထွန်းထွန်းဝင်း၊ မွန်ပြည်နယ်စည်းရုံးရေးမှူး ဦးအောင်ထွန်းနှင့် ဦးမြင့်အောင်၊ ပေါင်မြို့နယ်NDF ဥက္ကဌ ဦးအောင်ဆန်းနှင့်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံး ရေးကော်မတီဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

 

NDFပါတီ မိုးညှင်းမြို့နယ်ရုံးဖွင့်လှစ်

         ၂၅-၈-၂၀၁၄ ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးထက်အောင် ကျော်၊ ဦးအေးမင်းထွန်း၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးနန်းထိုက်ဇော်၊ ဦးမြင့်ဦး၊ ဗဟိုလူငယ်ဖွဲ့စည်း ရေးတာဝန်ခံ ဦးကျော်သူရ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင် ဦးသန်းညွှန့်၊ ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာနှင့် ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဝင်များ၊မိုးညှင်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

         ၂၇-၈-၂၀၁၄ရက်နေ့တွင်လည်း မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအင်အား စုပါတီ ရပ်ကွက်ကျေးရွာရုံးဖွင့်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ် ကော်မတီဝင်များ၊ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

 

NDF ပါတီခေါင်းဆောင်များ၏ ကချင်ပြည်နယ်ခရီးစဉ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး(၂) ဦးနေမင်း ကျော်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ဇင်( ပုဇွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်) ၊ ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာတို့ ဦးဆောင်သောအဖွဲ့သည်  သြဂုတ်လ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ကချင်ပြည်နယ် တနိုင်း၊ မိုးကောင်း၊ မြစ်ကြီးနားမြို့နယ်များသို့ သွားရောက်၍  ပါတီဝင်များ၊ ဒေသခံလယ်သမားများနှင့်တွေ့ဆုံပြီး လယ်ယာမြေသိမ်းဆည်းခံရမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

         ထိုဆွေးနွေးပွဲများတွင် NDF ပါတီ၏ မူဝါဒများကို ဦးနေမင်းကျော်မှလည်းကောင်း၊ လယ်ယာမြေသိမ်း ဆည်းခံရမှုများနှင့်ပတ်သက်၍  လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပ ဆောင်ရွက်နေမူများနှင့် ပတ်သတ်၍ လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ဇင်ကလည်းကောင်း၊  ကချင်ပြည်နယ် အတွင်း ယုဇန ကုမ္ပဏီမှ သိမ်းယူထားသော လယ်မြေများနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်မှုအနေအထားများကို ကချင်ပြည် နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာကလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment