Thursday, September 18, 2014

NDF သတင်းထုတ်ပြန်ချက် တရုတ်သံရုံးမှသံအရာရှိနှင့် NDF ပါတီခေါင်းဆောင်များတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၄၈ -၂၀၁၄)

ရက်စွဲ။ ၁၈-၉-၂၀၁၄

NDF ပါတီဥက္ကဌအား ဂျပန် မိုင်အိနစ်ချီ သတင်းထောက် အင်တာဗျူးးပြုလုပ်

         ၁၈-၉-၂၀၁၄ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့ ဂျပန်နိုင်ငံအခြေစိုက် မိုင်အိနစ်ချိသတင်းထောက်မှ လာရောက်၍ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့သည်။  လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ထင်မြင်ယူဆချက်များကို အင်တာဗျူး ပြလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ ပါတီဒုဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ တက်ရောက် ခဲ့ ကြသည်။

 

တရုတ်သံရုံးမှ Third Secretary  အဖွဲ့နှင့် NDF ပါတီခေါင်းဆောင်များတွေ့ဆုံ

         ၁၈-၉-၂၀၁၄ ရက်နေ့ ညနေ ၃း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Third Secretary  Mr. Qi Qi နှင့်နိုင်ငံရေးဌာနတာဝန်ခံ Mr.Lei Zhen လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

         ထိုတွေ့ဆုံပွဲသို့ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ သတင်းပြန်ကြားရေးမှူးဦးတိုးတိုး၊ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်နန်းကြူသန်းဝင်းနှင့် ရန်ကုန်တိုင်းအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ဖြူဖြူငြိမ်းတို့ တက်ရောက်ခဲ့ကြသည်။  ထိုတွေ့ဆုံပွဲတွင် မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနှင့် NDF ပါတီ၏ အနေအထားနှင့် လက်ရှိလုပ်ဆောင်မှု များ၊ တရုတ်မြန်မာဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သင့်သည်များ၊ တရုတ်ကွန်မြူနစ်ပါတီ နှင့် မြန်မာ့နိုင်ငံရေးပါတီများကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရေးနှင့်     NDF ပါတီ၏ အကြံပြုလိုချက်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။ ထိုမေးမြန်းချက်များကို ပါတီဒုဥက္ကဌ ဦးစိန်လှဦးနှင့်  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုးတို့က ဖြေကြားခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

No comments:

Post a Comment