အမျိုးသားဒီမိုကရေစီအင်အားစု
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၄၆/၂၀၁၄)
ရက်စွဲ။ ၁၄-၉-၂၀၁၄
မြန်မာ့နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ
အောင်မြင်စွာကျင်းပပြီးစီး
၁၄-၉-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် တာမွေမြို့နယ်၊ ဦးဖိုးစိန်လမ်းရှိ Green Hill Hotelတွင် မြန်မာ့နိုင်ငံရေးပါတီများစုပေါင်း၍ ငြိမ်းချမ်းရေးဖြစ်တည်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တူညီသော သဘောထားများ နိုင်ငံရေးပါတီများမှ ပေးအပ်နိုင်ရေးအတွက် မှတ်ပုံတင်ထားသော တရားဝင်နိုင်ငံရေးပါတီ များ၏ ဒုတိယနေ့မြောက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲအစတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းမှ အဖွင့်အမှာ စကားပြောကြားကာ နိုင်ငံရေးမူဘောင်တစ်ရပ် ရရှိရေးအတွက် ဆောင်ရွက်သင့်သည်များကို ပါတီများမှ တင်ပြ ကြရာတွင် NBF ညီနောင်တိုင်းရင်းသားပါတီများမှ ပြုစုထားသော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ချင်းအမျိုးသားဒီမိုကရရက်တစ်ပါတီမှ ဦးဇိုဇမ်းက ဆလိုက်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှန့်ကလည်းကောင်း၊ NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နိုင်ငံရေးမူဘောင်ကို NDF ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်ကလည်းကောင်း ဆလိုက်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံရေးပါတီများမှ ဆုံးဖြတ်ချက်ရရှိရေးနှင့် အစည်းအဝေး ပုံစံပီပြင်နိုင်ရေးအတွက် သဘာပတိရွေးချယ်၍ အစည်းအဝေးကိုကြီးကြပ်ရန် အဆိုပြု သည့်အတွက် သဘာပတိအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေကို အများသဘောတူ တင်မြှေုာက်ကြပြီး သဘာပတိအဖွဲ့ဝင်များ အဖြစ် ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်၊ ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းတို့က ဆောင်ရွက်ပါသည်။
သဘာပတိက အစည်းအဝေးရည်မှန်းချက်များကို တင်ပြပြီး နိုင်ငံရေးပါတီများ၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခု ရေးဆွဲရေးနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည်များကို တက်ရောက်လာကြသော ပါတီအသီးသီးမှ ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးချက်များအရ ငြိမ်းချမ်းရေးအမြန်ဆုံဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေးပါတီများ ပူးပေါင်း ဆောင်ရွက်ရန်၊ နိုင်ငံရေးမူဘောင်တစ်ခု နိုင်ငံရေးပါတီများဘက်တွင် ရှိရန်နှင့် ထိုမူဘောင်ရေးဆွဲရေးအတွက် ကော်မတီတစ်ခု ဖွဲ့စည်းရန်၊ ထိုကော်မတီတွင် ပါဝင်မည့် ပါတီများကို ရွေးချယ်ရန်တို့ကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတ်ီများ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီကို အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းရန် အများသဘောတူဆုံးဖြတ်ခဲ့ကြသည်။ ကော်မတီတွင် ပါဝင်မည့်သူများကို တက်ရောက်လာကြသော ပါတီများမှ ဆန္ဒပြုရွေးချယ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံရေးပါင်္တီများတွေ့ဆုံဆွေးနွေးပွဲမှ ရရှိခဲ့သော သဘောတူညီချက်များကို ကြေညာချက် တစ်စောင်ထုတ်ပြန်ရန်အတွက် ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီ(၅၆)ပါတီမှ သဘောထားကြေညာချက် ကို သဘောတူထုတ်ပြန်ခဲ့သည်။ အစည်းအဝေးကို သဘာပတိ ဦးဟန်ရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ထို့နောက် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကိုဆက်လက်ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဇိုဇမ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ရွှေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်၊ ဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှ့န့်တို့မှ ဖြေကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment