Wednesday, June 4, 2014

( NDF) နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထား(မူကြမ်း)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ( NDF)

နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထား(မူကြမ်း)

၁။      ဦးတည်ချက်

-      တရားမျှတလွတ်လပ်ငြိမ်းချမ်း၍ ခွင့်တူညီမျှ နိုင်ငံသားပြည်သူတို့၏ ဘ၀တို့ကို အမှန်တကယ် ရရှိပိုင်ဆိုင် နိုင်စေရေးအတွက် နိုင်ငံရေးအဖြေ ရှာဖွေရန်၊

-      ထိုသို့ အဖြေရှာရာတွင် လူ့အခွင့်အရေးနှင့်ပြည့်ဝသော ဒီမိုကရေစီလူ့အဖွဲ့အစည်းအဖြစ်သို့လည်း ကောင်း၊ တိုင်းရင်းသားပြည်သူအားလုံးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မွေးရာပါအခွင့်အရေးများကို အာမခံချက်ရရှိစေမည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပြဿနာမျာကို  ညှိနှိုင်းအဖြေရှာရန်၊

-      နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ All Stake holders များ၏ အများညီသဘောဆန္ဒတို့မှ ရရှိသော ညှိနှိုင်းမှုရလာဒ်တို့ဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန်၊

၁။      ပြည်ထောင်စုညီလာခံကျင်းပရေးစီမံချက်      

(က)   ဤညီလာခံကို အနာဂတ်မြန်မာနိုင်ငံသစ်တည်ဆောက်ရေးအတွက် အဓိကကျသော နိုင်ငံရေး ပုံစံချမှတ်မှုယန္တယားကြီးအဖြစ် မှတ်ယူသည်။

(ခ)     ဤလုပ်ငန်းစဉ်ကြီးမှ တွေ့ဆုံဆွေးနွေးမည့် အခြေခံမူဘောင်များကို ချမှတ်ခြင်း၊ ဆွေးနွေးပွဲပုံစံ များကို သဘောတူရွေးချယ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတ်မှတ်စည်းကမ်းများကို ညှိနှိုင်း အကောင်အထည်ဖော်ခြင်း၊ ဆုံးဖြတ်ချက်များ ချနိုင်ရေးအတွက် လုပ်ငန်းကော်မတီများကို ဖွဲ့ စည်းတာဝန်ပေးအပ်ခြင်း စသည်တို့ကို ပြုလုပ်ရမည်။

(ဂ)     ဆုံးဖြတ်ချက်တိုင်းသည် အများစု၏ သဘောတူဆန္ဒအရ မဲဖြင့်ဆုံးဖြတ်အတည်ပြုရမည်။ ဆုံး ဖြတ်ချက်များကို သဘောတူမဲမပေးသည့်တိုင် လိုက်နာလက်ခံရမည်။

(ဃ)   ပြည်ထောင်စုညီလာခံတွင် ပါဝင်ရမည့်အဖွဲ့များ

v  လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တပ်မတော်                          စုစုပေါင်းကိုယ်စားလှယ်  ၃၀၀

v  တိုင်းရင်းသားလက်နက်ကိုင်များနှင့် ၄င်းတို့၏သက်ဆိုင်ရလူမျိုးစုအဖွဲ့အစည်းများ၊ ပြည်နယ် များရှိ အခြားလူမျိုးစုခေါင်းဆောင်များးနှင့် တိုင်းဒေသကြီးများရှိ အခြားလူမျိုးစုခေါင်းဆောင်များ စုစုပေါင်း ကိုယ်စားလှယ်   ၃၀၀

v  နိုင်ငံရေးပါတီများနှင့် အတိုက်အခံဒီမိုကရေစီအင်အားစုများမှ စုစုပေါင်းကိုယ်စားလှယ် ၃၀၀ တို့ ပါဝင်ရမည်။ နိုင်ငံရေးဆွေးနွေးပွဲများတစ်ရပ်လုံးတွင် အဖွဲ့အသီးသီးတို့မှ ကိုယ်စားလှယ်စုစု ပေါင်း  ၉၀၀ တက်ရောက်ရမည်။

(င)     ဦးဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် လိုအပ်သည်။ ထို့ကြောင့် ကိုယ်စားလှယ်အစုအဖွဲ့ အသီးသီးမှ တစ်ဖွဲ့လျှင်  ၂၅ဦးစီဖြင့် စုစုပေါင်း ၇၅ ဦးကို ဦးဆောင်ကော်မတီအဖြစ် ညီလာခံတွင်ပါဝင် သော  အစုအဖွဲ့ကြီးသုံးဖွဲ့မှ ရွေးချယ်ခန့်အပ်ရမည်။ ဤဦးဆောင်ကော်မတီကို လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် လုပ်ပိုင်ခွင့် အခွင့်အာဏာ အပ်နှင်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

 

၃။      ညီလာခံတွင် ဆွေးနွေးရမည့်အချက်များ

v  နိုင်ငံသားများ၏ လူမှုဘ၀ဖူလုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်ရှိရေး၊

v  အနာဂတ်ကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့နိုင်စေရန်၊

v  မြေပေါ်မြေအောက်သယံဇာတထုတ်ယူမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊

v  ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်များ ပိုမိုခွဲဝေရရှိ၍ စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်မှုများ တစ်ပြေးညီဖြစ်လာစေရန်၊

v  အချုပ်အခြာအာဏာခွဲဝေကျင့်သုံးမှုတွင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများနှင့် ပြည်ထောင်စုအစိုးရတို့ အကြား လွတ်လပ်စွာ စီမံပိုင်ခွင့်တို့ကို မထိခိုက်စေဘဲ အပြန်အလှန်ထိန်းညှိကွပ်ကဲသောစနစ်ထူထောင် ရေး၊

v  လွတ်လပ်သောတရားစီရင်ရေးသည် အခြားမဏ္ဍိုင်များမှ ထိန်းချုပ်မှုကင်းလွတ်စေသကဲ့သို့ မျှတ လွတ်လပ်၍ ဘက်လိုက်မှုကင်းသော ပြည်သူ့ဘက်ကရည်တည်သော တရားစီရင်မှုဖြစ်စေရေး၊

v  တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးကို အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ထွန်းရေးနှင့် ဒီမိုကရေစီလူ့ဘောင်သို့ ကူးပြောင်းရေးရောက်ရှိနိုင်ရေး၊

v  အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးတို့ကို ထိပါးခြင်းမရှိစေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ ဥပဒေများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊

v  နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံသား ပြည်သူပြည်သားအားလုံး၏ အကျိုးအတွက်လည်း ကောင်း၊ ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကိုက်ညီစေရန်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးကိစ္စရပ်များ ကို ဘက်ပေါင်းစုံမှ ညှိနှိုင်းစဉ်းစားအကောင်အထည်ဖော်စေရေး စသည်တို့ ဖြစ်သည်။

 

အထွေထွေ

         နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်စဉ်ကာလများအတွင်း-

(က)   အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အရ တပ်ပိုင်းဆိုင်ရာနယ်မြေဆုတ်ခွာမှုများဖြင့် နိုင်ငံရေးယုံ ကြည်မှုတို့ ရရှစေရေး၊

(ခ)     မည်သည့်အဖွဲ့အစည်းမဆို အဆိုပါကာလအတွင်း ထူထုလှုပ်ရှားမှုများ၊ လူထုစည်းဝေးပွဲများဖြင့် မည်သည့်လှုံဆော်မှုမျိုးမျှ ပေါ်ပေါက်မလာစေရန် ကန့်သတ်ထားရေး၊

 

ရက်စွဲ။  ၂၀၁၄ခုနှစ်၊ ဇွန်လ(၄)ရက်

No comments:

Post a Comment