နောက်ဆက်တွဲ
အချိုးကျကိုယ်စားပြုစနစ် မဲပေးပုံနမူနာ
၁။ ပါတီစာရင်းအရမဲပေးခြင်း( Party List Voting)
နယ်မြေကျယ်ကျယ်မှာ ကိုယ်စားလှယ်အများကို ရွေးရပါတယ်။ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ အညီ ပါတီကစာရင်းတင်ပြရပါတယ်။ တသီးပုဂ္ဂလတွေကတော့ တစ်ယောက်ကို ပါတီတစ်ခုသဘောထား စာရင်းတင်လာ တယ်။ မဲပေးတဲ့အခါ မဲဆန္ဒရှင်က ကိုယ်ကြိုက်တဲ့ပါတီကိုပေးပြီး ရတဲ့မဲအချိုးအစားအတိုင်း အနိုင်ရကိုယ်စားလှယ်အရေ အတွက်ကို ခွဲယူရပါတယ်။ ဒါကြောင့် (၅)ဦးရွေးချယ်ခွင့်ရှိတဲ့နယ်မှာ (က)ပါတီက မဲ ၄၀ % ရရင် ကိုယ်စားလှယ် ၂ ဦးရမှာ ဖြစ်ပါတယ်။
ပါတီစာရင်းအရမဲပေးခြင်း ( Party List Voting) မှာလည်း စာရင်းသေ (Closed List)နဲ့ စာရင်းရှင် ( Open List)
ဆိုပြီး နှစ်မျိုးရှိပါတယ်။ စာရင်းသေမှာ ပါတီက ကိုယ်စားလှယ်လောင်းအမည်ကို ဦးစားပေးအရထည့်ထားပြီး မဲဆန္ဒရှင်က
ကြိုက်တဲ့ပါတီကို ခြုံပြီး မဲပေးရပါတယ်။ မဲဆန္ဒရှင်က ဦးစားပေးချင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်ခွင့် မရပါဘူး။ ပါတီစာရင်း
အတိုင်းသာ လက်ခံရပါတယ်။ ဒါကြောင့် နှစ်ဦးရွေးချယ်ခံရတဲ့ (က)ပါတီမှာ ကိုယ်စားလှယ်လောင်း (၅)ဦးအနက် အပေါ်ဆုံး
နှစ်ဦးကသာ အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။
ဥရောပဒီမိုကရေစီနိုင်ငံတွေက အခုအခါမှာ စာရင်းရှင် ( Open List) ကို သုံးလာကြပါတယ်။ ပါတီကရွေးချယ်တဲ့
ကိုယ်စားလှယ်လောင်းတွေကို ပါတီစာရင်းမှာ ဦးစားပေးမဟုတ်ဘဲ ကျဘမ်းထည့်ထားပါတယ်။ မဲဆန္ဒရှင်က ပါတီကိုတိုက် ရိုက်မဲမပေးဘဲ သူကြိုက်တဲ့ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲပေးပါတယ်။ ဒီမဲတစ်မဲက ကိုယ်စားလှယ်လောင်းအတွက် ရော ပါတီအတွက်ပါ သက်ဆိုင်ပါတယ်။ ဒီတော့ ပါတီစာရင်းထဲမှာ လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်းက အပေါ် တက်လာတဲ့အတွက် အရွေးချယ်ခံရဖို့ ပိုမိုနီးစပ်သွားပါတယ်။
မဲကဒ်ပြားနမူနာပုံစံ
တရားဝင်မဲကဒ်ပြား …………………………………..ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ အမှတ်……………………… | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဆန္ဒမဲပေးနည်းညွှန်ကြားချက် ၁။ မဲ တစ်မဲ သာပေးရမည်။ ၂။ သင်ဆန္ဒမဲပေးလိုသည့် ကိုယ်စားလှယ်လောင်းရှေ့မှ သက်ဆိုင်သည့်ကွက်လပ်တွင် ( × ) ရေးထည့်ပါ။ ၃။ သင်၏မဲကို သင်ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းနှင့် ၄င်း၏ပါတီအတွက် ထည့်သွင်းရေတွက်ပေး . ပါ မည်။
|
မဲထည့်ပြီးတဲ့အခါမှာ အနိုင်ရတဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်နည်းအမျိုးမျိုး ရှိတဲ့အနက် အလွယ်ကူဆုံး နည်းတစ်နည်းကတော့ မဲကျန်အများဆုံးနည်း ( Largest remainder formula) ဖြစ်ပါတယ်။
ဒီနည်းမှာ ပထမဆုံးအဆင့်က ခွဲတမ်းမဲ( Quota) ကို သတ်မှတ်ရပါတယ်။ ဒါကတော့ ထည့်လိုက်တဲ့တရားဝင်မဲ (Valid voter) အရေအတွက်ကို သတ်မှတ်တဲ့ကိုယ်စားလှယ်အရေအတွက်နဲ့ စားလို့ရတဲ့ကိန်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အောက်မှာပြထားတဲ့ဇယားအရဆိုရင် တရားဝင်မဲ ၁၀၀,၀၀၀ ထည့်ပြီး ကိုယ်စားလှယ် ၁၀ ဦးရွေးရမှာဖြစ်လို့ ခွဲတမ်းမဲကို ၁၀၀,၀၀၀ ÷၁၀= ၁၀,၀၀၀ သတ်မှတ်ပါတယ်။ ပါတီတစ်ခုချင်းအလိုက်ရတဲ့မဲစုစုပေါင်းကို ခွဲတမ်းမဲနဲ့စားပြီး ရလာဒ်ကိန်းပြည့် ဟာ ပါတီကရမယ့် ကနဦးကိုယ်စား လှယ် အရေအတွက် ဖြစ်ပါတယ်။ အကြွင်းကမဲကျန်(Remainder)ဖြစ်ပါတယ်။
ဥပမာ -
အနီရောင်ပါတီ ခွဲတမ်းမဲ ရလဒ် အကြွင်း(မဲကျန်)
ရမဲ (ကနဦးကိုယ်စားလှယ်)
၃၈၀၀၀ ÷ ၁၀၀၀၀ = ၃ ၈၀၀၀
ပထမအဆင့်သတ်မှတ်ပြီးတဲ့အခါ ပါတီအသီးသီးကရတဲ့မဲကျန်တွေကို နှိုင်းယှဉ်ကြည့်ပြီး မဲကျန်အနည်းအများအ လိုက် ကျန်တဲ့ကိုယ်စားလှယ်နေရာတွေကို ခွဲဝေပေးပါတယ်။ ပါတီတစ်ခုအတွက် ကနဦးရထားတဲ့နေရာနဲ့ နောက်ထပ်ရတဲ့ နေရာပေါင်းပြီး နောက်ဆုံးအနိုင်ရတဲ့ ကိုယ်စားလှယ်နေရာ ထွက်လာပါတယ်။ အောက်ကဥပမာမှာ ကျန်တဲ့နေရာ နှစ်နေရာ အတွက် အနီရောင်ပါတီနဲ့ ဦးဖြူ(တစ်သီးပုဂ္ဂလ)တို့က မဲကျန်အများဆုံးရပြီး တစ်နေရာစီ ခွဲဝေရသွားပါတယ်။
မဲကျန်အများဆုံးနည်းဖြင့် ကိုယ်စားလှယ်နေရာသတ်မှတ်ခြင်း
ပါတီ | တရားဝင် ရမဲများ | ကနဦးသတ်မှတ် ကိုယ်စားလှယ် | မဲကျန် | ဒုတိယသတ်မှတ် ကိုယ်စားလှယ် | အပြီးသတ် သတ်မှတ် ကိုယ်စားလှယ် | ရမဲ ရာခိုင်နှုန်း | နေရာ ရာခိုင်နှုန်း |
အနီရောင် | ၃၈၀၀၀ | ၃ | ၈၀၀၀ | ၁ | ၄ | ၃၈ | ၄၀ |
အစိမ်းရောင် | ၂၃၀၀၀ | ၂ | ၃၀၀၀ | ၀ | ၂ | ၂၃ | ၂၀ |
အပြာရောင် | ၂၁၀၀၀ | ၂ | ၁၀၀၀ | ၀ | ၂ | ၂၁ | ၂၀ |
ခရမ်းရောင် | ၁၂၀၀၀ | ၁ | ၂၀၀၀ | ၀ | ၁ | ၁၂ | ၁၀ |
ဦးဖြူ | ၆၀၀၀ | ၀ | ၆၀၀၀ | ၁ | ၁ | ၆ | ၁၀ |
နောက်ဆုံးအနေနဲ့ ပါတီများဟာ ၄င်းတို့ရရှိတဲ့ ထောက်ခံမဲနဲ့ အနီးစပ်ဆုံးကိုယ်စားလှယ်အရေအတွက်ကို ရရှိသွားကြ ပါတယ်။
၂။ ကိုယ်စားလှယ်နှောအချိုးကျစနစ်( Mixed Member Proportional Voting) MMP
မြန်မာနိုင်ငံမှာလို နိုင်သူအကုန်ယူ ( FPTP)စနစ်ကို ကျင့်သုံးတာကြာပြီး မဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် စတာတွေက အခြေခံဥပဒေပါ ပြဌာန်းချက်တွေကြောင့် အကန့်အသတ်ရှိနေဆဲအခြေအနေမျိုးမှာ FPTP နဲ့ PR နှစ်မျိုးစလုံး ရောသမထားတဲ့ MMP စနစ်ကိုလည်း စဉ်းစားသင့်ပါတယ်။ ဒီစနစ်ရဲ့အခြားနာမည်များကတော့ The Additional member system (အပိုဆောင်းကိုယ်စားလှယ်စနစ်)၊ Compensataory PR ( ထေပေးအချိုးကျကိုယ်စားပြုစနစ်)၊ Two Vote System (မဲနှစ်မျိုးပေးစနစ်)၊ German System(ဂျာမန်စနစ်) တို့ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ရဲ့တစ်ဝက်ကို တစ်နယ်တစ်ယောက် FPTP စနစ်နဲ့ ရွေးချယ်ပြီး ကျန်တစ် ၀က်ကို ပါတီစာရင်းအရ ရွေးကောက်ပြီး ပေါင်းထည့်ပေးပါတယ်။ သဘောကျထောက်ခံသူတွေက ဒီစနစ်ဟာ FPTP စနစ်ရဲ့ နယ်မြေဒေသကို ကိုယ်စားပြုမှုရော၊ PR စနစ်ရဲ့မျှတပြီး ကွဲပြားမှုအမျိုးမျိုးကို ကိုယ်စားပြုမှုရော ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီစနစ်ကို ဒုတိယကမ္ဘာစစ်ကြီးပြီးကာစက အနောက်ဂျာမဏီနိုင်ငံမှာ တည်ထွင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဘိုလစ်ဗိးယား ၊ဗင်နီဇွဲလား စတဲ့နိုင်ငံအချို့မှာ ကျင့်သုံးလာပေမယ့် များများစားစားတော့ မဟုတ်သေးပါဘူး။ အခုအခါမှာ စနစ်နှစ်ခုအကြားက ကြားချလို့ရတဲ့စနစ်အဖြစ် စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ ၁၉၉၀ ခုနှစ်မှာ နယူးဇီလန်၊ နောက် ဟန်ဂေရီတို့က လိုက်သုံးပြီး မကြာသေးခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ စကော့တလန်နဲ့ ဝေလနယ်လွှတ်တော်တွေရဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ သုံးကြပါတယ်။
MMP စနစ်လုပ်ဆောင်ပုံ
မဲဆန္ဒရှင်က နှစ်ခြမ်းတွဲမဲပြားကို ထည့်ရပါတယ်။ မဲပြားရဲ့ဝဲဘက်ခြမ်းမှာ မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ကို ရွေးရပါတယ်။ ဒါကတော့ ထုံးစံအတိုင်း မဲဆန္ဒနယ်မြေ ကို ကိုယ်စားပြုတဲ့သူကို FPTP စနစ်နဲ့ ရွေးတာပါ။ မဲအများဆုံးရသူက
နိုင်တယ်ပေါ့။ ပုံမှန်အားဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဝက်ကို ဒီနည်းနဲ့ ရွေးလေ့ရှိပါတယ်။
မဲပြားရဲ့ညာဘက်မှာတော့ ပါတီစာရင်းကို ဖော်ပြပြီး မဲဆန္ဒရှင်က မိမိကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးရွေးချယ်ရ ပါတယ်။ ကိုယ်စားးပြုခွင့်ရတဲ့အရေအတွက်ကိုတော့ ပါတီရဲ့ သတ်မှတ်ထားတဲ့စာရင်းထဲက ဖြည့်ရပါတယ်။ ဂျာမန်ပုံစံမှာတော့ ပါတီစာရင်းက အသေပါပဲ။ အောက်ပါပုံစံကို ကြည့်ပါ -
တရားးဝင်မဲကတ်ပြား | |||||||||||||||||||||||||||||||
မဲ(၂)မဲပေးနိုင်သည် | |||||||||||||||||||||||||||||||
|
လွှတ်တော်မှာ နေရာပေးပုံ
လွှတ်တော်တွင် နေရာ ၁၀၀ ရှိသည်ဆိုပါစို့အနီရောင်ပါတီဟာ ပါတီစာရင်းအရ ၄၀% မဲရတဲ့အတွက် ကိုယ်စားလှယ်
နေရာ ၄၀ ရမှာဖြစ်ပါတယ်။ နယ်မြေရွေး ကောက်မှုစာရင်းအရ ၂၈ ဦးနိုင်ထားတဲ့အတွက် ပါတီစာရင်းထဲက ၁၂ ဦးထပ်ဖြည့်
ရပါမယ်။
နိုင်ငံရေးပါတီ | နယ်မြေအရ အနိုင်ရ ကိုယ်စားလှယ် | ပါတီစာရင်းဖြင့် ရသည့်မဲရာခိုင်နှုန်း | ရသင့်သည့် ကိုယ်စား လှယ်အရေအတွက် | ပါတီစာရင်းမှ ထပ် ဖြည့်ရမယ့်ကိုယ်စားလှယ် |
အနီရောင် | ၂၈ | ၄၀% | ၄၀ | ၁၂ |
အ၀ါရောင် | ၁၈ | ၃၆% | ၃၆ | ၁၈ |
အစိမ်းရောင် | ၄ | ၁၈% | ၁၈ | ၁၄ |
အပြာရောင် | ၀ | ၆% | ၆ | ၆ |
စုစုပေါင်း | ၅၀ | ၁၀၀% | ၁၀၀ | ၅၀ |
ဂျာမန်စနစ်မှာ ရွေးကောက်ပွဲစံနှုန်းနှစ်ခုကို ဖြည့်ဆည်းရပါတယ်။ ပါတီတစ်ခုဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီစာရင်းမဲမှာ အနည်းဆုံး ၅% ရလျှင်ရ၊ ဒါမှမဟုတ် နယ်မြေသုံးခုမှာ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရပါမှ လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ရပိုင်ခွင့် ရှိပါတယ်။ ပုံစံတွင် အပြာရောင်ပါတီဟာ နယ်မြေဒေသဆိုင်ရာ တစ်နေရာမျှ အနိုင်မရပေမယ့် တစ်နိင်ငံလုံးဆိုင်ရာမဲမှာကတော့ ၅%ထက်သာတဲ့အတွက် လွှတ်တော်မှာ (၆)နေရာ ကိုယ်စားပြုခွင့် ရပါတယ်။ (၆)နေရာ စလုံးကို ပါတီစာရင်းမှ ဖြည့်ရပါမယ်။
$$ kotoetoe $$
No comments:
Post a Comment