Wednesday, February 4, 2015

NDF ၂၀၁၅အား ငြိမ်းချမ်းရေး ကြိုဆိုသည့်နှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်အမှတ်(၄/ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

၂၀၁၅အား ငြိမ်းချမ်းရေး ကြိုဆိုသည့်နှစ်အဖြစ် သတ်မှတ်ကြောင်း

ကြေညာချက်အမှတ်(၄/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(   )ရက်

 

၁။     ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့ကြသည်မှာ သုံးနှစ်ကျော်ကာလအတွင်း ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။ ပြည်သူအများ လွန်စွာလိုလားတောင့်တနေကြသည့် ဤငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်  နိုင်ငံရေးအလှည့်အပြောင်းတစ်ခုသည် လာမည့်(၆၉)ကြိမ်မြောက် ပြည် ထောင်စုနေ့အခါသယမတွင် ပေါ်ထွက်လာရန် ချိန်တော်ခါသင့်နေပြီဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အား စုပါတီ NDF မှ သဘောရပါသည်။

 

၂။     သို့ဖြစ်ရာ ပြည်ထောင်စုလက္ခဏာနှင့် အမျိုးသားညီညွတ်ရေးလက္ခဏာတို့ဖြင့် ဖြန့်ကျက်တည်ရှိရာ ဤပြည်ထောင်စု နေ့ချိန်ခါတွင် နိုင်ငံရေးအာမခံချက်များနှင့် အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်းသည့် အာမခံ ချက်များကို ပြည်သူ အများသို့ အခိုင်အမာစိုက်ထူပြသရန် အချိန်အခါရောက်ပြီဟုလည်း မှတ်ယူပါသည်။

 

၃။     လွတ်လပ်ရေး ရပြီးသည်မှစ၍ မငြိမ်းချမ်းနိုင်သေးသည့် မြန်မာပြည်တွင် ပြည်သူအများ ဒုက္ခံနေရဆဲဖြစ် သည်မှာ ၀မ်းနည်းစရာပင် ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေးနှင့်စစ်ဘေးစစ်ဒဏ်သင့်ဒုက္ခများမှ ပြည်သူအများလွတ်မြောက် စေ ရန် ရည်သန်၍ ငြိမ်းချမ်းရေးကို ပြည်သူအားနှင့် ၀ိုင်းဝန်းဆောင်ကျဉ်းသင့်ပြီဟု ကျွန်ုပ်တို့ NDF ပါတီမှ  အလေးအနက် ခံယူပါသည်။ ထို့ကြောင့် ဤ  ၂၀၁၅ ခုကို  ငြိမ်းချမ်းရေး ကြိုဆိုသည့်နှစ်   အဖြစ်သတ်မှတ်ကြောင်းနှင့် လူထုလက္ခဏာဆောင်သော ငြိမ်းချမ်းရေးတောင်းဆိုမှုများကို ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှ ကမကထပြုဦးဆောင်၍ မိတ်ဖက်ပါတီများနှင့် လက်တွဲဖော်ဆောင်သွား မည်ဖြစ်ပါကြောင်း မိဘပြည်သူ အပေါင်းအား အသိပေးအပ်ပါသည်။

 

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

  ရန်ုကုန်မြို့

No comments:

Post a Comment