Saturday, February 14, 2015

ကျောင်းသားများလှုပ်ရှားတောင်းဆိုမှုအပေါ်သဘောထားကြေညာချက် ကျေညာချက်အမှတ်(၅/၂၀၁၅)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ကျောင်းသားများလှုပ်ရှားတောင်းဆိုမှုအပေါ်သဘောထားကြေညာချက်

ကျေညာချက်အမှတ်(၅/၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၄)ရက်

 

        ကျောင်းသားများ၏ ဒီမိုကရေစီပညာရေးဥပဒေ ပေါ်ထွန်းရေးတောင်းဆိုမှုသည် အနာဂတ်မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေးနှင့် လွတ်လပ်စွာပညာသင်ကြားရေးကို အာမခံချက်ဖြစ်စေမည့် လှုပ်ရှားမှုကြီးအဖြစ် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF အနေဖြင့် အလေးအနက်သဘောထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ပါတီသည်-

၁။     ကျောင်းသားများ၏ ဒီမိုကရေစီပညာရေးဥပဒေပေါ်ပေါက်ရေး တောင်းဆိုမှုကို ရာနှုန်းပြည့်ထောက်ခံ သည်။

၂။     ဒီမိုကရေစီပညာရေးဥပဒေပေါ်ထွန်းရေးအတွက် ကျောင်းသားများ၏ငြိမ်းချမ်းစွာချီတက်ထုတ်ဖော် တောင်းဆိုမှုများကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ထောက်ခံသည်။

၃။     ဤလှုပ်ရှားတောင်းဆိုမှုသည် အနာဂတ်လူငယ်ကျောင်းသားများအား ဒီမိုကရေစီပညာရေးနှင့်  လူသစ် တည်၍ ဒီမိုကရေစီပြည်သစ်ဆောက်နိုင်ရေး အခွင့်အလမ်းကြီးဖြစ်သည်ဟု မှတ်ယူသည်။ အမျိုးသားရေး လက္ခဏာဆောင်သော ဤတောင်းဆိုမှုကို ကျွန်ုပ်တို့ပါတီမှ အကြွင်းမဲ့ထောက်ခံသည်။

၎။     ဤတောင်းဆိုမှု၏အဓိကရည်ရွယ်ချက်မှာ ဒီမိုကရေစီပညာရေးစနစ်ဖော်ဆောင်နိုင်ရေး ဖြစ်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် ဥပဒေတစ်ရပ်ပေါ်ပေါက်လာသည်အထိ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာခြင်း ကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ အလေးအနက်တန်ဖိုးထားသည်။ ထိုသို့ စုပေါင်းညှိ နိုင်း အဖြေရှာခြင်း၊ အပြန်အလှန်လေးစားနားလည်ပေးနိုင်ခြင်း၊ နိုင်ငံနှင့်ပြည်သူအတွက် သဘောထားကြီးမှုဖြင့် စိတ်ရှည်စွာဆောင်ရွက်နိုင်ခြင်းနှင့် အနာဂတ်မျိုးဆက်များ၏စံပြအဖြစ် ဥပဒေ နည်းကျအတိုင်း ဆောင်ရွက်နိုင် ခြင်းစသော  ဒီမိုကရေစီကျင့်စဉ်များနှင့် ဒီမိုကရေစီနိုင်ငံသားများ၏ ဂုဏ်အင်္ဂါတန်ဖိုးများကို  ကိုင်စွဲ၍ ဖြူစင် သန့်ရှင်းသော၊ ရဲရင့်တည်ကြည့်ဖြောင့်မတ်သော  ကျောင်းသား များ၏ ပကတိစိတ်ဓာတ်တို့ဖြင့် ဒီမိုကရေစီပညာရေးပြုပြင်မှု အောင်ပွဲဆီသို့ ချီတက်ကြရန် ပန်ကြား တိုက်တွန်းသည်။

၅။     ကျောင်းသားများလိုလားသော ဒီမိုကရေစီပညာရေးဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာစေရန်  ပြည်ထောင်စုလွှတ်တော်မှ ဆောလျင်စွာပြဋ္ဌာန်းပေးရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ အလေးအနက်တိုက်တွန်းသည်။

၆။     ထိုသို့ အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်ပြဋ္ဌာန်းပြီးချိန်တွင် ကျောင်းသား များအား ဒီမိုကရေစီပညာရေးစနစ်ပြုပြင်မှုအောင်ပွဲကို  လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ၊ တရားဥပဒေနည်း လမ်းကျန စွာ ဆင်နွဲခွင့်ပြုရန် သက်ဆိုင်ရာအာဏာပိုင်များအား  အလေးအနက်တောင်းဆိုလိုက်သည်။

 

၇။     သို့ပါ၍ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ဘက်မှလည်းကောင်း၊  ကျောင်းသားများဘက်မှ လည်း ကောင်း အချုပ်အခြာအာဏာနှင့်ပတ်သက်သည့်  စိုးရိမ်ဖွယ်အထိအခိုက်အရှအနာများ ပေါ်ပေါက်နေ ချိန် ယခုအခါတွင်  ဘက်နှစ်ဖက်စလုံးမှ  အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးတို့အပေါ် နိုင်ငံရေးသတိ ကြီးကြီးထားပြီး  ပူးပေါင်းကာကွယ်လက်တွဲဆောင်ရွက်ကြရန် အထူးပင် ပန်ကြား တိုက်တွန်း လိုက်သည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

No comments:

Post a Comment